နင့်ကိုချစ်တဲ့အကြောင်း

ရေးလက်စကဗျာတစ်ပုဒ်

သောက်လက်စကော်ဖီတစ်ခွက်

ရေဘူးထဲကိုထည့်ထားခဲ့တဲ့

လက်ဖက်ခြောက်တစ်ထုတ်လို

ပုလင်းကျဉ်းလေးထဲ ပက်လက်ကလေးမျောလို့

နင့်ကိုချစ်တဲ့အကြောင်း ရေးလက်စကဗျာကလည်း

အခုထိအဆုံးမသတ်သေး

နင့်အတွက်ခေါင်းစဉ်တပ်ထားတဲ့ အကြောင်းအရာတချို့ကလည်း

ရင်ဘတ်ထဲက ပြူတစ်ပြူတစ်နဲ့ ထွက်ထွက်လာလွန်းလို့

အေမိုင်နာကိုချစ်တဲ့

လီဟိုရီကိုကြိုက်တဲ့

ကြောင်လေးတွေကိုအသည်းယားတဲ့

ကွမ်းယာအပျင်းပြေစားတတ်တဲ့

တခါတခါ ကလေးတစ်ယောက်လိုဂျစ်တတ်တဲ့

အညာသားလို့ခေါ်ရင်မကြိုက်တတ်တဲ့

ငါ့ကိုချစ်တဲ့

တစ်ယောက်သောသူရယ်

နင်နဲ့ငါဟာ

တိမ်တွေကိုရေတွက်

ရေပြာပြာမှာမျော

သစ်သားရောင်တွေကိုခံစား

နင့်သဘောနဲ့ငါ့မနောထပ်တူကျစမြဲနော်

နင့်ကိုလွမ်းလွန်းနဲ့နေ့တွေဆိုရင်

ငါ့ဘဝကြီးလည်းအရောင်ရင့်

ဒုတ်ခတွေကလည်းထူ

ခပ်နင့်နင့်ရင်ဘတ်ကို တမ်းတခြင်းနဲ့သာ ချွေးသိပ်ရတယ်

နင့်မသိတဲ့ငါ့ဖက်ခြမ်းက ခံစားမှုဟာလည်း

နင့်အရောင်တွေဟပ်လို့

ဘဝကြီးတခြမ်းလုံးစာ နင့်ဘက်ကိုယွန်းလို့

မ ဆိုတဲ့စကားကို လျစ်လျုရှုရင်း

ချစ်တယ်ဆိုတဲ့စကားကို အကြိမ်ကြိမ်ရွတ်ဆိုနဗေထပ်

ငါ ကာရန်တွေစပ်နေလိုက်တာ

ဟောဒီကဗျာလေး အဆုံးသတ်တဲ့အထိ ။ ။

6 comments

  • Mon Kit

    January 9, 2013 at 10:43 am

    ကောင်းတယ်ကွယ်.. ဟတ်ထိတယ်..
    ဆုမြတ်မိုးရဲ့ ” ရင်တွင်းဖြစ်လေး ” လား.. :hee:

    Reply

  • mamanoyar

    January 9, 2013 at 11:17 am

    အညာသားလို့ခေါ်ရင်မကြိုက်ဘူးတဲ့လား
    ဆုမြတ်ရဲ့ တစ်ယောက်သောသူက
    ကဗျာလေးအရမ်းမိုက်ပါတယ်
    အားပေးမယ်နော်

    Reply

  • Mobile

    January 9, 2013 at 3:04 pm

    ကွမ်းယာအပျင်းပြေစားတတ်တဲ့ မှန်တယ်ဗျ
    တခါတခါ ကလေးတစ်ယောက်လိုဂျစ်တတ်တဲ့ ကျုပ်စတိုင်ဂိုဂ ဒီလိုပဲ
    အညာသားလို့ခေါ်ရင်မကြိုက်တတ်တဲ့ ဒါတော့ဟုက်ဘူး ကျုပ်ကို ဘယ်လိုခေါ်ခေါ်ကြိုတ်တယ်
    ကဗျာလေးကိုဖတ်ရင်းနဲ့ တစ်ယောက်သောသူက ကျုပ်ကိုရေးထားတာများလို့
    ထင်မိတယ် သို့ပေမယ့် အညာသားလို့ခေါ်ရင် မကြိုတ်တဲ့ဆိုမှ ရှင်းသွားတယ် တိုက်ဆိုင်နေလို့ဗါ။
    အားပေးသွားတယ်ဗျို့
    ရည်းစားတစ်ယောက်နဲ့ ပတ်သတ်လို့ ဒီလိုကဗျာလေးတွေ ဖြစ်လာတယ်
    ဒီထက်ကောင်းတဲ့ ကဗျာတွေ ထပ်ထွက်လာချင်ရင် ကျွန်ုပ်သည်လည်း
    အညားသားတစ်ယောက် ဖြစ်သည်ဆိုတဲ့အကြောင်းလေး

    Reply

  • မောင်ပေ

    January 9, 2013 at 8:32 pm

    ကဗျာထဲကအကြောင်းအရာသည်
    အခုတော့ သိပြီ
    ဆု ကို ပေ ခြစ်သည်

    Reply

  • Yawna Tham

    January 9, 2013 at 9:14 pm

    စာသာတွေအရမ်းကိုကောင်းပါတယ်…….။
    အရမ်းလဲသဘောကြမိတယ်.။
    အဓိက ကတော့အညာသားလို့ခေါ်ရင်မကြိုက်တက်တဲ့ သူ ဆိုတာလေးပါ….။
    အညာသားတွေအဲ့လိုခေါ်ရင် တကယ်စိတ်ဆိုးတက်ကြတယ်လေ…။အဲ့ဒါကြောင့်ပါ….
    အားပေးသွားပါတယ်နော်……ကဗျာတွေများများတင်နိုင်ပါစေဗျာ..။

    Reply

Leave a Reply to Yawna Tham Cancel Reply

Your email address will not be published.