မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေပြည်တော် ပျဉ်းမနားမြို့နယ် ရပ်ကွက်အချို့နှင့် လမ်းမကြီးများပေါ်တွင် ရေလျှံမှုများ ဖြစ်ပေါ်

wailynnooJuly 14, 20101min04

နေပြည်တော်ပျဉ်းမနားမြို့နယ် ရပ်ကွက်အချို့နှင့် ကားလမ်းမကြီးများပေါ်တွင် ဇူလိုင်လ ၁၁ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလျံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇူလိုင်လ ၁၁ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်မှ ည ရ နာရီခန့်ထိ  မိုးရွာသွန်းခဲ့သောကြောင့် နေပြည်တော် ပျဉ်းမနားမြို့နယ် ရပ်ကွက်အချို့နှင့် ကားလမ်းမကြီးများပေါ်တွင် ရေလျှံခြင်း၊ အိမ်အချို့တွင် ရေဝင်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရပါသည်။

”မိုးရွာပြီး သိပ်မကြာဘူး ကျွန်မတို့ရပ်ကွက်ထဲ ရေတွေ ဒလဟော ဝင်ချလာတယ်။ တစ်ခါမှလည်း မကြုံဖူးကြဘူး။ မိုးရေတွေက ဘယ်ကလာမှန်းမသိ အိမ်တွေထဲပါ ဝင်လာတယ်။ရပ်ကွက်ထဲက ဈေးဆိုင်တွေဆိုရင် ချက်ချင်းပိတ်ပစ်ရတယ်။ အိမ် တွေပေါ်ဆိုရင် ကင်း၊ ကင်းမလက်မည်း၊ ကင်းလိပ်ချော၊ ပုစွန်လုံးတွေ တက်လာကြတယ်။ ရပ်ကွက်ထဲက လမ်းတွေဆိုရင် ရေတွေက ပေါင်လောက်ထိရှိတယ်၊တစ်ခါမှ ဒီလိုမကြုံဖူးဘူး”ဟု နေပြည်တော် ပျဉ်းမနားမြို့နယ် အောင်မင်္ဂလာရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောပါသည်။ ဇူလိုင်လ ၁၂ ရက်နေ့တွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ ရေစီးရေလာကောင်းမွန်စေရန် မြေတူးစက်ဖြင့် မြောင်းများ ပြန်လည်တူးဖော်ပေးခဲ့သဖြင့် ရေများ ပြန်လည်ကျဆင်းသွားကြောင်း သိရပါသည်။

source: news-eleven.com

4 comments

  • A Lin Phyu

    July 14, 2010 at 2:10 pm

    ပျဉ်းမနားမှာရေကြီးတာတော့အထူးအဆန်းပေါ့။
    အင်း
    တို့များရန်ကုန်လို မိုးနဲနဲရွာ ရေများများကြီးဆိုရင်တော့
    ဆိုဖွယ်ရာမရှိတော့ပြီနော်။

    Reply

  • etone

    July 15, 2010 at 2:03 am

    ဒါကြောင့်ကြွက်တွေပြေးတာလား ။ ဆက်စပ်နေမလားပဲ ။

    Reply

  • winne

    July 15, 2010 at 9:45 am

    ကြွက်တွေများ ကြိုသိလေ သလား။ ဒါနဲ့ နယ်ဘက်တွေမှာ အစိုးရက ကြွက်မြီးပေးနိုင်ရင် ပိုက်ဆံပေးတယ်တဲ့ အခု ကြွက်မြီး ၂သိန်းခွဲလောက် ရနေပြီ ပြောသံကြားတယ် တကယ် အတိအကျတော့ သေချာမသိဘူး

    Reply

  • khunmyat

    September 12, 2010 at 6:10 am

    ရေတွေက ပေါင်လောက်ရှိတယ်ဆိုတော့ သူက မြောင်းထဲရပ်နေတာလားမှမသိတာ …. ဘယ်လိုသတင်းလဲတော့မသိဘူး … မဟုတ်လောက်ဖူးထင်တယ် 🙂

    Reply

Leave a Reply

Your email address will not be published.