ပို့စ်ထဲမှာ video တွေ တစ်ခါတည်း မြင်ရအောင် တင်နည်း

သူကြီး ဦးခိုင်ကတော့ ကျနော့်ကို ဆဲချင်မလား မတိဝူး..

သူ့ဆာဗာ လေးအောင် လမ်းစဖော်တဲ့ကောင်လို့

ဓာတ်ပုံတွေ တင်ရင်ကို လေးလှပါတယ်ဆို

ကြည့်.. ထွင်လာပြန်ဘီ.. ပို့စ်ထဲ ဗီဒီယို ပေါ်အောင် တင်ကြမတဲ့

တကယ့် ရိုက်ပေါက် :om:

ဂေဇက်မှာ ဓာတ်ပုံတင်တာတော့ နည်းတွေရေးပြထားတာရှိသလို အားလုံးလည်း လုပ်တတ်ကိုင်တတ်ဖြစ်နေပါဘီ။ ဗွီဒီယိုလေးတွေ ပို့စ်ထဲ ပေါ်အောင်တင်ဖို့တော့ ဓာတ်ပုံတင်သလို  ➡  Add Media/ Upload File လုပ်ရုံနဲ့ မရတော့ဘူး။

ကျနော်လည်း ကိုယ့်ဖာသာ ကြိုးစားတိုင်း အဆင်မပြေ၊ ပို့စ်တင်တိုင်း သူကြီးပြေး အပူကပ်ရတာ အားနာလာလို့ ကိုယ်နားလည်ထားတာများလွဲနေသလား၊ လွဲနေရင်လည်း သိတဲ့တတ်တဲ့ ရွာသူားများ အမှန်ပြင်ပေးနိုင်ဖို့နဲ့ မသိသေးတဲ့ ရွာသူားတွေလည်း သိသွားအောင် မောင်းတီးလိုက်ပါရဲ့

ရွာသူားတို့ရေ ပို့စ်ထဲမှာ ဟောသလို ဗွီဒီယိုလေးတွေ တစ်ခါတည်း မြင်နေရအောင် မတင်ချင်ကြဘူးလား.. :harr:

ပို့စ်ထဲမှာ ဒီလို မူဗီလေး
ပုံ-(၁)- ပို့စ်ထဲမှာ ဒီလို မူဗီလေး

ဒီလိုလေး မြင်ရတာ အတော်အဆင်ပြေပါတယ် နို့မဟုတ်ရင် လင့်ကို နှိပ်လိုက်တာနဲ့ မူလ စာမျက်နှာကနေ Tab တစ်ခုပွင့်ပြီး၊ ကိုယ်ဖတ်လက်စ ပြန်ကြည့် အဲ့ဒီ မူဗီပြန်ကြည့်နဲ့ အလုပ်ရှုပ်တယ်။ လိုင်းက မကောင်းရင် ပိုစိတ်ညစ်ရရော..

ကျနော် အင်္ဂလိပ်စာပို့စ်လေးတွေ တင်တော့ စကားပြော ဗွီဒီယိုလေးတွေနဲ့ ယှဉ်ပြီး လေ့လာနိုင်အောင်လို့ တင်ပေးချင်တာ။ သူကြီးကို အပူကပ်တော့ ကူညီပေး ပြောပြပေးရှာပါတယ်။ သူကြီးဦးခိုင် ပြောတဲ့ နည်းနဲ့ လည်း ကျနော်ကိုယ်တိုင် တင်ဖို့ ကြိုးစားတာပါပဲ။ သင်ခန်းစာ ၅ ရောက်တဲ့အထိ သူ့အကူအညီ မလွတ်သေးဘူး။

သူကြီးပြောတဲ့ တင်နည်းလေးက ဒီလို..

kai says:

ပို့စ်ထဲ..Edit > html ပြောင်း.. အဲဒီ ထဲမှာ.. မူရင်း MandalayTube.com က.. ဗီဒီယိုရဲ့.. Share > Embed code က.. Code ကိုကူးထည့်ရင်… ဗီဒီယိုကို.. ပို့စ်ထဲဒါရိုက်မြင်ရမယ်ထင်ပါတယ်.. အခုလောလောဆယ်.. ဒီပို့စ်မှာ.. လုပ်ပေးထားပါကြောင်း…

သူကြီး လုပ်ထားတဲ့ www.mandalaytube.com ဆိုတဲ့ Page လေးရှိတယ်.. အရင်ဆုံး အဲဒီမှာ member ဝင်၊ ကိုယ်တင်ချင်တဲ့ ဗွီဒီယို ကို upload လုပ်ထားရပါမယ်..။ မင်ဘာဝင်ရမှာ ရှုပ်ရင်လည်း user အမည် mandalay ပါ့စ်ဝဒ် gazette နဲ့ ဝင်ကြည့်လို့ ရပါကြောင်း သူကြီး ပြောဖူးတယ်။

mandalaytube.com
ပုံ-(၂)-mandalaytube.com

ဦးခိုင်ပြောတဲ့ နည်းကို ကျနော်နားလည်သလောက်ပြောရရင်..

ပို့စ်ရေးတဲ့အချိန်/ ပို့စ်ပြင်ခွင့်ရပြီးသူဆို edit လုပ်တဲ့အချိန်မှာ  ဗွီဒီယို တင်ဖို့ Visual နဲ့ လုပ်လို့မရ၊ Text ကိုပြောင်းပြီးမှ လုပ်ရပါမယ်။

Visual မှာ ကိုယ်ထည့်လိုက်တဲ့ လင့်ခ် တစ်ခုဟာ အောက်မှာ မြှားထိုးပြထားသလို လိုင်းတားထားတဲ့ အပြာရောင်စာလုံး တွေနဲ့ ပေါ်နေပါတယ်။

ပုံ-(၃)- Visual ဖြစ်နေချိန်မှာ Insert Media ကနေ တင်ထားတဲ့ Link တစ်ခုကို မြင်ရပုံ
ပုံ-(၃)- Visual ဖြစ်နေချိန်မှာ Insert Media ကနေ တင်ထားတဲ့ Link တစ်ခုကို မြင်ရပုံ

 

commend
ပုံ- (၄) – ကွန်မင့်ထဲမှာကို ပုံထည့်ပြီး ရှင်းပြရှာတဲ့ သူကြီး

ပထမဆုံး သေချာရမယ့် အချက်က Text (or) Html ကုတ်တွေနဲ့ ရေးရတဲ့ ဟာကို ရွေးထားရပါမယ်. Text နဲ့ တင်တဲ့အချိန်မှာ စောစောက အပြာရောင်ဖြစ်နေတဲ့ စာတမ်းလေးက ဟောသလို ကုတ်တွေပြောင်းသွားမယ်။

ပုံ- (၅) - Text/html ဆို ဒီလိုပြောင်းသွားတယ်
ပုံ- (၅) – Text/html ဆို ဒီလိုပြောင်းသွားတယ်

ပြီးရင် သူဂျီးရဲ့ မည်းမည်းတုတ်တုတ် အဲလေ.. မည်းမည်းကျုတ်ကျုတ် မန်လေးကျုကြီးဆီသွား၊ အဲ့မှာ upload လုပ်ထားတဲ့ ကိုယ်တင်ချင်တဲ့ ဗွီဒီယိုရဲ့ အပေါ်လက်ဝဲဘက်ထောင့်က Share ဆိုတာကြီးကို (ပုံ-၂ မှာ ပြထားပါတယ်) နှိပ်ရင်.. မူလ စကရင်က မှိန်သွားပြီး Bookmark medium, Permanent link, Embed code, Recommend medium ဆိုတာတွေ ပေါ်လာမယ်။ အဲဒိထဲက Embed code ကို နှိပ်လိုက်ရင် အောက်က ပုံအတိုင်း မြင်ရမယ်

ပုံ- (၆)- Share> Embed Coad
ပုံ- (၆)- Share> Embed Code

Embed code အောက်က ပေါ်လာတဲ့ <script type.. အစချီတဲ့ စာကြောင်းကို ကော်ပီလုပ်၊ ကိုယ်ရေးနေတဲ့ ပို့စ်ကို ပြန်သွား၊ ဗွီဒီယိုပေါ်စေချင်တဲ့ နေရာမှာသာ ဟောသလို ပေ့စ် ချလိုက်ပါ။

ပုံ - (၇) - မန်းကျုက ကူးလာတဲ့ ကုတ်တွေ ထည့်လိုက်ပြီ
ပုံ – (၇) – မန်းကျုက ကူးလာတဲ့ ကုတ်တွေ ထည့်လိုက်ပြီ

အဲဒီလို ပို့စ်လေးကို လှလှပပ ရေးသား တန်ဆာဆင်ပြီးပြီဆိုတာနဲ့ ဘေးနားက Publish / Update ဆိုတဲ့ စာတမ်းလေးကိုသာ နှိပ်လိုက်ပါတော့

ကိုယ့်ပို့စ်ကို View လိုက်ရင် ပုံ (၁) မှာ ပြထားတဲ့အတိုင်း စာမျက်နှာထဲမှာ ဗွီဒီယိုလေး တစ်ပါတည်း ပေါ်နေတာ တွေ့ရပါလိမ့်မယ်ဗျားးး..

ကဲ ပြော.. လွယ်သလား၊ ခက်သလား ရာမ.. ငှဲ ငှဲ ငှဲ 8)

….

xxxx

XXXXXX

ဟုတ်ကဲ့ ။ ကျနော်လုပ်ကြည့်တာတော့ အဲသလောက် မလွယ်ဘူးဂျ.. :bar:

Public လုပ်လိုက်တဲ့အချိန်မှာ ဗွီဒီယိုရဲ့ ကုတ်တွေနေရာမှာ ဟောင်းလောင်းကြီးဖြစ်နေရော..

ပုံ- (၈) - ပြောသလောက် မလွယ်ပါလား အီးဟီး
ပုံ- (၈) – ပြောသလောက် မလွယ်ပါလား အီးဟီး

ပို့စ်ကို View လုပ်ကြည့်တော့လည်း ဒုံရင်းဒုံရင်း ပါပဲ။ ပို့စ်ထဲမှာ ဗွီဒီယိုလေး ပေါ်မနေခဲ့ပါဘူးလို့ အဟင့်.. :byae: မင်ဘာ ကွန်ထရီဗျူတာ အဆင့်လောက်နဲ့ ဗွီဒီယို ထည့်မရအောင် ကန့်သတ်ထားတာမဟုတ်လား ဟင်။

ပြော :om:

အရင်အတိုင်း မပြောင်းလဲဘူး ချစ်လေး
အရင်အတိုင်း မပြောင်းလဲဘူး ချစ်လေး

နောက်တစ်ခု ကျနော် သတိထားမိတာက သူကြီး ဗွီဒီယို ထည့်ပေးထားတာကို ကျနော် ပို့စ် Edit လုပ်မိတဲ့အခါလည်း အဲဒီ ဗွီဒီယို ပြန်ပျောက်သွားတယ်.. ခုနောက်ဆုံး အပိုင်း (၅) မှာ သူကြီး တင်ပေးထားတာ တွေ့လိုက်တယ်. ဖုန်းပြောနေလို့ မအားတဲ့အကြောင်း စကားပြောလေးထပ်ထည့်ပြီး ပြင်လိုက်တာ ပျောက်သွားရော..

ပြီးတော့ Story-4 မှာတုန်းက သူကြီး နံပါတ်-၅ ကို မှားတင်ပေးထားလို့ ကျနော် Edit> Text မှာ ကြည့်တော့ code တွေ မြင်ရပြီး.. ဗွီဒီယို အမှန်က ကုတ်ကိုကူး၊ သူကြီးထည့်ပေးထားတဲ့ ကုတ်တွေနေရာမှာ ပြန်ထည့်တော့ လစ်သွားပြန်ရော… ဘာဖြစ်တာလည်း မသိဘူး

ကျနော်တွေးမိတာ တစ်ခုက လင့်တွေ၊ ကုတ်တွေ ပို့စ်ထဲပါရင် လုံခြုံရေးအရ စစ်ပြီးမှ ပေါ်တယ် ပြောဖူးတော့.. moderator စစ်ပြီးမှ နောက်တစ်ရက်လောက်မှ မူဗီတွေ ပို့စ်ထဲ မြင်ရမှာလား.. မသိပါဘူး

ကဲ.. ကျနော် ဖြစ်တာကိုတော့ ပြောပီးဘီ.. သဂျီးနှင့်တကွ နှံ့စပ်ကျွမ်းကျင်သူများ ကွန်မင့်ထဲမှာ ရှင်းပြလာမယ်လို့..

မျှော်လင့်ခြင်းများစွာဖြင့် :bar: :buu:

13 comments

  • Mobile

    December 29, 2012 at 12:05 am

    ကိုမင်းနံဒါရေ ဘယ်လိုလုပ်ရဒယ်ဆိုတာ ကျုပ်လဲသိဝူးရယ်
    သူများတွေ ပြောတာစောင့်ကြည့်ကြတာ့ပေါ့နော…..
    :harr:

    Reply

    • မင်းနန္ဓာ

      December 29, 2012 at 12:24 am

      တို့က ဘဝတူတွေရယ်ပါ ကွာ..
      ဆရာသမားတွေ အမြန်လာကြပါ..

      Reply

  • လောလောဆယ် ..
    Youtube Video Code တွေကို စမ်းကြည့်တာတော့
    အိုစကေ တယ်ဗျို့ ….။
    ဗွီဒီယို တစ်ခါတည်း ပေါ်ဒယ် …။
    MandalayTube က ဗွီဒီယိုတွေကတော့ အဆင် မပြေသေးဘူး ဖြစ်နေတယ် …။

    Reply

  • မင်းနန္ဓာ

    December 29, 2012 at 9:24 am

    အံဇာကြီးပြောသလိုဆို
    Youtube မှာ Video ကို အရင်တင်ပြီးတော့မှ
    Code ကို ကူးလာပြီး ပို့စ်ထဲ ထည့်ကြီးဦးမယ်
    သူကြီးကို အားနာပေမယ့်
    Youtube Video တွေနဲ့ ဂေဇတ်မှာ ပို့စ်တွေ မှိုလိုပေါက်တော့မယ်ထင်ပါရဲ့
    သူ့ မန်းကျုကိုလည်း အားပေးသူတွေ ရှိစေချင်သား..
    အဆင်မပြေတော့လည်း..

    Reply

  • Thu Wai

    December 29, 2012 at 10:40 am

    ရွာထဲက အုပ်ချုပ်ရေးအဖွဲ့ဝင်လူကြီးပိုင်းတွေပဲလုပ်လို့ရတာလား
    Newbie ဆိုတဲ့ လူငယ်လေးတွေကော လုပ်လို့ရလားဗျ

    Reply

    • မင်းနန္ဓာ

      December 29, 2012 at 6:03 pm

      စမ်းကြည့်လေဗျား
      မန်းလေးကျုက ဗွီဒီယိုတော့ ကျုပ်လုပ်တာမရဘူးနော်
      တခြားကဟာနဲ့ စမ်း

      Reply

  • Mobile

    December 29, 2012 at 12:30 pm

    newbie ဆိုတဲ့ လူငယ်လေးတွေလဲ လုပ်လို့ရမယ်လို့ထင်တယ်ဗျ။
    အသေးစိတ်လေ့လာချင်တယ်ဆိုရင်ဒေါ့ မန်းဂေဇတ် ရွာသူား အခွင့်အရေး
    ဒဗယ်လ်ယူ ဒဗယ်လ်ယူ ဒဗယ်လ်ယူ ဒေါ့.မန်းဂေဇတ်ရွာသူားအခွင့်အရေးဒေါ့ စီအိုအန်မ်
    မှာဝင်ရောက်လေ့လာနိုင်ဗာဒယ်။
    :harr:

    Reply

  • Foreign Resident

    December 29, 2012 at 12:35 pm

    အဘ လည်း လက်တည့်စမ်းချင်လို့ ၊
    VDO တင်နည်းလေးများ သိရမလားလို့ ကိုမင်းနန္ဓာ Post ကို ဝင်ဖတ်တာ ။
    အခုတော့ ၊ သူ ( ကိုမင်းနန္ဓာ ) လဲ မသိတဲ့အကြောင်းကိုပဲ လာပြောနေတာပဲ ။ 😛

    Reply

    • မင်းနန္ဓာ

      December 29, 2012 at 5:54 pm

      အူးအူးဖောရေ
      သူကြီးပြောပြတဲ့အတိုင်း တင်နည်းက တစ်ပိုင်း
      ဟီး.. သူပြောတဲ့အတိုင်းလုပ်ပေမယ့် ကျနော် အဆင်မပြေတာကတစ်ပိုင်း
      ရေးထားတာပါခင်ဗျ
      ကိုအံဇာပြောပုံအရ အထက်ပါနည်းနဲ့ Youtube က ဗွီဒီယို တင်လို့ရတယ်တဲ့
      သူကြီး မည်းမည်းကျုတ်ကျုတ်ကြီးက အဆင်မပြေဖြစ်နေပုံပါဗျာ
      စမ်းကြည့်ပါအုံး အူးဖော်ရ

      Reply

  • မောင်ပေ

    December 29, 2012 at 1:15 pm

    ရွာစားက အမှန်အကန်ရှင်းပြထားပေမယ့်
    ကျုပ်အတွက်တော့ ဝေးနေသေးတယ်ဗျာ
    နောင်တစ်ချိန် တင်ချင်တဲ့အခါကြမှပဲ ရွာစားကို မေးလ်နဲ ့လှမ်းမေးတော့မယ်

    Reply

    • မင်းနန္ဓာ

      December 29, 2012 at 5:58 pm

      မလုပ်ခင် ခေါင်းထဲထည့်မထားသေးဘူးပေါ့ ဟုတ်ရား
      ကျုပ်ကိုလှမ်းမေးရင်တော့ ဒီပို့စ် လင့်ခ်လေး ပြန်ရှယ်ပေးယုံပဲ..
      မပိုင်လား.. ခွိ 8)

      Reply

  • Mr. MarGa

    December 30, 2012 at 12:15 pm

    နားလည် တတ်ကျွမ်းသူများ ဆက်ရှင်းပါဦး
    newbie ဦးမာဃတော့ စောင့်ဖတ်လိုက်ဦးမယ်
    သဂျီးရဲ့ မည်းမည်းသည်းသည်းကြီးထဲ သွားဝင်ထားဦးမှ

    Reply

    • မင်းနန္ဓာ

      December 31, 2012 at 9:33 am

      လောလောဆယ် ကျနော် Bronze ရွာသားလေးမှာ
      ဗွီဒီယိုတင်လို့ မရသေးပါ
      ပို့စ်ထဲ သူဂျီး ဝင်ပြောတာလေး စောင့်ဖတ်လိုက်ပါ.. 🙄

      Reply

Leave a Reply

Your email address will not be published.