သူကြီးအတွက် ကာတွန်းလက်ဆောင်

အပြောင်းအလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျနော်ကာတွန်းပုံလေး ဆွဲပြီး ဂေဇက်မှာ ပို့စ်တင်လိုက်တော့ ရွာသူားအများက အားပေးကြတယ်.. ကိုယ်မဆွဲတတ် ဆွဲတတ် ရေးတင်တဲ့ ပထမဆုံးလက်ရာလေးကို အားလုံးက (အားနာပါးနာ) ချီးကျူးကြတော့ အတော်လည်း ပျော်သွားပါတယ်ခင်ဗျား

အဲဒီမှာ ကျနော်တို့ သူကြီးက ခုလို တောင်းဆိုထားပါသေးတယ်..

kai says:
ကာတွန်းရေးပေးပါခင်ည..

အပြောင်းအလဲဆိုပြီး …ပြောင်းလဲအောင်.. ပြောင်းပြပြီး.. ပြောင်းရုံနဲ့မရ..
လူတွေပါလဲရမယ်.. မလဲချင်ရင်.. လှဲချလိုက်…
လှဲမချရင်.. လဲကျအောင်…. ကန်ချရလိမ့်မယ်..။ :kwi:

သူကြီးရေးထားတဲ့ စာသားလေးဖတ်ပြီး ကျနော် သဘောပေါက်သလို ကာတွန်းထပ်ဆွဲကြည့်ပြီး ပို့စ်ထပ်တင်ပေးလိုက်ပါတယ်

သူကြီးအတွက်လက်ဆောင်ပေါ့..

သူကြီးစကားလုံးတွေနဲ့လည်းကိုက်အောင်၊ ခေတ်ကာလ အဖြစ်အပျက်လေးတွေနဲ့လည်း ကိုက်အောင် ဉာဏ်စွမ်းရှိသမျှ ကြိုးစား သရုပ်ဖော်ထားပါတယ်။

ဒီနေရာမှ လူလဲချင်လည်း မလဲချင် လှဲချလိုက် .. မဟုတ်ရင် လဲကျအောင် ကန်ချမယ် ဆိုတဲ့စကားပြောမယ့်သူကို ဘယ်သူလို့ ဆွဲရမလဲ စဉ်းစားကြည့်တော့….

”အရှင်ဘုရား တပည့်တော်တို့သည် မိုက်မဲသည့်အလျောက်၊ မလိမ္မာသည့်အလျောက် တွေဝေသည့်အလျောက်  သံဃာတော်ကို အစိုးမရခြင်းတည်းဟူသော အကြောင်းကြောင့် ကိုယ်ထိလက်ရောက် ကျူးလွန်မိပါ၏။ အရှင်ဘုရား တပည့်တော်တို့အား သံဃာတော်များက နောင်အခါစောင့်ဆည်းခြင်းငှာ အပြစ်ကို အပြစ်အဖြစ် ရှုမြင်လျက် ကရူဏာရှေ့ထား၊ မေတ္တာအားဖြင့် ခွင့်လွှတ်တော်မှုပါဘုရား” ရယ်လို့ ရှေ့ကတိုင်ပေးပြီး ကန်တော့တောင်းပန်စေလိုက်တဲ့ သံဃာတော်တွေကို မြင်ယောင်မိပါတယ်။

ပြောင်းလဲမှုလည်း မလုပ်ချင်၊ နေရာက လဲမပေးချင်၊ လှဲချဖို့လည်း မမြင်တဲ့သူတွေကို ကန်ချမယ်လို့ ပွင့်ပွင့်လင်းလင်း ဆော်ရဲမယ့်သူ နေရာမှာ သံဃာတစ်ပါးပုံကို ဆွဲလိုက်တာပါ..။

ရွာသားတွေ အမြင်ကိုလည်း ဝေဖန်ထောက်ပြပေးပါအုံးလို့ ..

Change1
မလဲရင် ကန်ချရလိမ့်မယ်

 

 

 

P.S ကာတွန်း category တစ်ခု ထပ်ဖြည့်လိုက်ရင် မကောင်းဘူးလား သူကြီးရေ..

 

 

 

 

 

 

 

 

၃ ကွက်ဆွဲတာ ပိုကောင်းမလား?
၃ ကွက်ဆွဲတာ ပိုကောင်းမလား?

 

14 comments

  • မင်းနန္ဓာ

    December 22, 2012 at 5:12 pm

    ကျုပ်တို့လည်း ကိုယ့်တရားအလုပ်ပဲ လုပ်ချင်တာပေါ့ဗျာ
    ဒကာကြီးတို့လည်း အပြောင်းအလဲ ဆိုပြီး အနှစ်မပါ အကာအဝတ်ပဲ ပြောင်းရုံ
    မလဲနဲ့.. ငါ၊ အတ္တ တံခွန်ထူနေတာတွေ လှဲချကြဦး….

    အထိက ကာတွန်းတစ်ကွက်
    ခင်ဗျားတို့က လဲမရ၊ လှဲမချဆိုတော့.. လဲကျအောင် ကန်ချတဲ့အလုပ်
    လုပ်တဲ့သူက လုပ်နေရဦးမှာပဲဗျ
    လို့ တစ်ကွက်
    နှစ်ကွက်ကာတွန်းလေးဆို ပိုမိုက်သွားမယ်ထင်တယ်..
    ခုဟာ တစ်ကွက်ထဲဆွဲလိုက်တော့ စာတွေ ရှည်လွန်းသွားသလိုပဲ

    Reply

  • မောင်ပေ

    December 22, 2012 at 7:03 pm

    အင်း
    ကိုယ့်ကို နေ ့စဉ် ဆွမ်းကပ်လှူနေတဲ့ ပြည်သူတွေရဲ ့အကျိုးကို ထိပါးစေမယ့် ကိစ္စမျိုးကိုတော့ ၊ မီးလောင်ဗုံးမကလို ့ ၊ မီးသေနတ်နဲ ့ပစ်မယ်ဆိုရင်လဲ ဆန္ဒပြမယ့် အာဇာနည်တွေပါပဲ
    လေးစားစွာကိုးကွယ်ပါ၏

    Reply

    • မင်းနန္ဓာ

      December 22, 2012 at 7:19 pm

      သံဃံ သရဏံ ဂစာ္ဆမိပါဘုရား… 🙂

      Reply

  • uncle gyi

    December 22, 2012 at 10:14 pm

    တကွက်ကာတွန်းရယ်လို့သူကြီးကလည်းမသတ်မှတ်လောက်ပါဖူးကိုရင်ရယ်
    ဆရာ့ဆရာကြီးတွေလည်းလိုအပ်ရင်၂ကွက်၃ကွက်ဆွဲတာပါပဲ
    တင်ပြပုံထိမ်ိဖို့အဓိကလို့မြင်ပါတယ်

    Reply

  • ဦးကြောင်ကြီး

    December 22, 2012 at 10:18 pm

    ကာတွန်း
    ဖျာပွန်း
    နှာကျွမ်း
    ငါမွန်း
    ထှာယွန်း
    ခါလွန်း
    အာထွန်း
    ဝါဂွမ်း..။

    Reply

  • MaMa

    December 22, 2012 at 11:14 pm

    ကာတွန်းဆွဲတဲ့နေရာမှာ ရုပ်ပုံဆွဲတဲ့ ပညာရယ် တင်ပြပုံရယ် ပညာ၂မျိုးပါတယ်ထင်တယ်။
    (ကိုယ်ထင်သလို ပြောတာ :kwi: )
    အားမနာတမ်း ဝေဖန်ရရင် ကာတွန်းလက်ရာ ပြောင်မြောက်တယ်။
    တင်ပြပုံထိမိရင် ပိုကောင်းမယ်။
    အန်ကယ်ကြီး ပြောသလို တစ်ကွက်ကာတွန်းလို့ မသတ်မှတ်ပဲ လိုအပ်သလို ၂ကွက် ၃ကွက် ဆွဲရင် ပိုကောင်းမလားလို့။
    ဆရာကြီးဦးငွေကြည်(အထင်-ခရက်ဒစ်တူ ဘပု :harr: ) တောင် သူ့ဇာတ်ကောင် ဦးဖျောက်ဆိတ်နဲ့ အာဇာနည်နေ့ အလေးပြုတဲ့ ကာတွန်းမှာ ၄ကွက် (၃ကွက်လား မသိ၊ မသေချာ) နဲ့မှ သူပြောလိုရာကို ရောက်အောင် ပြောနိုင်ခဲ့တယ်။

    Reply

    • padonmar

      December 23, 2012 at 12:31 am

      မမရေ
      ဦးဘဂျမ်းကာတွန်းဟုတ်ဖူးလား။
      သတိ၊နေမြဲ၊စားမြဲခိုးမြဲ၊ဖွက်မြဲ ကိုပြောတာမလား။
      (comment reply notification ဆိုတာ စမ်းကြည့်တာပါ၊ကြားရင် အကြောင်းပြန်၊ဒါပဲ)
      ……………..
      ရွာစားရေ
      အန်တီ အိုင်ဒီယာကတော့ -စင်ပေါ်က လူရုပ်ကြီး၂-၃ ခုကို အဝတ်ပြောင်းဝတ်ပေးနေတဲ့လူကို နောက်ကလူတစ်ယောက်က အကြံပေးနေတဲ့ပုံလေးဆွဲချင်တယ်။လူရုပ်တွေရဲ့ အဝတ်ကတော့ အပေါ်က စစ်အကျီင်္၊ခေါင်းကခေါင်းပေါင်း၊အောက်က ပုဆိုးတောင်ရှည် ဝတ်ပေးနေမယ်။ဖိနပ်က စစ်ဖိနပ်ပေါ့။(စာက -အပြောင်းအလဲဆိုပြီး …ပြောင်းလဲအောင်.. ပြောင်းပြပြီး.. ပြောင်းရုံနဲ့မရ..လူတွေပါလဲရမယ်)
      နောက်တစ်ကွက်ကတော့ တွန်းလှဲကြည့်နေတဲ့ပုံ(စာကတော့ – မလဲချင်ရင်.. လှဲချလိုက်…
      လှဲမချရင်.. လဲကျအောင်…. ကန်ချရလိမ့်မယ်..။ )
      ကိုယ်တော့ မဆွဲတတ်ဘူး။ဟိုနားလေးပြင်ပါအုံး၊ဒီနားလေးတို့ပါအုံးလုပ်တာ။

      Reply

      • MaMa

        December 23, 2012 at 9:14 am

        Comment reply notification မရကြောင်း သံချောင်းပြန်ခေါက်ပါတယ်။
        comment box အောက်က Notify me of followup comments via e-mail ကို ရွေးထားမှ ရတယ်ထင်တယ်။

        Reply

  • mobile (mandalay)

    December 23, 2012 at 12:15 am

    အားပေးသွားတယ် ကိုမင်းနံဒါရေ
    ကာတွန့်လေးတွေကို ကျုပ်ကအလွန်သဘောကျသဗျ။
    ကိုယ်တိုင်လဲ နဲးနဲးပါပါးတော့ဆွဲးဖြစ်ပါတယ်။ ကူးယူထားလိုက်ပါတယ်ဗျာ။

    Reply

  • kai

    December 23, 2012 at 3:35 pm

    ကြိုက်တယ်ဗျ..
    ဘုန်းကြီးနဲ့တွဲလိုက်တော့. ပိုအဆင်ပြေသွားတယ်..။
    ၂ကွက်ဆိုလည်း.. ဖြစ်မယ်ထင်တာပါပဲ..

    ကျုပ်လည်း.. ကာတွန်းပြန်ဆွဲကြည့်ဦးမယ်.။ :kwi:

    Reply

  • ကျွန်မလည်းကာတွန်းဆွဲဝါသနာပါတယ်။
    ငယ်ငယ်ကအဖြစ်ချင်ဆုံးဆန္ဒက လေယာဉ်မယ်နဲ့ကာတွန်းဆရာပေါ့။
    အရင်တော့ရေးဖြစ်တယ်။
    အခုကာတွန်းလေးက စာကိုနည်းနည်းချုုံ့နိုင်ရင် တစ်ကွက်နဲ့ပဲပိုလိုက်မယ်ထင်ပါတယ်။

    Reply

  • မင်းနန္ဓာ

    December 24, 2012 at 3:26 pm

    စကားလေးတွေကို ခွဲပြီးပြောတာ ပို ထိမိ မလားလို့
    နှစ်ကွက်ထပ်ဖြည့်ဆွဲကြည့်လိုက်တာ..
    ပိုကောင်းလား မကောင်းဘူးလားတော့ မသိ..

    Reply

  • မင်းနန္ဓာ

    December 24, 2012 at 3:52 pm

    အားပေးသွားတဲ့ အန်ကယ်ကြီး
    ကဗျာရွတ်သွားတဲ့ အူးကြောင်
    ဝေဖန်အားပေးတဲ့ မမ
    အိုင်ဒီယာ တမျိုးပြပေးတဲ့ တီပဒုမ္မာ
    ကူးယူသွားတယ်ဆိုတဲ့ မောင်ရွေ့လျား
    ကာတွန်းပြန်ဆွဲကြည့်ဦးမယ်.ဆိုသူ သူဂျီးနဲ့
    လေယာဉ်မယ်ဖြစ်ချင်ခဲ့ပြီး ကာတွန်းဝါသနာပါတဲ့ နန်းတော်ရာသူတို့ကို
    ကျေးဇူးတင်ပါကြောင်း… ဆက်လက်ကြိုးစားသွားပါမယ်လို့
    ဂေဇတ်ကာတွန်းလေးတွေ ဒီထက် လက်စွမ်းပြမယ့်သူတွေ တိုးလာပါစေဗျား

    Reply

Leave a Reply

Your email address will not be published.