တို့ တိုင်းပြည်…

johnnydeerDecember 14, 20121min05

ဗိုက်ထဲက ကလေးတောင် အကြွေးလေးသိန်း ရှိတဲ့တိုင်းပြည်…
အတုံးလိုက်အတစ်လိုက် အလှီးခံရာကနေ ပါးပါးလေးပြောင်းလှီးနေတာကို သိရက်သားနဲ့ ပြုံးကြည့်နေနိုင်တဲ့ တိုင်းပြည်…
ဥပဒေအထက်မှာ ဘယ်သူမှ မရှိတဲ့တိုင်းပြည်….
အဲ….ဥပဒေအောက်မှာလဲ ဘယ်သူမှမရှိတဲ့တိုင်းပြည်…
ပြောတော့ အဆင်းရဲဆုံးတိုင်းပြည်…အခုထိ ရောင်းစားစရာမကုန်သေ

းတဲ့ တိုင်းပြည်…
လိမ်စရာမရှိ ကိုယ့်ပေါင်ကိုလှန်လိမ်တဲ့ တိုင်းပြည်…
ကိုယ့်ဆီက လူတော်တွေကို သူများကို အလကားပေးပစ်နေတဲ့ တိုင်းပြည်…
တအားကောင်းတဲ့ အိမ်နီးချင်းတွေ ဝိုင်းနေတဲ့တိုင်းပြည်…
ကိုယ့်တိုင်းပြည်မှာ ကိုယ့်လူမျိုးတွေ ဒုတိယတန်းစားဖြစ်နေတဲ့ တိုင်းပြည်…
ကိုယ့်ရှိတဲ့ဟာကို ရောင်းပြီး ဖယောင်းတိုင်ထွန်းပြီး အမှောင်ထဲ ထိုင်နေတဲ့ တိုင်းပြည်…
ဘာမှ မလုပ်ရသေးတာကို တအားကျေးဇူးတင်တတ်တဲ့ တိုင်းပြည်…
သစ်တောတွေ ခုတ်ပြီး ကြက်ဆူပြောင်းစိုက်တဲ့ တိုင်းပြည်…
အလုပ်လက်မဲ့ ၄% ပဲ ရှိတဲ့ တိုင်းပြည်…
မီးလာဖို့ မိုးနတ်မင်းကြီးပဲ တ ခိုင်းတဲ့ တိုင်းပြည်…
မြှစ်ကို မရောင်း..မြစ်ကို ရောင်း….တောင်းကိုမရောင်းတောင်ကိုရောင်းတဲ့ တိုင်းပြည်…
မေတ္တာပို့တာ မခံနိုင်တဲ့ တိုင်းပြည်…
ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဖြစ်ဖူးတဲ့တိုင်းပြည်…
ငြိမ်းချမ်းရေး နိုဘယ်ဆု ရဖူးတဲ့ တိုင်းပြည်…
လစ်ရင်လစ်သလို စည်းကမ်းဖောက်တတ်တဲ့ တိုင်းပြည်…
ပြောတော့ ဗုဒ္ဒဘာသာတိုင်းပြည်…တောင်ပြုံးမှာ တိုးလို့မရတဲ့တိုင်းပြည်…
မကျေနပ်လို့ ဆန္ဒပြပါမယ်ဆို…ဆန္ဒအပြခံရမယ့် လူတွေဆီ..ခွင့်ပြုချက်ပြန်တောင်းရတဲ့ တိုင်းပြည်…
ပါးတခါရိုက် တထောင်ပဲ ပေးရတဲ့ တိုင်းပြည်…
လူယုတ်မာ တစ်ယောက်ကို ကြံဖန်ကျေးဇူးတင်တတ်တဲ့ တိုင်းပြည်…
ရှိသမျှ အကုန်ကုန်ပြီး ပြသနာတွေပဲ ကျန်နေတဲ့တိုင်းပြည်…
…………………………………………………….တိုင်းပြည်…
………………………………………………………..တိုင်းပြည်…
…………………………………………………….တိုင်းပြည်…
အဲ့ တိုင်းပြည်…တို့တိုင်းပြည်လေ…
ဒါပေမယ့်…သေတဲ့အထိလဲ ချစ်ဦးမယ်…
သေတဲ့ အထိလဲ နေဦးမယ်…ကဲ …ဘာပြောချင်လဲ….

5 comments

  • အမေ Mobile (MGZ ပါတီ)

    December 14, 2012 at 11:06 pm

    ဘာပြောချင်လဲ
    ငါပြောရင်လဲ
    တလွဲထင်ဆဲး
    မကောင်းမြင်တဲ့
    ဒီတိုင်ပြည်ထဲ
    ဆန္ဒပြပွဲ
    နေ့တိုင်းသာနွဲး
    လူတိုင်းဟာမွဲး
    တိုက်ပွဲဆင်ခဲ့
    နောက်ဆုံးတော့လဲ
    ဘာပြောချင်လဲ။
    mေu တို့လို ဒီရွာထဲမှာရှိတဲ့ အူးဂျီးတွေစပ်တာတွေ တွေ့ပီး ချောက်ချက်တာနော် …………

    Reply

  • johnnydeer

    December 15, 2012 at 5:11 am

    နေ့တိုင်း ဟိုသတင်းလေးဖတ် …ဒီသတင်းလေးဖတ်ရင်းနဲ့ စိတ်ထဲမှာ ကိုယ့်တိုင်းပြည်နဲ့ ပတ်သက်ပြီး ခိုးလိုးခုလု ကိုးလိုးကန့်လန့် အမြဲ ခံစားရတယ်…စိတ်အချဉ် ပေါက်တော့ ရေးမိတဲ့ စာတွေလဲ ရွဲ့တဲ့တဲ့ ခနဲ့တဲ့တဲ့ စာတွေပဲ အမြဲ ရေးမိတယ်…ဖတ်မိတဲ့ သူတွေကိုလဲ အားနာပါတယ်…တကယ်ပါ…

    Reply

  • Mr. MarGa

    December 15, 2012 at 5:48 pm

    ဟုတ်ကဲ့
    ဘာမှ မပြောချင်ပါဘူးဗျာ
    အူးမာဂ လဲ ချစ်ပါတယ် လို့

    Reply

  • အလင်းဆက်

    December 15, 2012 at 8:55 pm

    စိတ်လျှော့ပါဗျ ။
    ဟိဟိ ။

    ပြောသာပြောရတာ..
    သားလည်း.ဒီလိုစာလုံးတွေ..ရေးချင်မိသား ။
    🙂

    Reply

  • အဂျစ်

    December 17, 2012 at 9:27 pm

    ကြိုက်လို့ကူးထားတယ်ဗျာ…လက်မထောင်တာအားမရလို့ ထောင်လို့ရတာအကုန်ထောင်ာပီး အားပေးသွားပါကြောင်း…( ကင်းမြီးကောက်ထောင်ခြင်းသာ…)

    Reply

Leave a Reply to အဂျစ် Cancel Reply

Your email address will not be published.