အဆင်ပြေပါတယ်

အဆင်ပြေရဲ့လား
ပြေပါတယ်ပြောလိုက်ပေမဲ့
ဒီရင်ဘက်က ခပ်ဆူးဆူးလေးတစ်ချက်
အောင့်တက်သွားတယ်.။

ငါ ဆုံးရှုံးရတော့မှာလဲ
ငါ ကိုယ် တို်င်သိနေလို့ပါ

နင် အချစ်ကြောင့်နာကျင်ခဲ့ရတာတွေ
ငါ နားလည်ပါတယ်.။
ငါ ကိုယ်တိုင်လည်း အခု
အဲ့အချစ်ကြောင့်
ငိုကြွေးနေရလို့ပါ.။

နင် ပြုံးပြခဲ့ဖူးတဲ့သူက
နင့် ကိုပြန်ပြီးပြုံးမပြနိုင်ရင်တောင်
ဒီအချိန်မှာ အင်အားအပြည့်နဲ့
နင့် ကိုပြုံးပြနေတဲ့
ငါ့ ရဲ့အပြုံးတွေကိုတော့
ဥပေက္ခာမပြုပါနဲ့ဟာ

တစ်ချိန်က လူ တစ်ယောက်ကြောင့်
နင် ရင်နာခဲ့ရရင်
ဒီအချိန် ငါ နင့်ကြောင့် ရင်မနာခြင်လို့ပါ
ကန့်သတ်ချက်မပေးပါဘူး

ဘယ်တုန်းကမှ သိမ်းပိုက်လိုတဲ့
အတ္တမရှိခဲ့လို့
ငါ ထွက်းသွားမယ်ဆိုတဲ့စကားတော့
ခဏခဏမပြောပါနဲ့
ချစ်သူ……….

အားလုံးကိုအရမ်းခင်တဲ့..။ ။ မိုက်လေး 0095986

2 comments

  • mamanoyar

    January 7, 2013 at 12:09 pm

    ခံစားချက်တွေ ပြင်းထန်လှပါလား

    Reply

  • ခပ်မိုက်မိုက် ကောင်မလေး

    January 7, 2013 at 9:58 pm

    ဟုတ်ကဲ့…။
    အစ်မ နိုရာ အားပေးသွားလို့ကျေးဇူးပါနော်…….။

    Reply

Leave a Reply

Your email address will not be published.