မျက်ရည်စတစ်ချို ့နှင့် ကံကောင်းခဲ့လေသော နေ ့ရက်တို ့အကြောင်း

moonpoemDecember 18, 20121min04

အမြဲတမ်းပိုက်ဆံကို လောဘတကြီးနဲ ့ရှာတယ်။ ဒါပေမယ့် မသုံးဖြစ်ခဲ့ဘူး။ တစ်နေ ့နေ ့တစ်ချိန်ချိန်မှာ
တော့ အကျိုးရှိအောင်သုံးမယ်လို ့ရည်ရွယ်ရင်း ပိုက်ဆံကို မှိုတက်အောင်ထားတတ်တာ ကျွန်မအကျင့်တစ်ခုပါ။
ကားဝယ်ဖို ့သို့မဟုတ် အိမ်ပိုင်ချင်လို့ ချမ်းချမ်းသာသာ နေနိုင်ဖို ့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ ့ အလုပ်လုပ်နေတာပါ။

ဘဏ်မှာစုထားရင် အတိုးရနိုင်ပေမယ့်လို ့ဘဏ်ကိုမယုံကြည်တဲ့အတွက် ကိုယ့်ဗီရိုထဲမှာပဲ ကျစ်ကျစ်ပါအောင်စုထားတတ်တာလေ။
အမေက တစ်ခုခုလို ချင်တယ်ပြောတိုင်း အမေရယ် ပိုက်ဆံငွေခေါင်းကွဲသွားမှာစိုးလို့ပါ အဘွားက တစ်ခုခု စားချင်တယ်ဆိုရင်လည်း ဘာစားစား အိမ်သာထဲရောက်သွားမယ့် အတူတူ ဈေးကြီးတာတွေ မစားပါနဲ ့လား ပိုက်ဆံလေးစု
တိုက်ကြီး နဲ ့ကားကြီးနဲ ့နေရတဲ့အခါ ကြိုက်တာစားပေါ့လို ့တရားပြခဲ့သူ။ပြန်တွေးကြည့်ရင်တော့
တော်တော် မသိတတ်ခဲ့ဘဲ မိုက်လုံးကြီးခဲ့သူပေါ့လေ။

တစ်နေ ့တော့ အဘွားရဲ ့ညီမ အဘွားလေး ဆုံးသွားတယ်။ နှလုံးအားနည်း ရောဂါနဲ ့ပါ။ သူဆုံးတော့
ကျွန်မတွေးမိတယ်။ ငါ့အဘွားလေး အသက်ရှင်နေတုန်းက နှလုံးအားနည်းနေတုန်း နှလုံးအားဆေးတစ်လုံး
ငါဝယ်ပေးဘူးသလား။ဆေးခန်းသွားဖို ့ဆိုင်ကယ်ဓာတ်ဆီ မရှိလို ့ပြောတုန်းက ဓာတ်ဆီတစ်ကွာတ ၁၀၀ဝကို
ဖြည့်ပေးခဲ့ဘူးသလား။နေမကောင်းနေတဲ့ အဘွားလေးကို လောကဝတ်လေးနဲ ့တောင် အဘွားလေးနေကောင်းရဲ ့လားလို ့ မေးခဲ့ဘူးသလားလို ့ပါ။
ဒီလိုတွေးမိတဲ့အခါ တစ်ခါတစ်လေ ငွေကိုရှာရင်းအဘွားလေးရောဂါကို မေ့နေတာရှိသလို ၊ တစ်ခါတစ်လေ ငွေသုံးမိမှာစိုးလို ့ကပ်စီးနဲနေတဲ့ကိုယ့်ကိုယ်ကို
ပြန်ရှာတွေ ့ခဲ့ပါတယ်။

အခုတော့ ကျွန်မပိုက်ဆံတွေက အလကားပါပဲ လိုအပ်နေတဲ့အရာကို မဖြည့်ဆည်းပေးနိုင်ခဲ့။ လိုအပ်ပေမယ့်
မရှိရင်လည်း ဘာမှမဖြစ်တဲ့ ဂုဏ်ဒြပ်တွေကို ကျွန်မ မက်ခဲ့တယ်။အခုတော့ အဘွားလေး မရှိတော့ပါဘူး။
အဘွားလေးက ကျွန်မကို အပြစ်လည်း မတင်ခဲ့သလို တရားလည်း မပြခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မ တရားတွေ
အများကြီး ရနေပါပြီ။

အခုတော့ အမေ၊အဖေနဲ ့အဘွားကို ကျွန်မ ဂရုစိုက်နေပါပြီ။ ဘာလိုချင်လဲ ၊ ဘာစားချင်လဲ တတ်နိုင်သမျှ အကုန်လုပ်ပေးနေပါပြီ။
မပြောကောင်း မဆိုကောင်းဆိုပေမယ့် ကျွန်မ တရားရသွားတာ အဘွားလေးကြောင့်ဖြစ်နေပြီး ကျွန်မ အမေ၊ အဖေ တွေ မဟုတ်ခဲ့တာပဲ
ကံကောင်းတယ်ပဲ ဆိုရမှာပါ။

(သူငယ်ချင်းတစ်ယောက်ဧ။် ဖြစ်ရပ်မှန်ကို ခံစားရေးဖွဲ ့ပါသည်။အမှားပါလျှင် ခွင့်လွှတ်ပါ။)

4 comments

  • မောင်ပေ

    December 18, 2012 at 12:10 pm

    ဒီနေ ့မနက်နာခဲ့တဲ့ တရားလေးကတော့
    အမြင်မကောင်းပေမယ့် အကောင်းမြင်နိုင်မယ် ဆိုရင်……… တဲ့
    အဲဒါအဲဒါ

    Reply

  • Mobile

    December 18, 2012 at 12:38 pm

    ဥစ္စာကံစောင့် အသက်ဉာဏ်စောင့် ဆိုတဲ့ အတိုင်းပါပဲကွယ်
    ဥစ္စာဆိုတာ ကံကစောင့်တာကွဲ့ ကံမရှိ ညဏ်ရှိတိုင်းမွဲးတယ်တဲ့
    ဒါပေတိ ကံဆိုတာဂျီးကလဲ အခက်သားကွဲ အကောင်းဆုံး အတွေ့အကြုံ
    ရှိသူတို့ဖက်တွင် ကံကောင်းခြင်း သဘောသည်လဲ အစဉ်အမြဲးရှိနေတတ်သည်တဲ့
    ငွေတော့ငွေပေါ့ ပိုက်ဆံတော့ ပိုက်ဆံပေါ့
    အဓိကဂ မိဘပေါ့
    အရေးကြီးတာဂ သူထေးသမီးပေါ့ ဖြင့်သင့်လား မဖြင့်သင့်လားလေး
    ခွဲးခြားတတ်ဖို့ပဲလိုတာပေါ့ …………………………….
    အားပေးသွားပါဂျောင်း မွန်းပိုအံရေ……………………

    Reply

  • Mr. MarGa

    December 18, 2012 at 1:44 pm

    မိဘ ဆိုတာ
    ကိုယ့်ကို ကျွေးမွေး သုတ်သင် ပြုစု ယုယ ပေးခဲ့သူ ဆိုတော့
    အင်းးးးးးးးးးးးးး
    အသက်ရှင်တုန်း ကိုယ်က တစ်ဖန် ပြန်ပြုစု ပေးပါကွယ်
    တတ်နိုင်သမျှပေါ့
    ဒါမှ နောင်တစ်ချိန်မှာ နောင်တ မရမှာကွယ့်

    Reply

  • Nett Soe NS

    December 18, 2012 at 7:47 pm

    do it now never late

    Reply

Leave a Reply to Nett Soe NS Cancel Reply

Your email address will not be published.