ဆီးချိုရောဂါပျောက်စေတဲ့ နည်းလမ်းလေးပါ။

ခင္ခDecember 17, 20121min021

ဆီးချိုရောဂါပျောက်စေတဲ့ နည်းလမ်းလေးပါ။

ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီ သဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများ အတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။ ဆေးသာက်နေရာ သူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ် ပါတယ်။

ရုံးပတီသီး (Lady Finger) ၂ လုံး (၂တောင့်) ကို ထိပ်နှစ်ဖက် ဖြတ်၊ အလယ်မှာ ဓားနဲ့ အပေါက်/အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီးမှာ ရောစိမ်ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင် ပါပြီ။

ဒီမှာ ရုံးပတီသီးကို ပိုးမွားကင်းဆင်အောင် သေချာဆေးကျော ဖို့ လိုပြီး ရေ သန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိသာသာပဲ သကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီ ရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချို ရောဂါကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။

 

Ref: medic-facts
International news for myanmar

 

ဖတ်လိုက်ရတဲ့ သတင်းလေးတစ်ခုကို ပြန်ပြီးဝေမျှပေးလိုက်တာပါ။ ဆီးချိုရောဂါသည် ကုသ၍ မပျောက်နိုင် သော်လည်း ထိန်းချုပ်နိုင်လျှင် အသက်ရှည်စွာ နေနိုင်သောရောဂါဖြစ် ပါသည်။ ဆီချိုဖြစ်ခြင်း၏ အဓိကအချက် က နေ့စဉ်စားသောက်မှု့များမှ ထွက်ရှိသော အချိုဓာတ်ကို ထိန်းချုပ်မှု့ မရှိခြင်းဖြစ်သည်၊ တနည်းအားဖြင့် အင်ဆူလင် ပံ့ပိုးမှု့မရှိခြင်းပင် ဖြစ်ပါသည်။

အချိုဓာတ်ပါသော အစာကိုလျော့စားခြင်း လေ့ကျင်ခန်းပြုခြင်းသည် ဆီးချိုသက်သာစေသော နည်းလမ်းများ ဖြစ်ပါတယ်၊ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်၍ ချွေးထွက်အောင်ပြုလျှင် ထိုချွေးမှတဆင့် အချိုဓာတ်များထွက်ရှိ လျော့နည်းသွားစေမှာဖြစ်ပါတယ်၊ အလွယ်အကူဆုံး ချွေးထွက်စေခြင်းသည် လမ်းလျှောက်ခြင်းဖြစ်သဖြင့် အခြားကိုယ်လက်လှုပ်ရှားပြုရန်အဆင်မပြေသော ဆီးချိုရှိသူများသည် လမ်းလျှောက်ခြင်းကိုတော့ မှန်မှန်လုပ် ပေးစေလိုပါတယ်၊ လေ့ကျင့်ခန်းသည် ဇီဝကမ္မကို တိုးတက်စေပါတယ်၊ ထိုမှတဆင့် ဂလူးကိုစ့်အား သွေးတွင်း မရောက်အောင် စနစ်တကျ ထိန်းချုပ်စေမည်ဖြစ်ပါတယ်၊ ကိုယ်အလေးချိန်ကိုလည်းလျှော့စေမှာဖြစ်သလို သွေးဖိအားကိုလည်း လျော့စေမှာဖြစ်ပါတယ်၊ ဒါအပြင် လမ်းလျှောက်ခြင်း သို့မဟုတ် လေ့ကျင့်ခန်းပြုခြင်းသည် အင်ဆူလင်လိုအပ်မှု့ကို လျော့ကျစေပါတယ်၊ ဒါကြောင့် လမ်းများများလျှောက်လေ ဆီးချိုဝေးလေ လို့တောင် ဆိုရမှာဖြစ်ပါသည်။

ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။

ခင်ခ။

21 comments

  • Mobile

    December 17, 2012 at 4:17 pm

    အားပေးသွားပါတယ် ကိုခင်ခ ရေ
    ယခုဖော်ပြတဲ့ ဆေးနည်းလေးကတော့ အကုန်အကျ သက်သာပြီး သုံးစွဲးရန်
    လွယ်ကူတဲ့အတွက် လူတိုင်းအတွက် အဆင်ပြေနိုင်မှာပါ။ ဘော်ဒါကြီး
    ကိုဘာဂျာ အတွက် အဓိကထားလို့ အခြားသော ရောဂါဝေဒနာ ရှင်များအတွက်
    မှတ်သားထားလိုက်ပါကြောင်းဗျာ။ အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။
    +++++++++++++++++++++++++++
    လက်တလော ကျနော် ပတ်ဝန်းကျင်မှာ အဆစ်အမြစ်(ခြေဆစ်-လက်ဆစ်) များ
    နာကျင်ကိုက်ခဲမှု ဝေဒနာကို ခံစားနေရတဲ့ ရောဂါသည် ၂ ဦးလောက်ကို
    တွေ့ရှိရပါတယ်။ ကိုခင်ခ အနေဖြင့် ကူညီလို့ရမယ်ဆိုရင်ဖြင့် ဆေးဝါး နည်းလမ်းကောင်း
    လေးများဖြင့် ကူညီပေးပါရန် နှိုးဆော်တိုက်တွန်း အကူအညီတောင်းခံလိုက်ရပါတယ် ခင်ဗျား။

    Reply

  • Shwe Tike Soe

    December 17, 2012 at 4:45 pm

    ကိုကြီးခ
    ကျေးဇူးဗျို. ကျွန်တော့်ရုံးက အစ်ကိုကြီး ကို အဲဒီ နည်းပေးလိုက်မယ်… မှတ်သွားတယ်..

    Reply

    • ခင်ခ

      December 17, 2012 at 9:18 pm

      ကောင်းပဗျာ မျှဝေပေးပါ ကိုရွှေတိုက်ခင်ဗျ။

      Reply

  • ခင်ခ

    December 17, 2012 at 4:45 pm

    ဦးဆုံးအားပေးသူ ကို Mobile ရေကျေးဇူးပါ။
    ခြေဆစ်-လက်ဆစ် အဆစ်အမြစ် နာကျင်ကိုက်ခဲမှု့က အမျိုးကြောင့်ဖြစ်နိုင်ပါတယ်
    ဥပမာ- လေးဖက်နာကြောင့်ဖြစ်တာလား၊ ထိခိုက်မှု့ကြောင့်လား၊ ရာသီအေးလို့လား၊ အရင်ဒါဏ်ဖြစ်ခဲ့ပြီး အအေးလွန်မှု့ကြောင့်လား အဲလိုတွေရှိတာရယ် အဲလိုကွဲပြားမှု့အပေါ် ကုသဆေးနည်းလည်း တိုင်ရင်းဆေးမှာ ကွာခြားတာမို့ ရမ်းမပြောရဲပါကြောင်းခင်ဗျာ။
    ဘာကြောင့်ဖြစ်တယ်ဆိုတာသိရရင်တော့ သိသလောက်မျှဝေချင်ပါတယ်ဗျ။

    Reply

    • Mobile

      December 17, 2012 at 5:09 pm

      မင်္ဂလာပါ လေးခ ရေ
      ဆောင်းရာသီ အခါသမယ ကိုရောက်ရှိလာပြီး အအေးဒဏ်ကြောင့်
      ကိုက်ခဲလာခြင်းဖြစ်တယ်ဟု ဝေဒနာရှင် တစ်ဦးမှဆိုပါတယ်။
      ထိုအတွက် ဆေးနည်းလေးများရှိပါက ကူညီပါဦးခင့်ဗျ။

      Reply

      • ခင်ခ

        December 17, 2012 at 8:58 pm

        ဟုတ် မနက်ဖြန်မှာ ပြန်ဆွေနွေး ရေးပေးမယ်ဗျ။

        Reply

        • ခင်ခ

          December 18, 2012 at 10:56 am

          ကို Mobile ရေ အအေးဒါဏ်ကြောင့် အဆစ်မြစ်ကိုက်ရင် အောက်ပါ နည်းတွေက သက်သာစေပါတယ်။
          ၁။ ပရုပ် ၁ဝ ဂရမ် နဲ့ နှမ်းဆီ ၄၀ဝ ဂရမ် ကို ပုလင်းတစ်ခုထဲထဲ့ပြီး ပုလင်းလုံအောင်ပိတ်ကာ နေပူမှာထားပါ။ ဆေးများအရည်ပျော်လို့ တစ်ပေါင်းတည်းဖြစ်ရင် အဆစ်မြစ်ကိုက်တဲ့နေရာ လိမ်းပေးခြင်းဖြင့် သက်သာစေပါတယ်။

          ၂။ နှမ်းစေ့ကို ထုထောင်းပြီး ရေနှင့်ကျိုပါ။ အဆစ်နာ အကြောနာ နေရာပေါ်မှာ အနည်းငယ်ပူပူနွေးစဉ် ပွတ်၍ကပ်ပေးပါက သက်သေစေနိုင်ပါတယ်။

          အလျဉ်းသင့်တဲ့နည်းကို သုံးနိုင်ပါတယ်လို့ တိုင်းရင်းဆေးစာပေမှ မျှဝေပါ၏။

        • Mobile

          December 18, 2012 at 3:04 pm

          မှတ်သား သွားပါတယ် လေးခ ရေ
          ဝေဒနာရှင်ကိုယ်စား အထူးကျေးဇူးတင်ကြောင်းပါခင်ဗျ။

  • ဗုံဗုံ

    December 17, 2012 at 5:00 pm

    ကောင်းလိုက်တဲ့ ဆေးနည်းလေးပါ လေးခရေ ဗုံဗုံ အဘွားက ဆီးချိုရော သွေးတိုးပါဖြစ်နေတာ အဲ့ဒါ ဟိုတစ်လောက သူငယ်ချင်းတစ်ယောက်က ကြက်ဟင်းခါးရွက်အရည်ကို မနက်တစ်ဇွန်း ညတစ်ဇွန်း တိုက်ရတယ်ဆိုလို့ တိုက်လိုက်တာ သွေးတွေ တိုးလာလို့ မတိုက်ရဲတော့ဘူး အခုဆေးနည်းလေးပြောပြရအုံးမယ် လေးခရဲ့ ဆေးနည်းအကုန်လုံးကို မိဗုံက ပရင့်ထုတ်ပြီးတော့ အိမ်မှာ ချိတ်ခိုင်းထားလိုက်တယ် ဆေးနည်းလေးတွေက မခက်တာရယ် ရှာရ လွယ်တာရယ်ကြောင့် သိပ်ကိုအသုံးဝင်ပါတယ် လေးခကုသိုလ်တွေ အများကြီးရနေပြီနော် လေးခလည်း ကျန်းမာပါစေရှင်

    Reply

    • ခင်ခ

      December 17, 2012 at 9:28 pm

      ကြက်ဟင်းခါးကလည်းဆီချိုကျစေပါတယ်။
      ဒါပေမယ့် သွေတိုးရှိသူကိုတော့ အဲဒီဓာတ်စာမကျွေးသင့်ဘူးဗျ။
      အခုနည်းလေးကတော့သွေးတိုးတတ်သူနဲ့လည်း သင့်လျော်ပါတယ် မဗုံဗုံရေ။

      Reply

  • ဘဲဥ

    December 17, 2012 at 5:16 pm

    ကျေးဇူးပါ ကိုကိုခရေ့ သများရဲ့ မေမေ့မှာ ဆီးချိုရှိလို့ အဲ့ဒီနည်းလေးကို စမ်းကြည့်ပါမယ်ခည
    ပီးတော့
    ပျားမြှီးရွက်ကို စားပေးရင်လည်း ဆီးချိုထိန်းတယ်လို့ ကြားဖူးပါတယ်ခည

    Reply

  • ဘဲဥ

    December 17, 2012 at 5:58 pm

    ကျေးဇူးတင်ပါတယ် ကိုကိုခ သများ မေမေ မှာလည်း ဆီးချိုရောဂါရှိတော့ အဲ့ဒီနည်းလေးကို ပြောပြလိုက်ပါ့မယ်ခည
    နောက်ပီး ကျနော်ကြားဖူးတာလေးတစ်ခုက ပြားမြီးှရွက်ကိုစားပေးရင်လည်း ဆီးချိုကျစေတယ်လို့ သိရပါတယ် ခည

    Reply

    • ခင်ခ

      December 17, 2012 at 9:08 pm

      ဆေးနည်တွေကတော့ အမျိုးမျိုးမှာပေါ့ ကိုဘဲဥရေ။
      အခုနည်းလေး လွယ်ကူပြီး စရိတ်လည်းနည်းနိုင်တာရယ် လိုအပ်တဲ့ပစ္စည်းကလည်း ရှာရလွယ်ပြီး
      ထိရောက်နိုင်လို့ပါ။

      Reply

  • AKKO

    December 17, 2012 at 8:38 pm

    သွေးချိုဆီးချိုလူနာတွေ အတွက်တော့ တော်တော်တန်ဖိုးရှိလှတဲ ့ပိုစ့်လေးတစ်ပုဒ်ပါပဲ။ life style change လုပ်ပေးရမယ့်ရောဂါတစ်မျိုးပါ။ အဓိကကတော့ အချိုဓါတ်ပါတဲ ့အစားအသောက်တွေပါတာ ရှောင်နိုင်ရင်အကောင်းဆုံးပါပဲ။

    Reply

    • ခင်ခ

      December 17, 2012 at 8:52 pm

      ဟုတ်ပ ဒေါက်တာရေ ဆီးချိုရှိရင်တော့ အစာရှောင်ရတာတွေရှိလာပြီပေါ့ဗျာ။
      ဒါ့ကြောင့် အသက် ၃၅ ကျော်ရင်အချိုလျော့စားသင့်တယ်လို့ ဆိုရမယ်ဗျ။
      ကွန်မန့်အတွက်ကျေးဇူးပါ။

      Reply

  • Mr. MarGa

    December 17, 2012 at 8:44 pm

    ဦးမာဃ ဝန်းကျင်က ဆီးချိုဝေဒနာရှုှင်တွေအတွက်
    ကူးသွားပါတယ် လေးခ ရေ

    Reply

    • ခင်ခ

      December 17, 2012 at 9:14 pm

      ပြန်မျှဝေမယ့် ဦးမာဃရေ ကျေးဇူးပါဗျ။

      Reply

  • Mon Kit

    December 18, 2012 at 12:11 pm

    ဒီပို့စ်လေးကို ဖတ်မိပြီး ကိုခင်ခကို ကျေးဇူးတင် ဝမ်းမြောက်မိပါတယ်ရှင်…
    မွန်ကစ် မေမေက ဆီးချိူရောဂါ ဝေဒနာနဲ့ ဆုံးပါးသွားတာပါ…
    ဒီရောဂါက မျိူးရိုးလိုက်တယ်လည်း ပြောပါတယ်…. ဘာလို့လည်းဆို မွန်ကစ် မမကြီးမှာလည်း အမွေရထားလို့ပါ.. တခြား ဝေဒနာရှင်များတွေ့ရင်လည်း ဒီနည်းလေးကို ပြန်လည်မျှဝေပေးပါ့မယ်ရှင်….

    Reply

    • ခင်ခ

      December 18, 2012 at 3:20 pm

      စိတ်မကောင်းပါဘူး မွန်ကစ်ရေ။ ဟုတ် တခြားဝေဒနာရှင်များကြုံရင်လည်း မျှဝေပေးမယ် ဆိုလို့ ကျေးဇူးပါနော်။

      Reply

  • ရွာသူ jujuma .

    December 18, 2012 at 4:02 pm

    ထုံးစံအတိုင်း ကူးသွားပြီဗျို့ …
    ကျေးဇူးပါ ..ဒီလို အကျိုးရှိတဲ့ပိုစ်လေးတွေတင်ပေးတဲ့အတွက် ….

    Reply

  • Khaing Khaing

    December 19, 2012 at 11:43 am

    လေးလေးခရေ … အဲဒီနည်းလေးကို အဖေ့ကို တိုက်ဖူးခဲ့ပါတယ် … အိမ်မှာ အဖေက ဆီချိုရောရှိပါတယ် … ဒါပေမယ့် အနေအထိုင် အစားအသောက်လုံးဝမဆင်ခြင်ပါဘူး … ဆေးရုံတက်တဲ့သူတောင် ဒီနည်းနဲ့ ဆေးရုံကနေ ဆီချိုလျော့ကျပြီး ဆင်းနိုင်ခဲ့ပါတယ် ……..
    – ဆေးနည်းတွေကောင်းတိုင်း အမေက အဖေ့ကို လုပ်ကျွေးတတ်ပါတယ် … အဖေကတော့ စွဲစွဲလန်းလန်း ဘာကိုမှ အလေးထားမစားမသောက်ဘူး ….. ကြာတော့ အမေလည်း စိတ်မရှည်တော့ပဲ … ဒီလိုပဲထားလိုက်တယ် … အခုဆို အမေက ရုံးပတီသီးကို ထမင်းစားရင်းစားဖြစ်အောင် ကြော်ကြွေး တို့စရာအဖြစ်လုပ်ကျွေးတတ်ပါတယ် … မနေ့ညက ရုံးပတီသီးကြော်ရယ် …. ကန်စွန်းရွက်အချဉ်ရည်ဟင်းရယ် … ဝက်ပုန်းရည်ချက်ရယ်ကို …. ကိုယ်နဲ့တည့်တဲ့ ရုန်းပတီသီးကို များများမစားပဲ … ဝက်ပုန်းရည်တွေချည်းအများကြီးစားတော့ အမေရဲ့ ဆူပူသံကိုကြားခဲ့ရတယ် ……… ဆီချိုကလည်းဖြစ် ဒေါသကလည်းကြီး … ထင်ရာလည်းဆိုင်းနဲ့ အရမ်းစိတ်ညစ်ဖို့ ကောင်းတယ် …. ညဘက်ဆို ဘောလုံးပွဲတွေအိပ်ရေးပျက်ခံကြည့်တယ် …. ကိုယ်လက်လှုပ်ရှားမှုကလည်းနည်း … ဘေးကလူတွေက ဟိုဟာကောင်းတယ်ဆို ဟိုဟာသောက် ဒီဟာကောင်းတယ်ဆို ဒီဟာသောက်နဲ့ …. စမ်းတဝါးဝါးလုပ်တတ်တယ် …

    – ဆီချိုအတွက် ဘယ်ဆေးနည်းမဆို စွဲစွဲမြဲမြဲသောက်မယ် … ကိုယ်ကိုတိုင်ကလည်း အနေအထိုင်အစားအသောက်ဆင်ခြင်မယ်ဆို လူ့သက်တန်းစေ့နေထိုင်သွားနိုင်တဲ့ဆီးချိုရောပါဖြစ်ပါတယ် … ဆီးချိုဝေဒနာရှင်တွေဟာ မိမိကိုယ်မိမိဂရုစိုက်နေထိုင်စားသောက်ရင် သက်တမ်းစေ့တင်မကပဲ တစ်ခြားကျန်းမာရေးကောင်းသူတွေထက်ပိုပြီး ကျန်းမာစွာအသက်ရှည်စွာနေထိုင်သွားနိုင်မှာပါ ……..

    Reply

Leave a Reply to AKKO Cancel Reply

Your email address will not be published.