ဒီအိုဖြင့် တစ်ဆင့်ခံ၍ ပဲရောင်းဝယ်ခြင်းကို ခွင့်မပြုတော့ကြောင်း ရန်ကုန်မြို့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ထုတ်ပြန်ကြေညာ

klnJuly 15, 20101min01

ပဲရောင်းဝယ်ခြင်း ပြုလုပ်ရာတွင် ဒီအို(DO-Delivery Order) အသုံးပြု၍ တစ်ဆင့်ခံရောင်းဝယ်ခြင်း မပြုလုပ်ကြရန်နှင့် ပြုလုပ်ပါက အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ဇူလိုင်လ ၁၂ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်သည်ဟု သတင်းရရှိပါသည်။ ယင်းထုတ်ပြန်ကြေညာချက် နှင့်အတူ ကုန်စည်ဒိုင်အတွင်း၌ ပဲအရောင်းအဝယ် ခေတ္တရပ်ဆိုင်းနေကြောင်းနှင့် ကုန်စည်များအခြေအနေကို စောင့်ကြည့်နေကြကြောင်း သိရှိရသည်။ ဒီအိုဖြင့် ရောင်းဝယ်မှုဆိုသည်မှာ ပဲလုပ်ငန်းရှင်များအချင်းချင်း ပဲအရေအတွက်နှင့် ပေါက်ဈေးကို စာရွက်ပေါ် တင်ရေးထားပြီးယုံကြည်မှု၊ နားလည်မှုဖြင့်အရောင်းအဝယ်လုပ် ကြသည့်ပုံစံဖြစ်ပြီး တစ်ဆင့်ပြီး တစ်ဆင့် ရောင်းချမှု များပြားလာသည့်နောက်ပိုင်း ပြဿနာအချို့ရှိ လာသောကြောင့် ယင်းသို့ထုတ်ပြန် ကြေညာခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ‘နောက်ထပ်သိရတာ တစ်ခုကတော့ အရောင်းအဝယ်လုပ်တဲ့အခါ ပဲဝယ်သူဟာ ပြည်ပကိုတင်ပို့မယ့် ပို့ကုန်လုပ်ငန်းရှင် ကိုယ်တိုင်ဖြစ်ခဲ့ရင်တောင် ပို့ကုန်လိုင်စင်နဲ့အတူ တွဲပြီး တင်ပြဖို့လိုအပ်တယ်လို့ သိရတယ်။ တကယ်လို့ တိုက်ရိုက်တင်မယ့်သူ မဟုတ်ဘဲ ပြန်ရောင်းဖို့ဝယ်ယူမယ့် သူဆိုရင်လည်း ဝယ်ယူပုံ၊ ဝယ်ယူနည်းကို သက်ဆိုင်ရာကိုတင်ပြရမယ် လို့သိရတယ်။ နယ်ကုန်သည်လား၊ လက်ပြောင်းလက်လွှဲလား၊ ပြည်ပ တင်မှာလားဆိုတာ စနစ်တကျစိစစ် သွားရမယ်လို့ သိရပါတယ်’ဟု ပဲလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။

One comment

  • လင်းဝေကျော်

    July 15, 2010 at 8:08 am

    သေသေချာချာ တာဝန်ယူပြီးမဆောင်ရွက်ပေးနိုင်တာနဲ့
    ကန့်သတ်ချက်တွေပဲထုတ်နေရင် ကုန်စည်ဒိုင် ကို အသုံးပြုမှုနည်းသွားပါလိမ့်မယ်။

    ဖြစ်သင့်တာက ဒီအို နဲ့ ရောင်းဝယ်မှုတွေ ကို ကုန်စည်ဒိုင်မှာ လာပြီး မှတ်ပုံတင်ရင်
    တာဝန်ယူဖြေရှင်းပေးမယ်လို့ ကုန်စည်ဒိုင် ပီပီသသ လုပ်ရမှာပါ။
    အခုက သူကြီး ခေါင်းစားမခံချင်လို့ မလုပ်နဲ့ ပိတ် ဆိုတာမျိုးဖြစ်နေတယ်။

    Reply

Leave a Reply to လင်းဝေကျော် Cancel Reply

Your email address will not be published.