သို့ .. အမေ

ရွှေ ကြည်November 17, 20121min028

အမေ

ခေါ်မိတယ် တိုးတိုးလေးပါ

ထူးသံမကြားရတဲ့အခါ ဒါအိမ်မက်မဟုတ်ဘူး..။

အမေ

တမ်းတမိတဲ့အခါ

အရင်ကနေ့တိုင်းဖုန်းဆက်ပါတယ်အမေ

အခုတော့ နေ့တိုင်းဆိုတာဝေးပါတယ်အမေ..။

အမေ

အမေလွမ်းတဲ့အခါ

သမီးဖုန်းကိုမျှော်နေလားအမေ

ဝင်ငွေသေချာမရှိသေးတော့

ခနခနတော့မခေါ်နိုင်သေးဘူးအမေ။

အမေ

သတိရတဲ့အခါ

ကောင်းကင်ကိုရောမော့ကြည့်သေးလားအမေ

အမေပြောတယ်လေ ဒီကောင်ကင်ကြီးအောက်မှာ

တို့နှစ်ယောက်အတူတူရှိပါတယ်ဆိုတာလေ..။

အမေ

သမီးရောက်နေရာမှာ

ဒီကနေ့ လျှပ်ပန်းတွေကဝင်းလက်

မိုးခြိမ်းသံတွေနဲ့ဆူပွက်

မည်းနက်တဲ့ကောင်းကင်မို့

အမေနဲ့သမီးတို့

ကောင်းကင်မှာအကြည့်ချင်းဆုံဖို့

ဖြစ်နိုင်တော့မယ် မထင်ဘူးအမေ..။

အမေ

မှာပါရစေ

ကျန်းမာရေးကို ဂရုစိုက်ပါအမေ..။

အမေ

အဖေရောနေကောင်းရဲ့လား

သမီးဖုန်းများ မျှော်နေမလားမသိ

ကြည့်သာနှစ်သိမ့်လိုက်ပါအမေ..။

ဝေးနေပေမယ့်

ဦးတင်ဆဲမို့ စိတ်ချလို့နေပါ ချစ်တဲ့အမေ..။

 

 

ကျေးဇူးအထူးတင်ပါတယ်ရှင်။

 

 

28 comments

  • Hnin Hnin

    November 17, 2012 at 3:01 pm

    မိုးသားကင်းစင်ပြီး နေသာလင်းလက်တဲ့ တစ်နေ့မှာတော့ အမေနဲ့အတူတူ
    ကောင်းကင်မှာ အကြည့်ချင်းဆုံနိုင်ပါစေ..အူဝဲရေ…

    Reply

  • ရွှေ ကြည်

    November 17, 2012 at 3:08 pm

    မမ အဲဒီနေ့ကိုမျှော်နေတယ်..။
    ကျေးဇူးပါနော်..။

    ချစ်တဲ့
    အူဝဲ

    Reply

  • ဦးခင်ခ

    November 17, 2012 at 3:35 pm

    ကြယ်တာရာနက္ခတ်တွေစုံလို့ ကောင်းကင်ကြည်လင်တဲ့
    လာမည့် တန်ဆောင်မုန်းလရဲ့ လပြည့်ညမှာတော့
    ကောင်ကင်ကြီးကိုမော့ကာ လမင်းကြီးကိုကြည့်ပြီး
    ငယ်ငယ်တုန်းကဆိုခဲ့သလို
    ဖိုးလမင်းကြီးရေ ထမင်းဆီစမ်းရွှေလင်းဗန်းနဲ့ပေးပါလို့။
    အော်ဆိုပြီးတောင်းမယ်ဗျာ။
    ရခဲ့ရင် မရွှေကြည်ဆီလည်း ပို့ပေးမယ်နော်။

    Reply

  • နွေဦး

    November 17, 2012 at 4:02 pm

    အမေဆိုတာ သားသမီးတွေအတွက်
    ဘယ်လောက်ဝေးဝေး ရင်ထဲမှာ နီးနီးလေးပါ ။

    Reply

  • ရွာသူ jujuma .

    November 17, 2012 at 4:30 pm

    မနှိုင်းမဲ့အမေ .. ကျေးဇူးရှင်အမေ …
    မေတ္တာ ဂရုဏာ ရှင် အမေ …

    Reply

    • ရွာသူ jujuma .

      November 17, 2012 at 4:33 pm

      အနိုင်းမဲ့အမေ .. ကျေးဇူးရှင် အမေ
      မေတ္တာ ဂရုဏာရှင် အမေ …

      Reply

  • ခိုင်ဇာ

    November 17, 2012 at 4:43 pm

    သနားစရာ ညီမလေး။
    အစ်မ ရောက်ခါစ စိတ်ဆင်းရဲရင်လေ အမေ့ကို လုံးဝ ဖုန်းမဆက်ဘူး၊ သိလား။
    သူက ဖုန်းထဲက လေသံကြားရုံနဲ့ အစ်မ စိတ်ဆင်းရဲနေတာကိုသိလို့။
    ဖုန်းမဆက်တာကြာရင်လည်း အစ်မ ဘာအဆင်မပြေဘူးလည်း တွေးနေပြန်ရောတဲ့။

    အစ်မ ကတော့ စိတ်ထဲကပဲ ပြောမိတယ်။
    “ဖုန်းသာမဆက်ဖြစ်တာပါ။ စိတ်ထဲက တော့ ဘာဖြစ်ဖြစ် တိုင်ပင်ဖြစ်တယ်လို့။” သူ့ကို အမြဲ တိုင်တည်မိတယ်။
    အစ်မ မေး(လ) ယူထားလိုက်နော်။ khaingzw@gmail.com
    စိတ်တင်းထားနော် ရွှေကြည်လေး။ အစဉ်ပြေရင် တွေ့ကြမယ်လေ။

    Reply

  • aye.kk

    November 17, 2012 at 5:03 pm

    အမေ…
    အမေဆိုတာ…..
    မဟာမြင့်မိုရ်ကျူး…..
    ကျေးဇူးဆိုတဲ့ဂုဏ်ပုဒ်တွေ ပြည့်နှက်…
    မေတ္တာလက်နက်တွေနဲ ့လိမ္မာယဉ်ကျေးအောင်….
    ငယ်စဉ်ကပင်ဆုံးမသွန်သင် ရခဲလှတဲ့လူ ့လောက အနေတတ်အောင် ပညာအမွေသာ ပေးခဲ့ပါတဲ့အမေ….
    အမေဆိုတာ သ္မီးဘဝမှာ သ္မီးအတွက်တော့ ဘာနဲ ့မျှ အစားထိုးမရ ဘာနဲ ့မျှလဲလို ့လည်း မရပါအမေ…..
    အမေ့ကိုချစ်တာ ပမာတင်စား မိုးကောင်းကင်ဆိုတာ အမေ့ရင်ခွင် မြေကြီးဆိုတာ အမေ……
    ဒီမိုးကောင်းကင်စကြာဝဠာတိုက် မြေမဟာပထဝီထု အမေဆိုတာ နှိုင်းတုစရာမရှိလို ့ သ္မီးနှလုံးသွေး
    တို ့ရပ်သမျှ မပြိုလဲတဲ့အထိ ချစ်မြတ်နိုးရတာအမေပါဘဲ………………………..။။

    Reply

  • ရွှေ ကြည်

    November 17, 2012 at 6:17 pm

    လေးခင်ခရေ တကယ်ပို့ပေးနော် ရွှေလင်ဗန်းနဲ့နော်..။

    ကိုနွေဦးရေ မှန်ပါတယ်နော် နေရာတွေဘယ်လောက်ဝေးဝေး အမေ့မေတ္တာတွေကအနီးနားလေးမှာရှိနေပါတယ်..။

    ဂျူးဂျူးလေးရေ မှန်လိုက်တာကွယ်..။

    မခိုင်ဇာရေ ညီမလည်းအိမ်ကိုဖုန်းဆက်ရင်စကားအများကြီးမပြောဖြစ်ဘူး
    အမေကအသံကြားရုံနဲ့ ဘာတွေဖြစ်နေလဲသိတယ်..။
    ညီမအင်ဗိုက်လုပ်လိုက်မယ်လေ..။

    အန်တီအေးရေ မကွန်မန့်အတွက်ကျေးဇူးတင်ပါတယ်..။
    အန်တီအေးပြောတာတွေအမှန်တွေချည်းပါပဲ..။

    Reply

  • အလင်းဆက်

    November 17, 2012 at 6:38 pm

    တကယ့်ကို… ထိ ထိ ခိုက်ခိုက် ခံစား ရတဲ ့ကဗျာ..ပါ ။

    တကယ့် ခံစားချက် အစစ် မို ့…ထင်ပါတယ် ။

    မမရွှေကြည်ရေ….

    စိတ်ထဲမှာ… ခံစားချက်တွေ..နဲ ့ မွန်းကြပ် လာတဲ ့အခါ…
    စိတ်ထဲ.. ရှိရာကို…
    မျှဝေ..ခံစားပေးမယ့်…. ကျွန်တော်တော်တို ့ရှိနေတယ်..ဆိုတာလေး..သတိရပြီး…

    စာသားတွေ ကို..ချရေးပြ ပါနော်…။

    ခင်မင်လေးစားစွာ…
    🙂

    Reply

  • padauk moe

    November 17, 2012 at 7:30 pm

    ဆန္ဒတွေထပ်တူကျရင်
    အမေတစ်ယောက်သိနိုင်ပါစေ မေမေရေ
    နေ့တိုင်းလွမ်းမဝမ်း တမ်းတနေစဲမှာ
    ရုန်းကန်လှုပ်ရှားနေရတဲ့ လောကသဘာဝမို့
    ကြိုးစားရှာဖွေရင်း အမေနဲ့ တွေ့ဖို့တစ်နေ့
    ဆုတောင်းသံများ ပျံ့လွှင့်ဆဲမို့
    ဦးခိုက်ရှစ်ခိုး သားသမီးတို့ရဲ့ မြတ်နိုးမှုတွေ
    ရင်မှာ အစဉ်ပျံ့လွှင့်နေဆဲဘဲလေ မေမေရေ
    အားပေးခဲ့တယ်ပါဗျာ အော်မရွှေကြည်ရေ စိတ်အားငယ်ခဲ့ရင် အကူအညီပေးနိုင်ပါတယ် မမ
    ဆက်သွယ်လိုက်နော် 91621352

    Reply

  • ရွှေ ကြည်

    November 17, 2012 at 7:34 pm

    အလက်ဆင်းရေ ရွာထဲမှာစိတ်ညစ်စရာတွေပဲတင်မိနေပြီလားမသိပါဘူးကွယ်..။
    အစ်မမှာစိတ်ထဲမှာမွန်းလာတိုင်း ရွာထဲမှာချရေးဖို့ပဲသတိရတယ်လေ..။
    ရွာထဲရောက်ရင် စိတ်သက်သာတယ်..။

    ပိတောက်မိုးရေ လက်ဆောင်လာယူမယ်လေ မှတ်မိသေးလား 😆
    အဝေးရောက်သားသမီးတွေနဲ့အမေတွေစိတ်တွေဆက်နေမှာပါ…။

    Reply

  • အလင်းဆက်

    November 17, 2012 at 7:47 pm

    မမရွှေကြည်…
    အဲဒီ ပိတော်မိုးဆိုတာ…
    ကျွန်တော့် ရဲ ့ ပြောမနာဆိုမနာ..ကိုင်ပေါက် ရင်တောင်.. ပြုံးပြုံး…ကြီးငြိမ်ခံနေကျ..အကောင်ပါ ။

    အခုတော့ရွာထဲဝင် လာပြီး..သူ ့ကိုယ်သူ..ကဗျာဆရာ.ယောင်ယောင် ဘာယောင်ယောင် လုပ်နေထှာပါ ။
    ကျွန်တော်က ..သူ ့ကို အခု..ကဗျာဆရာမကြီး…မကြီးစိုး..လို ့ခေါ်ပါတယ် ။

    နာမည်ရင်းက စိုးမိုး…ပါ ။ မမမရွှေကြည်လိုပဲ….
    ခြင်သေ့ ..နိုင်ငံကို ရောက်နေပါတယ် ။

    အကူအညီ.လိုရင် ဖြစ်ဖြစ်… /… အရေးကြုုံရင်..ဖြစ်ဖြစ်…
    ရွာသူ..ရွာသား အချင်းချင်း..ဆက်သွယ် နိုင်အောင်…တဲ ့
    သူ ့ နံပါတ်လေးပေးနေတာပါ ။

    သတိ်တော့ ထား..ပေါ့အစ်မရယ်…
    အဟိ ။
    🙂

    —————

    မကြီးစိုးရေ…

    ငါတော့… နင့်ကိုချစ်လို ့.. စတာနော် ။.
    စိတ်မဆိုးနဲ ့..မသာမရယ်.. ။

    အဟိ ။
    :kwi:

    Reply

    • စိန်ဗိုက်ဗိုက်

      November 17, 2012 at 7:50 pm

      ဟဲ့ တေနာရဲ့
      မသာမလို ့ ခေါ်မှတော့ ဆိတ်ဆိုးပြီပေါ့ဟဲ့

      Reply

  • padauk moe

    November 17, 2012 at 7:54 pm

    မမရေ အလင်းစက်ကတော့ စနေပြန်ပါပြီ ကျွန်တော်က ကဗျာကိုခံစားကြည့်တာပါ ရေးတက်လို့တော့မဟုတ်ပါဘူး သူ့လိုဘဲခင်နိုင်ပါတယ်နော် ကျွန်တော်နဲ့က ပြောမနာဆိုမနာတွေပေါ့ အမှားပါရင် ခွင့်လွှတ်ပေးပါနော် ပါခဲ့ရင်တောင် စေသနာအမှားတွေပါ

    Reply

  • ရွှေ ကြည်

    November 17, 2012 at 8:00 pm

    အလင်းဆက်ရေ မှတ်ထားလိုက်မယ် မကြီးစိုးကို 😆

    အိုက်ဗူး အမြတ်ထုတ်သွားပြီ ဟိ ဟိ :harr:

    Reply

  • အလင်းဆက်

    November 17, 2012 at 8:11 pm

    တိန်….

    အူးဗိုက်က…အသားလွတ်..ဝင်ဆော်တွားဘီ…

    မတာမ….. မိပိတောက် ( မကြီးစ်ိုုး ) ..နင့်ကြောင့်…..

    အဲ..လေ… ငါက စ..ဆဲတာကို……

    ငါ့ကြောင့်…..

    မတာမ မကြီးစိုး..အဲဒါ..ငါ့ကြောင့်……

    ==============

    သူကြီးရေ…
    ချစ်ခင်စွာ..ဆဲရေးတိုင်းထွာကြခြင်းသာဖြစ်ပါကြောင်း..

    အပြစ်မယူစေလိုပါကြောင်း ။

    မမရွှေကြည်ရေ…
    ပျော်ရွှင်…လို ့.စ ကြ နောက်ကြတာသာ…ဖြစ်ပါကြောင်း….

    :kwi:

    ==========
    (ရွာထဲမှာမို့ပေါ့…
    အပြင်မှာဆို..ညည်း မလွယ်ဘူ…မတာမ မကြီးစိုး… )
    🙂

    Reply

  • padauk moe

    November 17, 2012 at 8:12 pm

    စိန်ဗိုက်ဗိုက်ရေ လက်ရာကတောင် တယ်ပြောင်တာကိုးဗျ လန်းတယ်ဟေ့

    Reply

  • ကထူးဆန်း

    November 17, 2012 at 8:18 pm

    ဟဲ့ စိတ်မပူ နဲ့ ဆိုပေမဲ့ သူ့ဟာသူ စိတ်ပှုနေတာဘဲတော် ။။
    သမီး အလိမ္မာ လေး ကျမ်းမာ ချမ်းသာပါစေ။ အလုပ်ရှင် သူတော်ကောင်းများ နဲ့ ဆုံတွေ့ပါစေ ဆိုတာ အမြဲဆုတောင်းနေတာဟဲ့ . အေးအေး ဖုန်းကတော့ အဆင်ပြေ မှ ဆက်နော် .. တစ်မြေရပ်ခြားမှာ ဆိုတော့ ပိုက်ဆံဆိုတာ ခြေစောင့် လက်စောင့် ထားရတယ် ..
    ကျန်းမာရေး ဂရုစိုက်နော် .. အပြင်ထွက်ရင် ထီးယူသွားဖို့လည်း မမေ့နဲ့ ။။ စကာင်္ပူ မိုးက မပြောမဆိုနဲ့ ရွာတတ်တယ် လို့ ကြားဖူးတယ် အေ့…
    :hee: :kwi:

    Reply

    • ရွှေ ကြည်

      November 17, 2012 at 9:16 pm

      စီဂျေကြီးကထူးဆန်းရေ တော်လိုက်တာနော် အရမ်းကြိုက်လို့စိမ်းပစ်လိုက်ပြီ..။

      Reply

  • အလင်းဆက်

    November 17, 2012 at 8:22 pm

    ဟင်…လေးလေးကထူးဆန်းက……

    မမရွှေကြည်… ရဲ ့… ဘွားတော်ကြီးလား…

    ဟယ်……………………..

    အံ ့ရော….

    🙂

    Reply

  • အလင်းဆက်

    November 17, 2012 at 8:24 pm

    ကြည့်စမ်း….
    ဟို… xxxxxxxxxx မ… မကြီးစိုး…
    အားရ ဝမ်းသာ ဖြစ်နေလိုက်တာ..။

    နေဦး..
    နင် ပြန်လာမှ… ငါ့…လက်ချက်နဲ ့ထွက်စေရမယ်… အသက်…။

    :kwi:

    Reply

  • မောင်ပေ

    November 17, 2012 at 8:28 pm

    အမေကို လွမ်းလို ့စာကိုစီတဲ့ မရွှေကြည်
    ဘဝငွေစီပြီး အလှတွေသီကာ ခနေခြည်ဖြာသလို
    လန်းဆန်းပါစေ
    ဂျစ်တယ်ကွာ

    Reply

  • ရွှေ ကြည်

    November 17, 2012 at 9:19 pm

    အလင်းဆက်၊ ပိတောက်မိုး နဲ့ အိုက်ဗူးတို့ကြောင့်ရယ်မောမိပါတယ်..။ စကြပါ နောက်ကြပါ ရပါတယ်..။

    အူးပေ ပေးတဲ့ဆုနဲ့ပြည့်ပါစေတော်..။

    Reply

  • အဝေးရောက်စ အိမ်လွမ်းတတ်သူတို့ရဲ့ ခံစားချက်ကို ကျွန်တော်လည်း နားလည် ခံစားတတ်ပါတယ်။ အခု မရွှေကြည် ရေးထားတဲ့ စာတွေမှာလည်း ဒီလို အရိပ်တွေ ထင်ဟပ်နေတာပဲ။ မျှော်လင့်ချက်၊ ရည်ရွယ်ချက်တွေ ပြီးပြည့်စုံတဲ့ တစ်နေ့၊ အိမ်ကို ပြန်ရတဲ့တစ်နေ့မှာ မရွှေကြည် ချစ်သော အမေ။ အဖေ၊ ဆွေးမျိုးဉာတိများနဲ့ ပျော်ရွှင် ဝမ်းမြောက်စွာ ပြန်လည် ဆုံဆည်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

    Reply

    • ရွှေ ကြည်

      November 18, 2012 at 10:24 am

      မောင်ငယ်အံစာရေ ရည်ရွယ်ချက်တွေပြည့်စုံဖို့ဆိုတာ မလွယ်ပါဘူးကွယ်လောကီလိုအပ်ချက်တွေကအဆုံးမသတ်ပါဘူးကွယ်
      ဒီတခုပြီးပြန်ရင်နောက်တခုလိုပြန်တယ် နောက်…နောက်….နောက်ပေါင်းများစွာနဲ့..။
      အိမ်ပြန်ချိန်မှာ အဖေ အမေ ဆိုတာ သက်ရှိထင်ရှားရှိနေပါစေပဲ ဆုတောင်းနေမိတယ်..။

      Reply

  • surmi

    November 18, 2012 at 2:16 pm

    ခုမှသိတယ် ။ရွာထဲသိပ်မရောက်လို ့ သတင်းပြတ်နေတာ
    ကဲ ကဲ ငယ်ငယ်က ဖတ်ဖူးတဲ ့ဆရာနွမ်ဂျာသိုင်းရဲ ့ ဝတ္ထုထဲက
    ကဗျာတစ်ပိုင်းတစ်စလေး လက်ဆောင်ပေးလိုက်မယ်
    နှစ်နှစ်ဆယ်ကျော်ကျော်ဆိုတော ့နဲနဲပဲမှတ်မိတော ့တယ်နော် …

    မုန်း၍မခွဲ
    ချစ်လျက်ခွဲရ
    ခွဲခဲ ့ရပေ
    ဒို ့ တစ်တွေသည်
    မိုးလေမလာ
    မြဆည်းဆာတွင်
    တစ်ခါပြန်၍ ဆုံပါစေ ……….။

    ဆုံချင်တဲ ့သူတွေနဲ ့ပြန်ဆုံနိုင်ပါစေကြောင်းးးးးးး

    Reply

    • ရွှေ ကြည်

      November 18, 2012 at 2:28 pm

      ကိုရင်ဆာမိရေ ပျောက်နေတာကြာပြီ..။ ပို့စ်တွေမျှော်နေတယ်။
      ကဗျာလေးအတွက်ကျေးဇူးပါ ဆုံချင်တာကတော့မိသားစုနဲ့လေ အထူးသဖြင့်အမေနဲ့ပေါ့..။

      Reply

Leave a Reply to ရွာသူ jujuma . Cancel Reply

Your email address will not be published.