“ရေပုံးပေါက်”

cobraJuly 15, 20101min02

*တစ်ခါကရေထမ်းရောင်းတဲ့လူတစ်ယောက်မှာ ရေပုံး၂ပုံးနှင့်သာရေထမ်းရောင်းရတယ်။
ရေပုံး၁ပုံးက ပေါက်နေပြီး နောက်တစ်ပုံးကတော့ကောင်းတယ်။ သူရေထမ်းတဲ့နေရာကနေ
ရေပို့တဲ့အိမ်ရောက်တဲ့အထိ တော်တော်သွားရတယ်။ ရေအပြည့်ထည့်ထားပေမဲ့ နောက်ဆုံးမှာ

ပေါက်နေတဲ့ပုံးက ရေတစ်ဝက်သာကျန်တယ်။ ၂နှစ်လောက်ကြာတော့ ကောင်းတဲ့ရေပုံးကတော့
ရေအပြည့်ထည့်နိုင်တဲ့အတွက် ပီတိတွေဖြစ်ပြီး ပေါက်နေတဲ့ပုံးကတော့
တစ်ဝက်သာသယ်နိုင်တဲ့အတွက် မျက်နှာငယ်နေရရှာတယ်။ တစ်ဝက်သာတာဝန်ကျေတဲ့အတွက်
သူဝမ်းနည်းနေရှာတယ်။ ဒါနဲ့ ရေခပ်ဆင်းချိန်မှာ ရေပုံးပေါက်က သခင်ကိုပြောတော့တယ်
“အရမ်းကိုဝမ်းနည်းပါတယ်၊ ဒီလိုဖြစ်ရတဲ့အတွက်လည်းတောင်းပန်ပါတယ်” လို့ဆိုတော့
“ဘာလို့တုန်း” လို့ပြန်ပြောတယ်။
“ရေကိုအပြည့်ထည့်တာကျွန်တော့်ကြောင့်နောက်ဆုံးရေတစ်ဝက်သာကျန်တယ်၊
ရေတစ်ဝက်သာရှိတော့ ရေတစ်ဝက်ရဲ့အဖိုးခကိုသာရရှိတယ်” လို့
ရေပုံးပေါက်လေးကပြန်ပြောတယ်။ သခင်ကလည်း ဘာမှပြန်မပြောပဲ
ပြုံးရုံသာပြုံးနေလိုက်တယ်။ ရေခပ်ပြီးအပြန်လမ်းမှာ သခင်က “ရေပုံးပေါက်ကို
လမ်းတစ်လျှောက်ကိုကြည့်လိုက်ပါ ပန်းလေးတွေပွင့်နေတယ်” လို့ဆိုတယ်။ ရေပုံးပေါက်က

ပန်းတွေကိုကြည့်ပြီး ကြည်နူးနေတုန်းမှာ သူ့ပုံးထဲကရေကတစ်ဝက်သာကျန်လို့
သူဝမ်းနည်းရပြန်တယ်။ ရေပုံးပေါက်လေးဝမ်းနည်းနေတာကိုကြည့်ပြီး သခင်က
“နင်လမ်းတစ်ဘက်တစ်ချက်ကိုဂရုစိုက်မိလား ရေပုံးပေါက်လေးရှိတဲ့ဘက်မှာပဲ
ပန်းလေးတွေပွင့်နေတယ်ဆိုတာကို…….. ကောင်းတဲ့ရေပုံးရဲ့ဘက်မှာပန်းမရှိဘူး
ရေပုံးပေါက်နေတာကိုငါသိတယ် ဒီအတွက်ငါအဲဒီဘက်မှာ ပန်းမျိုးစေ့ကိုချဲထားလိုက်တယ်၊

တစ်ခါတည်း ပန်းတွေကိုရေလောင်းပြီးသားဖြစ်သွားတယ် ဒီလိုနဲ့
ဒီပန်းတွေကိုငါရောင်းရတယ်၊ ရေပုံးပေါက်နေတာက နင့်ရဲ့အပြစ်မဟုတ်ပါဘူး
ရေပုံးသာမပေါက်နေရင် လှပတဲ့ပန်းတွေကို ငါရောင်းနိုင်မှာမဟုတ်ဘူး”
*
*လူတိုင်းလူတိုင်းမှာ အားနည်းချက်တွေရှိတယ် အရေးကြီးတာကတော့
အဲဒီအားနည်းချက်တွေကို သင်ဘယ်လိုခံယူမလဲဆိုတာပါပဲ။ *

2 comments

  • etone

    July 15, 2010 at 9:08 am

    မိုက်တယ်နော် ဒသနလေးက ။

    Reply

  • kopauk mandalay

    July 15, 2010 at 12:38 pm

    ကောင်းလိုက်တာ လောကမှာဒီလိုဖြည့်တွေးနိုင်သူတွေများလာရင်လောကကြီးသာယာလာမှာပါနော်.

    Reply

Leave a Reply to kopauk mandalay Cancel Reply

Your email address will not be published.