၂၀၁ဝ လာနီညာ ရာသီဥတု ဖြစ်နိုင်ခြေအပေါ် သုံးသပ်ချက်” ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရ

khinmintatthuJuly 15, 20101min00
၂၀၁ဝ ပည့်နှစ်တွင် သက်ရောက်မည့် ရာသီဥတုနှင့် စပ်လျဉ်း၍ “၂၀၁ဝ လာနီညာ ရာသီဥတု ဖြစ်နိုင်ခြေအပေါ် သုံးသပ်ချက်” ခေါင်းစဉ်ဖြင့် ဟောပြောပွဲ တစ်ရပ် ကျင်းပမည် ဖြစ်ကြောင်း၊ ဇူလိုင်လ ၁ရ ရက်နေ့၊ နေ့လည် ၂ နာရီတွင် ကျင်းပရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် တာဝန်ရှိသူများထံမှ သတင်း ရရှိပါသည်။ အဆိုပါ ခေါင်းစဉ်ဖြင့် ဒေါက်တာထွန်းလွင်(မိုး/ဇလ) ( ငြိမ်း) မှ ဟောပြောမည် ဖြစ်ကြောင်း၊ ဘုရင့်နောင် လမ်းမကြီးနှင့် ဆေးဝါးစက်ရုံ လမ်းထောင့်၊ အနောက်ကြို့ကုန်းရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ရုံး သီရိအဏ္ဏဝါခန်းမတွင် ဟောပြောပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရှိရသည်။ “ ၂၀၁ဝ ပြည့်နှစ် ရာသီဥတုဟာ ဘယ်လို ရာသီဥတု အမျိုးအစား သက်ရောက်ဖို့ပိုပြီး ဖြစ်နိုင်ခြေ ရှိတဲ့အကြောင်းဟော ပြောမှာ ဖြစ်ပါတယ်။ တောင်သူတွေရော၊ ငါးလုပ်ငန်းကဏ္ဍမှာရှိတဲ့ သူတွေအပြင် ရာသီဥတုအပေါ် အဓိက အမှီပြုရသူတွေ အားလုံး သိရှိစေဖို့ ရည်ရွယ်ပြီးတော့ ဟောပြောပွဲ ကျင်းပခြင်း ဖြစ်ပါတယ်၊ စိတ်ဝင်စားတဲ့သူ အားလုံး တက်ရောက် နိုင်ပါတယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးဝင်ကြိုင်မှ ပြောကြားခဲ့ပါကြောင်း ၂၀၁ဝ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြ ထားပါသည်။

Leave a Reply

Your email address will not be published.