ဖတ်ကြည့်ပါ အရမ်းရီရတယ်။ စေတနာနဲ့ပို့လိုက်တာပါ

zaylayJuly 13, 20101min00

တစ်ပါတ်အတွင်း သတင်း အခြေအနေများကိုတင်ပြသွားမှာဖြစ်
ပါတယ်။

(၁) ရန်ကုန်မြို့ ရွှေဘုံသာလမ်းတွင်း ယမန်နေ့ညနေက
ပေါက်ကွဲအားအသင့်အတင့်ရှိသော ချိန်ကိုက်ဗုန်းပေါက်ကွဲခဲ့ရာ
အနီးတဝှိုက်တွင် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးတစ်ယောက်မှ မတွေ့ရှိခဲ့ပေ။
(စက်ကွင်းမလွတ်သူ အားလုံး တစစီလွင့်စင်ကာ
ပွဲချင်းပြီးသေဆုံးသွားခြင်းကြောင့်ဖြစ်၏)အနီးတဝိုက်တွင် သွေးသံရဲရဲဖြင့်
ပေါင်တစ်ဖက်ပြတ်နေသည်ဟုယူဆပြီး ထောက်လှမ်းရေးမှ
အပူတပြင်းစစ်ဆေးလေ့လာကြည့်ရာ တိုကျိုဖရိုင်းချစ်ကန်း မှ အချဉ်တို့ထားသော
ကြက်ပေါင်တစ်ချောင်းဖြစ်ကြောင်း သိရှိရသည်။ထိုကြက်ပေါင်အား
အတင်းရေးမှူးတစ်မှ မိန်းမစားရန်အလို့ငှာ အိမ်သူပိုင်
သိမ်းဆည်းသွားကြောင်း သတင်းရရှိပါသည်။

(၂) သဘာငတိနှင့် အဖွဲ့သည် မနေ့ည၁ဝ နာရီခန့်က ပိုင်အိုးနီးယားကလပ်အတွင်း
မော်ဒန်မလေးများ လှုပ်ရှား ကခုန်နေမှူအခြေအနေများကို အငမ်းမရ
သွားရောက်ကြည့်ရှူကာ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များကို
မှာစားခဲ့သည်။

(၃) လွန်ခဲ့သော သောကြာနေ့က မိုးအပြင်းအထန်ရွာသွန်း၍ ရန်ကုန်မြို့
ပန်းဆိုးတန်းလမ်း ပလက်ဖောင်းနံဘေးတွင် ခြေသလုံးခန့်ထိ
ရေများလျှံတက်လျှက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မီးပိုွင့်ထောင့်တွင်
ပလက်ဖောင်း ဟိုဘက်ဒီဘက်ကိုဆက်သွယ်သော နှစ်ပေခန့်မြင့်သည့်
မြောင်းကူးတံတား ဖောက်လုပ်သွားမည်ဟု သိရှိရသည်။ ခန့်မှန့်ကုန်ကျငွေမှာ
အမေရိကန်ဒေါ်လာ ၃၂ သန်းခန့်ဖြစ်ပြီး ရူးပေါဂိုဏ်းရန်ပုံငွေမှ
အသုံးပြုကျခံသွားမည်ဖြစ်သည်။

(၄) အတင်းရေမှူး ၁ ဗိုလ်ချုပ်ဗီလိန်သည် အစိုးရယဉ်မသုံးရနေ့ ဖြစ်သော
လွန်ခဲ့သောသောကြာနေ့က ယဉ်များကိုစစ်ဆေးရန် ရန်ကုန်မြို့တွင်း
ရဟတ်ယဉ်ဖြင့် လှည့်လည်ကြည့်ရှူခဲ့သည်။

(၅) အမေရိကန်နိုင်ငံ လေ့လာတွေ့ရှိချက်စစ်တမ်းများအရ မြန်မာနိုင်ငံရှိ
စီအန်ဂျီကားများသည် လောင်စာဆီ စားရိတ်သက်သာသော်လည်း
အသုဘစားရိတ်ပိုမိုများပြားနိုင်သည်ဟု သိရှိရသည်။

(၆) လွန်ခဲ့သော လက မြန်မာနိုင်ငံမှ ရှေးဟောင်းသုတေသနအဖွဲ့များ
ရှာဖွေတွေ့ရှိခဲ့သည့် ပုဂံခေတ်ကအဝတ်အထည်ဟုယူဆရသော အဝတ်ထည်ကို
ရှေးဟောင်းပြတိုက်တွင် ထည့်သွင်းပြသထားခဲ့သည်။ယမန်နေ့က သဘာပတိသည် သူ၏
ဇနီးသည်ပျောက်သွားသော အတွင်းခံဖြစ်သည်ဟု ဆိုကာ၎င်းအဝတ်ထည်ကို ပြတိုက်မှ
ပြန်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါသည်။

(၇) ရူးပေါဂိုဏ်းမှ ငှက်ကထကြီးသည် အမေရိကန်နိုင်ငံလွတ်လပ်ရေးနေ့အတွက်
ဝမ်းမြောက်ကြောင်းသဝန်လွှာကို တရုတ်ပြည်ရှိ ငလျင်ဒဏ်ခံရသူပြည်သူများအတွက်
ဝမ်းနည်းကြောင်းသဝန်လွှာနှင့် မှားယွင့်ပေါ့ဆောင်မိသဖြင့်
နှစ်နိုင်ငံအကြား အချေအတင် အငြင်းပွားလျှက်ရှိ၏။

(၈) ရူးပေါဂိုဏ်း ပညာရေးဝန်ကြီးမ ဇင်ဇင်သည်
မူလတန်းသင်ရိုးညွှန်းတမ်းများတွင် ကျောင်းသူကျောင်းသားများ ပေါချာရေးအတွက်
အပေါတကာ့အပေါဆုံး သင်ခန်းစာများ ထည့်သွင်းသွားမည်ဟုသိရသည်။ အဂ်လိမ်စာ
ပိုမိုတတ်မြောက်စေရေးအတွက်လည်း အဂ်လိပ်စာများကို မြန်မာစာများဖြင့်ညပ်၍
သင်ကြားသွားမည်ဟုသိရသည် ။ဥပမာအားဖြင့် မမ Fat Fat ထထ Dance ၊ အကမှာ First
၊ Dance ပါ Dance ပါ မမရာ ၊ ညည Moon သာသာ၊ Night အခါ ငါစာရ၊ မမ Fat Fat
ထထ Dance…. အစရှိသောကဗျာများကိုလည်း ထည့်သွင်းသွားမည်ဟုသိရှိရသည်။
တစ်ပါတ်အတွင်းသတင်းအစီအစဉ် ဒီတင်ပြီးဆုံးပါပြီ ။

ပုံ/ ပျံကြားရေးဝန်ကြီး

Leave a Reply

Your email address will not be published.