မောင်အံစာ ခရီးသွား မှတ်တမ်း … (၃)

+++++++++++++++++++++++++++++++

မောင်အံစာ ခရီးသွား မှတ်တမ်း … ၁

မောင်အံစာ ခရီးသွား မှတ်တမ်း … ၂

+++++++++++++++++++++++++++++++

+++++++++++++++++++++++++++++++

သမိုင်းဝင် ရွှေအင်းတိန် စေတီတွေဆီကနေ ပြန်လာတော့ …

နေ့ခင်း ဝါးဒီးဆွဲချိန်ကို ရောက်ပြီ …။

ဒါနဲ့ပဲ အင်းလေးက နေရာတစ်ခုမှာ ဝါးဒီးဆွဲဖို့ စက်လှေနဲ့ ထွက်လာခဲ့ပါတယ် …။

ဝါးဒီးလည်း ဆွဲပြီးရော အင်းလေး အလှကို ကြည့်မိရင်းက ဒါ့ပုံ ရိုက်ဖြစ်ခဲ့တယ် ….။

+++++++++++++++++++++++++++++++

စားသောက်ဆိုင်ပေါ်က မြင်ရတဲ့ အင်းလေးရဲ့ အလှမြင်ကွင်းတစ်ခု
စားသောက်ဆိုင်ပေါ်က မြင်ရတဲ့ အင်းလေးရဲ့ အလှမြင်ကွင်းတစ်ခု

+++++++++++++++++++++++++++++++

မြန်မာပြည်မှာ အဖွဲ့နဲ့ ခရီးသွားရင်း စားရ၊ သောက်ရတဲ့ ကိစ္စဟာ …

မကောင်းဘူးလို့ပဲ ပြောရမလား၊ ဘယ်လို ပြောရမလဲတော့ မသိဘူး ….။

ဆိုင်တွေက အုပ်စုလိုက် ဝင်လာပြီ ဆိုရင်၊ ခရီးသွားတွေလည်း သိပြီဆိုရင် …

ဈေးနှုန်းကို မတန်တဆ ယူတတ်တာဟာ အတော်လေးကို ဆိုးဝါးပြီး စည်းစနစ် မကျတဲ့ လုပ်ရပ်ပါ …။

ကိုင်း … ရှိစေတော့ ….။ ဒါတွေပြောရင် ဒေါတွေ ပါရော့မယ် …။

 

ဒီလိုပေါ့ ခင်ဗျာ ….။

ဝါးဒီးဖွင့်ပြီးတော့ အင်းလေးရဲ့ နာမည်ကြီး ဖောင်တော်ဦး ဘုရားဆီကို ခရီးဆက်ခဲ့ပါတယ် …။

ဖောင်တော်ဦး ဘုရားမှာ ရွှေသင်္ကန်းတွေလည်း ကပ်ခဲ့ပါတယ် …။

ဒီကုသိုလ်တွေ အဖို့ကို ချစ်စွာသော ရွာသူားများအား အမျှ ပေးဝေပါတယ် ….။

သာဓု ခေါ်ဆိုတော် မူကြပါကုန် ………။ :mrgreen:

+++++++++++++++++++++++++++++++

လှမ်းပြီး ဖူးမြင်လိုက်ရတဲ့ ဖောင်တော်ဦးဘုရား
လှမ်းပြီး ဖူးမြင်လိုက်ရတဲ့ ဖောင်တော်ဦးဘုရား
အင်းလေး ဖောင်တော်ဦး ဘုရား
အင်းလေး ဖောင်တော်ဦး ဘုရား

+++++++++++++++++++++++++++++++

ဒီနေရာမှာ အင်းလေး ဖောင်တော်ဦး ဘုရားနဲ့ ပတ်သက်ပြီး နည်းနည်းလေး ပြောပြချင်ပါတယ် …။

မသိသေးသူတွေ အတွက်ပေါ့ ခင်ဗျာ …။

အင်းလေး ဖောင်တော်ဦး ဘုရား ငါးဆူ ရှိပါတယ် …။

အဲ့ဒီထဲက တစ်ဆူဟာ အရင်တုန်းက ဒေသစာရီ လှည့်လည်ရင်းနဲ့ ရေအောက်ကို ပြုတ်ကျ သွားခဲ့ဖူးပါတယ် …။

ဟိုပို့စ်ထဲမှာ ဖော်ပြခဲ့တဲ့ ဟင်္သာရုပ်နဲ့ ပုံဟာ အဲ့ဒီနေရာပေါ့ ခင်ဗျာ …။

ဒါကြောင့်ပဲ နောက်များမှာ ဖောင်တော်ဦး ဘုရားတွေ ဒေသစာရီ လှည့်လှည်ပြီ ဆိုရင် အဲ့ဒီဘုရားကို ကျောင်းစောင့်အဖြစ် ထားရှိခဲ့ရတယ်လို့ ဆိုပါတယ် …။

အကယ်၍များ ပင့်လာခဲ့မယ် ဆိုရင်လည်း ဟင်္သာရုပ် မှတ်တိုင်ထက် ပိုပြီး ပင့်ဆောင်လို့ မရပါဘူး။

အဲ့ဒါကို ကျော်လွန်တာနဲ့ မှောက်တော့တာပဲလို့ ဖောင်တော်ဦး ဂေါပက လူကြီးက ပြောပြပါတယ် ….။

+++++++++++++++++++++++++++++++

+++++++++++++++++++++++++++++++

အင်းလေး ဖောင်တော်ဦး ဆီကနေ ထွက်ခွာလာပြီး နောက်မှာ …

အလိုတော်ပေါက် ဘုရားကို ဖူးမြော်ဖို့ ဆက်လက် ထွက်ခွာခဲ့ပါတယ် ….။

အလိုတော်ပေါက် ဘုရားမှာ ဘုရား မျက်နှာစာ တစ်ဖက်ဆီက ဘုရားဆင်းတုတော်များဟာ တူညီမှု မရှိတာကို တွေ့ရသလို …

အဲ့ဒီ မျက်နှာစာတစ်ဖက်ဆီက နံရံများဆီက ကိုယ်ပွားတော် များဟာလည်း အသွင်သဏ္ဍာန် တစ်မျိုးစီ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ် …။

မေးကြည့်တော့ ဒီဘုရားကို မင်းသားတစ်ပါးစီက တစ်မျက်နှာစီ တည်ထားခဲ့ကြတယ်လို့ ဆိုပါတယ် …။

တကယ်အတိအကျကြီးတော့ မသိပါဘူး ….။

 

ပြီးနောက်မှာတော့ …

မီးကွင်းကို ဖြတ်ပြီး ကြောင်တွေ ခုန်ပြတယ်ဆိုတဲ့ ကြောင်ခုန်ကျောင်း ဆီကို ထွက်ခွာ ခဲ့ပါတယ် …။

ကြောင်ခုန်ကျောင်းကို သွားတဲ့လမ်းဟာ အင်းလေး ရေပေါ်ရွာလေးလို့ ဆိုရမယ့် နေရာကို ဖြတ်သွားခဲ့ရတာပါ …။

အဲ့ဒီမှာ ညနေပိုင်း ဟိုအိမ်ဒီအိမ်ကို လှေကလေးနဲ့ လှော်ခတ်သွားနေကြတဲ့ အင်းလေးရွာသူ ပျိုဖြူလေးများကိုလည်း

ငေးခွင့် ရခဲ့ပါသေးတယ် … အဟီးးး

အိုက်ဒီမှာ ဒါ့ပုံတော့ ရိုက်ဖြစ်ခဲ့ဘူး …။ အငမ်း လွန်သွားလို့ …။ :mrgreen:

 

ကြောင်ခုန်ကျောင်း ရောက်တော့ ကြောင်တွေကို တွေ့ရပါတယ် … (ထူးဆန်းတယ်နော်) :mrgreen:

ဘယ်ကြောင်က မီးကွင်းကို ဖြတ်ခုန်တာတုန်းတော့ မသိပါဘူး …။

ဒီလိုနဲ့ ဟိုကြည့်ဒီကြည့် (ကျောင်းပေါ်မှာ တံမြက်စည်းလှည်းနေတဲ့ တောင်မလေးဒွေကို) လိုက်ကြည့်အပြီးမှာတော့ …

အင်းလေးကနေ ညောင်ရွှေကို ပြန်လည် ထွက်ခွာ လာခဲ့ပါတယ် ….။

အပြန်ခရီးမှာ စက်လှေရဲ့ အရှိန်နဲ့ တဝီးဝီး တိုက်ခတ်လာတဲ့ လေအေးတွေကြောင့် အတော့်ကို အေးလွန်းလှပါတယ် ….။

+++++++++++++++++++++++++++++++

အင်းလေးရဲ့ နေဝင်ရီတရော မြင်ကွင်း တစ်ခု
အင်းလေးရဲ့ နေဝင်ရီတရော မြင်ကွင်း တစ်ခု

+++++++++++++++++++++++++++++++

ညောင်ရွှေကို ပြန်ရောက်တော့ ည (၇) နာရီ ဝန်းကျင် ရှိနေပါပြီ ….။

ဒီလိုနဲ့ပေါ့ဗျာ ….။

နောက်တစ်နေ့ မနက်ခင်းမှာတော့ ဦးတီးကြောင် လို့ခေါ်တဲ့ ရှမ်းမ ချောချောလေးတွေ ရှိရာ

တောင်ကြီးဆီကို ချီတက် ခဲ့ကြတယ် ဆိုပါတော့ ခင်ဗျာ ….။

+++++++++++++++++++++++++++++++

+++++++++++++++++++++++++++++++

ညောင်ရွှေ ကနေ တောင်ကြီးကို အသွား လမ်းခုလတ်မှာ …

အေးသာယာ စပျစ်ဝိုင် စိုက်ခင်းအရောက် ဆင်းပြီး ဟိုကြည့်ဒီကြည့် လျောက်ကြည့်ကြပါတယ် …။

စပျစ် စိုက်ခင်းက အကျယ်ကြီးပါပဲ …။

တောင်တွေနဲ့ဆိုတော့ တစ်မျိုးလည်း လှနေပါတယ် …။

ဝိုင်ဈေးကတော့ အတော်လေး မြှောက်ပြီး အမြည်းလည်း မပေးပါဘူးတဲ့ ….။

ဝယ်တဲ့လူတွေ ဝယ်ကြတာပေါ့ …။ ကျုပ်ကတော့ မဝယ်ဘူး …။ အလကားပဲ ဒါ့ပုံ ရိုက်ယူလာခဲ့တယ် …။

ဒါ့ပုံက လက်ဆောင် ပေးတဲ့ထဲမှာ ပါပြီးပြီနော် ….။

+++++++++++++++++++++++++++++++

ညောင်ရွှေက မထွက်ခင် မနက်ခင်းမှာ တွေ့ရတဲ့ မီးပုံးပျံတွေ
ညောင်ရွှေက မထွက်ခင် မနက်ခင်းမှာ တွေ့ရတဲ့ မီးပုံးပျံတွေ
အေးသာယာ စပျစ် စိုက်ခင်း အဝင်ဝ
အေးသာယာ စပျစ် စိုက်ခင်း အဝင်ဝ
ဒါကတော့ အေးသာယာ စပျစ် စိုက်ခင်းပါ
ဒါကတော့ အေးသာယာ စပျစ် စိုက်ခင်းပါ

+++++++++++++++++++++++++++++++

နောက်တစ်ပိုင်း ပြီးပါပြီ ခင်ဗျာ ….။

နောက်ဆုံး တစ်ပိုင်းပဲ ကျန်ပါတော့တယ် ….။

အားတင်းပြီး ထပ်မံ အားပေးကြပါဦးလို့ ……. အဟီးးး :mrgreen:

ဒီတစ်ခါ မကြေညာ တော့ဘူးနော် …

တော်ကြာနေ သောက်မြင်ကပ် ပုဒ်မနဲ့ ဝိုင်းပြီး ဆွမ်းကြီးလောင်ခံနေရလိမ့်မယ် ….။ :mrgreen:

အားပေး ကြည့်ရှုကြသူ အပေါင်းကို ကျေးဇူး ကမ္ဘာပါ ခင်ဗျာ …။

+++++++++++++++++++++++++++++++

+++++++++++++++++++++++++++++++

ချစ်ခြင်းများနဲ့ …

မောင်အံစာ

+++++++++++++++++++++++++++++++

27 comments

  • ခိုင်ဇာ

    December 28, 2012 at 9:13 am

    အင်းလေး ဖောင်တော်ဦးဘုရား ဖူးသွားတယ်။
    မောင်အံရဲ့ ကုသိုလ်ကိုလည်း သာဓုခေါ်ပါတယ်။

    ကြောင်ခုန်ကျောင်း။ သိပြီ။ ခု မှတ်မိသွားပြီ။ :harr:

    Reply

    • ပထမဆုံး လာအားပေးသွားတဲ့
      မမခိုင်ဇာကို ကျေးဇူး အထူးပါ …
      သာဓု ခေါ်သွားတော့
      ကျုပ်ရဲ့ ကုသိုလ်တွေကို မျှဝေ ရသွားပြီပေါ့ဗျာ ..

      Reply

  • Shwe Phyu

    December 28, 2012 at 9:21 am

    မောင်အံစာရေ…
    ပုံတွေအရမ်းကောင်းပါတယ်…
    ကြောင်ခုန်ကျောင်းမှာကြောင်တွေအခုအချိန်ထိခုန်တုန်းလား၊
    ကိုယ့်ရဲ့ မေးခွန်းက နဲနဲ Stupid ဖြစ်မယ်ထင်တယ်..ဒါပေမယ့် ကိုယ်နောက်ဆုံး အဲဒီကျောင်းကိုရောက်ခဲ့ဖူးတာ ၁ဝနှစ်မကရှိသွားပြီမို့လို့….

    Reply

    • ဟုတ်ကဲ့ …။
      ကြောင်ခုန်တာက ဖော်ရိန်နာတွေ များမှ
      ခုန်ပြပေးတယ်လို့ ဆိုပါတယ် …
      တစ်ပတ် တစ်ခါလောက်များ ဖြစ်လေမလားပဲ …
      ကျနော်တို့တော့ ခုန်တာ မမြင်ခဲ့ရပါဘူး …
      ကျေးဇူးပါ ….။

      Reply

      • မောင့်ကျက်သရေ ဂီ့

        December 28, 2012 at 11:36 am

        ကြောင်ခုန်ကျောင်း …???

        အင်း … သဂျင်းမီးတော့ ဘာဝင်ပြောမလဲ မသိဝူး…
        ဘုန်းကြီးတွေ

        ကြောင်ပြဆန်တောင်း

        လုပ်တယ် တို့….

        တိရစာ္ဆန် ညှင်းပမ်းတယ်တို့ …


        ဘုန်းကြီး မဝတ်နဲ့ ဆပ်ကပ် ထောင်တို့..

        အဲ့ဒါတွေနဲ့ ကိုင်ပေါက်မယ် ယူဆပါကြောင်း….

        ဒက်ဂလောက် ဒက်ဂလောက်…

        Reply

        • kai

          December 28, 2012 at 12:39 pm

          ဘာမှမလုပ်.. ငုတ်တုတ်ထိုင်နေတာထက်တော့.. အဆ ၁၀ဝမကကောင်းကြောင်း..
          နိုင်ငံခြားသားတွေ.. အဲဒါကြောင့်လည်လည်လာရင်.. ဘေးရွာတွေလည်း.. အလုပ်အကိုင်အခွင့်အလန်းပွင့်.. ဝင်ငွေရနိုင်ကြောင်း..

          သခင်မျိုးဟေ့.. ဒို့Burman :kwi:

  • Mon Kit

    December 28, 2012 at 9:34 am

    ဘုရားဖူးရင်း သာဓုခေါ် သွားပါတယ် မောင်အံဇာ..
    ဘော်ဒါပုံ ထည့်တော့ ပိုပြည့်စုံတာပေါ့ကွယ်…. :hee:

    Reply

    • ဒီတစ်ခါတော့ ထည့်တော့ပါဘူးဂျာ ..
      ဘော်ဒါပုံ ကြောဒါ ..
      ဒီတစ်ခါပါ ထပ်ထည့်ရင် ခဲနဲ့ ဝိုင်းထုခံရမှာ စိုးလို့ .. :mrgreen:
      အားပေးသွားတာ ကျေးကျေးဘာလို့ …

      Reply

  • ဗုံဗုံ

    December 28, 2012 at 10:18 am

    ပုံလေးတွေ ကြည့်ပြီး ဘုရားလည်း ဖူးသွားပါတယ် အံချာတုံး စပျစ်ပင်က်ု အခုမှ မြင်ဘူးတယ်
    မီးပုံပျံ မစီးခဲ့ဘူးလား :kwi:

    Reply

  • ခင်ခ

    December 28, 2012 at 10:49 am

    အေးသာယာ စပျစ်ဝိုင်က နံမည်ကြီးတံဆိပ်ဘဲဗျ။
    ကျွန်တော်က ဝိုင်မကြိုက်တော့ အရသာတော့ သိပါဘူး။
    ကိုအံစာတုံးလည်း ဝိုင်ဝယ်ဘူးဆိုတော့ မကြိုက်တာလား လုခံရမှာကြောက်တာလားဟင်။

    Reply

  • Mr. MarGa

    December 28, 2012 at 11:29 am

    ကြောင်ခုန်ကျောင်းမှာ ဦးကြောင်ကြီးတို့အတွက် အမှတ်တရ ဒါ့ပုံလေးတွေ မရိုက်ခဲ့ဘူးလားမောင်အံရေ

    Reply

  • မင်းနန္ဓာ

    December 28, 2012 at 11:41 am


    အံဇာ ဖောင်တော်ဦးဘုရားဖူးရတာ အေးဆေး ရှိလိုက်တာ
    ငတို့ တန်ဆောင်တိုင်ပွဲတော်တွင်း ရောက်တာ လူတိုးလိုက်ရတာ မနည်း
    ဘုရားတွေခမျာလည်း ရွှေသင်္ကန်းကပ်ပြီး စက္ကူတွေနဲ့ မြုပ်လို့
    အင်း ကုသိုလ်တစ်ပဲ ငရဲတစ်ပိသာာ ဆိုတာ အဲဒါမျိုးကို ခေါ်သလားမသိ..

    Reply

  • ကြည်ဆောင်း

    December 28, 2012 at 2:06 pm

    ဘယ်တော့ဖူးဖူး အင်းလေးဖောင်တော်ဦးက ဖူးလို့မဝဘူးဘဲ…
    အင်းထဲက ရှုခင်းတေါကိုလဲကြိုက်တယ်…
    ဒါနဲ့ အင်းသူလေးဖြစ်ဖြစ် …
    တောင်ကြီးသူလေးဖြစ်ဖြစ် မချိတ်ခဲ့ဘူးလား..?

    Reply

  • San Hla Gyi

    December 28, 2012 at 4:22 pm

    ထမင်းဆိုင်တွေ စားသောက်ဆိုင်တွေကတော့ ခရီးသွားမှန်းသိရင် ရိတ်မယ်ဆိုတာ အစဉ်အလာလို ဖြစ်နေပြီဗျို့။ နောက်ဒီလူကို မတွေ့ရတော့ဘူးဆိုတော့ မျက်နှာမထောက်ပဲ လုပ်တတ်တယ်။ မကောင်းတဲ့ စိတ်ဓတ်ပဲ။ တတ်နိုင်သမျှ ကိုယ့်ဘာသာ စီစဉ်သွားပြီး မတတ်သာမှ ဝယ်စားတာ ကောင်းတယ်။

    Reply

    • အရီးခင်လတ်

      December 28, 2012 at 9:12 pm

      အရင်ကတော့ အင်းသူ/သား တွေ ဆိုတာ အင်မတန် ရိုးသားတယ် လို့ နာမည်ရှိပါတယ်။
      အခုတော့ ဓလေ့ထုံးစံ ယဉ်ကျေးမှု တွေ ဖလှယ်ရင်း ပိုက်ဆံအလွယ်ရတဲ့ နည်းတွေ သိသွားတာထင်ရဲ့။
      သူတို့လဲ သူများဆီသွားရင် ခံရပေါင်းများရင်များနေမှာ။

      Reply

  • အရီးခင်လတ်

    December 28, 2012 at 9:13 pm

    မောင်အံရေ
    အင်းလေး နဲ့ တောင်ကြီး တော့ ရောက်ဘူးတယ်။
    ဓာတ်ပုံလေးတွေ ကြည့်ပြီး အရင်အချိန်တွေကို လွမ်းသွားပါကြောင်း။
    တောင်ကြီးပုံတွေ ကို မျှော်နေပါတယ်။

    Reply

    • koaung

      December 28, 2012 at 9:24 pm

      အရီးလတ်အရင်က ဟန်းနီးမွန်းတုံးကသွားဘူးပုံရတယ် ဝါတာရှီမို့တာရော (i also too) :mrgreen:

      Reply

      • ဟေ့လူ .. ယောက်ကထီးဂျီးး
        ခညား သွားဖူးတိုင်း
        ကျုပ်အရီးကို အဲ့လို မထင်ဘာနဲ့ … ငွင်းး ငွင်းးး
        အရီး သူကြောဒါ (မဟုတ်ဘူး) ဟုတ်တယ်မို့လား … :mrgreen:

        Reply

      • အရီးခင်လတ်

        December 28, 2012 at 10:04 pm

        ဟုတ်ဘူး ကိုအောင်။
        ကျွန်မက လက်ထပ်ပြီးတာနဲ့ သူများတိုင်းပြည် ကို တန်းပြီး လိုက်ခဲ့ရတာမို့ ဘယ်လို ခေါ်ရမယ်တောင်မသိပါဘူး။
        အိမ်ကို ပြန်လွမ်းတာနဲ့ ဟန်နီ က သိပ်မချိုလိုက်ဘူး။ 😆

        တောင်ကြီးက ကျွန်မ သူငယ်ချင်း (မိန်းကလေးဖော်) နဲ့ အတူတူ ၆လ လောက် အသစ်ဖွင့်တဲ့ ကွန်ပျူတာကျောင်းမှာ အလုပ်လုပ်ခဲ့တာ။
        ၁၉၉ဝ မှာ။ အရမ်းပျော်ခဲ့ပါရဲ့။
        အဲဒီကနေ ညီအစ်မလိုဖြစ်ပြီး ရေစက် က ဒီအထိ ကို ဆုံ နေဆဲပါဘဲ။
        ၁၉၉ဝ ဆိုတာ ရွာထဲ က ကလေးတွေ တောင် မွေးဦးမှာ မဟုတ်။
        ဟုတ်တယ်ဟုတ် မောင်အံ။ 😉

        Reply

  • koaung

    December 28, 2012 at 9:20 pm

    မီးပုံးပြန် အရဂါးစီးလို့ရဝူးလား

    Reply

    • မဟာရာဇာ အံစာတုံး

      December 28, 2012 at 10:02 pm

      မီးပုံးပြန် အရဂါး စီးလို့ ရ၊ မရ ဒေါ့ သိဝူးးး
      နိုင်ဂံချား တားဒွေဆိုရင် …
      သိန်းနဲ့ချီးပြီး ပေးရဒါဒဲ့ ….။
      မောင်းတဲ့ လူဂဒေါ့ အရဂါး စီးရဒယ် ထင်ဒါဘဲ … ငှဲ .. ငှဲ …
      :kwi:

      Reply

      • koaung

        December 29, 2012 at 9:44 am

        တခုုသိချင်လိုု ့ပါခီဗျ ထောက် ခံစာ(ပါမစ်)ဥမမာ အဲလေ ဥပမာ
        ဦးသိန်း ဒေါ ်စိန် နဲ့ အမျိုု ုုးတော် တယ် အမေဒိက က ဥခိုုင်နဲ့ ရင်းနှီးတယ်ဆိုုရင်ကော မန်းနီးပေးဖိုု ့လိုုလားခင်ဗျ:mrgreen:

        Reply

  • လုံမလေးမွန်မွန်

    December 28, 2012 at 10:56 pm

    ဒီပို့စ်ကို လာလည်သွားဂျောင်း…
    မရောက်ဖူးတဲ့နေရာတွေကို သေချာကြည့်သွားဂျောင်း…

    Reply

    • မဟာရာဇာ အံစာတုံး

      December 28, 2012 at 11:08 pm

      ဟက်ကဲ့ ….
      ခုလို လာပေးတာ ကျေးကျေး ကမ္ဘာပါ ….
      ဒါနဲ့ ဟိုနှစ်ပို့စ်ကိုရော သေချာ ကျည့်ရဲ့လားဟင်င်
      အိုက်မှာ ဟိုဒင်း ပါလို့ .. အဟီး … :mrgreen:

      Reply

      • မသိချင်ယောင်ဆောင်လို့လည်းမရ..အတင်းမေးတာပဲ…
        ကျည့်ပီးဘာဘီအေ….. ဒါဘဲ…

        Reply

  • ဦးကြောင်ကြီး

    January 2, 2013 at 10:54 am

    ကြောင်ခုန်ကျောင်း
    မောင်ယုန်ဖောင်း
    ရောင်စုံပြောင်း
    လှောင်ကုန်ရောင်း
    အောင်ထုံပျောင်း
    စောင်ခြုံချောင်း
    နောင်ပုံဒေါင်း
    ခေါင်လုံသောင်း..။

    Reply

  • kai

    January 3, 2013 at 8:38 am

    ကျုပ်သွားခဲ့တဲ့..မိုင်၁၀၀ဝခရီးထဲ.. နာပလို့ခေါ်တဲ့.. ဝိုင်ထုတ်တဲ့ဝိုင်စိုက်ခင်းဒေသပါတယ်..
    အဲဒါလေးတင်ပေးဦးမယ်..
    အမေရိကန်တွေ ဝိုင်တင်မက…တိုးရစ်ဇင်နဲ့ပါ.. ဘယ်လိုလုပ်စားကြသလည်း.. ဆက်စပ်တွေးလို့ရအောင်…။

    Napa is the county seat of Napa County, California. It is the principal city of the Napa county Metropolitan Statistical Area, which encompasses Napa county. As of the 2010 census, the city had a total population of 76,915. It is also the 100th largest city in California. The area was settled in the 1830s. It was incorporated as a city in 1872.

    Reply

Leave a Reply to အရီးခင်လတ် Cancel Reply

Your email address will not be published.