အိမ်ကလေး နဲ့ ကိုယ်

ကာရံNovember 10, 20121min01

သစ္စာနဲ့ ပြုလုပ်ထားတဲ့ လက်ကိုင်လေးကိုတွန်းလိုက်ပါ

မေတ္တာအိမ်တံခါးလေး ပွင့်လို့လာပြီနော်…….

ဂရုဏအပြည့်ခင်းထားတဲ့ ကောဇောလေးရဲ့ထက်မှာ

မင်းလေးရဲ့ခြေဖဝါးလေး  တဖြည်းဖြည်းချင်း လျှောက်လှမ်းခဲ့ပါ……….

အကြင်နာတရားနဲ့ ရင်မှာထွင်းထုထားတဲ့ ခုံလေးက

မင်းလေးကို လက်ယက်ခေါ်နေပြီလေ

ခဏလောက်တော့ ထိုင်စေချင်ပါတယ်……………..

သောကအပူတွေ ရင်ထဲမှာမစဉ်ကင်းရအောင်

ကိုယ့်ရဲ့စေသနာရေစဉ်လေး တိုက်ကျွေးပါရစေသား

အခုဆို အေးမြလောက်ပြီထင်ပါတယ်နော်

အမုန်းတွေရဲ့အောက်မှာ ရှင်သန်ခဲ့ရတဲ့ မင်းလေးရဲ့ ဒဏ်ရာတွေကို

ကုသပေးဖို့အတွက် ကိုယ့်ရဲ့ အချစ်တံခါးလေးကိုခေါက်လိုက်တော့နော်

မုဒိတာအပြည့်နဲ့ ထာဝရ အမြဲကြိုဆိုနေမယ်ဆိုတာ မင်းလေးသိရင်

အလှည်လာဖို့ မျှော်လင့်ရင်း………..

ပိတောက်မိုး

One comment

  • မောင်ပေ

    November 10, 2012 at 9:26 pm

    စေသနာရေစင်လေး
    ဝေဒနာဖြေနင်ပေး
    လေနာရွှေရင်မအေး
    သေနာငွေကင်ပြေး

    Reply

Leave a Reply to မောင်ပေ Cancel Reply

Your email address will not be published.