သာသနာပြုလား?

တေစၧJuly 18, 20101min07

ကျွန်တော်တို့နှိင်ငံက ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပြီးတော့ လူအများစုကလဲ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် ဘာသာရေးကို ခုတုံးလုပ်ပြီး စီးပွားရှာစားတာကတော့ လွန်လွန်းတယ်လို့ ထင်တယ်။ ဦးဇင်းတွေ ဆွမ်းခံထွက်တဲ့အခါ ဒကာ ဒကာမတွေက တတ်အားသရွေ့ လှူဒါန်းကြပါတယ် ဒါတွေကကြည့်ရတာ အရမ်းကျက်သရေရှိပါတယ်။ နောက်ပိုင်းမှာတော့ ဆွမ်းခံတာမဟုတ်တော့ပဲ ကိုယ်တော်က ဘယ်မြို့က ဘယ်ကျောင်း ကပါ ကျောင်းဆောင်သစ် ဆောက်လုပ်ဖို့ အလှူငွေလေး နောက်တစ်ခါ ဦးဇင်းဝတ်ကြီးနဲ့ ချဲဂဏန်းပေးလိုပေး ကျွန်တော် ပြောချင်နေခဲ့တာကြာပါပြီ ကျွန်တော်တို့ဆီမှာ ဦးဇင်းတွေ အလှူခံကြတယ် ကျောင်းဆောက်ဖို့ တဲ့ ဒီ စကားကို ကျွန်တော် သဘောမကျဘူး ဘာလို့ ဦးဇင်းဝတ်ပြီးမှ ပကာသနတွေ လို ချင်တာလဲ ရှိတဲ့ကျောင်းလေးနဲ့ မတင်းတိမ်နိုင်ကြပဲ ကျောင်းဆောင်သစ်ပဲ လိုချင်နေကြတယ် ဦးဇင်းတွေ ဘာလို့တရားအားထုတ်တဲ့ အလုပ်ကို တော့ ဘေးဖယ်ထားပြီး ဂုဏ်တုဂုဏ်ပြိုုင် ကျောင်းဆောက် ချင်ကြတာလဲ ကျောင်းဆောင်ဆိုတာမျိုးက ဟောင်းသွားလို့ ပြုပြင်ထိန်းသိမ်းသင့်တာမှန်ပေမယ့် သူ့ကျောင်းဆောင်က ပိုပြီးခမ်းနားတယ် ငါ့ကျောင်း ဆောင်က ပိုပြီး ခမ်းနားတယ်ဆိုတာမျိုးအပြိုင်အဆိုင်ဆောက်ကြဖို့တော့ မလိုဘူးထင်ပါတယ်။ နှိုင်းယှဉ်တာမဟုတ်ပေမယ့် ဘာသာခြား တွေအမြင်မှာ ဦးဇင်းတွေ အရက်ဆိုင် ဘီယာဆိုင်မကျန် အလှူခံနေကြတာ ကြည့်မကောင်းပါဘူး။ နောက်ပြီး ကပ္ပိယတစ်ယောက်နဲ့ လာပြီး ဦးဇင်းကတော့ ဘယ်ကပါ ဘာဖြစ်လို့ ဆိုတာမျိုး အလှူခံတာပါ ဦးဇင်းတွေကို ဘုရားရှင်က အလှူခံပြီး စုဆောင်းပါလို့များ ဟောခဲ့ဖူးလို့လား ဘုရားရှင်က ဘုရားရဲ့ သားတော်တွေအတွက် ခြိုးခြံ ပြီး နိဗ္ဗာန်ရောက်ကြောင်းတရား ကျင့်ဖို့နဲ့ တရားကို ဖြန့်ဝေပေးဖို့သာ ဟောကြားခဲ့တာပါ။ ကိလေသာ ကိုပယ်ပြီး ရဟန်းဝတ်တယ်ဆိုရင် ကိလေသာဖြစ်တဲ့ ငါ့ကျောင်း င့ါဒကာ ငါ့ပိုက်ဆံ ဆိုပြီး ဘာလို့များ အယူစွဲနေကြတာလဲ ပိုက်ဆံများများလိုချင်ရင် ဦးဇင်းဝတ်ကြီးနဲ့တော့ အလှူမခံပါနဲ့ဗျာ စီးပွားရေးပဲ အေးအေးလူလူ လုပ်စားကြပါ။ ချဲဂဏန်းတွေ နှစ်လုံးတွေ ပေးနေမယ့်အစား ကိုယ်တိုင်ထိုးပြီး ဒိုင်လုပ်စားကြပါ သာသနာပြုမယ့်သူက သာသနာဖျက်အလုပ်တွေ လုပ်နေတာ ကြည့်မကောင်းလို့ပါ။ ဘာသာခြားတွေ အထင်အမြင်သေးတာကိုလည်း မခံနိုင်လို့ပါ။ ကျွန်တော့်အမြင်ကတော့ ရဟန်းမှန်ရင် နိဗ္ဗာန် ရောက်ကြောင်း တရားကျင့်ပြီး ကို်ယ့်ကို ယုံကြည် ဆည်းကပ်သူကို လည်း တရားပြနိုင်ရမယ်လို့ထင်ပါတယ်ဗျာ။

7 comments

  • kopauk mandalay

    July 18, 2010 at 12:22 pm

    သူငယ်ချင်းလေးရေ တစ်ခါတစ်ရံမှာ အတုတွေက အစစ်ယောင်ဆောင်လို့ လုပ်တာကိုတော့ ခွဲသိစေချင်ပါတယ်။
    သူငယ်ချင်းလေး အခုလိုမြင်တာတွေကတော့ အစစ်မဟုတ်ဘူးလို့ထင်ချင်ပါတယ်။
    အကိုလဲသည်ကိစ္စကိုမျက်စေ့သိပ်နောက်ပါတယ်။
    တာဝန်ရှိသူတွေက တားဆီးစေချင်ပါတယ်။

    Reply

  • kyawmonkhant

    July 18, 2010 at 12:39 pm

    ဂန္ထဓုရ =စာပေကျမ်းဂန် သင်အံလေ့ကျက် ချပို့ခြင်း၊ ဝိပဿနာဓုရ =ဝိပဿနာတရားပွါးအားထုတ်ခြင်း လို့ခေါ်တဲ့ ရဟန်းကောင်းရဟန်းမြတ်များထမ်းဆောင်ရမယ့် တာဝန်တခုခုကို ကျင့်ကြံလုပ်ဆောင်နေကြတဲ့ ရဟန်းသံဃာတွေက အဲလို လှည့်လည်အလှူခံတာကို မလုပ်ကြဘူး၊ အဲဒီလို ဓုရနှစ်ဖြာထဲက တခုခုကို လုပ်ဆောင်နေကြတဲ့အတွက် အဲဒီအရှင်မြတ်တွေမှာ လှူဒါန်းတဲ့သူတွေပေါတယ်၊ ရဟန်းမှန်ရင်တော့ တာဝန်နှစ်ရပ်ထဲက တခုခုတော့ ထမ်းဆောင်ရမယ်လို့ဆိုပါတယ်၊ ဒါမှလည်း ရဟန်းကောင်းရှင်ကောင်းများဖြစ်ကြမှာပေါ့၊ ဓုရ ၂-ပါး ထမ်းဆောင်နေကြသောရဟန်းသာမဏေများကို ကြည်ညိုပါ၏။

    Reply

  • cobra

    July 18, 2010 at 3:08 pm

    ပြောရင်လည်းမကောင်းလို့…မပြောတာဘဲကောင်းပါတယ်နော်။

    Reply

  • juejue

    July 19, 2010 at 12:55 am

    I like .That is true

    Reply

  • MandalayThar

    July 19, 2010 at 4:26 am

    အဲလိုတော့ ဒဲတိုးကြီးမရေးသင့်ဘူးထင်တယ်။ ရေးမယ်ဆိုလဲ နည်းနည်းလေး ရိပ်ဖမ်းသံဖမ်းလောက်တော့ ရေးသင့်တယ်။ အဲလိုရေးတော့… စေတနာဟာ ဝေဒနာဖြစ်သွားစေပါတယ်။ ကိုယ်တော်တွေဘက်က လှည့်ကြည့်ရအောင်.. အဲဒီလို ဆိုရင် အလှူမခံရတော့ဘူး တဲကျောင်းနဲ့ ဖြစ်သလိုနေရမယ်ပေါ့။ အဲလိုဆိုတော့လဲမဖြစ်သေးဘူး အလှူ မခံရင် ဘယ်လိုလုပ် လိုအပ်ချက်ကို သိနိုင်မလဲ။ တဲကျောင်းနဲ့ နေတဲ့ ဘုန်းကြီးကျောင်းကို ဒါကာဒကာမတွေ သိမကပ်ဘူးနော်။ ချမ်းသာတဲ့ကျောင်းမှာ ဒါကာဒကာမတွေကလဲ သွားချင်ကြတာ။ ပြည့်တဲ့အိုးမှ ဖြည့်ချင်ကြတာ။ ဆင်းရဲတဲ့ကျောင်းတွေရော ပို့တင်သူ သွားဘူးလား။ အဲဒီမှာ ရောအသိစိတ်ဓါတ်နဲ့ လှူဘူးလား။ ပြန်သုံးသပ်ကြည့်အုံးနော်။

    Reply

  • phantom

    July 20, 2010 at 4:17 am

    ဒီလိုရေးပေးတာကျေးဇူးတင်ပါတယ်ဗျာ ကျွန်တော်တောင်ပေါ်တက်တဲ့အခါ ဆွမ်းခံပြန်လာတဲ့ ရဟန်းတွေတွေ့ရင် အမြဲတမ်း ကျောင်းအထိပို့လေ့ရှိပါတယ် ဆရာတော်တွေ တောရ ဆောက်တည်တဲ့ကျောင်းအထိလည်း ရောက်ခဲ့ဖူးပါတယ် သူတို့တွေဒုက္ခခံရတာကိုလည်း မြင်ခဲ့ရပါတယ် ဒါကြောင့်လည်း ကျွန်တော်ရေးခဲ့တာပါ ကျွန်တော်အရေးမတတ်လို့ အဓိပ္ပာယ်ကောက်လွဲသွားခဲ့ရင် တောင်းပန်ပါတယ်ဗျာ ကျွန်တော်က မမှန်တာလုပ်နေသူတွေအတွက် တကယ်တရားရှာတဲ့ ရဟန်းတွေ အထင်မြင်အသေးမခံစေချင်လို့ပါ။

    Reply

Leave a Reply to kopauk mandalay Cancel Reply

Your email address will not be published.