I Am မိုက်ကယ်ဂျော်နီအောင်ပု

ကိုယ့်ဂုဏ်ကိုယ်ဖေါ်မသူတော် ဟု ဆိုကြလေကုန်၏
ရံခါ မိမိ သည် ဘာဆိုတာကို သိစေမှ သူ့နေရာနှင့်သူအံဝင်ဂွင်ကျဖြစ်ရမည့်သဘောလည်းရှိပြန်ပါသည်။
ကိုယ်ဘာလည်းမသိတော့ ကိုယ့်ကိုယ်ဖိုက်သွားတာခံရလျှင် သိပ်အဆင်မချောနိုင်
ဆိုလိုသည်မှာ စီးခြင်းထိုးသည့် သူရဲကောင်းကို နတ်ကတော်နှင့်မှားလေသော်မခက်ခြေလား
ပညာရှိကဝိ ကိုဘိုးတော်နှင့်မှားလေသော် မခက်တုံခြေလား
အထူးသတိပေးပြောကြားလိုသည်မှာ
ဤအကြောင်းများကို ကျွန်ုပ်ပြောဆိုခြင်းမှာ ရန်စလိုခြင်း မာနထောင်လွှားခြင်း မဟုတ်ပါဘဲ
ဆိုခဲ့ပြီးသလို မိုက်ကယ်ဂျော်နီအောင်ပု ဟူသော ကျွန်ုပ်သည် အရပ်စကားဖြင့်ပြောရပါမူ
ငါဘာကောင်လည်းဆိုတာ ခင်ဗျားတို့သိထားဘို့ လို့ဟူ၍သာ
ရင့်သည်းခဲ့သည်ရှိသော် ကျွန်ုပ်၏ အကြောင်းသာဖြစ်၏
( မိုက်မိုက်ရိုင်းရိုင်းပြောရလျှင် ဘယ်ကောင်မှ သောက်ဂရုမစိုက် )
ဂေဇက်ထဲမှာ ဘယ်သူကဘာပညာတွေဘယ်လောက်တတ်တယ် ဘယ်လောက်ခြမ်းသာတယ်
သူ့အတိုင်းအတာနဲ့သူ ပြောဆိုနေကြတယ် ဒါကတော့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စဘဲ
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကိုကျော်ပြီး ကျွန်ုပ်၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ထိပါးလာရင်တော့
ကြိုက်တဲ့လမ်းကိုရွေးဘဲ
မိုက်ကယ်ဂျော်နီအောင်ပု ဆိုတာ ဘာကောင်လည်းမမေးနဲ့
ကြိုက်တဲ့ကောင်ကို လက်ညိုးထိုး အူယူမလား အသဲယူမလား မသေမရှင်လား သတင်းစာထဲပါစေခြင်လား
ဘာအစအနမှမကျန်အောင်လုပ်ပေးရမလား ( အကင်းလေးတွေပြောတာပါ )
ဒါ့ကြောင့်
ကျွန်ုပ်သည် ဘယ်လိုလူစားမျိုးဖြစ်သည်ကို www.mandalaygezette.com နှင့်ပတ်သက်သူအားလုံးကိုသိစေပါမည်။
ကျွန်ုပ်၏ လုပ်ငန်းဆောင်တာ ကိစ္စနှင့်ပတ်သက်ပြီး လူတွေနှင့် သိပ်စကားပြောလေ့မရှိ
ပြောဘို့လည်းမလို ကိုယ့်ဖာသာ ခပ်တည်တည်နေသည်
ဤ ဂေဇက်ထဲတွင် ကျွန်ုပ်က စကားပြောသောအခါ သိပ်ကြပ်မပြည့်သလိုသဘောရှိသော်လည်း
လုပ်ငန်းဆောင်တာတွင် အလွန်တည်ကြည်သည်
အလွန်ပြတ်သားသည် ခပ်ကြွားကြွားပြောရလျှင် ခပ်ပြတ်ပြတ်ပင် မာရေကြောရေရှိခြင်းမဟုတ်ပါ
ဤကပင်လျှင် ကျွန်ုပ်၏ စရိုက်လား အမူကျင့်လား သဘောထားလား မဆိုတတ်
ရံခါ လုပ်ငန်းထဲတွင် နေကာမျက်မှန်တစ်လက်ကို တပ်ထားသည့်အချိန်မျိုးတွင် လူတို့ ကျွန်ုပ်ကို အလွန်ရှိန်ကြသည်
ဒါ့ကြောင့် အတတ်နိုင်ဆုံး နေကာမျက်မှန်တပ်ခြင်းကို ရှောင်ကျဉ်သည်
ကျွန်ုပ်ကို အခြားလူများ အထင်ကြီးခြင်း ရှိန်ခြင်းကို လုံးဝအလိုမရှိ
အချို့ဆို သူတို့ကိစ္စများအတွက် ကျွန်ုပ်စီကို အူယားဖားယားလာကြသည်
( ဒါက ကျုပ်လူတွေအကျိုးကို ဘယ်လောက်ဆောင်ရွက်ဘူးသလဲဆိုတာ ခင်ဗျားတို့ကိုသိစေတာပါ ( စကားချပ် ) )
အချို့ဆို တွေးကြည့်လျှင် ရီချင်စရာကောင်းလောက်အောင်ကို ဖြစ်ရသေးသည်
ဒါပေမယ့် အချို့ကခက်သည် ကျွန်ုပ်ကို တစ်စုံတစ်ခုမေးမြန်းကြသည် အချုို့အကြောင်းတွေမှာ ခေါင်းပဲငြိမ့်ပြလိုက်သည်။
သူတို့လိုအပ်သည်ကို မေးငေါ့ပြလိုက်သည်။
လူတွေသိပ်ခက်သည်
သူတို့အတွက်အလွန်အရေးကြီးသည့် ကိစ္စကြီးကို ကျွန်ုပ်လုပ်ဆောင်ခွင့်ပေးခဲ့သည်
လုပ်ဆောင်ခွင့်ရရှိသူတိုင်းလည်း လုပ်ဆောင်သွားကြသည်
ကျေးဇူးတင်ပါတယ် တစ်ယောက်မှမပြော တစ်ယောက်မှမ တစ်ယောက်ဘူး
ကျေးဇူးအတင်ခံခြင်းလို့မဟုတ်ဘူး
ကျွန်ုပ်လိုလူ ဒီနေရာမှာတစ်ယောက်မှမရှိ
ခင်ဗျားတို့ ဘာတွေဆိုတာလောက် သနားတယ်
ကျွန်ုပ်သူတို့ကို လုပ်ဆောင်ခွင့်ပေးခဲ့သည့်ကိစ္စမျိုးသည် တော်ရုံနေရာမှာ လုပ်ဆောင်ခွင့်ရဘို့ဆိုတာ
ဘယ်လိုမှမဖြစ်နိုင်
လူတန်းစားမျိုးစုံတို့ကို လုပ်ဆောင်ခွင့်ပေးခဲ့သည်
ရာထူး ဂုဏ်ရှိန် ရုပ်လတ်မြတ်မရွေး
စကားကိုမိုးလားကဲလားပြောနေတာမဟုတ်ပါဘူး
ကျုပ်ဘာကောင်လည်းသိခြင်ရင် ဆက်သွယ်လိုက်ပါ

.

.

.

.

.

.

.

.

.

.

.

.

.

.

.

.

 

 

 

 

34 comments

  • မောင်ပေ

    October 24, 2012 at 10:45 pm

    အင်မတန်မှ လူတွေရဲ့ အခက်အခဲကို လက်တွေ့ကျကျ ဖြေရှင်းပေးသူကြီးပါကလား

    Reply

  • ရာဇဝင်လူဆိုး

    October 24, 2012 at 11:14 pm

    ကိုပုရေ….။ လူဆိုတာ ဘာကောင်ကြီးပဲဖြစ်နေပါစေ ကိုယ့်ပတ်ဝန်းကျင်၊ ကို်ယ့် အသိုင်းအဝိုင်း၊ ကို်ယ့်နိုင်ငံ ၊ ကိုယ်နေထိုင်နေတဲ့ ကမ္ဘာ အတွက် တစ်ခုခုလေးမှ လုပ်မပေးနိုင်ရင် တကယ် လူပေါကြီးတွေပါ။ တော်ကီတွေနဲ့ ဘာပဲပြောပြော။ ( လောလောဆယ်တော့ ကိုပု ကို ကွန်မန့်ပေးတဲ့ ကျနော် ဘာလုပ်ခဲ့ပြီးပြီလဲ၊ ငါ ဘာကောင်လဲ ပြန်တွေးနေတယ်)။

    Reply

  • မိုးသောက်ချိန်

    October 24, 2012 at 11:18 pm

    အယ် …
    ချီးပါခါနီးမှ ချီးခံတွင်းပေါက်လိုက်ရှာနေတာ
    ခုမှပဲ တွေ့ပြီ
    ရော့ တစ်ရာ့ငါးဆယ် ရှူရှူးပါ ပန်းမယ် …. 😆

    Reply

  • ရဲစည်

    October 24, 2012 at 11:23 pm

    သများကို နေ့တိုင်း ညတိုင်း နှိပ်စက်ကလူပြုပီးနောက်
    သများ မခံနိူင်လို့ ကွာရှင်းပြတ်ဆဲဂျောင်း လုပ်လိုက်မှ
    မခံချိမခံသာနဲ့ ထွက်ပေါ်လာတဲ့ စာဂျီးဘာ …… :mrgreen:

    ဒမယ် ကိုပု ရှဉ့်ဖာသာ ဘါဂေါင် ဖျစ်ဖျစ် ..
    ကျမဂတော့ ဂုစိုက်ဘူး သဂျီးနောက် ကောက်ကောက်ပါအောင် လို်က်သွားB

    ထားပါတော့ …
    ဆြာပုရေ လွန်တာရှိ ဝနာမိပါ …
    ကိုယ်ရည်ကိုယ်သွေးတွေ လွှတ်ကို (အာဂုံမဆောင်ဘဲနဲ့) ဖော်ထုတ်တဲ့ ကာလပျက်ကြီးမှာ
    မမြင်ရတာ ကြာပီဖြစ်တဲ့ ဆြာပုစာကို ( ဆဲမှာဆိုးလို့ ဖားတာ) ပြန်မြင်ရလို့ အရူးချီးပန်း မန့်သွားပါတယ်။
    အရက်သမား ဇဂါး ပြောရရင် သောက်တဲ့ အရက် အကြိုက်မတူပေမဲ့ လမ်းစဉ် ကတော့ မူးဖို့ပါလို့
    အဲ့နောက်ပိုင်း ဆက်ဖြစ်တာတော့ ကိုယ်တိုင် မရင့်ကျက်မှုနဲ့ ဆိုင်လို့ …အာ

    ဘာတွေပြောမိမှန်း မသိဘူး
    မန့်သွားပါတယ်ဗျို့ ….
    လာထား ၁၅/၁၆ ကျပ်
    :kwi:

    Reply

  • ကိုခင်ခ

    October 24, 2012 at 11:35 pm

    အခုတော့သိပြီဗျာ။ ရေးလည်းရေးတတ်လို့ တတ်လည်းတတ်နိုင်ပါ့ပေ့။

    Reply

  • YE YINT HLAING

    October 25, 2012 at 12:34 am

    စိတ်ဝင်စား လာအောင် ရေးတတ်တယ်ဗျာ ! ဖတ်ရင်း ဘာဖြစ်မလဲ မှန်းကြည့်နေမိတယ် ! တော်တော် တတ်နိုင်တဲ့ ကိုပု ပဲဗျို့ !

    Reply

  • padonmar

    October 25, 2012 at 12:56 am

    မင်္ဂလာဆောင်ပါ ပုပု
    ပျောက်နေတာ ခုမှတွေ့တော့တယ်။
    ပုပု ကတော် ခင်ရဲစည်လည်း သဂျီးကတော်ဖြစ်သွားရှာပေါ့။

    Reply

  • Hnin Hnin

    October 25, 2012 at 1:49 am

    အမြည်းကြည့်ထားမယ်ဆိုပြီး scroll down လုပ်ချလွန်သွားတာ အစက်လေးတွေ
    တန်းရောက်…..စိတ်ဝင်စားလို့ ဆက်လိုက်ရင်း အိမ်သာပုံက စာတွေဖတ်ပြီး
    တခွိ..ခွိ..ရယ်နေတာနဲ့ ခုန ငိုထားတာတောင် ဘယ်ရောက်သွားမှန်း မသိဘူး…
    ပြီးတော့ တစ်ခါထဲ အပေါ်ပြန်တက် အပြီးဖတ်သွားပါတယ်…ပုပု…

    Reply

    • အရီးခင်လတ်

      October 25, 2012 at 2:25 am

      ဒီ ဇီးကွက်မလေး မအိပ်သေးဘူး။
      ရွာထဲ လည်ကောင်း နေတုန်းလား။ 😆

      Reply

      • Hnin Hnin

        October 25, 2012 at 3:24 am

        ၂ည အိပ်ပြီးပြီလေ..အရီးရဲ့..အလွမ်းဓာတ်ခံတွေများနေလို့ အိပ်မပျော်
        တာနဲ့(အို..မေမေ)….အခုပဲ…ရယ်ပြီးအော်နေတာ..ဟဲဟဲ..ဟာ့ဟာ့…
        အရီးကိုတွေ့ပြီ…နာတော့ အလိမ်ပေါ်ပြီ(ပေါ်သလို ဖစ်တော့မည်ဆို ပိုမှန်ပါသည်)အိပ်ပါတော့မယ်..အရီးစကားနားထောင်တာ ဖစ်ဖတိ..
        ကိုယ့်ဟာကိုယ် အိပ်တော့မှာ ဖစ်ဖတိ..နောက်ညတွေ မတွေ့ရင် ဟိဟိ
        …ဇီးကွက် ဂဇက်တက်..စာမဖတ်..မမန့်လို့နော်…

        Reply

  • အရီးခင်လတ်

    October 25, 2012 at 2:24 am

    ဘပု
    ဒီလောက် ကောင်းတဲ့ ဦးနှောက်ကို ရွှေချပေးချင်နေဦးမယ်။
    ရီလိုက်ရတာ ဖတ်ဖတ်မော။

    အဲဒီ ဘိဇနက်မှာ ရှယ်ယာဝင်လိုပါက လက်ခံပါသလား သိချင်ပါသည်။
    မ များအတွက် သာ ရှိသေးတာမို့ ကျားများအတွက်လဲ လုပ်ငန်းချဲ့သင့်ပါကြောင်း လဲ အကြံပြုပါသည်။
    ယခုလို အကြုံပြုလိုက်ခြင်း အတွက် ကျသင့်ငွေ ပေးချေပါ။ :twist:
    (မှတ်ချက် – ငွေကြေးဖြင့်သာ ရှင်းရန်။ အိမ်သာတက်ခွင့် ကူပွန် လက်မခံပါ)

    Reply

  • Shwe Tike Soe

    October 25, 2012 at 8:50 am

    ဟွန်.ပြောတော့ ရုပ်လှမြတ်မရွေး လူမျိုးမရွေးလဲ ပြောသေးတယ်.. ကျား၊မ ကျတော့ ခွဲထားတယ်… ဒါမတရားဒါပေါ့လို….
    ရေတစ်ခါချိုး ဘယ်လောက်လဲဟင်….ရေဖိုးထပ်ပေးရမှာစိုးလို. ရေပက်ပဲတိုက်သွားတယ်.. အဟိ

    Reply

  • P chogyi

    October 25, 2012 at 8:54 am

    လိပ်စာအတိအကျပေးလေ။
    ရေမချိုးပါဘူး။
    ခြေထောက်တော့ဆေးလိုက်ဦးမယ်။

    Reply

  • အားလုံးတော်တန်တိတ်၊ မွတ်စ်သဂျီးသမက် မာမူကြောင်ကြီး

    October 25, 2012 at 9:36 am

    နယူးယောက်မှာ အရင်က နေ့ကြီးရက်ကြီး စစ်ပြန်နေ့လို ချီတက်ပွဲ parade လုပ်တဲ့အခါ စစ်ဝတ်စစ်စားတွေနဲ့ မြင်းတွေပါတွေစီးပြီး fifth avenue တလျောက် အလံတွေကိုင် သရုပ်ပြတယ်။ အဲဒီမှာ အရေးအကြီးဆုံးက ဘာလဲဆိုတော့ မိလ္လာသန့်ရှင်းရေးသမားတွေ၊ လူတွေဖို့ မဟုတ်ဘူး၊ မြင်းတွေနောက်က တံမြက်စည်း၊ အမှိုက်ပုံးတွေနဲ့ လိုက်ရတာ။ အမဲတွေများတယ်။ အိုတီကြေးကောင်းကောင်း ပေးပေမဲ့ လူထောင်သောင်းချီရှေ့ ဘယ်သူလုပ်ချင်မှာလဲ၊ အမြဲတမ်းနေ့စဉ် အဲလိုပေးရင်တော့လည်း တမျိုးပေါ့၊ အခုဟာက အချိန်ပိုင်းလေးလေ။ အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုတာ ကိုယ်မလုပ်ရတိုင်း ပြောကြတာ။ မြင်းစီးတပ်ဖွဲ့ကို ပရိတ်သတ် ဩဘာပေးသလို သူတို့ကိုလည်း ဘပုကြုံးဝါးသလို မရှိမဖြစ် အရေးပါသူများအနေနဲ့ လက်ခုပ်တီး အားပေးကြတယ်။ နောက်ပိုင်းတော့ မြင်းတွေမပါတော့ဘူး၊ အမဲတွေက ကန့်ကွက်ပုံ ရတယ်။

    Reply

  • ဦးဦးပါလေရာ

    October 25, 2012 at 9:46 am

    ကျုပ်ကတော့ ကိုပုကိုအားပေးတဲ့အနေနဲ့ စကားအကောင်းပြောပါမယ်… 😀

    သန့်စင်ခန်းဆိုတာ စားသောက်ဆိုင်လိုပဲ အလွန်အရေးပါတဲ့ လူ့အသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်ဗျ..

    ဒါပေသိ
    ခြုံပုတ်ထဲတိုးပြီး အညစ်အကြေးစွန့်နေကျလူမျိုးတွေက အဲဒါကို နားမလည်ဘူး…
    ဆိုတော့-
    ဒီနေ့အထိ ရန်ကုန်မှာ (ရော အခြားမြို့တွေမှာရော) အများပြည်သူသုံးသန့်စင်ခန်းတွေ လုံလုံလောက်လောက်လဲမရှိသေးဘူး
    သန့်သန့်ရှင်းရှင်းလဲ မရှိသေးဘူး…
    တခြားဟာမကြည့်နဲ့
    အဲဒါကြည့်ရုံနဲ့ ဘသ်လိုလူတွေ အုပ်ချုပ်စီမံသွားလဲဆိုတာ ခန့်မှန်းနိုင်တယ်..။

    Reply

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 25, 2012 at 9:49 am

    ဟုတ်ပါဒယ် ဆြာပု … ဆြာကမရှိမဖြစ်ဆြာပါ
    နေဂါမျက်မှန်တတ်ပြီး ဆြာအလုပ်လုပ်နေပုံကိုတွေးပြီး ကြည်ညိုလိုက်ပါတယ်… ဟီ..ဟိ :harr:

    Reply

  • captainamerica

    October 25, 2012 at 10:00 am

    ဒါမှ မိုက်တယ်ဂျော်နီအောင်ပုအစစ် မတွေ.ရတာတောင်တော်တော်ကြာနေဘီ ဘပု 🙂

    Reply

  • kyeemite

    October 25, 2012 at 10:29 am

    ကိုပုက “ရာထူး ဂုဏ်ရှိန် ရုပ်လတ်မြတ်မရွေး” ကူညီနေသူဆိုဒေါ့
    လေးစားဘာဒယ်..(ကျုပ်လည်းအဆဲမခံနိုင်လို့ ဖားလိုက်အုံးမယ်)
    ခင်ဗျား ဘာဂေါင်လဲ ဆိုဒါ ခုဒေါ့ သိသွားဘာဗီ။
    ထပ်ဖားလိုက်အုံးမယ်…“အရေးအသားတော်တော်ကောင်းပါ၏။”
    :kwi:

    Reply

  • water-melon

    October 25, 2012 at 10:39 am

    အီးအကြာကြီးပါရင်ရော ပိုက်ဆံထပ်ပေးရအုန်းမလား အန်တီတောင်ဘု :kwi:

    Reply

  • သီ ဟ သူ ရ ချာ လ တာ အာ ပေ တူး (DragonEmpireGroup)

    October 25, 2012 at 12:28 pm

    ဖရဲမ ….. လွမ့်ထှာဟာ……. ဘယ်ပျောက်နေတာလဲ ???
    ======
    ဘပု အဲ့လိုမျိုးအဆုံးသတ်တာ ၂ဇာတ်ရှိပီ ၁ဝခုပြည့်ရင် စာအုပ်ထုတ်မယ်နော် ..

    Reply

  • Khaing Khaing

    October 25, 2012 at 1:15 pm

    ကိုပု ချင်းချင်းရေးပေးဘာ ……. ချီးတစ်ခါပါတစ်ရာဆိုတာ မြန်မာငွေလား ဒေါ်လှလား အရှေ့မှာ တစ်ခုခုတပ်ပေးဦး …. တော်ကြာ ကိုယ်ကမအောင့်မအီးနိုင်ဝင်ခါနီးမှ ပိုက်ဆံတွေပိုတောင်းနေရင် သများ အပြင်မှာပဲ ပါချလိုက်မှာနော် ………..

    Reply

  • မိုက်ကယ်ဂျော်နီအောင်ပု ဆိုသူကား
    ကမ္ဘာ့ အလိုအပ်ဆုံး လုပ်ငန်းဂျီးအား လုပ်ကိုင်နေသူ
    ဖြစ်ချေတော့သည် နှစ်မုံ့ …
    သင်၏ တစ်ခါပါ တစ်ရာ သည်ကား နည်းလွန်းလှချေ၏ …
    ထို့အတွက်ကြောင့် ကျွန်ုပ် အကျံပုလိုသည်မှာ
    ယနေ့မှစ ချီးတစ်ခါပါ ၅၀ဝ ဟူ၍သာ သတ်မှတ်သင့်လေတော့၏ ….။

    Reply

  • စိန်ဗိုက်ဗိုက်

    October 25, 2012 at 2:18 pm

    အတော်ပဲ..
    ကျနော်လဲ အလုပ်ပြောင်းမလို ့ ဆင်းစားနေတာ..

    အူးလေး မန်နေကြာ ဘပုခင်ဗျ
    လူလိုရင် ကျော့်ကို ဆက်သွယ်စေလိုပါတယ်

    Reply

  • Novy

    October 25, 2012 at 2:22 pm

    ကိုဘပုတော့ ဖြဲနေပြီးအောင့်မေ့တာ
    အစက်တွေဆုံးတော့မှ အိမ်သာတွေ့တယ်

    စကားအတင်းစပ်
    ဘာလို့ အမျိုးသမီးအိမ်သာဖြစ်နေတာလဲဟင်..:harr:

    Reply

    • pooch

      October 25, 2012 at 4:36 pm

      ဟုတ်ပါရဲ့ မနို အဲ့ဒါမေးမလို့ :mrgreen:

      Reply

  • အီးအီးပါ ရင်ဆိုတော့ အတွေးတစ်ခုပေါ်လာမိတယ်။

    အဲဒါက ဘာလဲဆိုတော့ ဘယ်လောက် ပါဝါရာထူးကြီးကြိး အီးပါရင်တော့ ဖန်လျင် ရတယ်။ ဆိုတဲ့အတွေးလေးပါပဲ။
    နောက်တစ်ခုက ပုဆိုး၊ ထမီ ဝတ်ပြီး အီးအီး ပါ ရင် အောက်ကနေ ပုဆိုး ၊ထမီးကို လှန်ရတယ်။
    ဘောင်းဘီ ဝတ်ပြီးပါမယ်ဆိုရင် တော့ အပေါ်ကနေ ချွတ်ပြီးမှ ပါရတယ်။ဆိုတဲ့ အတွေးလေးတွေပါပဲ။

    ဒီတော့ လူလောက မှာ အောက် ရယ် ။ အပေါ်ရယ် ဆိုတဲ့ အတွေးရမိသွားတယ်။ နောက်တစ်ခုက ဘယ်လောက် ပါဝါကြီးကြီး လှန်တဲ့အချိန်မှာ လှန်ကိုလှန်ရတယ်ဆိုတဲ့အတွေးလေးပါတယ်။

    ရော တစ်ရာကျပ်

    အိုင်ပီအောင်ပုရေ။

    Reply

  • jullies cezer

    October 25, 2012 at 5:30 pm

    ကိုမိုက်ကယ်ဂျော်နီအောင်ပုရေ အစ်ကို့ post နဲ့တိုက်ဆိုင်တဲ့ကြားဖူးတာပြောပြမယ်
    တစ်ခါကလူတစ်ယောက်က ဆုတောင်းတယ် မိန်းကလေးတွေရဲ့မမြင်အပ်တဲ့အရာကို
    သူအမြဲမြင်ခွင့်ရပါစေတဲ့လေ အဲဒီလူသေတော့ အိမ်သာဖြစ်သွားတယ်တဲ့
    ဘယ်သူကိုမှစော်ကားလိုစိတ်မရှိပါ ရီစရာသက်သက်ကြားရတာကိုပြန်ပြောတာပါ
    အစ်ကိုကအလွှာအတန်းအစားမခွဲတာရေးတော့ ညီမကလဲ တခြားမတူတာလေးမန့်
    ပေးရတာပေါ့ ၁၀ဝ တန်မရှိလို့ ၁ သောင်းတန်ပဲပါတယ် ပြန်အမ်းမှာလား
    မအမ်းလို့အိမ်သာမတက်ရလို့ အီးထွက်ကျရင်အစ်ကို့အပြစ်နော် 😛

    Reply

    • Fall Guy

      October 25, 2012 at 6:22 pm

      10000/100=100 time
      ဘပုကတော့ပြန်အမ်းမယ်မထင်….။အခါ၁၀ဝပေါ့

      Reply

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 25, 2012 at 6:29 pm

    လာမန်းတဲ့သူတွေကို တစ်ယောက်ကိုမှ ကျေးဇူးမတင်ဘူး :mrgreen:
    ဒါပေမယ့်
    ကြုံကြိုက်ရင် မိတ်ဖြစ်ဆွေဖြစ် ကြွခဲ့ဂျပါ ဒစ်စကောင့်ချပေးပါမယ်
    ဥပမာ
    သုံးယောက်နှစ်ရာ တို့
    လူတစ်ယောက် တစ်နေ့ သုံးခါအထက်ဆို ကျန်တဲ့အခေါက်တွေတွက် ဖရီးဖြစ်စေရပါမယ်

    Reply

  • ဦး ဂျစ်

    October 25, 2012 at 6:49 pm

    အောင်ပု
    တောင်ထု
    ဂျော်နီ
    ကော်ပီ
    မိုက်ကယ်
    ဆော်တယ် ….။
    :kwi:

    Reply

  • surmi

    October 25, 2012 at 10:58 pm

    ဘပုကြီး ရေ ့
    အဲဒီလိုလုပ်စမ်းပါဗျ ။ဒီလိုရှတတ လက်ရာတွေ မတွေ ့ရတာကြာပေါ ့ ။
    ကျနော် ခရီးထွက်နေလို့ ။ ဘပုပြောနေတဲ့ ကားထွက်တားတဲ ့ သရဲမလေးတွေအကြောင်းမကြာခင်လာမယ် .။
    ဒီလို သရော်ချက်လေးတွေ လဲ များများလုပ်ပါဦး ။

    Reply

  • ချီးတစ်ခါ ပါ တစ်ရာ ရေချုးိရင်ထပ်ပေးရမယ် ဟုတ်စ
    ဒါဆို နှစ်ခါတော့အကုန်မခံဘူး ရေချိုးရင်းဘဲချီးပါချလိုက်တော့မယ်နော်။
    (ddtb) တော့ တပ်မထားလောက်ပါဘူးနော်

    Reply

  • uncle gyi

    October 26, 2012 at 11:47 am

    စတည်လိုက်တာကလှေလုပ်မလို့သစ်ခုတ်ပြီး
    ရွေလိုက်တာပဲ
    နောက်ဆုံးတော့ယောက်မဖြစ်သွားတယ်ဆိုတာ
    ကိုပုဖြစ်နေတာကိုး

    Reply

Leave a Reply to pooch Cancel Reply

Your email address will not be published.