“တောင်တက်လမ်းမှာတွေ့ခဲ့ရသမျှ”

1တောင်တက်လမ်းကရွှေစေတီ
1တောင်တက်လမ်းကရွှေစေတီ

 

2 ဆင်ကြီးက ဒူးတုပ်နေပေမယ့် မမိုက်ပါဘူးတဲ့ ဗျာ
2 ဆင်ကြီးက ဒူးတုပ်နေပေမယ့် မမိုက်ပါဘူးတဲ့ ဗျာ

 

3 ဒီစေတီလေးဆီကိုရောက်အောင်သွားမှာလေ
3 ဒီစေတီလေးဆီကိုရောက်အောင်သွားမှာလေ

 

4 တောင်အနောက်ဘက်ခြမ်းက စေတိ
4 တောင်အနောက်ဘက်ခြမ်းက စေတီ

 

5 စိမ်းစိမ်းကြားမှာ ဝါဝါ
5 စိမ်းစိမ်းကြားမှာ ဝါဝါ

 

6 တောင်ခြေမှာဒူးတုပ်နေတဲ့ဆင်ကြီး
6 တောင်ခြေမှာဒူးတုပ်နေတဲ့ဆင်ကြီး

 

7 လမ်းမှာတွေ့ တဲ့ ဂူကလေး
7 လမ်းမှာတွေ့ တဲ့ ဂူကလေး

 

8 ဂူအဝင်
8 ဂူအဝင်

 

8 အတွင်းထဲမှာလင်းလက်
9အတွင်းထဲမှာလင်းလက်

 

10 ကျောက်တံခါးဝ
10 ကျောက်တံခါးဝ

 

11 တိမ်အဖြူ တောအစိမ်းကောင်းကင်အပြာ စေတီဝါဝါ
11 တိမ်အဖြူ တောအစိမ်း
ကောင်းကင်အပြာ စေတီဝါဝါ

“တောင်တက်လမ်းမှာတွေ့ခဲ့ရသမျှ”

 

 

စားလို့သောက်လို့ပြီးတော့ တောင်ပေါ်တက်ဘို့ပြင်ကြပါတယ်။

တောင်ကုန်းလေးက ကျောက်ဆောင်တွေနဲ့အပြည့်နဲ့ပါဘဲ။

အောက်ခြေမှာတွေ့တဲ့ရွှေစေတီလေးကနေ တောင်ဘက်ကိုဆက်သွားတော့လမ်းမှာ

ဒူးတုပ်နေတဲ့ပုံစံထုလုပ်ထားတဲ့ ကျောက်ဆင်ရုပ်ကြီးကိုမြင်ရပါတယ်။

တောလမ်းလေးရှိတယ်လို့ပြောတာနဲ့ ကျနော်က ရှေ့ကအသွား လမ်းလဲဆုံးရော

စေတီလေးတစ်ဆူကိုမြင်ရ။

ဆက်သွားမယ်အလုပ်လမ်းပျောက်သွားမှ လမ်းမှားမှန်းသိရပါတယ်။

အဲဒါနဲ့အောက်ဘက်ပြန်ဆင်းလိုက်မှတောင်တက်လမ်းအမှန်ကိုတွေ့ရပါတယ်။

အဲဒီကနေဆက်အသွားလမ်းမှာလဲ ကျောက်ဆင်ရုပ်တစ်ရုပ်ထပ်တွေ့။

အဲဒီကနေတောလမ်းလေးအတိုင်းသွားတော့ ဥမင်လှိုဏ်လေးတစ်ခုကို အဝင်တံခါးတွေ

ဆောက်ထားတာတွေ့ရ။
မြင်ရတဲ့ပုံကတော့ ဆက်မဆောက်တဲ့ပုံ့စံပါဘဲ။

အဲဒီကနေ အုတ်စီလမ်းလေးအတိုင်းဆက်သွားတော့အပေါ်မှာ ဇရပ်တစ်ဆောင်။

အဲဒီဇရပ်လေးရဲ့အတက်မှာတော့ ကျနော်တို့သွားမယ်ဆိုတဲ့ စေတီလေးကိုမြင်နေရပါတယ်။

အဲဒီနားမှာဘဲ ကျနော် ချောင်းရိုက်တာ ခံလို်က်ရပါတယ်။

 

 

ကိုပေါက်လမ်းသလားနေသည်

(20-12-2012)

 

 

 

16 comments

  • Shwe Phyu

    December 28, 2012 at 10:10 am

    ကိုပေါက်..
    ဒါမန်းတလေးမှာလား???

    Reply

    • ခင်ခ

      December 28, 2012 at 10:33 am

      Shwe Phyu ရေ စစ်ကိုင်းတောင်ရိုး ဘက်မှာပါခင်ဗျ။

      Reply

  • MaMa

    December 28, 2012 at 10:22 am

    ချောင်းရိုက်ခံလိုက်ရလို့ထင်တယ်။
    စာလည်း ပြတ်သွားတယ်။ :kwi:

    Reply

  • garuda

    December 28, 2012 at 10:37 am

    3,4,5&11 ပုံတွေ ကြိုက်တယ်။ကျေးဇူး။

    Reply

  • ဗုံဗုံ

    December 28, 2012 at 10:45 am

    ဟင် လေးပေါက်ကို ဘယ်သူက တီးသွားတာလဲ အဲ့ဒါစစ်ကိုင်းမို့လားလေးပေါက် အဲ့ဒီဘက်မရောက်ဖူးသေးဘူး

    Reply

    • ခိုင်ဇာ

      December 28, 2012 at 12:24 pm

      စစ်ကိုင်းချောင် ကို မျက်စောင်းထိုးဖို့ကြံနေတဲ့ ဗုံဗုံလေး။ အဲ့ ဘက်ကို ရောက်ဖူးသင့်တယ်။ :kwi:

      Reply

  • Mr. MarGa

    December 28, 2012 at 11:22 am

    အင်
    အဲဒါ စစ်ကိုင်းပေါ့
    ဦးမာဃမယ် တွေးလိုက်ရတာ

    Reply

  • ကြည်ဆောင်း

    December 28, 2012 at 11:50 am

    အလင်းရောင်ကောင်းကောင်းရလို့ထင်ပါရဲ့ ပုံလေးတွေကကြည်နေတာဘဲ..
    ဓာတ်ပုံဆရာရဲ့တော်ချက်ကိုတော့ ထည့်မပြောတော့ဘူးနော်…

    Reply

  • ဘဲဥ

    December 28, 2012 at 12:40 pm

    လူများဒေဂိုချည်း ချောင်းချင်နေဒါ သများဂို ပြန်ချောင်းသွားဒါ မသိလိုက်ဘူး :mrgreen:

    Reply

  • အရီးခင်လတ်

    December 28, 2012 at 9:22 pm

    ကပေါက်ကြီး

    ဆင်ရုပ်လေးက ချစ်စရာလေး။
    သစ်တောသစ်အုပ် တွေကြားမှာ ဘုရားလေးတွေ မြင်ရတာ လွမ်းစရာဘဲ။
    ဂူတွေက သဘာဝ ဖြစ်နေတာ ဆန်းတယ်နော်။
    ကပေါက်ကြီး အရိုက်ခံရတာ ဆိုတာ ဘယ်နှစ်ချက် လဲ။
    😆

    Reply

  • ကိုလတ်ကြီး ကပေါက်အရိုက်ခံရတာ ဘယ်နှစ်ချက်မှန်းမသိ။
    သိလိုက်တာကတော့ နှစ်ချက်တိတ
    ဘဲဥမ
    စပိုင်အကြွေးမဆပ်သေးဘူးနော်။
    မင်းဂူထဲကိုရောက်နေတယ်သိလား။
    ကိုကြည်ဆောင်းရေ
    ကျနော်လို့ဘဲ ပုံလေးတွေ အတူရိုက်ထားသူရှိတယ်။
    ဦးမာဃ နေနိုင်သူကြီး အဲဒါ စစ်ကိုင်းအစစ်။
    သူများကျွေးတာ စားပြီးလက်ဆော့ထားတာ။
    မယ်ဇာရေ
    မန်းလေးဂေဇက်က တရားရှင်များအတွက် သူကြီးက ချောင်တစ်ချောင်ဆောက်ပြီးလူမယ်လို့ကြားဘူးတာဘဲနော်။
    ဗေးကလုံ လေးပေါက်ကို ဆော်သူက ဘဲဥ
    အခုသူဂူထဲရောက်နေတယ်။
    မမရေ နောက်ရက်တက်လာမယ့်ပိုစ်တွေ စာရေးမထားဘူးနော်။
    ကိုခရေ ကိုယ်စားဖြေတာကျေးဇူးပါ။
    ရွှေဖြူရေကျနော်ဆီမလာတာ ကြာပြီထင်ပါရဲ့။
    ဒီပုံလေးတွေက စစ်ကိုင်းကပါ ကျနော်တောင်မရောက်ဘူးသေးဘူး ခုမှရော်ကဘူးတာ

    Reply

    • Mr. MarGa

      December 30, 2012 at 12:08 pm

      လေးပေါက်ရယ်
      ကျွန်တော့်ကို နေနိုင်သူလို့ ခေါ်ပါနဲ့ဗျာ
      ဦးမာဃလဲ ရွာသူားတွေနဲ့ တွေ့ချင်လွန်းလို့ တစ်ပိုင်းသေနေတာဗျ

      Reply

  • ဖေပေါက်ဂျီးရ …
    တောင်တက်လမ်းမှာ ဒါတွေပဲ တွေ့ခဲ့တာလားဂျ …
    ကျုပ်အတွက် ချွေးမ ချောချောလေးများ မတွေ့ခဲ့ဘူးလား …
    ရှာထားအုံးဂျ … နောက်နှစ် ဝါကျွန်အမီ …

    အောက်ဆုံး ပုံလေးကို ခိုက်တယ်ဗျို့ ….။

    Reply

  • တောင်တက်လမ်းမှာ အတွဲတစ်တွဲတွေ့တယ်မောင်။
    လက်ဆော့ခဲ့တယ် ကြည့်မလား။
    သူကတော့ စပိုင် နှစ်ပုလင်းနဲ့ ရွှေးမယ်ပြောတယ်။
    အဲဒါကြမ်းခင်းဈေးနဲ့လေလံပစ်မယ်မောင်

    Reply

    • မဟာရာဇာ အံစာတုံး

      December 28, 2012 at 10:31 pm

      ရွာထဲက အတွဲလားဟင်င် ..
      အိုက်ဒါဆို မေးလ် ပို့လိုက်ဗျာ ..
      ကျုပ် ဖွပေးမယ် .. ဟီဟိ …

      Reply

  • Mobile

    December 29, 2012 at 12:38 am

    ကိုပေါက်ရေ ဒီတစ်ခါတော့
    နံပါမှာငါး နံပါတ် ၅ ပုံလေး တစ်ပုံကို ကြိုတ်တယ်ဗျို့
    လေလံ ပုံလေးကိုတော့ဖြင့် ဘူလဲဒေါ့သိပါဘူး ဒါပေမယ့်
    စပိုင် ၅ ပုလင်းပေးမယ်ဗျို့။
    ပေးမယ့်သူ ရှိသေးလားးးးးးးးးးးးးးးးးးးးးးးးးးးးး

    Reply

Leave a Reply

Your email address will not be published.