Network ပေါ်မှာ Meeting လုပ်ကြစို ့

..Network ပေါ်မှာ meeting လုပ်မယ်ဆိုလို ့တော်တော်စိတ်ဝင်စားသွားတယ်ထင်တယ်။ဟုတ်တယ်….တကယ်ကိုလုပ်လို ့ရပါတယ်ဗျာ။ Network ပေါ်မှာ meeting ထိုင်လို ့ရပြီးကိုယ့်တွေ meeting လုပ်နေတဲ့အကြောင်းအရာနဲ ့အချက်အလက် ( Data ) တွေကို ပါပို ့လို ့ရပါတယ်။ စိတ်ဝင်  စားသွားပြီဟုတ်….မညာပါဘူးဗျာ။ အဲ…တစ်ခုတော့ရှိတယ်…ခုသုံးနေတဲ့ windows 7 တွေမှာတော့ build-in မပါဘူးနော်။ windows XP မှာတော့ default ပါပါတယ်။ Windows 7 မှာသုံးချင်ရင်တော့ add-on အနေနဲ ့ထပ်ထည့်ပေးရပါတယ်။ ဒါကတော့ ဒါလေးသုံးဖို ့requirement ပိုင်းဖြစ်ပါတယ်။

တစ်ခုရှိတယ်ဗျ။ကျွန်တော်တို ့ဟာ အဆောက်အအုံတစ်ခု (သို ့) LAN တစ်ခုအတွင်းမှာတော့ရှိရပါလိမ့်  မည်။ ဆိုလိုတာကအပေါ်ထပ်တို ့..အောက်ထပ်တို ့ဘယ်လိုပဲခြားနေပါစေ…LAN တစ်ခုအတွင်းမှာရှိတယ်၊နောက်ပြီး PC တွေက windows XP တွေဖြစ်မယ်ဆိုရင်ဒါလေးကို ဘာမှထပ်ထည့်စရာမလိုပဲသုံးလို ့ရပါ လိမ့်မယ်။ရပြီနော်…ဟုတ်ပြီ…software နာမည်က Network ပေါ်မှာ meeting လုပ်တာမို ့လို ့Netmeeting လို ့ခေါ်ပါတယ်။ Microsoft Platform မှာအသုံးပြုနိုင်ပါတယ်။ အခြား Platform တွေနဲ ့နောက် External တော့မစမ်းကြည့်ဖူးသေးပါ။ Local မှာတော့အဆင်ပြေပါတယ်။ ဒါကြောင့်ဒါလေးကို   ရေးသားလိုက်ရတာဖြစ်ပါတယ်။..
စသုံးဖို ့Run ကနေ conf ရိုက်ပြီး Enter ခေါက်လိုက်ပါ။တစ်ခါမှ install လုပ်ထားတာမဟုတ်ရင် install လုပ်ခိုင်းပါလိမ့်မယ်။စိတ်မပူပါနဲ ့..ခဲရာခဲဆစ်မဟုတ်ပါဘူး။ installer cabinet file ပါ windows မှာရှိပြီး သားပါ။ Next …Next နဲ ့Finish သွားပါမယ်။
ဒါမျိုးလေးတွေပေါ်လာရင် Next…Next…နဲ ့ပဲသွားလိုက်ပါ
တကယ်လို ့Domain ချိတ်ချင်ရင်တော့ အနီရောင်ပြထားတာလေးကို click ပေါ့…မချိ်တ်ထားဘူးဆိုရင် click မနှိပ်ပါနဲ ့
နောက်အဆင့်က Cable,XDSL,ISDN ထဲကတစ်ခုခုကိုယ်ချိတ်ထားတဲ့ Cable ကိုရွေးပေးပါ။ ပြီးရင် next .. next နဲ ့သွားလိုက်ရင်ပြီးသွားပါပြီ။ တကယ်လို ့install လုပ်ပြီးလို ့အဆင်မပြေဖြစ်နေသေးရင်တော့ Start > Run> conf ကိုသွားပြီး setting ကိုကိုယ်သုံးထားတဲ့ internet line နဲ ့Hardware တွေ services တွေ
မှန်မမှန်ပြန်စစ်ပါ။ အဆင်ပြေစေနိုင်ဖို ့IT နဲ ့တိုင်ပင်ပြီးလုပ်နိုင်ပါတယ်။
ခုနက install လုပ်တာပြီးသွားပြီ…စမ်းတာလည်းအဆင်ပြေတယ်ဆိုရင်ဒီလိုမျိုးလေးပေါ်လာပါမယ်။
ဒါကသူ ့ရဲ  ့console ပါ….ဒီလိုလေးပေါ်လာပါမယ်။
ကဲ..ဒီနေရာမှာနောက်စက်တစ်လုံး windows xp ပဲပေါ့။အဲဒီလိုနည်းနဲ ့netmeeting ကို Install လုပ်ပါ။
အရေးကြီးတာက netmeeting သုံးမယ့်စက်တိုင်းမှာ netmeeting ကိုထည့်ထားဖို ့လိုပါတယ်။  ပြီးရင် ကိုယ့်စက်ကနေ သူ ့စက်ကို ဒီလို ခေါ်ပြီး
call ခေါ်ကြည့်လိုက်ပါ။ ဒါမှမဟုတ် chat ကြည့်လိုက်ပါ။ ပြီးရင် file transfer တို ့ဘာတို ့စမ်းကြည့်လိုက်ပါ  ဦး။ ခုခေတ်လူ တွေကတော့ IT နဲ ့သိပ်မစိမ်းတော့ကလိပုံကလိနည်းတွေကိုသိပ်မပြောတော့ပါဘူး။ စမ်း  ကြည့်လိုက်ပါ။ အင်တာနက်မလိုပဲနဲ ့chat ပြောလို ့ရတယ်ဆိုပြီးလုပ်ချင်လည်းလုပ်ပေါ့ဗျာ။ ဟဲ..ဟဲ…
အားလုံးပဲပျော်ရွှင်ပြီး…Network နဲ ့ပတ်သက်တဲ့ ဗဟုသုတတွေကြွယ်ဝတိုးတက်ကြပါစေဗျာ။
ဧဒင်ဥယျာဉ်မှကူးယူလာသည်။  www.edinooyin.com

4 comments

  • ကိုခင်ခ

    October 31, 2012 at 4:48 pm

    Network ပေါ်မှာ meeting လုပ်ရတဲ့ နည်းလမ်းလေး share ပေးတဲ့အတွက် ဗဟုသုတရလို့
    ကျေးဇူးပါ။ ဒါပေမယ့် ပြင်ပအစည်းအဝေးတွေလို ကော်ဖီတော့ မသောက်ရတော့ဘူးပေါ့နော်။

    Reply

  • P chogyi

    November 1, 2012 at 8:42 am

    Thank for your inform.

    Reply

  • မောင်ပေ

    November 1, 2012 at 10:09 am

    မီတင်လုပ်
    ပီပြင်ဂျုတ်
    ရီနင်ကုတ်
    ကီပင်ချုပ်
    ဒီဂွင်စုတ်
    တီမြင်ထုတ်

    Reply

  • မမလေး

    November 8, 2012 at 1:42 am

    စမ်းပြီးတဲ့သူများ ပြန်ပြောပေးပါဦးနော်

    Reply

Leave a Reply

Your email address will not be published.