အင်္ဂါဂြိုလ်လေ့လာရေးယာဉ်လွတ်မြောက်ရေးအားထုတ်မှု နာဆာအဖွဲ့ အဆုံးသတ်လိုက်ပြီ

DaveFebruary 12, 20101min00

အမေရိကန်အာကာသစူးစမ်းလေ့လာရေးအဖွဲ့က စီစဉ်လွှတ်တင်ခဲ့သော အင်္ဂါဂြိုလ်လေ့လာရေး အာကာသ ယာဉ်သည် ၂၀၀၄ခုနှစ်က အင်္ဂါဂြိုလ်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်ရောက်ရှိကာ စပရစ်ဟု အမည်ပေး ထားသော လေ့လာရေး ယာဉ်ငယ်ကို ယင်းဂြိုလ်၏မျက်နှာပြင်ပေါ်သို့ ပို့လွှတ်နိုင်ခဲ့သည်။အဆိုပါ လေ့လာ ရေးယာဉ်သည် အင်္ဂါဂြိုလ်၏ မျက်နှာ ပြင်အနေအထား အမျိုးမျိုးကို ဓာတ်ပုံ၊ဗွီဒီယိုမှတ်တမ်းများရိုက်ကူးကာ ကမ ္ဘာမြေပြင်ရှိ အမေရိကန်အာကာသ စူးစမ်း လေ့လာရေးသုတေသီများထံသို့ ပေးပို့ခဲ့သည်။ ယခင်နှစ်ပေါင်းများစွာက ရှိခဲ့သည်ဟုမှန်းဆရသော ရေ၏သဲလွန်စကို လည်း ရှာဖွေပေးနိုင်ခဲ့သည်။
၂၀၀၆ခုနှစ်က အင်္ဂါဂြိုလ်မျက်နှာပြင်ပေါ်၌ ခရီးနှင်ရင်း မူလပါရှိသည့် ၆ဘီးအနက်မှ တစ်ဘီး ကျွတ် ထွက်သွားသည့်တိုင် စူးစမ်းလေ့လာရေး လုပ်ငန်းများကို ပုံမှန်အတိုင်း လုပ်ဆောင်ခဲ့သည့် စပရစ်ယာဉ်သည် လွန်ခဲ့သော ၁ဝလခန့်က သဲဆား မြေရပ်ဝန်းထဲသို့ ရောက်ရှိသွားရာမှ ရုန်း ထွက်၍မရနိုင်တော့ဘဲ အခက်ကြုံခဲ့ရသည်။အမေရိကန်အာကာသ သိပ္ပံပညာ ရှင်များက နည်းအမျိုးမျိုးဖြင့် ထိုလေ့လာရေးယာဉ်ကို လွတ်မြောက်အောင် ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်နေ ခဲ့ရသည်။
မြောက်ယွန်းယွန်းချောက်ကြီးထဲသို့ စပရစ်ကို ပို့ပေးနိုင်လျှင် လိုအပ်သော နေစွမ်းအင်ကို စုဆောင်း နိုင်မည်ဖြစ်သည့်တိုင် သဲဆားမြေထဲမှ ရုန်းထွက်နိုင်အောင် လုပ်ဆောင်ပေးနိုင်ခြင်းမရှိသဖြင့် စပရစ်သည် အင်္ဂါဂြိုလ်၏ ကြမ်းတမ်းလှသော ဆောင်းရာသီဒဏ်ကို ခံနေရကာ သုညအမှတ်အောက် ၄၉ဒီဂရီအထိ အေးသော ပတ်ဝန်းကျင်တွင် ၆လမျှကြာအောင် စွမ်းအင်ကုန်လုနီးပါး အခြေအနေ၌ ဆက်လက်ရှိနေ ဦးမည်ဟု ကာလီဖိုးနီးယားပြည်နယ်၊ပါဆာဒီနာဒေသရှိ အာကာသ စူးစမ်းလေ့လာရေး ဓာတ်ခွဲခန်းမှ အစီအစဉ်မန်နေဂျာဖြစ်သူ ဂျွန်ကောလတ်စ်က ထုတ်ဖော်ပြောကြားသည်။

Leave a Reply

Your email address will not be published.