၁ဝ တန်းအောင်ပြီးရင် ဘာလုပ်ရမလဲဆိုတဲ့သူများအတွက်

manawphyulayJuly 16, 20101min06

ကြိုးစားခြင်းနဲ့ ရွေးချယ်ခြင်း ဘယ်ဟာက ပိုအရေးကြီးသလဲ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တလွဲတချော် အောင်မြင်မှုတွေ အများကြီး တွေ့ရတယ်။ ဆရာဝန်ဖြစ်ပြီး ဆေးကုသခြင်းမရှိတဲ့ ဆရာဝန်တွေအများကြီးပါ။

ဆရာဝန် ကျောက်ပွဲစား၊ ဆရာဝန် စက်မှုပညာရှင်၊ ဆရာဝန် စာရေးဆရာ၊ ဆရာဝန် ကုန်သည်၊ ဆရာဝန် သရုပ်ဆောင်၊ ဆရာဝန် အဆိုတော် စသဖြင့် ဒီလိုဘဲ စက်မှုတက္ကသိုလ်ဆင်းပြီး စက်မှုနဲ့ အသက်မမွေးတဲ့သူတွေ

တစ်ပြုံကြီးရှိတယ်။ ဥပဒေဘွဲ့ရပြီး ဥပဒေပညာရပ်နဲ့ ရပ်တည်သူ ရှားပါတယ်။ စီးပွားရေး တက္ကသိုလ် ဆင်းပြီး ဘဝကို အဆင်ပြေသလို ဖြတ်သန်းနေရတဲ့သူတွေ အများကြီးပါ။ ရိုးရိုး တက္ကသိုလ် ဆင်းပြီး ဆရာ ၊ ဆရာမ

ဖြစ်နေသူတွေအများကြီးပါ။  မိဘတွန်းအားကြောင့် မိဘဖြစ်ချင်တာကို လုပ်ပေးတယ်။ ပြီးတော့မှ ကိုယ်ဝါသနာ ပါတာကို ဇွတ်လုပ်တယ်။ ဒီလိုနဲ့ ဘဝမှာ အလွဲတွေ အလွဲတွေအများကြီးဘဲ။ ကျွန်တော်တို့ဆီမှာ

အမှတ်ကောင်းရင် ဆေးကျောင်း၊ ဒီအယူအဆက တော်တော်ကြီးကို အရိုးစွဲနေပါပြီ။ ဆေးပညာရပ်တွေလိုဘဲ တခြား ပညာရပ်တွေကလည်း အရေးကြီးတာပါဘဲ။ အသုံးတည့်တာပါဘဲ။ ဒါကြောင့် ကိုယ့်ရင်းနှီး

စိုက်ထုတ်မှု၊ အချိန်ကုန်မှုတွေကို တလွဲတချော်မဖြစ်အောင် ဝါသနာ ပါတာကို ရွေး၊ စိတ်ဝင်စားတာကို ရွေးချယ်သင့်တယ်။ ရွေးချယ်မှု မှန်ကန်မှ ကြုးိစားခြင်းဟာ အဓိပ္ပါယ် ရှိပါမယ်။

ဆရာ ဦးဘုန်း (ဓါတု)

၁ဝ တန်း စာမေးပွဲအောင်စာရင်းတွေထွက်ပြီးလို့ အမှတ်စာရင်းတွေ ထုတ်ရတော့ပါမယ်။ ပြီးရင် ဆက်တက်ရမယ့် ကျောင်းတွေ ရွေးချယ်ရတော့မယ်လေ။ ဒီအချိန်မှာ ဖြစ်တတ်တဲ့ ပြသနာကတော့ မိဘနဲ့ သားသမီး အယူအဆလေးတွေ လွဲတတ်ကြမှုလေးတွေမှာ အထက် စာစုက ဆရာဦးဘုန်း(ဓာတု) ရဲ့ စာစုလေးကို ဖတ်ပြီး မှန်မှန် ကန်ကန် ဆုံးဖြတ်ကြစေချင်လို့ အခုလို ဖြန့်ဝေရခြင်းဖြစ်ပါတယ်။


လူ့တန်ဖိုး

ဆရာဝန်ဖြစ်မှ၊ အင်ဂျင်နီယာဖြစ်မှ၊ တန်ဖိုးရှိတဲ့ လူတစ်ယောက် ဖြစ်တာမဟုတ်ပါဘူး။ လူရာဝင်တာ မဟုတ်ပါဘူး ။

လူငယ်တစ်ယောက်ဟာ …….

အမှန်နည်းခြင်း၊ များခြင်းကလည်း အရေးမကြီးပါဘူး။

ဘယ်ဘာသာရပ်ကို ရခြင်း၊ မရခြင်းဟာလည်း အရေးမကြီးပါဘူး။

ဘယ်သူ့သားသမီး ဖြစ်တယ်ဆိုတာကလည်း အရေးမကြီးပါဘူး။

ယောက်ကျားဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်း ဆိုတာကလည်း အရေးမကြီးပါဘူး။

ဆင်းရဲခြင်း၊ ချမ်းသာခြင်း ဆိုတာလည်း အရေးမကြီးပါဘူး။

ဘယ်လိုမွေးလာသလဲ ဆိုတာလည်း အရေးမကြီးပါဘူး။

ဘယ်လိုသေသွားသလဲ ဆိုတာလည်း အရေးမကြီးပါဘူး။

တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့ဆိုရင် ….

မိမိ အသက်ရှင်သန်နေစဉ်မှာ မိမိဝါသနာပါတဲ့ အလုပ်ကို ထူးချွန် ထက်မြက်အောင်  ကြိုးစားပြီး လူသားအကျိုး ဘယ်လောက်သယ်ပိုး မှာလဲ၊ ဘယ်လို နေထိုင်ပြုမှုမှာလဲ၊ လောကအတွက် ဘာတွေ ချန်ရစ်ထားခဲ့ချင်သလဲ ဆိုတာက ပိုအရေးကြီးပါတယ်။

အမှန်သိပြီး အမှားနည်းကျပါစေလို့

6 comments

  • fatty

    July 16, 2010 at 2:07 pm

    Good idea, but difficult to follow,,,,

    because of current Burmar’s situation.

    Reply

  • zeo

    July 16, 2010 at 2:41 pm

    ကျွန်တော်ပြောချင်တာကတော့ ကိုယ်ဖြစ်ချင်တာကိုဖြစ်အောင်လုပ်ပါ……အိမ်ကဆရာဝန်လုပ်ခိုင်းတိုင်း ဝါသနာ မပါရင်ခေါင်းခါနိုင်အောင်ကြိုးစားပါ….မဖြစ်ဘူးဆိုတာ မရှိဘူး…. Life is not smooth. Are You Understand?

    Reply

  • kopauk mandalay

    July 16, 2010 at 4:21 pm

    အရေးကြီးတာက ကိုယ်ဖြစ်ချင်တာကတော့ ဖြစ်ချင်မှလဲဖြစ်လာမှာပါ။
    ဒါပေမဲ့ ဖြစ်လာတဲ့နေရာမှထိပ်ဆုံးကနေနိုင်အောင်
    စိတ်ဓါတ်ကိုလေ့ကျင့်ရ လေ့လာဆည်းပူးရမယ်ဆိုတဲ့အချိန်ကိုရောက်နေတာကတော့သေချာနေပါပြီ။

    Reply

  • khinmintatthu

    July 16, 2010 at 9:47 pm

    ကိုယ့်ရဲ့စိတ်ကို အမြင့်ဆုံးမှာထားပြီး မြင့်မားတဲ့မျှော်လင့်ချက်မျိုးနဲ့ ဘဝကိုတည်ဆောက်သွားနိုင်ဖို့ ကိုယ့်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရွေးချယ်သင့်တယ်…. ရွေးချယ်မှု မှန်ကန်ဖို့လည်း လိုအပ်တာပေါ့…. ရွေးချယ်မှု မှန်မှန်ကန်ကန်နဲ့ ဘဝကို အောင်မြင်စွာကျော်ဖြတ်နိုင်ကြပါစေ…..

    Reply

  • နတ်ဝှတ်

    July 17, 2010 at 7:44 am

    ဒါကတော့ တကယ်ပါ။ မြန်မာပြည်ထဲမှာ အမှတ်ကောင်းလို့ ဆေးကျောင်းရောက်နေတဲ့ လူတွေ တပုံကြီးပါ။ ကျောင်းပြီးတော့လည်း ကိုယ်ကျောင်းပြီးတဲ့ ဘွဲ့နဲ့ မဆိုင်တဲ့ အလုပ်တွေမှာ လုပ်နေကြတဲ့လူတွေလည်း များပါတယ်။ အဓိကပြောရရင် မြန်မာပြည် ပညာရေးနဲ့ ပက်သက်ပြီးတော့ ခြွင်းချက်တစ်ခုပေါ့။ မြန်မာပြည် ကျောင်းအများစု
    တွေက ကျောင်းမှာ သက်ဆိုင်တဲ့ လုပ်ငန်းခွင် မရှိကြပါဘူး။ ကျောင်းခန်းထဲမှာ လည်း စာတွေ့လောက်ပဲ သင်ပေးနိူင်ကြတာပါ။ သင်ပေးတဲ့ ဆရာ ဆရာမကလည်း သင်ခန်းစာနဲ့ ပက်သက်ပြီး သူတို့လည်း စာတွေ့လောက်ပဲ သင်ခဲ့ကြတာပါ။ တကယ်သိ တကယ်တတ်တဲ့ ဆရာ ဆရာမများလည်း ရှိပါတယ်။ အဲလို်ဆိုရင်တော့ သူတို့ရဲ့ ကျောင်းသား တွေတော့ ကံကောင်းတာပေါ့။
    နောက်တစ်ခုက မြန်မာပြည် ကျောင်းသားကျောင်းသူတွေက မိမိဝါသနာပါတဲ့ ကျောင်းတွေကို ရွေးချယ်ခွင့်မရှိသလို ဒါမှမဟုတ် မရွေးချယ်ရဲကြပါဘူး။ အလုပ်အကိုင် အခွင့်အလမ်းကောင်းတဲ့ ရေစီးကြောင်းနောက် လိုက်နေကြရတာပါ။ ကျောင်းပြီးရင် လခဘယ်လောက်ရမယ် အလုပ်အကိုင်ပေါလာ း ဆိုတဲ့ အတွေးတွေပေါ်မှာတင် ဝါတနာဆိုတာကြီးကို စွန့်လွှတ်လိုက်ကြပါတယ်။ ဒါက အပြစ်တစ်ခုလို့ ဆိုလိုလို့ မရပါဘူး။ ရေစီးကြောင်းနောက် လိုက်နေရတာပါ။

    Reply

  • wunnakoko

    August 2, 2010 at 6:54 am

    မှန်ပါတယ်။ အသက်ရှင်နေစဉ်အချိန်လေးမှာ ကိုယ်ဝါသနာပါတာ ကိုယ်လုပ်ချင်တာကို အသက်မွေးဝမ်းကြောင်း တစ်ရပ်အနေနဲ့ ရှင်သန်နေသင့်ပါတယ်။ တခါတလေ ကိုယ့်ဝါသနာကို မသိပါဘူး။ ဘယ်မှာ ဖြစ်မြောက်မယ်ဆိုတာ လဲ လုပ်ကြည့်မှသိတာပါ။ အဓိက ကတော့ ရဲရဲလုပ်ဖို့ပါ။ ဆုံးရှုံးပြီးမှ ရတဲ့ တန်ဖိုးဟာ အဖိုးတန်ပါတယ်။ နောက်တော့ လမ်းကြောင်းပေါ်ရောက်သွားမှာပါဘဲ။ ဘာမှမလုပ်ဘဲနေရင်တော့ ဘာမှဖြစ်မှာ မဟုတ်ပါဘူး။

    Reply

Leave a Reply to kopauk mandalay Cancel Reply

Your email address will not be published.