အနာဂတ်မှာ ပွင့်လန်းမည့် သစ်ပင်စိမ်းလေးများအတွက် ဒါဇင်ပလက်စ်ရဲ့ စတုတ္ထမြောက်ကမ်းလက်များ

အာဂNovember 7, 20123min020

ကျွန်တော့်တို့ ဒါဇင်ပလက်စ် အဖွဲ့သူအဖွဲသားတွေအပါအဝင် အခြားသော စေတနာရှင် ၊ကုသိုလ်ရှင်များရဲ့ ပညာကမ်းလင့် ကုသိုလ်ရေးအလှူဖြစ်တဲ့ စတုတ္ထအကြိမ်မြောက် အလှူကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၄ရက်နေ့ တနင်္ဂနွေ မနက်ပိုင်းက ရန်ကုန်တိုင်း ကျောက်တန်းမြို့၊ မြိုင်သာယာ (၁)ရပ်ကွက်မှာရှိတဲ့ ဇမ္ဗုဥသျှောင် သီလရှင်စာသင်တိုက် နှင့် (ပရဟိတ) သီလရှင်သင်(အခမဲ့)ပညာရေး ကျောင်းမှာသွားရောက်လှူတန်းခဲ့ပါတယ်။

အဝင်ဝကဆိုဒ်းဘုတ်လေး… ခံ့ခံ့ညားညား

 

 

 

အဆိုပါ သီလရှင်စာသင်တိုက် ကို ဆရာလေး ဒေါ်နန္ဒသင်္ဂ ီ နဲ့ ဆရာလေး ဒေါ်ဝိမလစာရီ တို့က တဲကျောင်းလေးကနေတဆင့် ယခုလိုအခြေအနေအထိရောက်အောင်လို့ ၂၀၀၆ခုနှစ် နိုဝင်ဘာလ ၄ရက်နေ့မှာ တည်ထောင်ခဲ့ပါတယ်။(တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဒါဇင်ပလက်စ်အဖွဲသားတွေသွားလှူတဲ့ နေ့က ကျောင်းရဲ့ ၆နှစ်မြောက်မွေးနေ့အခါသမယဖြစ်နေပါတယ်။) အဲဒီကနေ တစ်ဆင့် ဆရာလေး နှစ် ပါးရဲ့ စေတနာတွေကြောင့် အခမဲ့ ပညာသင်ကျောင်းကိုတော့ ၂၀၀၈ခုနှစ် ဇွန်လ ၂ရက်နေ့မှာ ဖွင့်လှစ် နိုင်ခဲ့ပါတယ်။

ဒီလိုတောကျောင်းလေးကနေပြီးစခဲ့တယ်…

 

သီလရှင်းလေးများအစီအရီနဲ့…
ယခုကျောင်းဆောင်အသစ်

 

အဆိုပါ ပညာဒါန အခမဲ့ ပညာသင်ကျောင်း ကို ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်များကတော့
၁။ ပညာအမှန်တကယ်တတ်မြောက်လိုသော ပညာမတတ်သူများအား ပညာရေး ရည်မှန်း ချက်ကို အထောက်အကူပြုစေရန်။

၂။ဆင်းရဲ၊ချမ်းသာမရွေး လမ်းမှားမရောက်စေရန်နှင့် သာသနာ့ အာဇာနည်များ ထွန်းကားပေါ်ပေါက်စေရန်။

၃။မြတ်ဗုဒ္ဓသာသနာတော် အရှည်ခံ၍ တည်တံ့စေရန် ရည်ရွယ်၍ ဘာသာရေးကိုစိတ်ဝင်စားသော အမျိုးသမီးငယ် ကျောင်းသူများအား သီလရှင်အဖြစ် ချီးမြှင့်၍ လောကုတ္တရာစာပေနှင့် အထက်တန်းကျောင်း ပညာများအထိသင်ကြားပေးရန်။

၄။ရည်ရွယ်ချက်ကြီးမားသော ကလေးငယ်များအား ရည်ရွယ်ချက်အောင်မြင် အောင် မြေတောင်မြှောက် ဖြည့်ဆည်းပေးနိုင်ရန်။
စတဲ့ရည်ရွယ်ချက်တွေနဲ့ တည်ထောင်ခဲ့ကြောင်းလည်းသိရှိရပါတယ်။

ဒါဇင်ပလပ်စ်ရဲ့အလှူ

စတင်တည်ထောင်စဉ်ကာလမှာ ကျောင်းသူ၊ကျောင်းသား။ အနည်းငယ်သာရှိခဲ့ပေမဲ့ ယခုအချိန်မှာ တော့ စာသင်သူ၊စာသင်သား စုစုပေါင်း ၆၀ဝ ရာကျော်နီးပါရှိနေပြီလို့လည်းသိရှိရပါတယ်။ယခုလက်ရှိ အခြေအနေမှာတော့ စာသင်တိုက်မှာ အခြေခံစာပေများ ၊လောကုတ္တရာစာပေများကို သက်ငယ်၊လတ် ကြီးမရွေးသင်ကြားပေးပြီး။ မူလတန်းမှ ပဉ္စမတန်း အထိ ကျောင်းမှာ တက်ရောက်နေတဲ့ မိဘမဲ့ နဲ့ ဆင်း ရဲ နွမ်းပါးတဲ့ ကလေးငယ်တွေအားလုံး အတွက်လိုအပ်တဲ့ ဗလာစာအုပ်မှ စလို့ စာရေးကရိယာတွေကို အခမဲ့ လှူတန်းပေးပြီး ပညာဒါနပြုလုပ်ပေးနေပါတယ်။နောက် ဒီကျောင်းမှာ သီလရှင် ဝတ်လိုသူတွေ အတွက်လည်း ဆွမ်း၊ဝတ်စုံ ကအစအခက်အခဲမရှိအောင်လှူတန်းပေးလျက်ရှိပါတယ်။

ဒါဇင်ပလပ်အဖွဲ့က လှူဒါန်းနေစဉ်
ဆရာလေးရဲ့ဆုံးမဩဝါဒကို ခံယူနေကြသော ဒါဇင်ပလပ်စ်အဖွဲ့သားများ

အဆိုပါ ဆရာလေးတို့ ရဲ့ မြတ်သောအလှူဒါန လုပ်ဆောင်မှုအပေါ်မှာ တစ်တပ်တစ်အား အားဖြည့်ကူ ညီဖိုအတွက် ဒါဇင်ပလက်စ် အဖွဲ့သားတွေအပါအဝင် အလှူရှင်များရဲ့ ထည့်ဝင်လှူငွေ ကျပ် ၁သိန်း ၆သောင်း နဲ့ ဗလာစာအုပ် ၄၂ ဒါဇင်(အုပ်ရေ ၅၀၄အုပ်) ဘောပင် ၅၁ဝ ချောင်း(ငွေကျပ်- ၉သောင်းဖိုးတိတိ) တို့ကို ဆရာလေး ဒေါ်နန္ဒသိဂီ င်္ထံပေးအပ်လှူတန်းခဲ့ပါတယ်။ ဆရာလေး အပါအဝင် သီလရှင်များက လှူဒါန်းမှု အစုစု အတွက် မေတ္တာပို့ အမျှပေးဝေခဲ့ပါတယ်။

နေ့ဆွမ်းမစားမီ… ဒါဇင်ပလပ်အလှူကိုမေတ္တာပို့ပေးကြသူသီလရှင်လေးများ

ဒါဇင်ပလပ်အဖွဲ့သားများကို ပို့ပေးသောမေတ္တာ

 

 

ဆရာလေးများပို့သသောမေတ္တာ
ပျော်ရွှင်စွာဓာတ်ပုံအရိုက်ခံကြသောဆရာလေးများ

ဒါကြောင့် ဒါဇင်ပလက်စ်အဖွဲ့သားများရော အခြားအခြားသော စေတနာရှင်များအားလုံးရော။ ဂေဇက်ရွာသူ၊ရွာသားများအားလုံးအတွက်ပါ အမျှပေးဝေပါတယ်။ အမျှရကြ၍ သာဓုခေါ်နိုင်ကြပါစေသတည်း…။

 

ခင်မင်လေးစားစွာဖြင့်-

 

 

 

 

 

 

 

 

ဒါဇင်ပလပ်စ်အဖွဲ့သူအဖွဲ့သားများ

20 comments

  • ကထူးဆန်း

    November 7, 2012 at 9:34 pm

    ပုံတွေ ပျောက်နေတယ် နဲ့တူတယ် နော် ကိုအာဂ ရေ ။
    ပုံ မမြင်ရသေးပေမဲ့လည်း ..
    သာဓု သာဓု သာဓု ပါဗျာ ..

    Reply

  • kyeemite

    November 8, 2012 at 10:10 am

    ဓါတ်ပုံတွေ ဘယ်သူခိုးသွားပါလိမ့်.. :bar:
    သာဓု…..သာဓု….သာဓု..ပါဗျား။
    ဆထက်တပိုး အကျိုးပြုနိုင်ကြပါစေ…

    Reply

  • Khaing Zar Win

    November 8, 2012 at 10:13 am

    သာဓု၊ သာဓု၊ သာဓု။ ဒီပုံတွေ Etone ဆီမှာ မြင်ကတည်းက သဘောကျ ကြည်နူးနေတာ။ 🙂

    Reply

  • ဦးဦးပါလေရာ

    November 8, 2012 at 10:17 am

    သာဓုပါဗျာ…
    လစဉ်ခြေလှမ်းမှန်မှန်ကြီးချီတက်နေတဲ့ ဒါဇင်ပလပ်စ် ကို ကောင်းချီးဩဘာပြုလိုက်ရပါကြောင်း…

    Reply

  • kyeemite

    November 8, 2012 at 11:37 am

    ကွန်မန့် တင်လိုက်မှ ဓါတ်ပုံမြင်ရတယ်…ဆောဒီး :hee: :harr:

    Reply

  • Shwe Ei

    November 8, 2012 at 11:41 am

    ပွင့်သောပန်းတိုင်း လန်းပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက်။

    ခင်တဲ့
    မရွှေအိ

    Reply

  • Hnin Hnin

    November 8, 2012 at 11:43 am

    ပုံတွေက အခုမှမြင်ရတယ်..စတင်တင်ချင်း ပုံမမြင်ရဘဲ မှန်းပြီး သာဓု ၃ခါ ခေါ်သွားခဲ့ပါတယ်… 🙂

    Reply

  • စိန်ဗိုက်ဗိုက်

    November 8, 2012 at 12:16 pm

    ကိုအာဂရေ
    မွန်မြတ်လှပါပေဗျာ..
    သာဓုအမြှောက်တစ်သိန်းပါ

    Reply

  • blackchaw

    November 8, 2012 at 12:35 pm

    သာဓု…၊
    သာဓု…၊
    သာဓု…၊
    သုံးကြိမ်ပြည့်အောင်ခေါ်သွားပါတယ် ညီလေး အာဂရေ…။
    ခင်တဲ့…
    ဘလက်ချော…။

    Reply

  • သီ ဟ သူ ရ ချာ လ တာ အာ ပေ တူး (DragonEmpireGroup)

    November 8, 2012 at 2:32 pm

    ကိုယ်တိုင်ပါဝင်လှူဒါန်းခဲ့ရပီး အခုလိုပြန်မြင်ရတော့ ပိုပီးပီတိဖစ်ရပါတယ် …. ဒါဇင်ပလပ်ကိုယ်စားကျေးဇူးတင်ပါတယ်ဗျာ 🙂

    Reply

  • Khaing Khaing

    November 8, 2012 at 2:50 pm

    သောက်ဖော်သောက်ဖက်ကြီးရေ …… သာဓုပါချင့် ……..

    မသောက်ရတာအတော်ကြာ မတွေ့ရတာအတော်ကြာပေ့ါနော် ………..

    Reply

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      November 8, 2012 at 3:01 pm

      ဘယ့်နှယ်… သများအလှူလာပြီး သောက်ဖော်သောက်ဖက်သတိရနေတယ်…ဟိ
      ဒါဇင်ပလပ်စ်ရဲ့ လစဉ်ခြေလှမ်းလေးတွေကိုတော့ဖြင့် မှန်မှန်နဲ့ သေသေချာချာလျှောက်လမ်းပါမည်ဟု…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      Reply

    • အဟီး မခိုင် တစ်ပွဲတစ်လှမ်းတော့ တွဲပြီး သောက်လိုက်ချင်ပ…။ ဒါပေမဲ့ မခိုင်ဗိုက်ထဲက အနော်ချွေးမလေးကို အားနာလို့ သောက်တော့ဘူးနော်..။

      Reply

  • နွယ်ပင်

    November 8, 2012 at 3:09 pm

    (သာဓု) 3 ခေါ်လိုက်ပါတယ်နော် ……. ဒါဇင်ပလပ်စ်ရဲ့ နောက်ထပ် နောက်ထပ် အလှူများကိုလည်း
    စောင့်မျှော်နေပါကြောင်း …

    Reply

  • ကို ကထူးဆန်း ။လေးကြီးမိုက် ။Khaing Zar Win အနော့် အမှားကြောင့် ပထမ ဓာတ်ပုံတွေမမြင်ရတဲ့အတွက် တောင်းပန်ပါတယ်။ ကိုဖက်ကတ် ကျေးဇူးကြောင့် ပုံတွေ ပြန်တတ်လာပါဘီ..။ ဒီအတွက် ကျေးဇူးတင်ပါတယ။်

    Reply

  • ရွာသူ jujuma .

    November 8, 2012 at 4:23 pm

    သာဓု သာဓု သာဓု ပါဗျာ …

    Reply

  • သာဓု .. သာဓု .. သာဓု ပါဗျို့ ..
    ခုလို လှူဒါန်းတာတွေကို မြင်တွေ့ရတော့
    စိတ်ထဲ ပိတီ ဖြစ်မိပါတယ်ဗျို့ ..
    တကယ်ပါ ..
    ဒါဇင်ပလပ် အဖွဲ့ပြုတဲ့ ကုသိုလ်အဖို့ကို ..
    သာဓု ခေါ်ရင်း ဝေမျှယူသွားပါတယ်ဗျို့ ….

    Reply

  • ရွှေ ကြည်

    November 8, 2012 at 9:59 pm

    ဂုဏ်ယူဝမ်းမြောက်စွာနဲ့ သာဓုအနုမောဓနာခေါ်ဆိုအပ်ပါတယ် ကိုအာဂရေ..။
    နောက်များကြုံဆုံတဲ့အခါ လိုက်ပါလှူတန်းချင်ပသေးတယ် ဒါဇင်ပလပ်ရယ်..။

    Reply

  • ရွှေ ကြည်

    November 8, 2012 at 9:59 pm

    ဂုဏ်ယူဝမ်းမြောက်စွာနဲ့ သာဓုအနုမောဓနာခေါ်ဆိုအပ်ပါတယ် ကိုအာဂရေ..။
    နောက်များကြုံဆုံတဲ့အခါ လိုက်ပါလှူတန်းချင်ပါသေးတယ် ဒါဇင်ပလပ်ရယ်..။

    Reply

Leave a Reply

Your email address will not be published.