မီးပြတိုက်

Win Paing SoeOctober 28, 20121min02
ဓူဝံကြယ်လောက်အစွမ်းမထက်သလို….
သွေးပျက်နေတဲ့ ကွန်ပတ်(စ်)တစ်ကောင်လိုတော့….

လက်တံလည်ရုံသက်သက်…. ငါလမ်းမပြခဲ့ဘူး…..

ရေလွှာဖွေးဖွေး….
တစ်ချက်တစ်ချက်…ငါ့ကိုခပ်နွေးနွေးပွေ့တယ်…
လေပြေအေးအေး….
တစ်ချက်တစ်ချက်…..ငါ့ကိုကျီစယ်သွေးတယ်….
ငွေဇင်ယော်တူစုံတွဲ…
တစ်ချက်တစ်ချက်.. ငါ့ရင် ခိုဝင်နားတယ်……
ဒီလောက်ဆိုရင်ပဲ…… အထီးကျန်တယ်ဆိုတဲ့စကား…
ဘယ်သကောင့်သား….(ငါ့အတွက်) ခေါင်းစဉ်တပ်ချင်ဦးမလဲ…

မာယာတဲ့….
တစ်ချက်တစ်ချက်….. အိန္နြေရှင်သိက္ခာအပြည့်နဲ့သူ….
တစ်ချက်တစ်ချက်….. အကြင်နာကင်းကွာမဲ့တဲ့သူ….
သူပဲလေ…. ငါရှင်သန်တဲ့အရပ်ကသူ…
အချိန်နာရီလိုက်…
သူ့မှာ မျက်နှာဖုံးတွေပေါတယ်…..
အခြေအနေ အချိန်အခါလိုက်…..
သူ့မာန် သူပြန်ပြန်မွေးတယ်…..

ဘယ်သူတွေတရားပျက်ပျက်….
(ငါကတော့…)
ငါ့တာဝန်ငါကြေ….. ငါ့အလင်းငါဖြန့်…..
ငါ့နီးစပ်ရာ…ငါလမ်းပြရင်း….
တစ်ခါတစ်ခါတော့လည်း….. ငါ့ပုံရိပ်ငါ ပြန်ငေးကြည့်ချင်မိသား….

ငါ..ငါ..ငါ…..
တကယ်ဆို ငါစွဲမချွတ်နိုင်သေးတဲ့….
ပရဟိတကောင် စစ်စစ်ကြီးက…. ငါ…..

ק@!ИҀ
(၂၉.၁၀.၂၀၁၂)

2 comments

  • ရွှေ ကြည်

    October 29, 2012 at 1:37 pm

    ငါစွဲမချွတ်နိုင်သေးတဲ့ ပရဟိတကောင်စစ်စစ်ကြီးက ငါ ဆိုပါလား စဉ်းစားစရာပဲ ငါရောပဲထင်ပ..။
    ဖတ်ရှုခံစားသွားပါတယ်..။

    Reply

    • Win Paing Soe

      October 29, 2012 at 9:47 pm

      ခံစားပေးသွားလို့….ကျေးဇူးတင်ပါတယ်… 🙂

      Reply

Leave a Reply to Win Paing Soe Cancel Reply

Your email address will not be published.