(ခရစ်စမတ်နေ့ 2012) နေ့ဆောင်းနံနက်ခင်း တောင်သမန်အင်း

1 ခရစ်စမတ်နေ့နံနက်ခင်းက တောင်သမန်အင်း(မြောက်ဘက်ခြမ်း)
1 ခရစ်စမတ်နေ့နံနက်ခင်းက တောင်သမန်အင်း(မြောက်ဘက်ခြမ်း)

 

2အာရုဏ်မှာတစ်မျိုးလှတာ ---ဆိုတဲ့ရှေးသီချင်းလေးကို သတိရမိပါတယ်
2အာရုဏ်မှာတစ်မျိုးလှတာ —ဆိုတဲ့ရှေးသီချင်းလေးကို သတိရမိပါတယ်

 

3ဆောင်းနှင်းတွေကြောင့်အရောင်တွေပိုလှနေတဲ့တောင်သမန်
3ဆောင်းနှင်းတွေကြောင့်အရောင်တွေပိုလှနေတဲ့တောင်သမန်

 

 

7ရေပြင်ကွက်ကွက် နှင်းငွေ့သက်သက်
4ရေပြင်ကွက်ကွက် နှင်းငွေ့သက်သက်
5 အနောက်ဘက်ချမ်းက စေတီ
5 အနောက်ဘက်ခြမ်း က စေတီ
6 ငေးမော..................
6 ငေးမော………………

 

7 စိမ်းမြ ပြာလွင်
7 စိမ်းမြ ပြာလွင်
8 သစ်ပင်ရိပ်က တောင်သမန်
8 သစ်ပင်ရိပ်က တောင်သမန်

 

 

(ခရစ်စမတ်နေ့ 2012) နေ့ဆောင်းနံနက်ခင်း တောင်သမန်အင်း

 

 

မနေ့ညက ရွာထဲက မိတ်ဆွေတစ်ယောက်ရောက်လာပါတယ်။

သူကလဲမိသားစုနဲ့လာတာဆိုတော့အချိန်သိပ်မပေးနိုင်။

အေးအေးဆေးဆေး တွေ့နိုင်မယ့်အချိန်ကို ခေါင်းပူအောင်စဥ်းစားရပါတယ်။

ခက်တာက ကိုယ်အလုပ်က ခရစ်စမတ်လဲမပိတ်။

သူဘယ်မှာတည်းလဲမေးတော့ တောင်သမန်အင်းနံဘေးက တံခွန်တိုင်ရေကူးကန်နားမှာတဲ့။

ကျနော်နေတာက ကန်တော်ကြီး။

ခေါင်းထဲမှတစ်ချက်လက်သွားပါတယ်။

မနက်စောစောအိပ်ယာထလားလို့မေးတော့ ထတယ်တဲ့။

ဒါနဲ့ဘဲ ဒီဇင်ဘာဆောင်းမနက် ခရစ်စမတ်နေ့ မနက်ခြောက်နာရီကိုလက်ဖက်ရည်သောက်

လာခေါ်မယ်လို့ချိန်းလိုက်ပါတယ်။

ကဲ ဒီထက် အေးဆေးတာ ဘယ်မှာရှိလို့လဲနော်။

အဲဒါနဲ့အိမ်က ခြောက်နာရီမတ်တင်းထွက်လာ။

သူ့ဆီသွား ကျွဲဆည်ကန်ကိုလက်ဖက်ရည်သွားသောက်။

ဟန်ကိုကျနေတာပါဘဲ။

7နာရီထိုးခါနီးတော့ပြန်လာပါတယ်။

အဲဒီမယ် တောင်သမန်အင်းနားလဲရောက်ရော ထုံးစံအတိုင်း လက်ဆော့တော့ ဒီပုံတွေရလာသပေါ့။

ကဲကျနော်နဲ့လက်ဖက်ရည်အသောက်ထွက်တဲ့ ရွာသားကြီးက ဘယ်သူများပါလိမ့်နော်။

 

 

ကိုပေါက်လမ်းသလားနေသည်

(25-12-2012)

 

 

 

 

14 comments

  • အစကတော့ ဒီပို့စ်ကိုနောက်မှတင်မလို့ အခုတော့ မန်းလေးကိုရောက်နေတဲ့ရွာသားကြီးကို
    အမှတ်တရ တင်ပေးလိုက်ပါတယ်
    အဲဒါ
    ဘူလေးလဲ
    ဘူလေးလဲ
    ဘူလေးလဲ
    ဘူလေးလဲ ပြောကွယ်

    Reply

  • ခိုင်ဇာ

    December 26, 2012 at 10:20 am

    တောင်သမန်က ရိုက်တတ်တဲ့ သူနဲ့ များတော့ ပိုလှ။
    ကျနော့တုန်းက တဲတွေ ရှောင်ရ။ အဝတ်လှန်းထားတာတွေရှောင်ရ၊ ကျွတ်ကျွတ်အိတ်တွေ ရှောင်ရနဲ့ ဘာပုံမှ ကောင်းကောင်းရယ် မရပေါင်။
    ကိုကြီးပေါက် ကန်တော်ကြီးနားနေတာသိရင် နောက်တစ်ခေါက် တွေ့ဖို့ စီစဉ်ရတာပိုလွယ်ပါပြီ။ :mrgreen:
    ဒီတစ်ခေါက်က ကန်တော်ကြီးလမ်း ပြင်နေတယ်ဆိုလို့ ဖြတ်သွားဖြတ်လာကို မရောက်လိုက်။

    ဘူလေးလဲ မေးခွန်းတော့ မဖြေနိုင်။ :kwi:

    Reply

  • မဟာရာဇာ အံစာတုံး

    December 26, 2012 at 11:58 am

    နံပါတ် ၆ …
    ငေးမော ဆိုတဲ့ ပုံလေးကို ခိုက်တယ်ဂျာ …
    လွယ်မော ဖွယ်ရာ ပေပဲ ….
    အားပေးတွားဘာဒယ် ခညားးး

    Reply

  • ကြည်ဆောင်း

    December 26, 2012 at 12:14 pm

    ဒီပုံလေးတွေမြင်တော့ ပြက္ခဒိန်ထုတ်လိုက်ရင်လှမှာလိုထင်မိတယ်….

    Reply

  • မောင်ပေ

    December 26, 2012 at 12:43 pm

    အိမ်း
    အဘမောင်ပေ ခန် ့မှန်းတွက်ချက်မှုများအရ
    ထိုရွာသားသည်
    ကိုကြိုက်မီး ပဲ ဖြစ်ရမယ်ဗျာ
    အဖြေမှန်တယ်ဆိုရင်
    တစ်ညစာ ဒကာခံပါ ကိုပေါက်
    ဟီဟိ

    Reply

    • မေ့သွားတယ် စည်းကမ်းပြောဘို့
      ဆွေမျိုးသားခြင်းများ ဝင်ရောက်ဖြေဆိုခွင့်မပြု ဆိုတာကို

      Reply

      • မောင်ပေ

        December 26, 2012 at 8:40 pm

        ဟေ့လူ
        ဘယ်က ဆွေမျိုးသားခြင်း တုန်းဗျ
        နိုင်ငံရေးတွေ မပါနဲ ့နော်
        ညှင်းညှင်း ညှင်းညှင်း
        ဒေါင့်ဒေါင့် ဒေါင့်ဒေါင့်
        ဟက်ဟက် ဟက်ဟက်
        စပိတ်စပိတ် စပိတ်စပိတ်

        Reply

        • မင်းစပိတ်ကိုင်ထားလဲ မောင်ပေရေ ကာလာရမ်းနင်းနဲ့ စားမယ်ကွာ

  • ကိုရင်စည်သူ

    December 26, 2012 at 1:02 pm

    ရွာသားကြီးဆိုတော့.. ရွာထဲမှာ အသက်ကြီးတဲ့ရွာသားဖြစ်ပြီး
    သွားတတ်လာတတ်တဲ့ ရွာသားကြီးဆိုတော့…
    သမတကြီးနဲ့ ရုပ်ချင်းတူတဲ့ ရွာသားကြီးများလား.. မသိ.. 🙄

    Reply

  • koaung

    December 26, 2012 at 2:10 pm

    Me: ကိုုပေါက်ရေ ဒီပုုံတွေရိုုက်ဖိုု ့မန်းတလေးမှာ အနဲဆုုံးတပါတ်လောက် နေမှရမယ်ထင်တယ်နော် လှပါ၏ဗျား

    Reply

  • ရတယ်ဗျ မနက်ငါးနာရီက ထလှုပ်ယှားလိုက်ရင် တစ်ပါတ်ဆိုရင် မန်းလေး ပါတ်ဝန်းကျင်နှံ့လောက်တယ်။
    လာပါ ဗျ လိုက်ပို့ပေးပါမယ်။

    Reply

  • Hnin Hnin

    December 26, 2012 at 7:18 pm

    ပုံ ၂ မှာ ရပ်နေတာ အဲ့ရွာသားကြီးလား…ဘယ်လိုပြောရမလဲဆိုတော့…
    အဲ့ပုံက လူပုံလေးနဲ့ ရောင်နီလေးတွေ ဝေးရာကနေ နီးလာသလို လွင့်ပြန့်ဝေဝါးလာတဲ့ပုံကို
    ကြိုက်တယ်…

    Reply

  • အဲဒီအချိန်ရောက်တော့ရွာသားကြီးကိုအိမ်ပြန်ပို့ခဲ့ပြီ မယ်နှင်းရေ
    မထင်မှတ်ဘဲရလိုက်တဲ့ပုံလေးတွေပါကွဲ့

    Reply

  • moonpoem

    December 27, 2012 at 12:16 pm

    လေးလေးပေါက်တို ့များ သွားနိုင်ပါ့။ ကျွန်တော်ဆိုရင် အဲဒီအချိန် အိပ်ကောင်းတုန်း။ ရန်ကုန်မှာတေ့ာ အလင်းရောင်မရှိလို့လားမသိ စောစောစီးစီး အိပ်ရာ မထနိုင်ဘူးဗျို ့။

    Reply

Leave a Reply to ကိုရင်စည်သူ Cancel Reply

Your email address will not be published.