ခရမ်းသီးကြွပ်ကြွပ်လေး …. နဲ့ အနော်

Yin Nyine NwayDecember 14, 20121min024

တီချယ် ရဲ့ faccebook က ခရမ်းကြွပ်သီးအကြောင်းလေးဖတ်ရင်း
အနော် ငယ်ငယ်က ဖြစ်ခဲ့တဲ့ အနော့် ပေါ့ပေါ့ (ဖေဖေ)နဲ့ အနော့်အကြောင်းလေးကို သတိရသွားမိတယ် ….

ပေါ့ပေါ့က အနော့်ကိုဆို ကြည့်မရပါ
အနော် ဘာလုပ်လုပ် ချီးကျူးစကားထက် ကဲ့ရဲ့ အပြစ်တင် ဝေဖန် နေတာပဲ အနော်ကြုံရပါတယ်…
အနော် ကျောင်းမှာ ပထမဆုရသည့်တိုင်အောင် အနော်တော်လို့မဟုတ်
ကျောင်းက သူငယ်ချင်းတွေ ညံ့လို့သာဆိုပါတယ် …

အနော် စာစီစာကုံးပြိုင်လို့ ဆုရလျှင်
အနော် ဘတ်စကပ်ဘောပြိုင်လို့ ဆုရလျှင်
အနော် ထူးချွန်ပြိုင်လို့ ဆုရလျှင် ….
တခါမှ ပေါ့ပေါ့ လိုက်မပေးခဲ့ပါ …

ချီးကျူး ဪဘာသံအစား … အနော့ကို ရှုပ်ရှုပ် ယှက်ယှက် ဝင်ပြိုင်သည့်အတွက် …
ဆဲဆို ကျိန်းမောင်းနေတာကများပါတယ် ….

ပေါ့ပေါ့စိတ်ကို အနော်မသိခဲ့ပါ…
ပေါ့ပေါ့ အနော့်ကိုချစ်လား မချစ်လားတော့ အနော်မသိ
ပေါ့ပေါ့မြင်ရင် လူက အလိုလိုကြောက်နေတာတော့ အမှန်ပါ (အမြဲဆဲဆိုနေတာကိုး)

တနေ့မှာတော့ ပေါ့ပေါ့က
ခရမ်းကြွပ်သီးလေးတွေ ဈေးထဲက ဝယ်လာပါတော့တယ်
ခရမ်းရောင်လေးသန်းပြီး လက်လက်ဆက်ဆက်လေးဖြစ်နေတဲ့ ခရမ်းကြွပ်သီးလေးက
ထိုနေ့ည အနော်တို့ ညစာထမင်းဝိုင်းမှာ နာမည်ကြီးနေပါတယ်

ရှမ်းပဲပုတ်ချက်လေးကို ငရုတ်သီးများများနဲ့ စပ်စပ်လေးချက်
အတို့ အမြုတ်လေးနဲ စားရတာ ဘယ်လောက် ကောင်းလိုက်သလဲ….

ပေါ့ပေါ့ ဟင်းမနိုက်ခင် ဘယ်သူမှ မဲ့မဲ့ ကအစ မနိုက်ရဲလောက်အောင် ပေါ့ပေါ့က အိမ်မှာ အာဏာကြီးခဲ့ပါတယ်
ပေါ့ပေါ့ ခပ်ပြီးမှ စားလေ ဆိုမှ စားကြရတဲ့ ဘဝလေးကလဲ တမျိုးတော့ တမျိုးလေးပါပဲ …

ပေါ့ပေါ့က ပဲပုတ်ချက်ကို ထမင်းနဲ့ အားရပါးရနယ် … ပြီးတော့ လက်ကြီးနဲ့ ထမင်းဆုတ်ကြီးကြီးစား
တော်တော်လေးစပ်တဲ့ ပဲပုတ်ချက်ကို ပေါ့ပေါ့က ကုလားအော် တတောင့်ကိုပါ ထပ်ကိုက်လို်က်ပါသေးတယ်
ပြီးတော့ ခရမ်းကြွပ်သီးလေးကို ကြွပ်ခနဲ ကိုက်ပြီး တကြွပ်ကြွပ် မြည်အောင် စားပါလေရော

“ ကြွပ် …. ကြွပ် … ကြွပ် ”
အနော် သားရည်တွေ ကျလာတယ်
အဲလို အသံလေးမြည်အောင် စားချင်လိုက်တာ
သို့သော် …. အနော် ဝါးတော့ ဝါးတာပဲ အနော့်ဆီက ထွက်တဲ့ အသံကြီးက သူ့ ဆီကထွကိတဲ့ အသံနဲ့လည်း မတူဘူး
ကျယ်လှောင်ပြီး ဘာသံကြီးမှန်းမသိဘူး
ထပ်စားကြည့်တယ် …. အရသာကောင်းတာတော့မှန်တယ် … အသံကြီးက ဆွဲဆောင်မှုမရှိတဲ့အပြင် .. အနော်စားတဲ့ အသံကြောင့် အနော့် ပေါ့ပေါ့ ထဆဲမှာတောင်ကြောက်နေမိတယ်
ထမင်းဝိုင်းလည်းပြီးရော အနော့ပေါ့ပေါ့ အိမ်ပေါ်တက် အနော် ထမင်းစားခန်းကနေ ပန်းကန်ဆေးရင်း မဲ့မဲ့ကိုပြောလိုက်တယ်
(ဒီမှာ အနော်တို့ တောင်ကြီးက အိမ်တွေက ထမင်းချက်တဲ့ ထမင်းဆောင် တစ်ဆောင် အိမ်က တစ်ဆောင် အိမ်နဲ့ ထမင်းချက်တဲ့ မီးဖိုချောင်နဲ့ မတွဲဘူးဂျ)

အနော် ။။။။။။ “ မဲ့မဲ့ အနော် ပေါ့ပေါ့ကို အရမ်းစိတ်ဆိုးတာပဲ”
မဲ့မဲ့ ။။။။။ “ ဘာလို့လဲ ”
အနော် ။။။။။။ “ သူ ခရမ်းကြွပ်သီးစားတာ အသံလေးက စားချင်စရာလေး အနော်စားတော့ အသံက အဲလိုမထွက်ဘူး
အသံကျယ်ရင်လည်း သူက ဆဲအုန်းမယ် (ဒီမှာလဲ အဲလိုပဲ … အနော်တို့ဘက်မှာ ဆူတာကို ဆဲတယ်လို့ပြောတယ် ဆူတယ်လို့မသုံးဘူး)
တော်ပီ နောက်တခါ ခရမ်းကြွပ်သီး ပါရင် အနော် သူနဲ့ အတူတူထမင်းမစားဘူး”

အဲဒီနေ့ကစလို့ အနော်တို့ထမင်းဝိုင်းမှာ ခရမ်းကြွပ်သီး ပျောက်ချင်းမလှ ပျောက်သွားပါလေရော…( အနော် သတိမထားမိ လိုက်ပေမဲ့ ပေါ့ပေါ့ ဆုံးမှ မဲ့မဲ့ပြောပြမှသိ)

အနော့်အိမ် စီးပွါးရေးက အလှူအိမ်အတွက် ထမင်းပေါင်းပေးတာပါ
ထမင်းချက်တာပဲပေါ့ မချက်ပဲ ပေါင်းယူတာမလို့ ထမင်းပေါင်းတယ်ဆိုတာပါ
အနော်တို့ ရှမ်း ပအိုဝ့်တွေက အရက်သိပ်ကြီုက်ပေါ့
ပေါ့ပေါ့က အရက် အရမ်းသောက်တယ်
ပေါ့ပေါ့က အရင်က အထက်ဂိုဏ်းဆိုလား ဘာလား မသိတဲ့ ဆေးတမျိုးထိုးတာတော့ အရက်သောက်ရင် သွေးဆိုးတယ်တဲ့
ဟုတ်လောက်ပါတယ်
ပေါ့ပေါ့ အရက်သောက်ပြီးရင် အနော်မပြောနဲ့ မဲ့မဲ့တောင် အိမ်မှာမနေရဲဘူး
ဒီတော့ ရှိသမျှ ထမင်းပေါင်းစရာမှန်သမျှ မဲ့မဲ့သာလုပ်ရပါတော့တယ်
မဲ့မဲ့လုပ်ရမှတော့ အနော်တို့လည်း အလကားနေရပါတော့မလား
ကူပြီးလုပ်ရတော့တာပါ့

တခါတလေ ဆန် ပြည် 200 300 လောက် ရှိတဲ့အခါ ညလုံးပေါက် ပေါင်းရတာတွေရှိတယ်
စာမေးပွဲရှိလည်း မတက်နိုင်ဘူး စာကျက်ရင်း ပေါင်း
အဲ ဒီအခါ အခက်တခု တွေ့ပြန်ရော ပေါ့ပေါ့က အလုပ်လုပ်ရင် တခုပြီးမှ တခုလုပ်မှကြိုက်တယ်
စာကျက်ရင်းထမင်းပေါင်းတာမျိုးမကြိုက်
အနော်တို့က ညဘက် အိပ်ချင်လည်းပြေအောင် စာကျက်ရင်းထမင်းပေါင်း
မရဘူး… တွေ့ရင် မီးထဲ လွင့်ပစ်တတ်တယ်

အဲဒီတော့ သူအိပ်မှပေါ့
ဒီလိုနဲ့ ဘဝရဲ့ ဒဏ်ကိုခံရင်း ပေါ့ပေါ့က 2002ခုနှစ် ဝါဆိုလပြည့်နေ့မှာဆုံးသွားပါလေရော …

ပေါ့ပေါ့ဆုံးပြီးတော့ မဲ့မဲ့ကို အားလုံးက ဝဋ်ကျွတ်သွားတယ်လို့ ပြောကြတယ် မဲ့မဲ့တော့ တော်တော်ပေါ့ပြီး …..ပျော်နေမယ်လို့
ဒါပေမဲ့ မဟုတ်ဘူးဂျ
အနော့် မဲ့မဲ့မှာ ထမင်းစားလည်းငို
အိပ်လည်းငို
ထမင်းပေါင်းလည်းငို
ဘုရားရှိခိုးတာတောင် ငိုပါလေရော

အရင်ဆုံး မဲ့မဲ့ စပြောပြတာကတော့ အနော့်အကြောင်းပေါ့
ပေါ့ပေါ့က အနော့်ကို မချီးကျူးတာမဟုတ်ဘူးတဲ့ဂျာ
အနော်က ချီးကျုူးခံရပြီး အောက်ခြေလွတ်ပြီး ဆက်မကြိုးစားမှာကြောက်လို့ဆိုပဲ
လူတကာမှာ ငါ့သမီး နွေးသီးမ က သိပ်တော်တာ သူကအခု အတန်းထဲမှာ ပထမလေ
ခင်ဗျားမသိတာရှိ သူ့မေးနော် သူမရရအောင် ရှာပေးလိမ့်မယ်
အဲလို ချီးကျူးတက်တယ်တဲ့

ဘာကြောင့်လဲဆိုတော့ အနော်က စာဖတ်တာကိုး
နောက် သူသာ ထမင်းပေါင်းလုပ်ငန်း သူတယောက်ထည်း ပေါင်းနေကြည့် အနော့်အမေလည်းမတတ် … အနေ်ာတို့လည်းမတတ်ရင်
သူသေတဲ့အခါ အနော်တို့ ဘာသွားလုပ်စားမလဲ ( အဲဒီထမင်းပေါင်းလုပ်ငန်း နဲ့ပဲ အနော် ဂျီတီစီ … အမ အမ် အက် စီ …. ာီမလေး ဘီအီး အထိ ထားပေးနိုင်ခဲ့တယ်လေ)
ထမင်းပေါင်းဖို့ နာမည်ရနေပေမဲ့ customer ယုံကြည်မှုလိုသေးတယ်လေ
အရသာ ကောင်းမကောင်း
ခုတော့ မဲ့မဲ့ကိုယ်တိုင်ပဲ ပေါင်းနေရတော့ customer တွေက ယုံယုံကြည်ကြည်အပ်လာတယ်လေ
ဒါလည်း ပေါ့ပေါ့လုပ်ပေးခဲ့တာပဲပေါ့

အဆိုးဆုံးကတော့
ခရမ်းကြွပ်သီးလေးပဲဂျ
အနော်က ထမင်းဝိုင်းမှာ မစားတော့ဘူးပြောလို့ ပေါ့ပေါ့က သူစားချင်ရက်နဲ့ အနော်မစားမှာကြောက်ိလို့ ဝယ်မစားတော့ဘူးတဲ့ဂျ
နောက်မှ သိရတာကတော့ ကိုယ်တခုခုဝါးလိုက်ရင် နားနဲ့ ခံတွင်းကနီးနေလို့ အသံအကျယ်ကြီးကြားနေရပေမဲ့
တဘက်သူမှာ တိုးတိုးလေးဘဲ ကြားရတာတဲ့
ညံ့လိုက်တဲ့ငါ
အသုံးမကျတဲ့ငါ
ဒီလောက်စာဖတ်တာတောင် ဒါလေးတောင်မသိပဲ
အနော် စိတ်ဆိုးမိတဲ့အတွက်
ပေါ့ပေါ့ခမျာမှာ … သူစားချင်တဲ့ ခရမ်းကြွပ်သီးလေးကို နောက်ဆုံးချိန်အထိ မစားလိုက်ရပါဘူး ….

တီချယ်ပြောသလိုပဲ အသိနောက်ကျခဲ့လို့ ကောင်းမှုနဲ့ပဲ ကျေးဇူးဆပ်ရင်း
ဒိပိုစ့်အတွက် တီချယ့်ကိုကျေးဇူးပါ …

ခင်မင်လျှက်
တောင်ကြီးသူမ သမ္ဘူလ

24 comments

  • ခင်ခ

    December 14, 2012 at 3:36 pm

    အနော်ရေ ပေါ့ပေါ့က သူကြိုက်ပေမယ့် သူချစ်တဲ့ အနော်ကို ပိုတန်ဖိုးထားတဲ့မေတ္တာလေးကို စာဖတ်ရင် တွေးမြင်မိလိုက်တယ်လေ။
    အနော်အနေနဲ့ မဲ့မဲ့ကိုပိုတိုးလို့ ဂရုစိုက်ကြင်နာခြင်း ပြုနိုင်ပါစေလို့။

    Reply

    • Yin Nyine Nway

      December 14, 2012 at 4:02 pm

      မဲ့မဲ့က အခု လေထပ်ဖြတ်နေတယ်ဂျ
      လေဖြတ်တာက 2ခါဆိပြန်မကောင်းနိုင်တော့ဘူးတဲ့
      အဝေးရောက်နေလို့ မဲ့မဲ့ကို မပြုစုနိုင်ပေမဲ့
      ဖုန်းလေးနဲ့သာ အားပေးနိုင်ပါတော့တယ် …

      Reply

  • Khaing Khaing

    December 14, 2012 at 3:42 pm

    ဒီတပတ်အတွင်း မိဘနဲ့ ကိုယ်ရေးကိုယ်တာကြားမှာ စိတ်ထိခိုက် စိတ်ရှုပ်နေတုန်း ဒီပို့စ်လေးကို တွေ့တော့ နားလည်ခံစားမိတယ် ….. ညီမက ကလေး (၂) ယောက်ဖြစ်တော့မှာအလုပ်ကထွက်ချင်နေပေမယ့် အမေက မထွက်စေချင်ဘဲ သူတာဝန်ယူမယ်ဆိုပြီး ပြောနေတာ အမေ့အရွယ် အမေ့ကျန်းမာရေး အခြေအနေ နဲ့ အမေ့ကို ဂရုနာဒေါသောဖြစ်ခဲ့ရတယ် ….. အမေ့ဆီက ယူတာတွေများပြီး ကိုယ့်ဘက်က မပေးဆပ်လိုက်ရမှာကို မလိုလားဘူး …. အမေ့ကိုလည်း ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ဘူး ………

    Reply

  • kai

    December 14, 2012 at 4:00 pm

    တလတခါပေါ်လို့လာ
    တောင်ကြီးသူမ သမ္ဘူလ

    :kwi:

    Reply

    • Yin Nyine Nway

      December 14, 2012 at 4:10 pm

      ဟီး သူကြီး
      လူအားတော်လည်း ကွန်ပြူတာမချိ
      ကွန်ပြူတာချိတော့လည်း မအား
      အားဘီး ကွန်ပြူတာ ချိတော့လည်း အင်တာနတ်ကနချိ
      အားပြီး အင်တာနတ်သုံးသော်လည်း ကွန်နတ်ရှင်မကောင်းတဲ့အခါ်… :'(

      Reply

      • မှတ်သားလောက်ဘာဒယ် ..
        ဟေ့ .. မှတ်သားလောက်ဘာဒယ် …
        ဒီစကားလေးကို
        ကြိုက်မိပါတယ် တောင်ကြီးသူမ ခညား … :mrgreen:
        ဟိုလိုလို ဒီလိုလိုနဲ့ စနောက်ရင်း မန့်ခဲ့ဘာဂျောင်းးးး

        Reply

  • Novy

    December 14, 2012 at 4:10 pm

    နွေးသီးရေ..
    ကြွေးဟောင်းတွေကို ဆပ်နိုင်သလောက်ဆပ်ပါ
    ဒါမှ နောင်တမရမှာလေ..

    Reply

    • Yin Nyine Nway

      December 14, 2012 at 4:17 pm

      ဟုတ်ကဲ့ မမ နိုဗီ
      အနော် ရအောင်တော့လုပ်တာပဲ
      အချိ်န်ရရင် ရသလိုတော့ ပြန်နိုင်အောင်ကြိုးစားတာပေါ့ ….
      တခါတလေ ..ဘဝကိုတော့ စိတ်ကုန်တယ်လေ

      Reply

  • နွယ်ပင်

    December 14, 2012 at 4:16 pm

    နွေးသီးရဲ့ ပိုစ့်လေးကို ဖတ်ပြီး မိဘမေတ္တာဆိုတာ ဒါပါလားလို့ တွေးမိတယ် …
    တစ်ခါတစ်လေ မိဘတွေက မေတ္တာကို ထုတ်မပြကြတဲ့အခါ သားသမီးတွေဘက်က
    နားလည်မူ လွဲတက်ကြတာလေးတွေပေါ့ …
    မိဘမေတ္တာကို သားသမီးတိုင်း နားလည် ခံစားနိုင်ကြပါစေလို့ …..

    Reply

  • Shwe Ei

    December 14, 2012 at 4:59 pm

    သံဗူးလား ရေ မဲ့မဲ့အတွက် နေကောင်းကျန်းမာပါစေကြောင်း
    ဆုတောင်းပေးပါတယ်။ ညီးအားရင်လည်း နာတို့ဆီလာလည်ပါအုံး။

    Reply

  • Yin Nyine Nway

    December 14, 2012 at 5:26 pm

    ဟုတ်ကဲ့ မမရွေအိရေ…
    မဲ့မဲ့ အတွက် ကျေးဇူးပါ
    နေရေးထိုင်ရေး လုပ်နေရပါသောကြောင့် ဒီတလတော့ အားတော့ဘူးနေမှာ
    နောက်လ ကစလို့ အားပြီလို့ လာခဲ့ပါ့မယ်
    သတိတယလေး ခေါ်တဲ့အတွက် ကျေးဇူးပါ

    Reply

  • Mobile

    December 14, 2012 at 5:28 pm

    မတ္တရာ ၊ မော်လမြိုင် ၊ တောင်ငူ သံမ္ဘုလ ဆိုတဲ့နာမည်လေးနဲ့
    တော်လေးဝ ဝင်တဲ့ကောင်းမ လေး/ကြီး ရေးအားပေးသွားကြောင်းပါဗျာ။

    Reply

  • မောင်ပေ

    December 14, 2012 at 7:06 pm

    တီးလေးရေ
    အခုချိန်ထိ ခရမ်းကြွပ်သီးကို အလုံးလိုက် မစားခဲ့ဖူးဘူး
    တီးလေးစာဖတ်ပြီးမှ စားကြည့်ရဦးမယ်ကွယ်
    အရေးအသားက ခရမ်းကြွပ်သီးစားချင်စိတ်ကို လှုံ ့ဆော်ပေးတာ 9 ပါပဲကွယ်

    Reply

  • MaMa

    December 14, 2012 at 9:02 pm

    မိသားစု သံယောဇဉ်ဆိုတာ မမြင်နိုင်ပေမယ့် စွမ်းပါတယ်။
    အနီးကပ် တစ်ယောက်နဲ့ တစ်ယောက် အနွံအတာခံတာ၊ အားကိုးအားထားကြရတာ အမှတ်တမဲ့နေကြပေမယ့် မရှိတဲ့အခါ၊ ဝေးနေတဲ့အခါကျတော့ သိသာပါတယ်။

    Reply

  • TTNU

    December 14, 2012 at 11:10 pm

    နွေးရေ…
    ဟိုဘက်မှာမျက်ရည်စို့ပြီးလို့ ဒီဘက်ကိုလာငိုပေးပါတယ်။ :'(
    အမှတ်တရအနေနဲ့ နွေးရေးပေးခဲ့တဲ့ Comment လေး ပြန်ဖော်ပြထားခဲ့မယ်နော်။

    ” တီချယ့် ရဲ့ ခရမ်းကြွပ်သီးမြင်မှ ဆုံးသွားတဲ့ ပေါ့ပေါ့ ကို သတိရသွားတယ်
    ပေါ့ပေါ့က ခရမ်းကြွပ်သီးနဲ့ အနော်တို့ဆီက ပဲပုတ်ချက် စပ်စပ်လေးနဲ့ စားရင်
    တကြွပ်ကြွပ် အသံမည်တတ်တယ် … သူစားတဲ့အသံကြားပြီး လိုက်စားပေမဲ့
    သူ့လိုမမြည်လို့ အသံထွက်တဲ့ ပေါ့ပေါ့ကို စိတ်ဆိုးဖူးတယ် ပေါ့ပေါ့က လိုက်စားချင်မှာကြောက်လို့ သူစားချင်ပေမဲ့လည်း နောက်ပိုင်း အနော်စားချင်မှာကြောက်လို့ မစားတော့ဘူး ….
    အရွယ်ရောက်တော့ ကိုယ်စားတဲ့ အသံကိုယ်မကြားရပဲ သူများပဲ ကြားရတယ်ဆိုတာ
    သိမှ အနော်စားလဲ အဲလို အသံထွက်တယ်ဆိုတာ သိတယ် … ဒါပေမဲ့ သိတဲ့အချိန်
    အနော့် ပေါ့ပေါ့ ဆုံးသွားဘီ.. (ပေါ့ပေါ့ = ဖေဖေ)”

    “ဟုတ်တယ် တီချယ် …. အနော့်မှာ ပေါ့ပေါ့နဲ့ ပတ်သတ်ပြီး အမှတ်မထင်တာကနေ စိတ်မကောင်းစရာတွေ ဖြစ်ရတာအများကြီးပဲ … မသိရင်တော့ ပေါ့ပေါ့ ကိုစိတ်ဆိုးပေမဲ့ …..
    သိသွားတဲ့ အခါ အရမ်းချစ်သွားတယ် … ခက်တာက …. အနော် သိတဲ့အချိန်က ပေါ့ပေါ့ ဆုံးပြီးတဲ့ အချိန်မှပဲ ဖြစ်နေတယ်”

    နွေးရေ….အသိ နောက်ကျသွားတာအတွက် ကောင်းမှုတွေနဲ့ ပေးဆပ်ပါနော်။
    မေတ္တာဖြင့်
    တီချာ

    Reply

    • Yin Nyine Nway

      December 15, 2012 at 9:47 am

      မနေ့ကတော့ ငိုပွဲလေးပဲ တီချယ်ရေ…
      တီချယ့် ခရမ်းကြွပ်သီးလေးမြင်ပြီး ပေါ့ပေါ့ကိုသတိရ
      တီချယ့်ဝေါပေါ် တက်လိုက်တော့ တီချယ့် ကာဗာဖိုတိုက အနော့် မဲ့မဲ့ အရမ်းကြိုက်တဲ့ သနပ်ခါးပန်းပုံလေးဖြစ်နေတယ်
      ငိုချင်လိုက်တာ
      မဘေးကပ်လိုက်ရင် သနပ်ခါးနံ့လေးရရနေတဲ့ မဲ့မဲ့ကို မြင်ယောင်ပြီး နားခေါင်းကနေတောင် သနပ်ခါးနံ့ ရသွားတယ် တီချယ်….
      ညကပဲ မဲ့မဲ့ ကို ဖုန်းဆက်ရင်း တီချယ့်ဝေါပေါ်ကအကြောင်းတွေပြန်ပြောမိတယ်
      မဲ့မဲ့က စကားမပြောနိုင်တော့လို့ အင်းအင်းသာလိုက်ရင်း
      သူ့ပါးပေါ်မှာ မျက်ရည်တွေ ဘယ်လောက် စီးကျနေမလဲဆိုတာ အနော် နားလည်လိုက်တယ် တီချယ် …
      အနော် တခါတခါမေ့မေ့နေတတ်တဲ့ ပေါ့ပေါ့နဲ့ မဲ့မဲ့ကို တပြိုင်ထည်း သတိရစေတဲ့ တီချယ့်ကို ကျေးကျေးပါချင့် .. :'(

      Reply

  • pooch

    December 14, 2012 at 11:35 pm

    များသောအားဖြင့် အဖေတွေက ချစ်တာကို သိပ်မပြတတ်ကြဘူး ။ အမေတွေကတော့ အနီးကပ်နေပြီး ပြောချင်တာ ပြောနေရတော့ ပိုရင်းနှီးပြီး ပိုချစ်တတ်ကြတယ်။
    ကိုယ်တိုင်လည်း အဖေ ငါ့ကို မချစ်ဖူးလို့ ထင်ခဲ့မိတယ်။ တကယ်တမ်း ခုချိန် ပြန်တွေးမိတော့ အဖေလည်း သူ့နည်းသူ့ဟန်နဲ့ တော့ ချစ်ခဲ့တာပါပဲ ။ ကိုယ်က မသိလိုက်လို့သာ ။

    ဝမ်းနည်းစရာကောင်းတာက ကိုယ်နားလည်တဲ့ အချိန်ရောက်တော့ အဖေက ပြန်မလာနိုင်တော့မဲ့ ခရီးကို ထွက်သွားတာ နှစ် ၂ဝ နီးပါးတောင် ရှိလျော့မယ်။ နွေးက ကံကောင်းပါတယ်။ အကြာကြီး တွေ့ခွင့်ရခဲ့တာ။

    Reply

  • amatmin

    December 15, 2012 at 9:47 am

    ဂလိုပို့စ်တွေဖတ်လိုက်..ကိုယ့်ဘာသာ ပြန်သုံးသပ်ပီး
    လိုအပ်နေတာတွေ မှတ်ထားပီး…
    ကိုယ့်ဘာသာပြင်မယ် ကြံလိုက်..အချိန်တန်ရင်..
    အကုန်မေ့ပီး မိဘနဲ့ ကတောက်ကဆ ဖြစ်လိုက်နဲ့..
    မတွေးစကောင်း ကိုယ်တိုင်လည်း
    ဘယ်အချိန်ကျမှ သေချာနားလည်မယ် မသိ.. 🙁

    Reply

    • Yin Nyine Nway

      December 15, 2012 at 10:40 am

      အူးအူးမတ် မားမား ကော Ning Houg သွားဘီလား ဟင်….
      အနော်ကတော့ ပြင်ကိုမပြင်နိုင်တေးဘူး အူးအူးရေ…

      Reply

  • ဦးကြောင်ကြီး

    December 15, 2012 at 9:56 am

    ပေါ့ပေါ့
    မဲ့မဲ့
    ပြောဒေါ့
    မတဲ့
    ဟောတော့
    အလဲ့
    မောဆော့
    တဖဲ့..။

    Reply

  • garuda

    December 15, 2012 at 9:59 am

    အရေးအသားလည်းကောင်း ဖတ်ရတာ မိဘအကြောင်းလည်းဖြစ်တော့ အတွေးထဲမှာတော့ လွမ်းတသသ ဖြစ်မိပါတယ်။
    ဒါပေမဲ့ မျက်စိထဲမြင်နေရတာတော့ ပဲပုတ်စပ်စပ်ရယ် ခရမ်းကြွပ်သီးရယ်နဲ့၊ ထမင်းပေါင်းအကြောင်းကလည်းပါသေးဆိုတော့ သွားရေတမျှားမျှား ”ဂလု” တောင်ဖြစ်သွားတယ်။

    Reply

  • မိုချို

    December 15, 2012 at 10:03 am

    ရင်ငြိမ်းရေ
    ဆုံးသွားတဲ့ ဖခင်အပေါ်တမ်းတလွမ်းဆွတ်မှုနဲ့ တနယ်စီဝေးနေတဲ့ မိခင်အပေါ် ပူပန်မှုတွေ ကို ကိုယ်ချင်းစာ ခံစားမိ ပါတယ်။ အစ်မ အဖေလည်း အရက်သောက်တော့ အသက်တို ရတယ်။ သူကတော့ အရက်သောက်ပြီးရင် ပိုသဘောကောင်းတယ်။ အမတို့ မောင် နှမတွေ နဲ့ တဟေးဟေး တဟာဟားလုပ်နေတတ်တာ။
    ဖခင်ကြီးအပေါ် နားလည်မှုလွဲခဲ့ လို့ ကိုယ့်ရဲ့ အချစ်တွေ မပြနိုင်ခဲ့ တာကို မိခင်ကြီး အပေါ်မှာအတိုး ချ ချစ်ပြီး တာဝန်ကျေ ပေးလိုက်ပါနော်။
    မိသားစု ထမင်းဝိုင်း လေး ကိုမြင်ယောင်ပြီး ပဲပုတ်ချက်တောင်စားချင်လာပြီ။

    Reply

    • Yin Nyine Nway

      December 15, 2012 at 10:49 am

      ကျေးဇူးပါချင့် …. အနော် ကျွှေးချင်ပါ့ ရွာထဲက လူဒွေကို ပဲပုတ်ချက် ကောင်းကောင်းလေး
      အနော့် ပေါ့ပေါ့က အရက်သောက်ပြီး ရစ်တယ် သွေးဆိုးတယ် ဂျ
      မတည့်တာကို သောက်လို့နေမှာပါ
      အရက်သောက်တဲ့ သူတိုင်းမကောင်းတာတော့ မဟုတ်ပါဘူး (အနော်ကိုယ်တိုင်ကြိုက်လို့)

      Reply

  • Mr. MarGa

    December 15, 2012 at 3:56 pm

    မိဘ နဲ့ သားသမီး အကြားမှာ
    တော်တာကို တော်တယ်လို့ ပြောပေးဖို့လိုသလို
    မလုပ်သင့်တာ မလုပ်အောင်လဲ ဆုံးမ ပေးရပါမယ်
    သမ္ဘူလ ပေါ့ပေါ့ ကတော့
    ချစ်နည်း နဲနဲ လွဲသွားတယ် ထင်ပါကြောင်း

    Reply

Leave a Reply

Your email address will not be published.