လွတ်လပ်စွာပျံသန်းပါ

zaw winNovember 5, 20121min03

မင်းဟာ အမြင့်ပျံငှက်ကလေးတစ်ကောင်ပါ
လှောင်အိမ်ထဲမှာမမြင်လိုပါ
မင်းဟာ အနိမ့်မှာလည်း ကျက်စားလို့ရတယ်
အမြင့်မှာလည်း ကျက်စားလို့ရတယ်
မင်းဟာ ပတ်ဝန်းကျင်နဲ့နေလို့လည်းရတယ်
တစ်ဦးထဲလည်း နေထိုင်လို့ရတယ်
မင်းဟာ လွတ်လပ်မှုအပြည့်အဝရထားတဲ့
ငှက်ကလေးတစ်ကောင်ပါ
လောကမှာ မင်းလုပ်ချင်တာလုပ်ယူလို့ရတယ်
ကြိုက်သလိုပုံဖော်လို့ရတယ်
မဆိုင်တဲ့အကြောင်းအရာတွေကို
ခေါင်းထဲမှာ ထည့်မထားနဲ့
ကိုယ်ပိုင်အချိန်တွေ ဆုံးရှုံးလိမ့်မယ်
လွတ်လပ်စွာပျံသန်းပါ ငှက်ကလေး
မင်းရဲ့ရည်မှန်းချက်တွေအောင်မြင်ပါလိမ့်မယ်။

မင်းသုတ
3.7.2001

3 comments

  • ရွာသူ jujuma .

    November 5, 2012 at 3:44 pm

    လွတ်လပ်မှု အပြည့်ပေးထားတာပါလား….
    လွတ်လပ်ခြင်းမှာ အကန့်အသတ်တော့ ရှိသင့်ပါတယ် …
    အရမ်းကြီးလွတ်လပ်သွားရင်လဲ လွတ်ထွက်သွားတတ်ပါတယ် …

    Reply

  • aye.kk

    November 5, 2012 at 4:28 pm

    ခံစားမိပါတယ်။

    Reply

  • padauk moe

    November 7, 2012 at 7:48 pm

    ကောင်းကင်ထက်ဝယ်
    ပျံသန်းနေတဲ့ ချစ်ဌက်ငယ်သို့
    အလွမ်း အဆွေး အရှင်းကင်းလျှက်
    တောင်မှမြောက်သို့ ဘယ်ဆီပျံဝဲ
    ပျော်မြူးခြင်းနဲ့ ဌက်ငယ်လေးများ
    အားကျမိသည် ငါ၏စိတ်လည်း
    ထို့အတူပင် ဖြစ်ချင်စမ်းဘိ
    ချစ်ဌက်သိရင် ငါ၏ပုခုံးထက်
    ခိုနားလှည့်ကွယ်…………….. အားပေးခဲ့တယ်ဗျာ ပျော်ရွှင်မှုတွေ အောက်မှာ သူငယ်ချင်းတစ်ယောက်
    အမြန်ဆုံး လျှောက်လှမ်းနိုင်ပါစေနော်

    Reply

Leave a Reply

Your email address will not be published.