***ကွန်ချက်***

တောက ကိုရင်December 17, 20121min05

***ကွန်ချက်***

ပြိုမယောင်.. ယောင်
ဟိုတောင်ဆီမှာ လာတဲ့မိုး
(ငါ့အတွက်တော့…)
နွေခေါင်ခေါင်မှာ ရွာတဲ့မိုးလို…
(တစ်မျိုးမမြင်လိုက်ပါနဲ့}
နင့်ရဲ့ဉာဉ်ဆိုးလေးတချို့
ငါ့အတွက်က ပိုပြီး ချစ်ဖို့ကောင်းနေ
ပန်းရနံ့ကို နမ်းရှိုက်လို့ဝမ­ှ
ပွင့်ဖတ်ကလေးတွေကို ခြွေချ
အဲဒီတုန်းကလည်း လှပဆဲ…
စမ်းရေထဲမှာ မျောပါခွင့်အတွက­်
နင့်လက်ထဲမှာ ကြွေလွင့်
ငါ့ကိုယ်ငါ အသင့်ပြင်ထားခဲ့တာ
နင်ကတော့ ပီတိတွေဖြာလို့
အဲဒီတုန်းကလည်း လေထဲမှာ…
ရွက်သစ်လေးတွေ ကြွေကျတာကိုပဲ
နင် အမြဲမြင်ချင်ခဲ့တာဆို
အဲဒီ သစ်ခြောက်ပင်အိုကလည်း လှောင်ရီသလိုနဲ့­…
နင်ကပဲ ကပိုကရို မခို့တရို့
နေခြည်တွေ ပျို့အန်လာမှ
ဆီးနှင်းတွေက သွေ့ခြောက်
နင့်လက်နဲ့ တောက်ထုတ်ပစ်ရတာ
ပျော်ပါသတဲ့
မြက်ခင်းပေါ်မှာကလည်း မျက်ရည်ပူတွေ
အဲဒီငွေ့ရည်ကလည်း ဟာသဖွဲ့လို့…
မနက်ဆိုကတည်းက
အလင်းစက်က ပြန့်ကျဲနေရမှာ
အဲဒါကလည်း နင့်အတွက် ပြက်လုံး…
ငါ့မျက်ခုံးပေါ်မှာက နင့်ခြေရာ
(ငါ မြင်နေပါတယ်…)
ဆည်းဆာကလည်း အရုဏ်တက်လုလု
နင့်ရဲ့ အယုအယတွေအောက်မှာတော့
ငါ့အသည်းက စကာပေါက်လို
အဲဒါကိုလည်း နင်အသိ…
နင့်ရဲ့ ပြုံးစိစိ မျက်နှာပေးက
အပေါက်သေးသေးလေးတဲ့ ငါ့လှေငယ်ဝမ်းဗိ­ုက်မှာ
နင်ပေးတဲ့ခွန်အားတွေနဲ့ ငါ့တက်ကို ကိုင်စွဲ
အဲဒီ ဝကန္တပင်လယ်ထဲမှာ…
(ရွက်လွင့်ရဲခဲ့…)
နင့်နှုတ်ခမ်းတွေပိုပိုမဲ့သွားခဲ့တာ
အဲဒါကလည်း နင့်ရဲ့မာယာတစ်မျိုး…
တိတ်တဆိတ် ရယ်ခိုးလိုက်ရမှ
နင့်စိတ်ထဲမှာ ကျေနပ်ရသတဲ့
သူများတွေပြောတာမကြားဖူးဘူးပဲထား
ငါ့စကားကို နင့်နားထဲ စွဲနေပေး
နင့်ရဲ့ကိုယ်စောင့်နတ်က မေးရင်
နင့်ကို ငါလေ အရမ်း…
(ချစ်လိုက်တာမှ)
ကမ္ဘာကြီးတောင် တုန်လှုပ်
အဲဒီနေ့က အရာရာ ကျောက်ရုပ်ဖြစ်သွားသတဲ့…
နှုတ်ဆက်မသွားတဲ့ငါ့ကို နင်
ဘာလို့များတမင်တကာ ငြိုငြင်နေမှာလဲ
အဲဒါကလည်း နင့်ရဲ့လှည့်ကွက­်
မျက်လှည့်ပွဲမှပြတဲ့ ပဉ္စလက်လို
ပညတ်တွေကိုတောင်ငါ မုန်းတတ်သွားတယ်­လေ…။ ။

တောက ကိုရင်
၂၈.၀၇.၂၀၁၂

5 comments

  • Mobile

    December 17, 2012 at 10:54 am

    တောက ကိုရင်ရေ
    ကဗျာလက်စွမ်း လေးတွေက တော့အတော်ပြသကိုး
    ဖတ်ရှု့အားပေးသွားပါကြောင်းးးးးးးးးးးးးးးးးးးးးး

    Reply

    • တောက ကိုရင်

      December 18, 2012 at 6:41 am

      အဲ
      အဟဲ
      အဲဒီတော့ကာ
      တတ်သည့်ပညာ မနေသာဆိုသလိုပေါ့ဗျာ
      မရှိမဲ့ ရှိမဲ့လက်စွမ်းလေး
      ဖြစ်ညှစ်ပြီး ထုတ်ပြရတာပ

      Reply

  • ဘဲဥ

    December 17, 2012 at 11:52 am

    ကဗျာဆြာ တစ်ယောက်တိုးဘီ
    အားပေးပါတယ်ဂျာ

    Reply

  • တောက ကိုရင်

    December 18, 2012 at 6:44 am

    အားပေးတယ်ဆို ကျေးဇူးပါဗျာ
    အရင်ရေးနေတဲ့အကောင့် ဝင်မရတော့လို့ပါ
    http://myanmargazette.net/author/koyin
    အဲမှာတင်ထားတာတွေလည်း ရှိပါတယ်

    Reply

  • မောင်ပေ

    December 18, 2012 at 1:23 pm

    ကွန်ချက်
    ချွန်ထွက်
    ဖွန်တတ်
    မွန်ရှက်
    တွန်ကြက်
    နွံနက်
    ထွန်ယက်

    Reply

Leave a Reply to တောက ကိုရင် Cancel Reply

Your email address will not be published.