တစ်ထိုင်တည်း တရားနာရုံနဲ့ ဘာလို့ တရားထူးရ

zaylayJuly 18, 20101min03

(၁) ဟောသောတရားတော်နှင့် အလိုအဇ္ဈာသယ ကိုက်ညီသွားသောအခါ….။

(၂) သဒ္ဓါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာ ဟူသော ဣန္ဒြေတို့ ရင့်ကျက်သောအခါ…။

တစ်ထိုင်တည်း တရားထူးရတတ်ပါသည်။

အာသယာနုသယဉာဏ်၊ ဣန္ဒြိယပရောပရိယတ္တိဉာဏ်တို့ကို ဘုရားရှင်တစ်ပါးတည်းသာ ပိုင်ဆိုင်ပါသည်။

တရားနာသူတို့၏ ဣန္ဒြေအနုအရင့်၊ အလိုအဇ္ဈာသယကိုကြည့်၍ ဟောသောကြောင့်လည်း ဘုရားရှင်လက်ထက်က တစ်ထိုင်တည်း တရားနာကာ တရားထူးရသွားကြသူ များရခြင်း ဖြစ်ပါသည်။

သို့သော်လည်း ဝိပဿနာ ဘာဝနာဆိုသည်မှာ မနောကံအမှုသာ ဖြစ်ပါသည်။

ဗုဒ္ဓရှင်တော်နှင့် တပည့်သားသာဝကတို့ တရားဟောသောအခါ တရားရမည့်သူသည် သူတော်ကောင်းတရားကို နာကြားရင်းကပင် နှလုံးသွင်းမှန်စွာဖြင့် ဝိပဿနာဘာဝနာကို ပွားများပြီး ဖြစ်သောကြောင့်လည်း တစ်ထိုင်တည်း တရားထူးရသွားကြခြင်း ဖြစ်ပါသည်။

ထို့ကြောင့် ဉာဏ်ရင့်ကျက်ပြီး အကြိုက်နှင့် ကိုက်ညီသွားသောအခါ တရားနာရင်းပင် ဝိပဿနာရှုကာ တရားထူးရတတ်သည်။

နာရုံသက်သက်ဖြင့်တော့ အရိယာမဖြစ်နိုင် (သောတာပန်မဟုတ်သောကြောင့် အပါယ်မပိတ်နိုင်) ဟု ရှင်းရှင်းလင်းလင်း သဘောပေါက်ကာ အယောင်ဆောင်သိမ်းသွင်းမှုများမှ မှန်ကန်သောအမြင်ဖြင့် ရုန်းထွက်နိုင်ကြပါစေ။

3 comments

  • Ko Malt

    July 28, 2012 at 9:19 pm

    မှန်ပါသည်။ ရှေ့ကဆရာတော် ဟောသောတရားကို နာပြီး မိမိခန္တာထဲကို ပြန်ကြည့်လိုက်သော အခါ ‘အော် မှန်လိုက်လေခြင်း . ဟုတ်လိုက်လေခြင်း’ ဟု ဒုက္ခသစ္စာကို ပိုင်ပိုင် နိုင်နိုင် သိလျှင် ကိစ္စပြီး၏.

    Reply

  • သန်းထွဋ်ဦး

    July 28, 2012 at 11:12 pm

    ဒယ်အိုးဆရာတောကတော့ နာတဲ့အတိုင်း သိကြပါ၊သိတဲ့တိုင်း ကျင့်ကြံကြပါတဲ့နော့။

    Reply

  • မောင်သုည

    July 28, 2012 at 11:48 pm

    zaylay ရေ…ထူးအောင်လုပ်ထားတဲ့ တရားဆိုတာမရှိဘူးလို့ နာဘူးပါတယ်၊ ဘုရားရဲ့ နုတ်ခပါတ်တော်က မိန့်ကြားခဲ့တာတွေအားလုံးဟာ အရှိတရား၊အမှန်တရားတွေဖြစ်တဲ့ ဓမ္မပဲဖြစ်ပါတယ်လို့မှတ်ယူမိတယ်၊
    အတိတ်ကံအားကောင်းမူကြောင့် ဘုရားရှင်ရဲ့ ရှေ့မှောက်သို့ ရောက်ရှိပြီး တရားနာခွင့်ရရှိနိုင်တာပါ။
    ဒါကြောင့် မိမိတို့ရဲ့ ပြုခဲ့ဘူးသော သီလကုသိုလ်၊ဘာဝနာကုသိုလ်၊ဒါနကုသိုလ်တို့ဟာ မျိုးစေ့တွေပါပဲ၊အဲဒါတွေ ဆက်လက်ရှင်နေနိုင်မှ သုဂတိဘုံ သို့ပြန်ရနိုင်မှာပါ၊
    ယခုလည်း လက်ရှိရောက်ရှိနေတဲ့ ဘုံကလည်း သုဂတိဘုံပါပဲ၊ ဘာကြောင်လဲဆိုတော့ ယနေ့အထိ ဗုဓ္ဒရဲ့တရားတွေကိုနာခွင့်၊သိခွင့်ရနေတာကြောင့်ပါပဲ၊အဲဒီလို နာခွင့်သိခွင့်ရဖို့ကလည်း အတိတ်ကမိမိရဲ့ ပြုခဲ့ဘူးတဲ့ ဒါန၊သီလ၊သမာဓိ ဆိုတဲ့မျိုးစေ့တွေရဲ့ရှင်သန်ခြင်းကြောင့်ပါပဲ…။
    အဲဒီတော့ အသိကိုသတိကပ်နိုင်ဘို့အတွက် အသိတွေကို အရှိဖြစ်အောင်ကြိုးစားကြပါစို့….
    အစဉ်အမြဲလေးစားခင်မင်တတ်သော..
    အညတရ(မောင်သုည)

    Reply

Leave a Reply to Ko Malt Cancel Reply

Your email address will not be published.