မောင်မောင်ရဲ၏ ဆောင်းတွင်းနေ့ရက်များ

မောင်မောင်ရဲ တစ်ယောက် ပြီးခဲ့တဲ့ လတွေက အလုပ်ပြုတ်လို့ ဌာနေကို ပြန်လာရပါတယ်။ နှစ်လလောက်လကြာ ကံကောင်းချင်တော့ တစ်ခြားအလုပ်ကလေးတစ်ခု ပြန်ရတယ်။ ရတဲ့ အလုပ်က နားအေးပါးအေးမို့ ရွာထဲမှာ ပို့စ်တွေ ပြန်တင်၊ စာတွေ ပြန်ဖတ်ဖြစ်နေပါဘီ …..

လောလောဆယ်တော့ တစ်ကိုယ်တည်း အထီးကျန်ဆန်နေသူ မောင်မောင်ရဲတယောက် ဆောင်းတွင်းကို ဘယ်လို ကျော်ဖြတ်နေရတယ်ဆိုတာလေး မျှဝေခံစားစေချင်ရဲ့

ဤမှန်သော သစ္စာ ပို့စ်ကြောင့်

လခကောင်းကောင်း ရပါလို၏။

ကျန်းမာရေးကောင်းရပါလို၏။

ချစ်ရသူနဲ့ အမြန်ဆုံးနီးရပီး အထီးကျန်ဘွကို အမြန်အဆုံးသတ် ရပါလို၏။

ခွိ … ခွိ

အဖော်မဲ့သူရဲ့ စီးတော်ယာဉ်
အဖော်မဲ့သူရဲ့ စီးတော်ယာဉ်

နံနက်ခင်း ကောင်းကင်ပြာရဲ့အောက် အထီးကျန်ဆန်တဲ့ အဖြစ်တွေနဲ့  …… ကြင်ဖော်မဲ့ ငှက်ကလေးတကောင်လို တည်ရာမဲ့ ဝဲလွင့်ခြင်း ( နှစ်ယောက်ထိုင်ခုုံတွေကို မုန်းတယ် )

အခန်းငယ်အတွင်းမှာ
အခန်းငယ်အတွင်းမှာ

တယောက်တည်းဘွ စာနာတတ်ကြပါစေ၊ အိမ်ပြန်ရောက်လို့ ကျောတစ်ခင်းစာ အခန်းငယ် အတွင်းမှာ ကမာ္ဘကြီးကို ရွာလုပ်ပီး၊ တယောက်တည်း စကားတွေပြောပီး ကြေကွဲ၊ ဒေါသ၊ မာန်မာနတွေထား အနုပညာမဆန်တဲ့ ဝိရောဓိ တွေနဲ့ ငြင်းခုန်ခြင်းကို သဒ္ဒါစစ်လို့ အုတ်ရောရော ကျောက်ရောရော ကဗျာလွတ်ကရာ …..   :saut:

အဖော်မဟုတ်သော အဖော်
အဖော်မဟုတ်သော အဖော်

စစ်မှန်သော အဖော်ဆိုတာ ကိုယ်တိုင်ကလွဲပီး ဘယ်သူရှိပါအုံမလဲ…….။ တဒင်္ဂအတွက် အဖော်မဟုတ်တဲ့ အဖော်တွေကို အဖော်ပြုရင်း အထီးကျန် အခန်းငယ်အတွင်းမှာ ……   :buu:

အသိုက်
အသိုက်

ဆောင်းတတွင်းစာ အသိုက်ထဲ စုထားတာလေးတွေ ………ဆောင်းတတွင်းလုံးတော့ ခံမယ်မထင်  :kwi:

တစ်ခါတလေ ကိုယ့်ဘဝကို နှိုင်းယှဉ်စရာ
တစ်ခါတလေ ကိုယ့်ဘဝကို နှိုင်းယှဉ်စရာ

တစ်ခါတလေ ကိုယ့်ဘဝကို အရာအများကြီးနဲ့ နှိုင်းယှဉ်ခဲ့ဖူးတယ်…….။ တစ်ခါတလေကြတော့လဲ ဘာတစ်ခုနဲ့မှ နှိုင်းယှဉ်ချင်စရာ ရှိမနေတော့ဘူး .. မရှိချင်တော့ဘူး …..။

ဘဝအတွက် ရလိုက်တဲ့ အနှစ်သာရတွေထဲက…… ရသတွေ၊ အဇျတ္တတွေ၊ ဝိဝါဒတွေ အားလုံးဆွဲထုတ်ပီးရင် ….. ဘာကျန်ခဲ့မယ်မသိ …. ဗလာတွေတော့မကျန်စေချင်ဘူး။

ဆောင်းတွင်းမှာ ……

ဆောင်းတွင်းမှာ

ဆောင်း …. တွင်း .. မှာ

ဘာပဲ ဖြစ်ဖြစ် ………..

ဘာဘဲဖြစ်ဖြစ် ....
ဘာဘဲဖြစ်ဖြစ် ….

 

ဘာပဲ ဖြစ်ဖြစ် အချစ်ရေ …..

မင်းနဲ့ အမြန်ဆုံး နီးရဖို့ ကိုယ်ကြိုးစားနေပါတယ်။

 

ကိုယ်ပြန်လာခဲ့မယ် အချစ်ရေ …

မိုင်ထောင်ချီ ဝေးတဲ့ အရပ်ဆီကနေ …….

ကိုယ်ကြိုးစားနေပါတယ် …. 

 

:528:  :kwi:    :harr:

11 comments

  • မောင်ပေ

    December 11, 2012 at 8:06 pm

    vodka
    ဆော်ကညာ
    ဖော်မပါ
    အပျော်ရှာ
    ကြော်ဗရာ

    Reply

  • amatmin

    December 12, 2012 at 3:00 pm

    ဟေ့လူရီး ….မောင်မောင်ရဲ
    ခင်ညားပြောတော့ စကိုင်းဗော့ထ်ကာကြီးကို
    ဒီကို ပြန်သယ်လာမှာဆို.. 🙁
    ဒက်ဘယ်ဘလက်တွေ ဂျေဒီတွေ
    မမက်ပါဘူးရယ်..ဒီင်္မှာအေးနေပီမို့..
    စကိုင်းလေးနဲ့ဆို…ကွက်တိပဲဗျာ.. 🙂
    ခင်ဗျားအလိုကျ..အရက်ထဲ အချိုရည်ထည့်သောက်ပါ့မယ်..
    ဝိရောဓိ ဒွေနဲ့ဗြောင်းသတ်အောင်ငြင်းတာကို နားထောင်ပေးရင်း
    ကဗျာလွတ်ကတာကိုလည်း ထိုင်ကြည့်ပေးပါ့မယ်..
    စကိုင်းလေးတော့ ပြန်ပါအောင်သယ်ခဲ့ပါဗျာ..နော့ 🙂

    Reply

  • မောင့်ကျက်သရေ ဂီ့

    December 12, 2012 at 3:21 pm

    ခုလို ကျက်သရေ ရှိတဲ့ ညနေခင်း အချိန်အခါလေးမှာ
    အယက်ပုလင်းလေးတွေ မြင်ရတာ မင်္ဂလာရှိလိုက်တာ
    အူးနီပေပါရာ …

    :harr:

    Reply

  • Novy

    December 12, 2012 at 3:43 pm

    ချစ်ရသူနဲ့ အမြန်ဆုံးနီးရပီး အထီးကျန်ဘွကို အမြန်အဆုံးသတ် ရပါလို၏။

    ညည်းမှာ ချစ်ရသူကောရှိလို့လားအေ.

    Reply

  • Shwe Ei

    December 12, 2012 at 3:45 pm

    အော် ဆောင်းတွင်းဆိုတော့ပေါ့နော်…………
    ဆောင်းတွင်းရောက်တာပေါ့နော်….. 😉

    Reply

  • မင်းနန္ဓာ

    December 12, 2012 at 7:13 pm

    ဘွ ဘွ
    ဒီလိုအရွယ်မှာ ဒီလိုအမြဲ
    မင်း အသောက် ခု ဆက်.
    ဪ ဆက်ငှဲ့ထား….
    .. ဟေ့လူ ကျုပ် ခွက်ကျမှ လျှော့ မငှဲ့နဲ့လေ.. ဂေ့.. 🙂
    ..
    ကိုယ့်လူကတော့ ကိုယ့်ဖာသာ သောက်ချင်လို့ သောက်တာဟာ သောက်တာပေါ့
    ဘာလို့ သူ့ဟာသူ အေးအေးနေတဲ့ ဆောင်းတွင်းကို လှည့်ချရတာတုန်း

    Reply

  • ရဲစည်

    December 12, 2012 at 8:54 pm

    တော်သေးလို့ ဟိဟိ …
    အောက်ဆုံးက အနှစ်ချုပ်ပုံကို ဘယ်သူမှ သတိမထားမလို့ …
    ခုလို မောင်မောင်ယဲ၏ ဆောင်းတွင်းနေ့ရက်များအား လာရောက်အားပေးကြသော
    အူးပေ
    အူး၄အစ်ကိုကြီး အမပ်မန်း
    ကျိကြက်သရည်ဂီ
    အန်Tနိုဗွီ
    အဒေါ်ယွှေအိ
    ကိုမင်းနံဒါ တို့ကို ကျေးကျေးပါလို့ … ဆောင်းချမ်း စောင်ခြုံကြားမှ လက်တဖက်ထုတ်၍ နှုတ်ဆက်ပါတယ် … ဂျာ
    အာ … ချမ်းထှာ
    ဂလု …ဂစ်…အေ့
    :harr:

    Reply

  • padonmar

    December 12, 2012 at 9:58 pm

    အပေါ်ဆုံးက စီးတော်ယာဉ်ပုံလေး အတော်လှတယ်။

    Reply

  • Foreign Resident

    December 13, 2012 at 8:53 am

    အောက်ဆုံးပုံ ဖန်ခွက်ထဲမှာ ထည့်ထားတာက ၊
    ဘာကြီးလဲဟင် ။

    Reply

    • ရဲစည်

      December 13, 2012 at 12:50 pm

      သိရဲ့သားနဲ့ … သိရဲ့သားနဲ့ …
      :harr:
      ဦးဖောတို့နဲ့ ကွက်တိဗျာ .. ဟိဟိ
      ညအိပ်ရာ ဝင်ကာနီး
      ဂျင်ဆင်းလေးစိမ် ထားတဲ့ ဗောဒဂါကို ………
      သောက်ခါနီး ငှက်သိုက်လေး နည်းနည်းထည့်
      ပြီးတော့ .. ပြီးတော့

      ကျန်းမာရေးကောင်းကြောင်း …

      Reply

  • marblecommet

    December 13, 2012 at 5:09 pm

    တောက်
    အသိုက်ထဲမှာ
    အု နေတဲ့လူကများ
    အထီးကျန်တယ်လေး
    ဘာလေး ပြောရသေးတယ်
    တေနာမရီး…

    Reply

Leave a Reply to padonmar Cancel Reply

Your email address will not be published.