ငါကံကောင်းနေသေးတယ်-ရေးသူ ဘုန်းသုခေ(၃)

padonmarOctober 27, 20121min018

“ကျန်းမာပါတယ်”

“ဒကာကြီး ဘယ်ကလာတာတုန်း”

“အရှင်ဘုရားဆီ လာတာပါဘုရား”

“ကိစ္စအထူးအထွေ ရှိလို့လား”

“မှန်ပါ့၊ တပည့်တော် ဒီနှစ် ဝါဆိုသင်္ကန်းမကပ်ရသေးလို့ အိမ်မှာ သံဃာတော်ငါးပါးပင့်ပြီးဝါဆိုသင်္ကန်းကပ်ချင်လို့ပါဘုရား”

“ဒါဆို ဘယ်နေ့လောက် ကပ်ချင်တာလဲ”

“မနက်ဖြန် တနင်္ဂနွေနေ့ အရုဏ်ဆွမ်းကပ်ချင်တာပါဘုရား”

“ကဲ ဟုတ်ပြီလေ ဦးဇင်းမှတ်ထားပေးပါ့မယ်၊

အရုဏ်ဆိုတော့ (၅)နာရီကျော်လောက် လာပင့်လှည့်ပေါ့”

“မှန်ပါ့ဘုရား”

“ဒါနဲ့ ဒကာကြီး ကျန်းမာရေးကောင်းရဲ့လား”

“တပည့်တော် ကျန်းမာရေး ကောင်းပါတယ်၊သွေးနဲနဲ တိုးချင်တာလောက်ပါပဲဘုရား”

“ဒါဆိုရင်တော့ သွေးတိုးမယ့် အစားအစာတွေရှောင်ပေါ့ဗျာ့”။

“မှန်ပါ”လို့ ဝန်ခံကတိပြုပြီး ပြန်သွားပါတယ်။

ကျန်းမာရေး ကောင်းနေခြင်းက အမြတ်ဆုံးဆုလာဘ်ကြီးကို ပိုင်ဆိုင်ထားတာ ဖြစ်လို့မို့ “ကျန်းမာရေးကောင်းအောင် နေသင့်ပါတယ်”။

အခု လူတွေ ကြုံတွေ့နေရတဲ့ ပြဿနာက ကျန်းကျန်းမာမာကြးီ ရှိနေလျက်သားနဲ့ ကွယ်လွန်ကုန်ကြရတဲ့ကိစ္စပါပဲ။

လူက အကောင်းပကတိသွားလာနေတာပါပဲ။ ဒါပေမဲ့ “သေသွားပြီ”တဲ့။

“ကွယ်လွန်သွားပြီ”တဲ့။ “သေနှုန်း မြန်တဲ့ခေတ်”လို့တောင်ပြောလို့ ရနေပါပြီ။

“နေ့မြင်ညပျောက်၊ညမြင်နေ့ပျောက်”ဆိုတဲ့ အဖြစ်မျိုးတွေကလည်းမကြာခဏ ကြားနေ ကြုံနေရတယ်လေ။

လူတွေရဲ့ အသက်ဝိညာဉ်ကို အချိန်မရွေးချွေပစ်နိုင်တဲ့သွေးတိုးရောဂါ၊နှလုံးသွေးကြောကျဉ်းရောဂါ၊လေဖြတ်ရောဂါ၊နှလုံးရောဂါ တို့ဆိုတာတွေက ကြောက်စရာကောင်းတဲ့ “အသံတိတ်လူသတ်သမား”တွေပါပဲ။

စက္ကန့်ပိုင်းအတွင်း မိနစ်ပိုင်း အတွင်း နောက်“ဘဝ”ကိုရောက်အောင်ပို့ပေးနိုင်တဲ့ “မြန်နှုန်းမြင့်ရောဂါများ”လို့လည်း ဆိုလို့ရပါတယ်။

ဒီမြန်နှုန်းမြင့်ရောဂါများ ဖြစ်ရခြင်းအကြောင်းကတော့ “အစားအသောက်တွေကြောင့်” ဖြစ်တာပါပဲ။

ဒါကြောင့်မို့ “အစားမတော် တစ်လုပ်” ဆိုတဲ့စကားက လူတွေ အလေးထားလိုက်နာရမယ့် “ပညတ်တော်တစ်ပါး”လိုဖြစ်နေပါတယ်။

နောက်ပြီးတော့ ပညတ်တော်တစ်ပါး ရှိပါသေးတယ်။ အဲဒီပညတ်တော်က“အသောက်မတော်တစ်ခွက်”တဲ့။ သေရည်သေရက်ကို ပြောတာပါ။

ဝက်သတ်တဲ့ဒကာကြီးတစ်ယောက်ဆို ဝက်သားကိုအရမ်းကြိုက်တယ်ဆိုပဲ။ ဝက်သားစားပြီဆိုရင် အဆီတုံးကြီးကြီး အခေါက်ထူထူကြီးတွေကို စားလိုက်ရမှအားရကျေနပ်တယ်၊

တစ်နေ့တော့ အဲ့ဒီဒကာကြီးကပုဇွန်တောင်ဘက်က ထမင်းဆိုင်တစ်ဆိုင်မှာ အတုံးကြီးကြီး အခေါက်ထူထူ စပါယ်ရှယ်ဝက်သားဟင်းကိုမှာလိုက်တယ်။

ဝက်သားတုံးကြီးတွေက သူ့ မျက်စိရှေ့အဆင်သင့်ရောက်ရှိလာတယ်။ဝက်သားတုံးကြီးတွေကို ကြည့်ပြီးတော့သဘောကျ ကျေနပ်နေတယ်။

စားဖို့ အဆင်သင့်ဖြစ်နေပြီဆိုတော့ အားရပါးရ စားချလိုက်တယ်။ကောင်းလွန်းလို့ “နောက်တစ်ပွဲ”လုပ်ပါဦး။ ရောက်လာတဲ့ နောက်တစ်ပွဲကိုလည်း “အပြောင်ရှင်းပစ်လိုက်တယ်”။

အင်း … ငါ့ဗိုက်ကြီးတော့ ဒီဝက်သားတုံးကြီးတွေနဲ့ ဖြည့်လိုက်ရလို့ “လုံးဝပြည့်သွားပြီ”၊“ကျေနပ်သွားပြီ”။

နေ့လည်စာ စားပြီးလို့ အိမ်ပြန်ပြီး အနားယူတော့မယ်ဆိုတော့ သူ့အိမ်ရှိတဲ့ စမ်းချောင်းဘက်ကိုကားငှားပြီး ပြန်လာခဲ့တယ်။

လမ်းတစ်ဝက်ကျော်လာတော့ သူ့ခေါင်းထဲက မူးနောက်နောက် ဖြစ်လာလို့ ဦးတည်ချက်ပြောင်းပြီး ရန်ကုန် အနောက်ပိုင်းဆေးရုံကြီးကို မောင်းခိုင်းပါတယ်။

သူ့လက်ကိုင်ဖုန်းနဲ့ အိမ်ကမိသားစုကိုလည်း ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး ရောက်နေတဲ့အကြောင်းလှမ်းပြောပြပါတယ်။

အိမ်က လူတွေက ဆေးရုံရောက်နေတယ်ဆိုတော့ စိတ်ပူပြီး လိုအပ်တဲ့ပစ္စည်းတွေ ထုပ်ပိုးယူဆောင်ကာ အနောက်ပိုင်းဆေးရုံကြီးကို ကပျာကယာ လိုက်ကြရတယ်။

ဇနီးဖြစ်သူနဲ့ သားသမီးများက လူနာရှိတဲ့အခန်းဆီသို့ အပြေးအလွှား တက်သွားကြတယ်။ဆေးရုံတက်နေတဲ့ လူနာက ကုတင်ပေါ်မှာပက်လက်လေး မျက်လုံးပိတ်လို့ ငြိမ်နေပါတယ်။

ဇနီးဖြစ်သူက ….

“ဘယ်လိုဖြစ်တာလဲ” ပြောပါဦး။“ရုတ်တစ်ရက်ဗြုန်းစားကြီး၊ ဘာတွေစားမိလို့လဲ”ဆြိုပီး ပြောပြောဆိုဆို လူနာရဲ့ လက်ကို ဆွဲကိုင်လိုက်တော့ ….

“အလို …လက်ကြီးကလဲ အေးစက်လို့ပါလား”“ကိုယ်ပူငွေ့လည်း မရှိတော့ဘူး”

“နှာခေါင်းအနား ကပ်ကြည့်တော့ အသက်လည်းမရှုတော့ဘူး”“ဝင်လေ ထွက်လေ လည်းရပ်စဲသွားပြီ”

“ဇနီးဖြစ်သူက မေးနေ ပြောနေသမျှတွေကိုသိစွမ်းနိုင်တဲ့ စိတ်ဝိညာဉ်လဲ ချုပ်ပျောက်သွားပြီ”

ဆိုတော့ လူတစ်ယောက်ရဲ့ “သေဆုံးခြင်း” အင်္ဂါရပ်တွေနဲ့ ပြည့်စုံညီညွတ်သွားပါပြီ။

လင်ယောကျင်္ားဖြစ်သူ သေဆုံးသွားပြီ ဆိုတာသိလိုက်ရလို့ ဝမ်းနည်းကြေကွဲစွာ ခံစားနေရပါတော့တယ်။

“သေတယ်”ဆိုတာ တွေ့ရဦးမယ့်သူတွေကိုစောင့်နေရိုး ထုံးစံရှိမှ မရှိတာကိုး။ ကျန်ရစ်သူမိသားစုက “ဦးနှောက်သွေးကြော ပေါက်တာလား၊နှလုံးသွေးကြော ပိတ်တာလား”ဆိုတဲ့ အတွေးသံသယတွေနဲ့ အဖြေရှာနေကြပါတယ်။

အမှန်တကယ်တော့ အဲ့ဒီလူကို “ဝက်သတ်လိုက်တာပါ”လို့ အဖြေထုတ်ပေးလို့ရပါတယ်။

“ဝက်သတ်တယ်”ဆိုတာ လူက ဝက်ကိုသတ်တာကို “ဝက်သတ်တယ်”လို့ ပြောကြတာ။

အခုတော့ အဲဒီအဓိပ္ပါယ်က ပြောင်းပြန် ဖြစ်သွားပါပြီ။ `ဝက်က လူကိုသတ်တယ်”လို့ ပြောနိုင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ “ဝက်သားစားပြီး”သေသွားကြတဲ့လူတွေ။ လေဖြတ်ခံရတဲ့ လူတွေကိုတော်တော်များများ တွေ့လာမြင်လာရလို့ပါပဲ။

စာဖတ်သူရဲ့ အသက်နဲ့ ကျန်းမာရေးကိုစောင့်ရှောက်ခွင့်ရချင်လို့ အောက်ပါ Messageလေးကို ပေးလိုက်ပါရစေ။

“ဝက်သား ဝက်သား၊
နင်းကန်မစားနဲ့၊
သင့်ထံ သေမင်းရောက်လာမယ်”

……………………………………………………………

မကြားချင်နားယဉ်လို့နေပြီ

ဒီနေ့မနက် (၇)နာရီလောက်က တက္ကစီတစ်စီး ကျောင်းထဲကိုဝင်လာနေတယ်။ မိမိနေတဲ့ဓမ္မာရုံရှေ့ရောက်တော့ အဲ့ဒီ ကားပေါ်ကနေမိန်းကလေးနှစ်ယောက် ဆင်းလာတယ်။

သူတု့ိကိုအကဲခတ်ကြည့်လိုက်တော့ မျက်နှာလည်း မကောင်းကြဘူး။ ဘာများဖြစ်လာတာလဲ?ဆိုပြီး စိတ်ပူနေမိတယ်။ ဓမ္မာရုံအောက်ရောက်တော့ သူတို့ကစလျှောက်ပါတယ်။

“အသက် ပျောက်ဆွမ်းအတွက်လာပင့်တာပါဘုရား”တဲ့။

“ဟင်”ဆိုပြီး မသိမသာ ငြီးလိုက်မိတယ်။

ဒီမိန်းကလေးနှစ်ယောက်က ဘယ်ကနေ လာပင့်တယ်ဆိုတာကိုမသိပါဘူး။ “ဘယ်ကိုကြွရမှာလဲ”လို့မေးကြည့်တော့

“အခုကြိုပြီးတော့ လာလျှောက်တာပါ၊ (၉)နာရီလောက် ကားနဲ့လာပင့်ပါမယ်ဘုရား” ဆိုပြီးပြန်သွားကြပါတယ်။ကွယ်လွန်အနိစ္စရောက်သူက ဘယ်သူဘယ်ဝါဆိုတာ မသိလိုက်ရပါ။

“ဪ… အသက်ပျောက်ဆွမ်းတို့၊ရက်လည်ဆွမ်း”တို့ဆိုတဲ့ အသံတွေက မကြားချင်နားယဉ်နေပြီဖြစ်တဲ့ ရှေးဟောင်းသီချင်းကြီးတွေလိုပါပဲလား။

(၉)နာရီထိုး လာပင့်မယ် ဆိုတော့အဆင်သင့်ဖြစ်အောင် ပြင်ထားလိုက်ပါတယ်၊စိတ်သောက ဖြစ်နေကြတဲ့ မိသားစုကို စိတ်သက်သာရာရစေမယ့်ပြောပြစရာ

တရားလေးတစ်ပုဒ်ကို နှလုံးသွင်းဆင်ခြင်ပြီး လာပင့်မယ့်ကားကိုစောင့်နေလိုက်ပါတယ်။ နှလုံးသွင်းဆင်ခြင်မိတဲ့ တရားလေးကတော့ …..

“အဆုံးသတ်တရားလေးပါး” ဆိုတဲ့တရားလေးဖြစ်ပါတယ်။ ဘယ်အရာမဆို အဆုံးသတ်ဆိုတာရှိကြတယ။် အဆုံးသတ်မရှိတဲ့အရာဆိုတာ မရှိပါဘူး။

နိဒါန်းဆိုတာရှိရင် နိဂုံးဆိုတာရှိတယ်။ အစဆိုတာရှိရင် အဆုံးဆိုတာရှိတယ်။ ဖြစ်တာရှိရင်ပျက်တာလဲရှိတယ်။ ဒါကြောင့်မို့ လူသားတွေကိုလဲအဆုံးသတ်ပေးမယ့် တရားတွေရှိနေတယ်။ အဲဒီတရားတွေကတော့ ….

နုပျိုနေခြင်းရဲ့ အဆုံးသတ်၊ အနားသတ် က အိုခြင်း၊

ကျန်းမာနေခြင်းရဲ့ အဆုံးသတ်၊ အနားသတ် က နာခြင်း၊

အသက်ရှင်နေခြင်းရဲ့ အဆုံးသတ်၊ အနားသတ်က သေခြင်း၊

ပြည့်စုံနေခြင်းရဲ့အဆုံးသတ်၊အနားသတ်က ပျက်စီးခြင်း

တို့ ဆိုတာတွေပါပဲ။

ဒီတရားလေးပါးကို ကျော်လွှားသွားနိုင်သူဘယ်ကမ္ဘာ ဘယ်လောကမှ ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။

“အိုနယ်ကနေ နာနယ်ဘက်သို့ တရွေ့ရွေ့နဲ့ဖင်ဒရွတ်တွန်းပြီး ရွေ့နေရတယ်”

“နာနယ်ကနေသေနယ်ဘက်ကိုတော့ လူးလိမ့်ပြီး ရွေ့နေရတယ်”

ဆိုတဲ့ အို၊ နာ၊ သေအကြောင်းတွေ ပြောပြဖို့စဉ်းစားနေတုန်းမှာပဲ လာပင့်တဲ့ကား ရောက်လာလို့

အသက်ပျောက်ဆွမ်းအတွက်ဆောင်ရွက်ပေးရန်လိုက်သွားခဲ့ပါတယ်။

အိမ်ရောက်တော့ “ဟိုက်”ဆိုပြီး အံဩတဲ့အသံလေး တိုးညှင်းစွာထွက်သွားပါတယ်။

“ဪ …ဒကာကြီး လွန်ခဲ့တဲ့(၁၀)ရက်လောက်က ဝါဆိုသင်္ကန်းကပ်ပင့်လို့ကြွရောက်ပြီး ဒီနေရာလေးမှာပဲတရားဟောတရားနာပြုလုပ်ကာ

ဒကာကြီးကိုယ်တိုင်အမျှအတန်းတွေ ပေးဝေခဲ့သေးတယ်။ အဲ့ဒီတုန်းက သုံးဆယ့်တစ်ဘုံသားတွေ အတွက်အမျှပေးဝေခဲ့တာလေ။

အခုတော့ ဒကာကြီးအတွက် အမျှပေးဝေနေကြပြီ။ ရောက်ရာ ဘုံဘဝကနေ“သာဓု”ခေါ်ဆိုနိုင်ပါစေလို့ ….

ဒကာကြီး ဝါဆိုသင်္ကန်းကပ်ဖို့ လာပင့်တုန်းကပြောသွားခဲ့တဲ့ စကားလေး မှတ်မိနေသေးတယ်။

“ကျန်းမာပါတယ်”တဲ့။

အခုလို ဒကာကြးီ ဆုးံပါးသွားရတာက“သွေးတိုးတတ်တဲ့ အစားအစာကြောင့် သွေးတိုးလွန်ပြီး ဆုံးသွားရတယ်”လို့ပြောပြကြတယ်။

အင်း“နောက်ဘဝဆိုတာနီးနီးလေး၊ မနက်ဖြန်ဆိုတာ ဝေးနေသေးတယ်”။

“ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ”ဆိုတာ သေမင်းရဲ့ “အမြန်နှုန်း”ကို တွက်ပြထားတာနော်။

သတြိပုရန် မက်စေ့ဂျ်

ရောဂါဆိုတာ အိမ်ရှေ့ကနေ လာတာမဟုတ်ဘူး။ အိမ်နောက်ဖေးက လာတာလည်းမဟုတ်ဘူး။ “ဟင်းခွက်နဲ့အရက်ခွက်” ကနေခန္ဓာကိုယ်ထဲကို နေ့စဉ်ဝင်ရောက်လာတာ။

18 comments

  • ကထူးဆန်း

    October 27, 2012 at 9:08 pm

    ဘယ်သူမှ မရေးခင် လူလိမ္မာလေးဖြစ်ကြောင်း ဝင်ကြွားသွားဦးမယ် ။။
    ဝက်သား လည်း တတ်နိုင်သမျှရှောင်ထားပါတယ် ။
    အရက်ခွက်လည်းဖယ်ထားပါတယ်။
    ဟင်းခွက် လည်း တတ်နိုင်သလောက် သတိထားဖို့ကြိူးစားနေပါတယ် ။
    အမှန်တော့ လိမ္မာ တာ ထက် နီးနီးလေး ကိုရောက်သွားမှာ ကြောက်လို့ .. :harr:

    Reply

  • padonmar

    October 27, 2012 at 9:19 pm

    သာဓုသာဓုသာဓု ပါကထူးဆန်းရေ။
    ပထမဆုံးမန့်သူလူလိမ္မာ ဆုပေးလိုက်ပါပြီ။
    ……………..
    အမှန်တော့ ဒီစာလေးဆက်တိုက် ၂ရက်လောက်စီခြားပြီးတင်မယ်စိတ်ကူးတာ၊
    ဂဇက်ရဲ့ မိုးလေဝသတွေက ကပြောင်းကပြန်ဖြစ်၊ကိုယ့်စိတ်ကလည်း ပိုပြောချင်တာတွေဦးစားပေးတင်ချင်(ကိုယ့်ကိုမန့်လာတာတွေကိုလည်း ဦးဆောင်ဆွေးနွေးပေးရမယ်ဆိုတဲ့ စည်းကမ်းကြီးကလည်းရှိ၊ကိုယ့်အိမ်လာလည်တဲ့သူတွေကို စကားအဖက်လုပ်မပြောမိမှာစိုးတာကလည်းရှိဆိုတော့) ရှေ့အပိုင်းတွေနဲ့ ဝေးနေပါတယ်။
    ခွေးလွှတ်ပြီး ဆက်စပ်ဖတ်ကြပါတော့။
    နိုဝင်ဘာလ ရောက်ရင် ဆောင်းခိုတော့မှာမို့ ဒီရက်ထဲ အချိန်ရသလိုတင်လိုက်ပါမယ်။
    ဖတ်သူတွေ အချင်းချင်းသာ ဆွေးနွေးနေရရင် ထပ်ပြီးတော့ ခွေးလွှတ်ကြပါအုံး။

    Reply

  • မမလေး

    October 27, 2012 at 9:31 pm

    နုပျိုနေခြင်းရဲ့ အဆုံးသတ်၊ အနားသတ် က အိုခြင်း၊

    ကျန်းမာနေခြင်းရဲ့ အဆုံးသတ်၊ အနားသတ် က နာခြင်း၊

    အသက်ရှင်နေခြင်းရဲ့ အဆုံးသတ်၊ အနားသတ်က သေခြင်း၊

    ပြည့်စုံနေခြင်းရဲ့အဆုံးသတ်၊အနားသတ်က ပျက်စီးခြင်း

    ကြိုက်လို့ ကူးမယ်နော် …

    ( ကြက်သားနဲ့ဝက်သားဆို ဝက်သားပဲကြိုက်တယ် ဒီတရုတ်မက 🙁 )

    Reply

    • padonmar

      October 28, 2012 at 1:55 am

      သမီးက ငယ်သေးတော့ စားလို့ ချေဖျက်နိုင်ပါသေးတယ်။အလွန် အကျွံတော့ မဖြစ်စေနဲ့ပေါ့နော်။

      Reply

  • မောင်ပေ

    October 27, 2012 at 9:32 pm

    အန်တီမာရေ ကိုဘေချစ်သူကြီး ကတော့ သေချာလာပြီး ကန် ့ကွက်လောက်ပါတယ်
    ဝက်သားစား တယ်ဆိုတဲ့ ကိတ်စနဲ ့ပတ်သက်ပြီး
    အသားဝက်ဆိုပေမယ့်… မောင်ပေသည်လည်း တတ်နိုင်သမျှ ဝက်သားရှောင်သူတစ်ဦးဖြစ်ပါကြောင်း

    Reply

    • padonmar

      October 28, 2012 at 1:57 am

      အန်တီကတော့ မြစ်ဝကျွန်းပေါ်သူပီပီ ငါးပုဇွန်ပဲကြိုက်လို့ ဝက်မရှောင်ပေမယ့် နဂိုထဲက အစားနည်းပါတယ်။

      Reply

  • ဦးဦးပါလေရာ

    October 27, 2012 at 9:55 pm

    ကျုပ်က ဗြိ စ္ဆာစန်း နဲ့ယှဉ်ပြီးမွေးတာ..
    ဟို… ကင်းမြီးကောက်ပုံကြီးပေါ့..
    အဲဒါ နတ္ခတ်အလိုအရတော့ အဆိပ်အပင်း ပြီးတယ်/နိုင်တယ် ပေါ့လေ…
    တသက်လုံးကလဲ အစားအသောက်မဆင်ခြင်ပါဘူး…
    ဘာမှလဲမဖြစ်သေးတော့ မဖြစ်သေးဘူးပေါ့…
    မနှစ်လောက်ကစပြီး ဟိုဟာနဲနဲ ဒီဟာနဲနဲ ဖြစ်ပြီးချူချာနေတယ်..
    အဲဒါဆရာဝန်တွေကိုတိုင်ပင်တော့ ဆေးတွေ လက်တခုပ်ကြီးပေးပါတယ်…။
    ဒါပေသိ ဆေးသောက်ရင်းလဲ ချူချာနေတုန်းပဲ…..

    တလောကတော့ ကျုပ်အားကိုးရတဲ့သူငယ်ချင်းတယောက်နဲ့ အေးအေးလူလူစကားပြောရင်း အဲဒါတွေပြောမိတယ်။
    သူက ကျုပ်မျက်စိကို တည့်တည့်စိုက်ကြည့်ပြီး ခပ်ပြတ်ပြတ်ပြောတယ်…
    “ အဲဒါ…. သေခါနီးတာ ” တဲ့….
    ကျုပ်နားထဲ မိုးကြိုးပစ်လိုက်သလိုပဲ….
    ဒါကြောင့် အခုတော့ ကျုပ်လဲ ဆင်ခြင်ပါပြီ….
    ခက်တာက … ကျုပ်ဆင်ခြင်တယ်ဆိုတာက သူများရမ်းကားသလောက်ရှိနေသေးတာ.. 🙁

    Reply

    • padonmar

      October 28, 2012 at 1:53 am

      မရှိမဖြစ်ငှက်ကထကြီး အသက်ရှည်မှ ဖတ်ရွေးအဖွဲ့ အသက်ရှည်မှာမို့ အစားလေးတော့ ဆင်ခြင်ပါနော။

      Reply

    • padonmar

      October 28, 2012 at 1:58 am

      ဒါဆို ဦးပါလည်း အောက်တိုဘာမွေးပေါ့။
      ဘယ်နေ့ဘတ်ဒေးကိတ်လှီးမှာလဲ။

      Reply

  • kai

    October 28, 2012 at 12:02 am

    (မတူတဲ့အတွေးနဲ့ရေးပါမယ်..။ ရချင်တာယူ..ယူချင်တာရကြစေသတည်း..)

    “အသီးမှာသရက်..။ အသားမှာဝက်..။ အရွက်မှာလက်ဖက်၊ ပြည်မှာဗာရာ..” တဲ့..။
    ဟိန္ဒူတွေမှတ်တမ်း… မြန်မာတွေကော်ပီကက်ထားတာ..

    ဆိုတော့..
    ဂေါတမဗုဒ္ဓက.. ဝက်ပျိုသားဟင်းစားပြီး..ဝမ်းတော်လား.. ပရိနိဗ္ဗာန်ဆောင်တော်မူပါတယ်..။

    ဆိုတော့..
    ဘုရားတောင်..သေ(ပရိနိဗ္ဗာန်)ဆောင်ရတဲ့ …ဒီအသား..
    ဘုရားက ဒိဋ္ဌိတွေလို့ပြောခံရတဲ့သူတွေက.. “အသားမှာ..ဝက်”လုပ်ပေးလိုက်သတဲ့..

    ဆိုတော့..
    အဲဒီကနေ.. နောင်နှစ်၁ထောင်ကျော်တော့ပေါ်လာတဲ့…. တမန်တော်တပါးကလည်း.. “ဝက်..ညစ်ပတ်သောအရာကိုငါမြင်သည်”. . လုပ်ပေးလိုက်သတဲ့..။

    ဆိုတော့…
    ကျုပ်လည်းမစားဘူး.. လားလို့..။
    ဆရာဝန်ကပြောတယ်..။ “အသားနီ..” “အနီသား”တွေရှောင်ဆိုလို့.. :kwi:

    Reply

    • အရီးခင်လတ်

      October 28, 2012 at 3:24 am

      ဝက် က red meat လား white meat လား မကွဲပါ။ 🙄
      ဒီက ဝက်တွေ က အနံ့တစ်မျိုးဘဲ။
      ဒါပေမဲ့ မြန်မာပြည်က ဝက် နဲ့ စာရင် အဆီ အရမ်းနဲတယ်။

      Reply

  • ရာဇဝင်လူဆိုး

    October 28, 2012 at 12:11 am

    အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်၊ အချိုမှာ ထန်းလျက်၊ အရည်မှာ အရက် ။
    အခုထပ်ပေါ်နေတာက ငါးမှာ ငါးသားလောက်၊ မယားမှာ အခြောက်တဲ့။
    ကြက်သီးထ စရာဂျှီး… :mrgreen:

    Reply

    • kai

      October 28, 2012 at 12:19 am

      အဲဒါ..အစစ်က..မဃဒေဝ… မန်လည်ဆရာတော်ဘာသာပြန်..မွန်းမံရေးတာနော..
      အရည်မှာ.. သုရာ(အရက်) လို့ နကိုထဲကရေးထားတာ..
      မှတ်မိသလောက်.. မိန်းမမှာ.. ကညာတဲ့..
      ကညာအသက်တန်းနဲ့.. မဟုတ်တာလုပ်ရင်…. ယူအက်စ်မှာဆို.. ထောင်ထဲတန်းဝင်ရမှာ..
      .. ပိုတောင်ကြက်သီးထစရာကြီး… :harr:

      Reply

  • padonmar

    October 28, 2012 at 1:50 am

    သူကြီးရေ
    အခုတလော red meat တွေက မစားလေ ကောင်းလေဆိုတာ ကျန်းမာရေး ရှုဒေါင့်ကကြည့်ပြီး ပြောနေကြတယ်။
    သူကြီးကတော့ မစားဘူးပြောရင်လည်း မာမွတ်ရှာပွတ်ပြောခံရမှာပဲ။
    စားသာစားပြောရင်လည်း မိုးပြာပြောခံရမှာပဲ။
    ကိုယ့်အပြစ်နဲ့ကိုယ် အပြောခံလိုက်။

    ဒါထက် မြတ်စွာဘုရားက ဝက်ပျိုသားစားလို့ ဝမ်းတော်လားတာမဟုတ်ဘူးလေ။
    ဒီဆွမ်းစားရလို့ ရှေ့ခရီးကို ဆက်နိုင်တဲ့ အားအင်တွေရလို့ သုဇာတာရဲ့ ဆွမ်းနဲ့ စုန္ဒရဲ့ ဆွမ်း အကျိုးတူပါတယ်တောင် ပြောခဲ့သေးတာ။သိရက်သားနဲ့။

    Reply

  • အရီးခင်လတ်

    October 28, 2012 at 3:22 am

    အစ်မ ရေ
    တကယ်က ကိုယ့်ရဲ့ မြန်မာဟင်း နဲ့ ချက်နည်းတွေ ကို စစ်လိုက်ရင်
    ချက်ရတာ အချိန်ကုန်ပြီး ကျန်းမာရေး နဲ့ ညီရဲ့လား အမြဲတွေးမိတယ်။
    ဟင်းရည် ဆိုလဲ ငပိ၊ ငံပြာရည် မပါမဖြစ်၊
    ငပိကြော်၊ ငပိရည် ဆိုတာ မပါမဖြစ်၊
    အကြော် အသုတ် ဆိုလဲ ဆီတွေအင့် နေမှ
    ဟင်းဆိုလဲ ဆီပြန်လေးမှ
    အဲဒါတွေကလဲ ဆင်ခြင်စရာတွေများလားလို့။

    Reply

    • kai

      October 28, 2012 at 4:23 am

      Is pork red meat or white meat?
      Best Answer
      Its myoglobin content is lower than beef, but much higher than chicken white meat. The USDA treats pork as a red meat. Pork is very high in thiamin.

      In 1987 the U.S. National Pork Board began an advertising campaign to position pork as “the other white meat”, due to a public perception of chicken and turkey (white meat) as more healthy than red meat. The campaign was highly successful and resulted in 87% of consumers identifying pork with the slogan. As of 2005, the slogan is still used in marketing pork, with some variations.

      ယူအက်စ်မှာတော့.. ဝက်သားကို.. အနီသားဖြစ်တရားဝင်သတ်မှတ်ပါတယ်.။
      =
      မြန်မာတွေဟင်းစားနည်း ပြင်သင့်တာကြာလှပါပြီ..။
      အသက်တွေတိုစေ..သတ်နေတာ.. နည်းမှမနည်းတာပဲ..
      ဂျပန်မှာ အစားအသောက်သင်တန်းတက်တော့.. စွဲနေတာလေးပြောပြမယ်..
      “ဥရောပအစားအစာတွေက.. အဆီအခြေခံသတဲ့..။ ဂျပန်အစားအစာက..ရေအခြေခံသတဲ့..”
      မြန်မာအစားအစာကိုမေးကြည့်တော့.. အဆီအခြေခံလို့ပြောကြတယ်..
      ဆီပြန်ဟင်း.. အဆီအဆိမ့်စာများတာကိုး…
      ဘာမဆိုင်.. မလိုအပ်တဲ့အသုတ်မှာတောင်.. ကြက်သွန်ဖြူဆီကျက်လေးထည့်ရသေးတယ်…

      ရှေးဘုရင်ခေတ်အဆင့်ဆင့်က.. ရေအခြေခံစားခဲ့ပုံပေါ်ပါတယ်..။
      ရှေးမြန်မာစားနည်းတွေကို.. ရှေးကဗျာ။ရတု။ မှန်နန်းတွေမှာတွေ့နိုင်မှာပါ..။

      ဆိုတော့.. မလေးရှားကို.. နိုင်ငံခြားငွေတွေအရမ်းယိုနေစေတဲ့.. စားအုန်းဆီဝယ်တာတွေလည်း.. လျှော့ကျအောင်.. တိုင်းပြည်လည်းအကျိုးရှိအောင်… “ရေ”အခြေခံပြန်ပြောင်းသင့်တယ်ထင်မိတယ်..
      နေ့စဉ်အိမ်စား.. မြန်မာအစားအစားမှာ.. စွဲမြဲမသုံးကြတဲ့.. အဖုတ်..အကင်အနွယ်ကိုလည်း.. ထည့်သင့်တယ်ထင်မိတယ်..။
      ဒါကို.. အစားအသောက်ပညာရှင်တွေ.. စနစ်တကျဆွေးနွေးစေချင်မိပါတယ်..
      မြန်မာ့အစားအစာတွေလည်း.. စနစ်တကျ.. အချိုးအတိုင်း စံညွှန်းနဲ့ဖြစ်စေချင်မိပါတယ်..။

      ပြောသာပြောတာ..
      ရှေးရိုးစွဲတို့တိုင်းပြည်. မလွယ်ရေးးးးးးးချ…မလွယ်…….. :kwi:

      Reply

      • pooch

        October 28, 2012 at 1:13 pm

        ဟုတ်ပါ့ အမေ့ကို ဆီပြန်တွေ သိပ်မချက်ဖို့ လျှော့ဖို့ ပြောမိတာ ငါချက်တာ တသက်လုံးစားလာပြီး ခုမှ ဆရာလာမလုပ်နဲ့တဲ့ ။ 🙁

        အစာအိမ်ဖြစ်တုန်းက ဆရာဝန်က နေကောင်းရင်တောင် တသက်စာ တပတ်ကို အနည်းဆုံး ၁ ရက် သို့မဟုတ် ၂ ရက်လောက် red meat တွေ မစားပဲ တတ်နိုင် ရင်ပေါ့ပေါ့ပါးပါး အရွက်တို့ အသီးအနှံတို့ စားပေးဖို့ ပြောဖူးတယ် ။ အူလည်း အနားပေးပြီးသားဖြစ်တာပေါ့တဲ့။

        ဒါကြောင့်မို့လည်း အမြဲတစေ အသားကြီး တွေထက် ငါးကိုပဲ ပိုစားဖြစ်တယ်။

        တော်သေးတာက ခု ပင်လယ်စာပြန်စားလို့ ရနေပြီ။ ဘာမှ မဖြစ်တော့ဘူး ။ ကျမပိုစ့်ထဲက ကိုHistorical Crime ပြောသလိုပဲ ဓာတ်ပြုမှုကြောင့် ခဏဖြစ်တာ ။ ရေရှည်ဟုတ်ပုံမရဘူး။

        ဆရာဝန်မကလည်း နည်းနည်းချင်းပြန်စားကြည့်ဖို့ တွန်းအားပေးတာနဲ့ ပြန်စားကြည့်တာ ဘာဆို ဘာမှ ပြန်မဖြစ်တော့ပြန်ဘူး။ သိပ်လည်း မချီးကျူးရဲဘူး ။ မတော် ထဖြစ်နေမှာစိုးလို့။

        Reply

  • padonmar

    October 28, 2012 at 10:12 pm

    မယ်ပုလေး ငါးပုဇွန်စားလို့ရတယ်ဆိုလို့ ဝမ်းသာပါတယ်။
    သူကြီးရေ မြန်မာစာထဲ ကင်တာ ဖုတ်တာတော့ မထည့်ခိုင်းပါနဲ့။ငါးခြောက်ဖုတ် ဆိုလည်း သွေးတိုးမယ်။
    မီးဖုတ်တာ ကင်တာတွေကလည်း carcinogenic ဖြစ်ပါတယ်။
    မကျက်တဲ့ အသားကင်တွေကြောင့် ရတဲ့ ရောဂါတွေလည်းအများသား။
    အဆိုးဆုံးက သန်ကောင်မျိုးစုံပါ။
    ကောင်းတာကတော့ ပေါင်းစားတာပါ( Steamimg -ရေနွေးငွေ့နဲ့)၊မုန်လာဥနီ၊ပဲသီး၊ပန်းဂေါ်ဖီ စတာတွေကို ရေနွေးငွေ့နဲ့ ၁ဝမိနစ်လောက်ပေါင်းရုံနဲ့ နူးပြီး ပူပူလေးစားရင် အရသာအလွန်ကောင်းပါတယ်။
    အရသာတွေ ဘယ်ကိုမှ မဆုံးရှုံးသွားတဲ့အတွက် ရေနွေးဖျောတာ၊ရေလုံပြုတ်တာထက်လည်းကောင်းပါတယ်။
    ညနေစာတွေကို ထမင်းအစား ဟင်းသီးဟင်းရွက်ပေါင်းသက်သက် စမ်းစားကြည့်ကြပါ။ဘော်ဒီဝိတ်တွေကျသွားပါမယ်။

    Reply

Leave a Reply to အရီးခင်လတ် Cancel Reply

Your email address will not be published.