သင့်အခြေအနေနဲ့ ကမာ္ဘအနေအထား

introJuly 17, 20101min01

အမေရိကန် Stanford University ရဲ့ဆေးဝါးသုတေသနငှာနက မစ္စတာ Phillip Marterဟာ လွန်ခဲ့တဲ့ နှစ်ဝက်က ဖိုရမ်တစ်ခုမှာ ပို့စ်တစ်ခုကို တင်ခဲ့တယ်။ ပို့စ်ရဲ့အကြောင်းရင်းက ကမာ္ဘပေါ် ရှိသမျှလူဦးရေကို ၁ဝဝ ယောက်လို့ သတ်မှတ်ပြီး အဲဒီအရေအတွက်နဲ့ လူတွေကို အချိုးချကြည့်တာပဲဖြစ်တယ်။

၁) အာရှလူမျိုး ၅ရ ယောက်၊ ဥရောပလူမျိုး ၂၁ ယောက်၊ အမေရိကားလူမျိုး ၁၄ ယောက်၊ အာဖရိကလူမျိုး ၈ ယောက်

၂) ယောကျာ်းလေး ၅၂ ယောက်၊ မိန်းကလေး ၄၈ ယောက်

၃) လူဖြူအယောက် ၃ဝ၊ တစ်ခြားအရောင် ၇ဝ ယောက်

၄) ခရစ်ယာန် ကိုးကွယ်သူ ၃ဝ ယောက်၊ အခြားဘာသာကိုးကွယ်သူ ၇ဝ ယောက်

၅) လိင်ကွဲချစ်ကြိုက်သူ ၈၉ ယောက်၊ လိင်တူချစ်ကြိုက်သူ ၁၁ ယောက်

၆) ၅၉% ရှိတဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်သူ ၆ယောက်၊ အဲဒီ ၆ယောက်လုံးက အမေရိကားသားတွေဖြစ်တယ်။

၇) ထင်သလို ဖြစ်မလာတဲ့ အိမ်ထောင်ရေး အယောက် ၈ဝ

၈) စာမတတ်သူ ၇ဝ ယောက်

၉) အာဟာရ မပြည့်ဝသူ ၅ဝယောက်

၁ဝ) သေခါနီးဆဲဆဲ ၁ယောက်၊ မွေးဖွားနီးဆဲဆဲ ၁ ယောက်

၁၁) ဘွဲ့ရသူ ၁ယောက်

၁၂) ကွန်ပြူတာ ပိုင်ဆိုင်သူ ၁ ယောက်

ချုံ့လိုက်တဲ့ လူဦးရေရူထောင့်ကနေ ကမာ္ဘကြီးကို ကြည့်မယ်ဆိုရင် ဒီကမာ္ဘကြီးမှာနားလည်လက်ခံခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ သင်ကြားမှုတွေ လိုကြောင်းကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ ပိုပြီး ရှင်းလင်းစွာ တွေ့နိုင်တာက….

အကယ်၍ သင်ဟာ မနက်စောစောမှာ ကျန်းကျန်းမာမာနဲ့ ထလာနိုင်သေးတယ်ဆိုရင် သင့်အစားဝမ်းသာပါတယ်။ လူဦးရေ ၁ဝ သိန်းဟာ တစ်ပတ်တောင် အသက်မရှင်နိုင်ခဲ့လို့ပါပဲ။

အကယ်၍ သင်ဟာ စစ်ပွဲအန္တရာယ်တွေ မကြုံဖူးသေးဘူး၊ ထောင်ရဲ့ အထီးကျန်တဲ့အရသာ၊ နိုင်လိုညှင်းဆဲ နာကျင်မှု၊ ဆာလောင်မှုတွေကို မခံစားခဲ့ဖူးဘူးဆိုရင် သင့်အစားဝမ်းသာပါတယ်။ လူဦးရေ သန်း၅ဝဝ ထက် သင်ဟာ ကံကောင်းတဲ့သူ
ဖြစ်ခဲ့လို့ပါပဲ။

အကယ်၍ သင်ဟာ ဘာသာရေးပွဲတော်တွေမှာ အနှောင့်အယှက်ခံဖို့ စိတ်မပူခဲ့ဘူး၊ အဖမ်းခံမထိခဲ့ဖူးဘူး၊ မသေခဲ့ဘူးဆိုရင် သင့်အစား ဝမ်းသာပါတယ်။ လူဦးရေ သန်း ၃ဝဝဝ ထက် သင်ဟာ လွတ်လပ်ခွင့်ရနေလို့ပါပဲ။

အကယ်၍ သင့်ရေခဲသေတ္တာထဲမှာ စားစရာတွေရှိတယ်၊ ဝတ်ဖို့အဝတ်အစားတွေ ရှိတယ်၊ နေစရာ အိမ်ရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမာ္ဘပေါ်ရှိလူဦးရေ ၇၅%ထက် ချမ်းသာနေလို့ပါပဲ။

အကယ်၍ သင့်မှာ ငွေစုစာအုပ်ရှိတယ်၊ အိတ်ထဲမှာ ပိုက်ဆံရှိတယ်၊ အကြွေတွေရှိတယ်ဆိုရင် သင့်အစား ဝမ်းသာပါတယ်။ သင်ဟာ ကမာ္ဘ့လူဦးရေ ၈% ထဲလူချမ်းသာ စာရင်းဝင်နေလို့ပါပဲ။

အကယ်၍ သင့်မိဘတွေ သက်ရှိထင်ရှားရှိသေးတယ်၊ သင်ဟာ မိဘစုံလင်နဲ့ နေထိုင်သူဖြစ်တယ်ဆိုရင် သင်ဟာ ကံကောင်းသူပါ။

အခုဒီစာကို သင်ဖတ်နေတယ်ဆိုရင် သူဟာ ကံကောင်းသူ နှစ်ထပ်ကွမ်းပါ။ လူဦးရေသန်း ၂ဝဝဝ ဟာ စာမဖတ်တတ်လို့ပါပဲ။

အလုပ်အတွက် စိုးရိမ်ကြောင့်ကြနေစရာ မလိုဘူး။ ငွေကြေးမပြည့်စုံမှာ စိုးရိမ်သောကဖြစ်နေစရာ မလိုဘူး။ ထိခိုက်နာကျင်ခဲ့ဖူးပါစေ လူတွေကို အကြင်နာတွေ ဖြန့်ပါ။ စိတ်ကို ပျော်ရွှင်အောင် ထားပါ။ ဘယ်သူဘာပြောပြော
ငြိမ်းချမ်းတဲ့ သံစဉ်ကို ဟစ်အော်ပြီး လူ့ဘုံမှာ ပျော်ပျော်ရွှင်ရွှင် နေလိုက်ကြပါ။

Forwarded mail မှပြန်လည်မျှဝေလိုက်ပါသည်။

One comment

  • kopauk mandalay

    July 17, 2010 at 12:15 pm

    ယူပါမေ ကံကောင်းခြင်းတွေကိုလေ သည်စာကိုဖတ်လိုက်ရလို့ ကျနော်လဲ ကံကောင်းသွားပြီ

    Reply

Leave a Reply

Your email address will not be published.