အပြောင်းအလဲကာလမှာ ညှိနှိုင်းမှု၊ စိတ်ရှည်မှု၊ လိုက်လျောညီထွေ လိုက်ပါပြောင်းလဲမှုက အဓိကကျပါတယ်

One ManDecember 12, 20121min04

ကျွန်တော်တို့နိုင်ငံက အပြောင်းအလဲလုပ်နေတဲ့ကာလတစ်ခုကို ဖြတ်သန်းနေပါတယ်

အဲဒီလိုအပြောင်းအလဲကာလဟာ အရေးကြီးဆုံးကာလတစ်ခုပါ။

အပြောင်းအလဲမှာ အဓိကကျတဲ့အော်ပရေတာတွေဟာ နိုင်ငံတော်သမ္မတကြီးနဲ့ အစိုးရအဖွဲ့၊ လူထုခေါင်းဆောင်၊ လူမှု၊ နိုင်ငံရေး၊ စီးပွားရေး ခေါင်းဆောင်အသီးသီးတွေ မှန်ပေမဲ့ လူများစု ပြည်သူတွေကလည်း အဓိကကျတဲ့ အခန်းကဏ္ဍမှာ ရပ်တည်နေပါတယ်။

ညှိနှိုင်းမှု၊ စိတ်ရှည်မှု၊ လိုက်လျောညီထွေ လိုက်ပါပြောင်းလဲမှု၊ စာနာ နားလည်မှု စတဲ့အခန်းကဏ္ဍတွေမှာ အဓိကကျတဲ့အော်ပရေတာတွေအပြင် ပြည်သူပြည်သားတွေကလည်း အားတက်သရော လုပ်ဆောင်ကြဖို့လိုပါတယ်။

ယနေ့ လက်ပံတောင်းတောင်ကိစ္စကိုကြည့်ပါ = အစိုးရက အဖွဲ့ဖွဲ့ပေးထားတယ်။ အဲဒီအဖွဲ့က ဘယ်လိုတွေ့ရှိတယ်ဆိုတဲ့ ရလဒ်လေးကို စောင့်သင့်ပါတယ်။

အထူးသဖြင့် ဘုန်းဘုန်းဘုရားတို့ကို မေတ္တာရပ်ခံချင်တာက ဖြစ်နိုင်ရင် လူမှုလောကီကိစ္စတွေမှာ အတတ်နိုင်ဆုံးမပါဘဲ ဒေါသကြီးသူ ဒေါသနည်းအောင်၊ လောဘကြီးသူ လောဘနည်းအောင်၊ အာဃာတစိတ်ကြီးသူ မေတ္တာစိတ်ထားတတ်အောင် ဆုံးမစေချင်ကြပါတယ်။

အားလုံး မေတ္တာလွှမ်းခြုံ စိတ်ရှည်ညှိနှိုင်းမှုများနဲ့ မြန်မာနိုင်ငံကြီးကို ကောင်းသောပြောင်းလဲခြင်းများသို့ ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေလို့ ဆန္ဒပြုလျှက်

4 comments

  • ဘဲဥ

    December 12, 2012 at 4:11 pm

    ဆန္ဒတွေ ပြည့်ဝပါစေ

    Reply

  • Mobile

    December 12, 2012 at 4:51 pm

    အောင်မြင်ပါစေကွယ် . . . . .

    Reply

  • ဦးကြောင်ကြီး

    December 13, 2012 at 10:55 am

    ဟုတ်ပါတယ် အခုမှ လနှစ်ဆယ်ကျော်ရုံလေး ရှိသေးတာ၊ သူရို့ခဗျာ အရင်လူတွေ နှစ်ပေါင်း၂ဝကျော် ရှုပ်သွားတာ လိုက်ရှင်းနေရတာဂလား…။ နောက်ထပ် သုံးနှစ်လောက် စောင့်ပေးဂျပါ။ မဖြစ်တော့လည်း နောက်ထပ်ငါးနှစ်ပေါ့… သူတို့အလှည့်ပြီးရင် စစ်တပ်အာဏာပြန်သိမ်းမှာပဲဟာ ဘာလို့လောနေဂျတာလဲ…။
    ဒီမိုး ဒီရေ ဒီလေနဲ့ ဒီလဗြွတ် ကမ်းကုန်အောင်စွပ်…။ :kwi:

    Reply

    • Foreign Resident

      December 13, 2012 at 11:25 am

      ” နောက်ထပ် သုံးနှစ်လောက် စောင့်ပေးဂျပါ။
      မဖြစ်တော့လည်း နောက်ထပ်ငါးနှစ်ပေါ့…
      သူတို့အလှည့်ပြီးရင် စစ်တပ်အာဏာပြန်သိမ်းမှာပဲဟာ
      ဘာလို့လောနေဂျတာလဲ…။ ”

      ဟုတ်ပါ့ ။
      သူတို့အလှည့်ပြီးရင် စစ်တပ်အာဏာပြန်သိမ်းမှာပဲဟာ ၊
      ဘာလို့လောနေဂျတာလဲ ။

      ဦးကြောင် ၊ ဦးကြောင် ။
      ဒါကြောင့် ၊ နာမည်ကျော်ပေတာပဲ ။

      Reply

Leave a Reply

Your email address will not be published.