“ညတစ်လှည့် နံနက်ခင်းတစ်ခါ မီးရောင်စုံအလှဝေဖြာဖြာ”

1 ညပိုင်း မီးရောင်စုံနဲ့ နန်းမြို့ရို်းအလှ

 

2 မြို့ရိုး ကျုံးနဲ့ တံတားရဲ့ ညအလှ

 

3 အရိပ်
4 မီးရောင်စုံဖြာဖြာ ကျုံးရေပြင် စိမ်းစိမ်း
5 အနောက်ဘက်ခြမ်းအလှ

 

6အရှေ့ဘက်ကျုံးအလှ

 

8ဒါကမှ လက်ဆော့တာအစစ်

 

9ဝေလီဝေလင်း ဝိုးတို့ဝါးတား
10 မီးရောင်တွေနဲ့လင်းလက်နေတဲ့ ပြည်ကြီးမွန်
12 တစ်ဝက်တစ်ခြမ်း

 

13 မြောက်ဘက်ခြမ်းက မြင်ရတာပါ
14 အကျင့်မပျောက်သေးတဲ့ ကိုပေါက်လက်ဆောင်အမြင်ဒေါင့်စောင်းစောင်းလေး
15 အလင်းရောင်လာခါစ
နံနက်ခင်းလေးရဲ့ အောက်မှာတွေ့မြင်ရတဲ့ ပြည်ကြီးမွန်

 

16 ရောင်နီကြောင့်ပိုပြီးစိုလက်တောက်ပလာတဲ့ နံနက်ခင်း

 

18 အရောင်များ အရိပ်များ
19 နေရောင်အောက် က ပြည်ကြီးမွန်
20 ပြည်ကြီးမွန်ကလဲ ပြည်ကြီးမွန် မနက်ခင်းကလဲ မနက်ခင်း
ဒါပေမယ့် အပေါ်ကပုံနဲ့တော့ နည်းနည်းလေးကွာသလိုဘဲ ဘာကွာလဲတော့မသိဘူး

“ညတစ်လှည့် နံနက်ခင်းတစ်ခါ မီးရောင်စုံအလှဝေဖြာဖြာ

 

ပြီးခဲ့တဲ့သီတင်းကျွတ်ရက်လောက်က  စပြီး မန်းလေးနန်းမြို့ရိုးကို ညပိုင်းမှာမီးထွန်းထားတာကိုတွေ့ရပါတယ်။

အခါတိုင်းဆိုရင် တော့ မှောင်နဲ့ မဲမဲ။

မန်းလေးကဓါတ်ပုံဆရာများလဲ ဓါတ်ပုံရိုက်ပြီး တင်ကြပါတယ်။

လှလဲလှတာကိုး။

ကျနော်လဲ လက်ဆော့ချင်လိုက်တာမှ အလွန်။

ဒါပေမယ့် ညပိုင်းအပြင်မထွက်ဖြစ်တော့ မရိုက်ဖြစ်ပါဘူး။

ပြီးခဲ့တဲ့လဆန်းကတော့ သူငယ်ချင်းရဲ့ သမီးလေးမင်္ဂလာဆောင်ညစာစားပွဲကို သွားရင်း

ကျုံးနံဘေးရောက်တော့ မီးထွန်းထားတာကိုလဲမြင်ရော ဆိုင်ကယ်ကိုရပ်လို့ လက်ဆော့ပါတယ်။

စိတ်လဲအဆာပြေသွားပါတယ်။

 

 

နောက်နေ့မနက်လမ်းလျောက်တော့ ပြည်ကြီးမွန်ဘက်က လင်းလက်လို့နေပါတယ်။

အရင်ရက်များမှာဆိုရင် ဆောင်းမနက်ဆိုတော့ မှောင်မှောင်မဲမဲ။

အနားရောက်လာလေ အလင်းရောင်တွေကပိုလှလေပါဘဲ။

ထူးထူးခြားခြားမီးထွန်းထားတာကိုမေးကြည့်တော့ မင်္ဂလာဆောင်ရှိလို့ဆိုတာကို သိရပါတယ်။

အဲတော့ ထုံးစံအတိုင်းလက်ဆော့တော့ ကြည်နူးစရာ လှပတဲ့ ပုံလေးတွေကိုရလာခဲ့ပါတယ်။

 

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(13-12-2012)

 

 

12 comments

  • အမေ Mobile (MGZ ပါတီ)

    December 15, 2012 at 10:17 am

    မင်္ဂလာပါ ကိုပေါက်ရေ
    ၂ ၊ ၄ ၊ ၁ဝ ၊ ၁၈ ၊ ၁၉
    စတဲ့ပုံလေးတွေကို နှစ်သက်ပါသဖြင့် ကူးယူထားလိုက်ပါတယ်။
    ကျနော် ညကမှ မန်းလေး ကျုံးနဲ့ပတ်သတ် လို့ကိုပေါက် ရိုက်တင်ထားတာလေးတွေ တွေ့လို့
    ကူးယူထားပါတယ်။ အခုလို ညမြင်ကွင်းနဲ့ ပတ်သတ်လို့ တင်ထားတာလေးတွေတွေ့ရတော့
    ကျနော် ရချင်နေတဲ့ပုံလေးတွေ ပိုပြီးတော့ ပြည့်စုံသွားပါတယ်။
    အထူးကျေးဇူးတင်ကြောင်းပါ။
    အဆင်ပြေမယ်ဆိုရင် နန်းတွင်းမှာရှိတဲ့ ထူးခြားမှုလေးတွေနဲ့ မြန်မာ့ရှေးဟောင်းလက်ရာ
    အဆောက်အအုံလေးတွေကို ရိုက်တင်ပေးမယ်ဆိုရင်တော့ လိုချင်တောင်းတ ရှိလှကြောင်းပါ။

    Reply

  • ဘဲဥ

    December 15, 2012 at 10:28 am

    တော်တေးဒယ် သများဥလေးများပါလာမလားလို့ ရင်တွေခုန်နေဒါ
    လေးလေးပေါက် ညခါ စပိုင် အဟီး :harr:

    Reply

  • အမေ Mobile (MGZ ပါတီ)

    December 15, 2012 at 10:29 am

    အထက်က comment မှာရေးဖို့ ကျန်သွားတာလေးရှိလို့ပါ
    ”””20 ပြည်ကြီးမွန်ကလဲ ပြည်ကြီးမွန် မနက်ခင်းကလဲ မနက်ခင်း
    ဒါပေမယ့် အပေါ်ကပုံနဲ့တော့ နည်းနည်းလေးကွာသလိုဘဲ ဘာကွာလဲတော့မသိဘူး””””’
    နံပါတ ၂ဝ နဲ့ပတ်သတ်လို့ ကျနော် သဘောမတွေ့တာ ကပုံက ဒေါင်လိုက်ဖြစ်လို့ပါ
    ကိုပေါက် ပြောတဲ့ ဘာကွာတာလဲ ဆိုတာကတော့ အလင်းရောင် ကျရောက်ပုံ အရိပ်ကျရောက်ပုံ
    ကွာတယ်လို့ မြင်မိပါတယ်။ နောက်ခံ ယူလိုက်တဲ့ အနေအထားကလဲ နည်းနည်းလိုအပ်တယ်လို့လဲ
    ထင်ပါတယ်။
    ကျနော်ရဲ့ အမြင်လေးကို တင်ပြခြင်းဖြစ်ပါတယ် …………..

    Reply

  • Fall Guy

    December 15, 2012 at 10:31 am

    ကိုပေါက်ရေ
    ပုံလေးတွေကြည်ရတာစိတ်အေးချမ်းတယ်ဗျာ….။ ကိုပေါက်လက်ဆော့တာကို တစ်ရက်လောက်
    တော့လိုက်ခဲ့ချင်တယ်….။

    Reply

  • Shwe Tike Soe

    December 15, 2012 at 11:49 am

    အရမ်းမိုက်လှချည်လား လေးပေါက်ရေ…. မန်းလေးသား မန်လေးအလှကို ရင်သပ်ရှုမော ခံစားလိုက်ရပါဂျောင်းးးးးးးးးးးးးးးးးးးးးးးးးးးး
    မနာလိုဖြစ်လာပြီနော်……လေးပေါက် ဟွန်…… :hee:

    Reply

  • သကြားလုုံးကြော်

    December 15, 2012 at 12:12 pm

    ရောင်နီဦးနောက်ခံနဲ့ ပြည်ကြီးမွန်ပုုံတွေက အရမ်းလှလိုု့ အားကျလိုုက်တာ။
    ၁၆ ပုုံကိုု အကြိုက်ဆုုံး။

    Reply

  • ကျနော်က ကန်တော်ကြီးနားနေတော့ ကန်တော်ကြီး မနက်ခင်းပုံတွေ အများကြီးရှိတယ်ဗျာ

    Reply

  • Mr. MarGa

    December 15, 2012 at 3:31 pm

    လေးပေါက်ရေ
    မန်းလေးရဲ့ ညရှုခင်းတွေကို ထပ်တင်ပေးပါဦးလို့
    မန်းလေးမှာနေသူ ဦးမာဃ က တောင်းဆိုပါ၏
    :hee:

    Reply

  • ခိုင်ဇာ

    December 19, 2012 at 7:58 am

    မန်းလေး အလွမ်းပြေ လာကြည့်သွားတယ် ကိုကြီးပေါက်။
    :hee:

    Reply

  • နံပါတ် ၂ ပုံနဲ့ ၁၉ ကို အရမ်း ခိုက်ဒဂျာ …
    ချယ်ဘဲဂျို့ ….
    ဒါနဲ့ စကားမစပ် မေးရဘာအုံးမယ် …
    အိမ်မှာရော နေတယ် ရှိသလားဟင်င် ….

    Reply

  • kyeemite

    December 19, 2012 at 9:58 am

    မန်းလေးနန်းမြို့ရိုးကို ညပိုင်းမှာမီးထွန်းထားတာအလွန်လှပါ၏။
    အခုလို စုလစ်မွန်းချွန်တွေပေါ်အောင်မီးထွန်းထားတာ
    ပထမဆုံးအကြိမ်မြင်ဖူးတာပဲဗျို့…ကျေးဇူးပါ ကိုပေါက်ရေ… :hee:

    Reply

Leave a Reply to Shwe Tike Soe Cancel Reply

Your email address will not be published.