ဗိုက်ဆီကျစေတဲ့ အစားအစာများ

ခင္ခOctober 26, 20121min013

ဗိုက်ဆီကျစေတဲ့ အစားအစာများ

အခုပြောမယ့် အကြောင်းအရာကတော့ ဗိုက်ဆီရှိတဲ့ သူတွေအတွက်ဖြစ်ပါတယ်။ အဆီအစိမ့်တွေ စားပြီး ဗိုက်အဆီ တက်နေသူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းကောင်းလေးပါ။ ဗိုက်မှာအဆီတက်နေတဲ့ သူတွေအတွက် စားသုံးသင့်တဲ့ အသီးကတော့ ထောပတ်သီးပဲ ဖြစ်ပါတယ်။
ထောပတ်သီးမှာ ပါဝင်တဲ့ ဓာတ်တွေကတော့ ဗီတာမင် အီးနဲ့ ဘီ၊ ဖောလစ်အက်စစ်၊ ပိုတက်ဆီယမ်၊ အမျှင် ( Fiber) အစရှိတဲ့ ဓာတ်များ ပါဝင်တဲ့ အတွက် ခန္ဓာကိုယ်မှာရှိတဲ့ ကယ်လိုရီနဲ့ အဆီတွေကို လည်း လျှော့ချ ပေးပါတယ်။

ရှေးယခင်က ဂရိလူမျိုးတွေကတော့ သံလွင်ဆီကို နတ်ဘုရားလို ကိုးကွယ်ခဲ့ကြပါပြီး ရှေးခေတ် အီဂျစ် လူမျိုးတွေကတော့ ထောပတ်သီးကို မျိုးပွားစေနိုင်တဲ့ အသီးတမျိုးအဖြစ် သတ်မှတ်ထားခဲ့ကြပါတယ်။

ဒါကြောင့် ထောပတ်သီး အာနိသင်ကိုလည်း အနည်းအကျဉ်းတော့ သိလောက်ပါပြီ။ ဗိုက်ချပ်အောင် ထောပတ်သီးကို နေ့စဉ် စားပေးနိုင်ရင်တော့ အကောင်းဆုံးပါဘဲ။ ထောက်ပတ်သီးမှာပါဝင်တဲ့ ဓာတ်တွေ က လူခန္ဓာကိုယ် ဝမ်းဗိုက်ဆီကို လျှော့ချပေးပြီး ဗိုက်သားကို ချပ်အောင် လုပ်ဆောင် ပေးနိုင်ပါတယ်တဲ့။

နောက်ထပ် လုပ်နိုင်တာတွေလည်းရှိပါတယ်။ နေလောင်ထားတဲ့သူတွေမှာ ဖြစ်တတ်တဲ့ အမည်းကွက်နဲ့ ခြေသလုံးမှာ နေလောင်ခံရလို့ အမည်းကွက် ရှိနေသူတွေအတွက် ထောက်ပတ်သီး အတွင်းသားကို ထုတ်ယူပြီး ပွတ်သပ်လိမ်း ပေးခြင်း ဖြင့်လည်း အမဲကွက်တွေကို ပျောက်ကင်းစေ ပါတယ်တဲ့။

ထောက်ပတ်သီးဟာ အသားအရေးကိုလည်း ချော့မွေ့ စေတဲ့ အတွက် ခန္ဓာကိုယ်ကိုလည်း လိမ်းပေးနိုင် ပါတယ်။ ထောပတ်သီးရဲ့ ထူးခြားမှု နောက်တခု ကတော့ နှလုံးသွေးကြောကျဉ်းရောဂါကို ထိမ်းသိမ်း ကာကွယ် ပေးနိုင်တယ်ဆိုတာပါ ပဲ။

နှလုံးရောဂါဟာ လူကို သေစေလောက်တဲ့အထိ အန္တရာယ်များတယ်ဆိုတာ လူတိုင်းသိပြီးဖြစ်ပါလိမ့်မယ်။ အမေရိကန်မှာ ဆိုရင် နှလုံး ဆိုင်ရာအသင်းကြီးဖြစ်တဲ့ The American Heart Association (AHA) က ဆိုရင် နှလုံးရောဂါ သည်တွေအတွက် ဓာတ်စာ သစ်သီး ၅ မျိုးကို အဓိက လမ်ညွှန်ပြီး စားသုံးဖို့ ကို ထောက်ခံ ချက်ပေးရာမှာ ထောပတ်သီး က အဓိက ပါဝင်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ ထောပတ်သီးမှာ ပါဝင်တဲ့ အထက်ကပြောခဲ့သလို ပိုတက်ဆီယမ်ဟာ အဆီနဲ့ ကိုလက်စထရော ( fat and cholesterol) တွေ ကို လျော့ကျစေလို့ ဖြစ်ပါတယ်။

ဝမ်းဗိုက် အဆီတက်လို့ စိတ်ပျက်နေသူများအတွက် နောက်ထပ် စားသုံးသင့်တာလေးတွေကတော့ အစေ့အဆံ ပါတဲ့ အစားအစာ တွေကို စားပေးသင့်ပါတယ်။
မြေပဲ၊ သံလွင်သီး အစေ့၊ နေကြာစေ့ အစရှိတဲ့ အစေ့အဆံ ပါဝင်တဲ့ အစားအစာ တွေဟာ ဝမ်းဗိုက် အဆီကို လျှော့ချပေးတဲ့အတွက် ဝမ်းဗိုက်ချပ်စေမှာဖြစ်ပါ တယ်။

နောက်တမျိုး ဗိုက်ချပ်စေနိုင်တဲ့ အစာကတော့ အမည်း ရောင် ချော့ကလက်( dark chocolate ) ပါဘဲ။ အမည်းရောင် ချော့ကလက်ကို နေ့စဉ် စားပေးခြင်းဟာ ဗိုက်ချပ်စေပါတယ်တဲ့။ ဝမ်းဗိုက်ပူလို့ စိတ်ပျက်နေတဲ့သူတွေအတွက် လွယ်ကူ အောင် စားသုံးပေးနိုင်တဲ့ နည်းလမ်းကောင်းလေး ဖြစ်မယ်လို့ ထင်ပါတယ်။

အိမ့်သံစဉ် ကနေ ခင်ခ FB ကိုပေးပို့လာတာပါ၊ တစ်နေ့က ရေနွေးကြမ်းသောက်လို့ ဗိုက်အဆီကျတယ်ဆိုတာ ဟုတ်ပမလားဆိုပြီး ကွန့်မန့်ပေးလာသူများ ဗိုက်အဆီတွေကို အမြန်ဆုံး ဖယ်ရှား ချင်တယ်ဆိုရင်တော့ ရေနွေး ကြမ်း တနေ့ ၃ခွက်အပြင် ပုံမှန်လေ့ကျင့်ခန်းလေးပါ အပိုဆောင်းပြီ လုပ်ပေးဖို့ လိုပါတယ်။ ပုံမှန်လေ့ကျင့် ခန်း လုပ်တာကလည်း ကျန်းမာရေးအတွက်လည်း အများကြီး အထောက်အကူ ပြုစေပါတယ်လို့ ပိုစ့်ထဲမှာလည်း ရေးပြခဲ့ပါတယ်၊ အဲဒါမှ သဘောမကျသေးသူများအတွက် ဗိုက်အဆီကျဖို့ အခြားအစားအစာများနဲ့ ထောပတ် သီးစွမ်းပကားလေး လည်းရှိတာမို့ ထပ်ပြီးဝေမျှရေးပေးလိုက်တာပါ။

 

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ

13 comments

  • pooch

    October 26, 2012 at 12:49 pm

    ထောပတ်သီးထဲက အစေ့ကို နေလှန်းအခြောက်ခံပြီး သနပ်ခါးလို သွေးလိမ်းရင် တင်းတိပ်နဲ့ မှဲ့ခြောက်ပါ
    ပျောက်တယ်တဲ့ ။

    Reply

    • Crystalline

      October 26, 2012 at 2:20 pm

      တကယ်လားဟင်..မှည့်ခြောက်နည်းနည်းထွက်နေလို့စိတ်ညစ်နေတာ..စမ်းကြည့်အုံးမယ်။

      Reply

  • may flowers

    October 26, 2012 at 12:53 pm

    ဖတ်သွားပါတယ် ဗိုက်အဆီချဖို့အကောင်းဆုံး လေ့ကျင့်ခန်းကတော့ နံနက်စောစောအစားမစားမီ
    ဝမ်းလျားမှောက်ကာ ခြေထောက်နှစ်ဖက်ကို လက်နဲ့နောက်ပြန်ဆွဲထားပြီ ကြမ်းပြင်မှာခန္တာကိုယ်ကို
    တစ်နေ့အနဲလေး အကြိမ်၃ဝ ခန့်လှိမ့်ပေးပါ။ သိသိသာသာအဆီကျလာပါလိမ့်မယ်လို့

    :hee: ဝင်ပြီးဆရာလုပ်တာ။

    Reply

    • ကိုခင်ခ

      October 26, 2012 at 1:11 pm

      မမေရေ နောက်တစ်နည်းပြောအုံးမယ် ဗိုက်အဆီကျတဲ့ လေ့ကျင်ခန်းတစ်ခုပါ။
      ၁။ ခန္ဓာကိုယ်ကို ပလက်အနေအထား အိပ်ပါ။
      ၂။ လက်နှစ်ဖက်ကို ခန္ဓာကိုယ်ဘေးနှစ်ဖက်မှာဆန့်တန်းလို့ဘဲဖြစ်ဖြစ်၊ ဗိုက်ပေါ်ကိုတင်ပြီး လက်ယှက်လို့ဘဲဖြစ်ဖြစ်ထားပါ။
      ၃။ ခြေထောက်နှစ်ဖက်ကို ပူးကပ်စွာထားပါ။
      ၄။ ခြေထောက်ကို အောက်ကြမ်းခင်းထိနေရာမှာ အပေါ်သို့ မြှောက်တင်ပါ။ (၄၅ ဒီဂရီ နဲ့ ၆ဝ ဒီဂရီ ကြားအတွင်း )
      ၅။ ပြီးလျှင်အောက်သို့ပြန်ချပါ ကြမ်းပြင်ထိ မဖြစ်ပါစေနှင့်။
      ၆။ ပြီးလျှင်အပေါ်သို ပြန်မြှောက်ပါ။
      ၇။ ထိုသို့ အပေါ် အောက်ကို တစ်ကြိမ်လျှင် ၂၅ ခါ နဲ့ ၄ဝ ခါ ကြားပြုပြီး ခဏနားလို့ ပြန်လုပ်ပါ၊
      အကြိမ် ၃-၄ ခါလောက် ပုံမှန်နေ့စဉ်လုပ်သွားပါက ဝမ်းဗိုက်အဆီလျော့နည်း လာပါလိမ်မယ့်လို့ဆိုသဗျှ။
      ( အမျိုးသမီးပါမောက္ခဆရာဝန်ကြီးတစ်ယောက်ဆီက သိရတဲ့နည်းလေးပါ )

      Reply

      • ဦးကြောင်ကြီး

        October 27, 2012 at 9:54 am

        သဂျီးတခါ မန့်ဖူးတာ ဗိုက်ကြချင်ရင် အိပ်ထမတင်နည်းက မကျဘူး၊ ဒိုက်ထိုးရတယ်တဲ့.. ကိုယ်အောက်ချပြီး ပြန်တင်တဲ့အခါ ဝမ်းဗိုက်ကြွက်သားနဲ့ ပြန်တင်ရမယ်။ မိန်းခလေးများ သတိထားဖို့က လက်မောင်းကြွက်သား သိပ်အားပြုရင် ရင်သားတင်မက လက်မောင်း၊ ပုခုံး ကြီးလာတတ်သည်။

        Reply

  • may flowers

    October 26, 2012 at 1:19 pm

    ကျေးဇူးပါ… လက်တွေ့စမ်းလုပ်ကြည့်ပါ့မယ်။

    Reply

  • candle .

    October 26, 2012 at 2:07 pm

    အဲတော့ ..
    အခု ကိုခင်ခ ပြောတဲ့အသီးတွေကို အဆီတက်တယ်ဆိုပြီး candle က အမြဲရှောင်လာခဲ့တာ..အခုတော့ ပြောင်းပြန်ဖြစ်နေပါပေါ့လား..
    ဘာဘဲဖြစ်ဖြစ် စမ်းကြည့်ပါ့မယ်
    ကျေးဇူးတင်လျှက်..

    Reply

  • ကြည်ဆောင်း

    October 26, 2012 at 2:07 pm

    ဗိုက်အဆီကျစေတဲ့အစားတွေအားလုံးကိုကြိုက်တော့ အတော်ဘဲဖြစ်သွားပြီ..
    နေကြာစေ့ကတော့နေ့တိုင်းနီးပါးစားဖြစ်ပေမဲ့ ကျန်တာကတော့နေ့တိုင်းစားနိုင်ဖို့ကတော့ကြိုးစားရမယ် …
    Dark Chocolate ကိုလဲ ကြိုက်တယ်..
    ို

    Reply

  • Khaing Zar Win

    October 26, 2012 at 2:45 pm

    ဟယ်။ ကိုခ တို့ကတော့ အစုံသုပ်တော့။ အကုန်သိတယ်။
    အစားတွေတော့ လိုက်နာမယ်နော်။
    လေ့ကျင့်ခန်းကတော့ …………. :mrgreen:

    Reply

  • Hnin Hnin

    October 26, 2012 at 5:22 pm

    အခု avocado ဖတ်ရင်းနဲ့ ငှက်ပျောသီးသီးမွှေးတစ်လုံးလည်း စားပြီးပြီ..guava
    နောက်ထပ်စားနေတာ….သူများအသား မပါတဲ့နေ့ဆို ခဏခဏဆာလို့ အသီးတွေ
    တီးများတယ်..မာလကာသီးက ပွပြီးချိုနေတာ ကောင်းမှကောင်း…ရှလွတ်..ရှလွတ်

    မျိုးပွားစေနိုင်တာကတော့ ထောပတ်သီးတင် မဟုတ်ဘူး။ အလွယ်တကူရတဲ့ ကန်စွန်း
    ရွက်၊ဥတွေ စားပေးလည်းကောင်းတယ်။ ကိုရီးယားကားတွေထဲမှာ ခဏခဏပါတယ်လေ။
    ကလေးလိုချင်တဲ့ စုံတွဲတွေ ကန်စွန်းဥအစိမ်းလိုက်တွေ ကိုက်စားကြတာ။

    Reply

  • Hnin Hnin

    October 27, 2012 at 5:01 pm

    ိဒါဆို due date သိပြီပေါ့ :kwi:
    မိဂီ့မမ

    Reply

  • မမလေး

    October 27, 2012 at 10:36 pm

    ဪ … ဗိုက်အဆီကျတယ်ဆိူမှ အုန်းဆီ ရယ် ပရုပ်ဆီရယ် သံပုရာသီးရယ် ရောလိမ်းရင် ၁ ပတ်အတွင်းအဆီကျတယ်ဆိုတာလေ … အဲ့ဒါက အသားကိုနည်းနည်း ညိုသွားတယ်တဲ့နော့် …

    Reply

Leave a Reply to ကိုပေါက်(မန္တလေး) Cancel Reply

Your email address will not be published.