ဒု အလုပ်သမားဝန်ကြီး ဦးမြင့်သိန်း ရူးများနေလား?

Zato IchiNovember 10, 20121min07
သတင်းစာတွေမှားပြီး ပုံနှိပ်တာလား ၊
အလုပ်သမားဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးမြင့်သိန်း ရူးနေတာလား၊
အောက်တိုဘာလ ၂၄ ရက်နေ ့က ပြည်သူ ့လွတ်တော်မှာ အစည်းအဝေးမှာ အလုပ်သမားဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးမြင့်သိန်း က မြန်မာနိုင်ငံရဲ့ ၂၀၁၁ ခုနှစ် ခန် ့မှန်းအလုပ် လက်မဲ့ နှုန်းက ၄% ပဲရှိတယ်လို ့ပြောသွားတယ် လို ့ သတင်းစာတွေက ရေးသားကြပါတယ်၊
၁၉၉ဝ ခုနှစ်က ကောက်ထားခဲ့တဲ့ အလုပ်သမားအင်အားစစ်တမ်းကို အခြေခံပြီး တိုးနှုန်းနဲ ့တွက်ချက် ပြီး “ အလုပ်လက်ရှိ၊ အလုပ်လက်မဲ ့၊အလုပ်လက်ရှိနှုန်း၊ အလုပ်လက်မဲ့နှုန်း၊ လုပ်သားအင် အားပါဝင်မှုနှုန်းတွေကို ခန် ့မှန်းတွက်ချက်ရခြင်းဖြစ်ပါတယ်” လို ့ဦးမြင့်သိန်း ကဆိုပါတယ်၊ ၎င်းခန် ့မှန်းတွက်ချက်မှု များအရ ၂၀၁၁ ခုနှစ် အလုပ်လက်မဲ့ နှုန်းမှာ ၄ ရာခိုင်နှုန်း ဖြစ်ပါကြောင်း လို ့သူကပြောပါတယ်၊
မြန်မာနိုင်ငံက ဝန်ကြီးတွေ ဒီလောက်အထိ ပြည်သူတွေနဲ ့ထိတွေ ့မှုကင်းပြီး အောက်ခြေလွတ်နေ ကြတာကို အများကစွပ်စွဲပြောရင် ယုံမှာမဟုတ်သော်လည်း အခုက ဒုဝန်ကြီးကိုယ်တိုင် ကပြောတော့ တော်တော်ကို စိတ်ကုန်ပြီးဒေါသထွက်မိပါတယ်။
မြန်မာနိုင်ငံက စက်မှုထွန်းကားတဲ့နိုင်ငံတွေထက် အလုပ်လက်မဲ့နှုန်း ထက်ဝက်လောက်နည်းနေတာ ကို အရှက်မရှိ ကြွားလိုက်ပါသေးတယ်၊ တရုတ်ပြည်တောင် ၆.၅%ရှိတယ်၊ ကူဝိတ်မှာ ကူဝိတ်လူမျိုး က ၃.၆၁%ရှိတယ်၊ ဘရူနိုင်းကသူတို ့ရတဲ့စာရင်းထက်ပိုမယ်လို ့သူတို ့ဝန်ကြီးကိုယ်တိုင် ဝန်ခံပါတယ်၊ ဒါကြောင့် ၂၀၁ဝတုံးက ၂.၂% ဆိုတာမှားနေတဲ့ ဂဏန်းသာဖြစ်ပါတယ်၊ တစ်နိုင်ငံနဲ ့တစ်နိုင်ငံ နှိင်းယှဉ်ရင် ၂၀၁၁ ခု ချင်းနိုင်းယှဉ်ဖေါ်ပြသင့်ပါတယ်၊ ဒီလိုမှ မဟုတ်ရင် လိမ္မော်သီးနဲ ့ပန်းသီး ယှဉ်ပြသလိုပါပဲ၊
လမ်းဘေးမှာ ဆေးလိပ်ရောင်းတဲ့ ကောင်လေးတွေ လက်ဖက်ရည်ဆိုင်မှာ စာပွဲထိုး လုပ်တဲ့ ကောင်လေးတွေ၊ အနှိပ်ခန်းကအနှိပ်သည် ကောင်မလေးတွေ၊ ပြည့်တန်ဆာခန်းက ကိုယ်ရောင်းတဲ့ မိန်းခလေးတွေ၊ ကာရာအိုကေ ဘားက မိန်းခလေးတွေ၊ အိမ်မှာ ထမင်းချက်အ ဝတ်လျှော်တဲ့ မိခင်တွေ၊ အိမ်မှာ အိမ်အလုပ်ဝိုင်းလုပ်တဲ့ ခလေးတွေ၊ လက်ဖက်ရည်ဆိုင်မှာ လက်ကြော တင်း  အောင်အလုပ်မ လုပ်ချင်ပဲ ပွဲစားလိုလို ဖခင်တွေ၊ လမ်းဘေးပလက်ဖေါင်းပေါ် ဝမ်းစာအတွက် နေပူမိုးရွာမရှောင် ရရာကိုရောင်းနေတဲ့ ဆင်းရဲသားတွေ၊ ညဖက်ဆိုက်ကားကို ခိုးကြောင်ခိုးဝှက် နင်းနေတဲ့ ဆိုက်ကား ဆရာတွေကို အလုပ်လက်ရှိတဲ့ စာရင်းမှာထည့် ထားလို ့လား၊
 ၁၉၉ဝ ခုနှစ်က ဖြစ်သလို ကောက်ယူထားတဲ့ ပေါက်ကရ စစ်တမ်းကို အတည်ပေါက်ယူပြီး ဝန်ကြီးနား က သုံးမရတဲ့ ပညာရှင်အချောင်သမားတွေ တွက်ပေးတဲ့ ကိန်းဂဏန်းကို ကိုယ်ပိုင် ဆင်ခြင်မှု ကင်းတဲ့ ဦးနှောက်နဲ ့အဟုတ်မှတ်ပြီး တိုင်းပြည်ရဲ့ လွတ်တော်မှာ ပြောရဲတာကတော့ တော်တော်လေး အံ့ဩမိပါတယ်။ လွတ်တော်က ကိုယ်စားလှယ်တော်တွေကလည်း သူပြောတာ ကို လက်ခံခဲ့ရင်တော့ ကောက်ချက်တစ်ခုပဲချ စရာ ရှိပါတယ်၊ ပြည်သူတွေရွေးတင်လိုက်တာ အားလုံးအ ရူးတွေဖြစ်နေတာအခုမှသိတော့တယ်။
ဦးမြင့်သိန်း တို ့ဘယ်လိုတွက်ချက်တယ်ဆိုတာ ကို အမေရိကန်သမ္မတတွေ တော်တော်သိချင်မှာပါ၊
မြန်မာပြည်မှာ အဲဒီလို အဓိပါယ်မရှိတဲ့ ကိန်းဂဏန်းတွေကို လူကြီးကြိုက် ထုတ်ပြန်နေတဲ့ ခေတ်ကုန် သွားပြီဆိုတာ ဒုဝန်ကြီးမသိလေရော့လား၊
ဦးမြင့်သိန်း… ခင်ဗျားတော်တော်ကို ပြည်သူလူထုနဲ ့ကင်းကွာနေတယ်၊ ခင်ဗျား တစ်ယောက်ကြောင့် ခင်ဗျားရဲ့ပါတီ နဲ ့နိုင်ငံရဲ့ လွတ်တော်တစ်ခုလုံး ပုတ်စော်နံကုန်တာမို ့ခင်ဗျား နှုတ်ထွက်သင့်ပါပြီ၊
တကယ်ပါ၊ ခင်ဗျားထွက်သင့်ပါတယ်၊ မထွက်ခင် ခင်ဗျားကို ဒီလို မျက်နှာပျက်အောင်လုပ်တဲ ့ ခင်ဗျား နားက ပညာရှင်တွေကို လည်း အလုပ်ထုတ် ပါ၊ အဲဒီအတွက်  မြန်မာနိုင်ငံရဲ့ ၂၀၁၂ ခု
အလုပ်လက်မဲ့ နှုန်းက သိပ်ပြီးပြောင်းလဲသွားဖို ့အကြောင်းမရှိပါဘူး၊
zato ichi ( antidictator@gmail.com )
Repost from:
http://presidentutheinsein.blogspot.com/2012/10/blog-post_30.html
oct. 30, 2012

 

7 comments

  • မောင်ပေ

    November 10, 2012 at 12:43 pm

    နီးရာဓါးကြောက်တဲ့ ခေတ်မကုန်သေးတာကို သတင်းစာက မြှောက်သလိုလိုနဲ ့ဖော်ပြလိုက်တာပေါ့ဗျာ

    Reply

  • P chogyi

    November 10, 2012 at 1:54 pm

    ကျွန်တော်ပြီးခဲ့တဲ့လက မန့်ပြီးသားလေးထပ်မန့်ရဦးမယ်
    ဦးမြင့်သိန်းမရူးပါဘူး၊ သနားစရာပါ
    အောက်ကလိမ်ပြီးတင်ပြတဲ့စာရင်းတွေဖတ်ပြီး
    ပြောရတာပါ၊ သူကိုယ်တိုင်အလိမ်ခံနေရတာပါ
    ဘယ်သူကများအလုပ်လက်မဲ့စစ်တမ်းကောက်တာတွေ့ဖူးလို့လဲ
    ရေချင်ရာရေးပေးလိုက်တဲ့စာရင်းတွေပါ။

    Reply

  • myanmarcitizen

    November 10, 2012 at 2:04 pm

    မဆိုစလောက်လေး နောက်က ‘0’ လေးတစ်လုံးဖြုတ်ပြောမိတာလေးကို … 🙂

    Zato Ichi ရေ ဖတ်သွားပါတယ်ဗျာ။ ဘယ်သူလဲမသိဘူးဗျ ဒီအကြောင်းကိုတစ်ခါ ဒီမှာ ရေးဘူးသေးတယ်ထင်တယ်။ ပြန်ရှာတာမတွေ့တော့လို့။

    Reply

  • koyinmaung

    November 10, 2012 at 3:46 pm

    သူ့အယူအဆနဲ့သူပြောသွားတာဖြစ်မှာပါ…..
    ပလပ်စတစ်ကောက်တဲ့သူတွေ ဒန်အိုးဒန်ခွက်ကောက်တဲ့သူတွေ
    ဗေဒင်ဆရာတွေ ချဲသမားတွေ သူတောင်းစာတွေ ကအစ နိုင်ငံခြားထွက်တဲ့သူတွေအားလုံး
    အလုပ်အကိုင်ရှိတဲ့သူတွေလို့သတ်မှတ်ထားတာကို …..ဟဲဟဲ…….

    Reply

  • Thanlwinoo

    November 10, 2012 at 4:44 pm

    ပြည်သူတွေကို မျက်စီပိတ်၊ နားပိတ်ပြီး နှစ်ပေါင်းများစွာ လိမ်လာခဲ့တဲ့သူတွေ.. အခုထိ ဗြောင် လိမ်နေတုန်းဘဲ…။

    မမှန်ကန်တဲ့ အချက်အလက် Data တွေကို အခြေခံပြီး စီမံကိန်းတွေလုပ်လာခဲ့လို့ တိုင်းပြည်လည်း ချွတ်ခြုံကျခဲ့ရပြီ…။ အရည်အချင်းမရှိတဲ့လူတွေ အုပ်ချုပ်လို့ ပြည်သူတွေဒုက္ခရောက်ခဲ့ရပြီ..။

    နောင်လည်း ဒီလူတွေနဲ့ဆို တိုင်းပြည်နဲ့လူမျိုး နိမ့်ကျနေဦးမှာဘဲ…။

    Reply

  • Good™

    November 10, 2012 at 5:19 pm

    လမ်းဘေးမှာ ဆေးလိပ်ရောင်းတဲ့ ကောင်လေးတွေ လက်ဖက်ရည်ဆိုင်မှာ စာပွဲထိုး လုပ်တဲ့ ကောင်လေးတွေ၊ အနှိပ်ခန်းကအနှိပ်သည် ကောင်မလေးတွေ၊ ပြည့်တန်ဆာခန်းက ကိုယ်ရောင်းတဲ့ မိန်းခလေးတွေ၊ ကာရာအိုကေ ဘားက မိန်းခလေးတွေ၊ အိမ်မှာ ထမင်းချက်အ ဝတ်လျှော်တဲ့ မိခင်တွေ၊ အိမ်မှာ အိမ်အလုပ်ဝိုင်းလုပ်တဲ့ ခလေးတွေ၊ လက်ဖက်ရည်ဆိုင်မှာ လက်ကြော တင်း အောင်အလုပ်မ လုပ်ချင်ပဲ ပွဲစားလိုလို ဖခင်တွေ၊ လမ်းဘေးပလက်ဖေါင်းပေါ် ဝမ်းစာအတွက် နေပူမိုးရွာမရှောင် ရရာကိုရောင်းနေတဲ့ ဆင်းရဲသားတွေ၊ ညဖက်ဆိုက်ကားကို ခိုးကြောင်ခိုးဝှက် နင်းနေတဲ့ ဆိုက်ကား သမား ထိ အလုပ် လုပ်နေလို့ ထားပါတော့ နောက်ဆုံး ကျောင်းသား ပါ ထည့် တွက် ပြီး ဖယ်ထားရင် တော့ အင်း….. ၄% ကို နောက်ထပ် ပေါင်းပေး ပါလားလို့။

    Reply

  • Guest

    November 10, 2012 at 11:54 pm

    ကိုဗြောင်လိမ်ကြီးပေါ့… [:))]

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

    Reply

Leave a Reply

Your email address will not be published.