ဝင်ကစွပ် (သို ့)အိမ်ငှား

nicolus agralOctober 24, 20121min02

သီတင်းကျွတ်တော့မယ်ဗျ

မန်းလေးမှာတော့ အိမ်ငှားရာသီရောက်လာပြန်ပီပေါ့

ခါတိုင်းတော့သိပ်သတီမထားမိပါဘူး အိမ်ငှားတွေရဲ  ့အခက်အခဲကို

ကိုယ်က အိမ်ပိုင်ရှိတဲ့မိဘဆီမှာနေတာကိုး

ဒီနှစ်တော့ အကိုဝမ်းကွဲတယောက် အိမ်ထောင်ကျသွားတယ်

ကျွန်တော့အဒေါ်က သဘောမတူတော့ အိမ်ခွဲပြီးနေရရော

ဒီတော့မှ အိမ်ငှားတွေရဲ  ့အခက်အခဲကိုသတိထားမိလာတယ်

အိမ်ပိုင်မရှိသေးတဲ့သူအဖို ့တော့ နှစ်စဉ်ကြံ  ုနေရမယ်

သွားရေးလာရေးလွယ်မဲ့နေရာ

မိုးတွင်းရေအကြာကြီးမနစ်မဲ့နေရာ (ခနတဖြ ုတ်လောက်တော့ no problem )

ပတ်ဝန်းကျင်လေးလဲ ဖြစ်နိုင်ရင်တော့ကောင်းတဲ့နေရာလေးဖြစ်ချင်တယ်လေ

ဈေးနှုန်းကလဲရှိသေးတယ်ဗျ (မန်းလေးမှာက ၆လ/၁နှစ် စာ တခါတဲပေးရတာများတယ် )

ဒီနှစ် အဆင်ပြေသွားပြီပဲထားပါတော့

အိမ်ငှားခက နှစ်စဉ်တိုးတိုးလာတာပဲရှိတယ် လျှော့တယ်ကိုမရှိဘူးတဲ့

နောက်နှစ်တွေအဆင်ပြေပါ့မလားပူရသေးတယ်တဲ့ဗျ

နေရတာအဆင်မပြေရင်၎င်း

နေရတာအဆင်ပြေပါရဲ  ့ နောက်နှစ်အိမ်ရှင်ကစိတ်ပြောင်းပီးမငှားတော.ရင်သော်၎င်း

နောက်နှစ်ဆို ပြောင်းရမယ်တဲ့

ကျောင်းနေအရွယ်ကလေးရှိတဲ့မိသားစုဆိုရင်တော့ ခနခနကျောင်းပြောင်းနေရတာနဲ ့ကလေးလဲအဆင်ပြေမှာမဟုတ်ဘူးလိုတွေးမိတယ်

ငှားနေရတာဆိုတော့ အခြားပြသနာတွေလဲရှိသေးတယ်တဲ့ဗျာ

သူ ့ကိုကြည့်ပြီး ကိုယ်လဲအိမ်ထောင်ပြ  ုဖို ့ကြောက်လာတယ်

မန်းလေးမှာ အိမ်ပိုင်ရဖို ့ကလဲ အနဲဆုံး သိန်းသုံးလေးရာရှိမှ ခပ်လတ်လတ်လေးရမှာ

ရွှေပြည်တော်ကတော့ မျှော်တိုင်းဝေးပဲ

 

ဒါနဲ ့ မြိ ု့မှာနေတဲ့သူတွေ လူပျိုကြီး အပျိုကြီး ဖြစ်တာ အိမ် ကလဲ factor တခုဖြစ်မယ်နဲ ့တူတယ်

 

2 comments

  • may flowers

    October 24, 2012 at 11:28 pm

    အိမ်ငှားတွေရဲ့ ဒုက္ခကိုတကယ်စာနာမိပါတယ်..အစကတည်းက အိမ်ခန်းမဝယ်နိုင်လို့ ငှားနေရတာ

    တစ်နှစ် တစ်နှစ် သူတို့ခင်မျာအိမ်ငှားခကို တော်တော်လေးရှာဖွေနေကြရတာနော်။ စမ်းချောင်းဘက်

    လောက်မှာတောင် ရှစ်လွှာအခန်းကျဉ်းလေးရဲ့ တစ်နှစ်စာအိမ်ငှားခက ၁၂ သိန်းတဲ့..ရင်ဖိယူရတဲ့ဈေး

    နှုန်းတွေပါ။။ ဒါတောင် ရှစ်လွှာနော်။ ပြီးတော့မြို့ထဲမဟုတ်သေးဘူး မြို့ထဲလိုနေရာမျိုးနဲ့ အထပ်နဲနဲနိမ့်

    နိမ့်တွေရဲ့ ဈေးနှုန်းကတော့ပြောတောင်မပြောချင်တော့ပါဘူး..သာမန်လခစားဝန်ထမ်းတစ်ယောက်

    မမျှော်မှန်းနိုင်တဲ့ ဈေးတွေမို့………… 🙁

    Reply

  • YE YINT HLAING

    October 25, 2012 at 1:18 am

    ကိုအငဲ ရဲ့” ကိုး ” ထဲက” အိမ် ” ဆိုတဲ့ သီချင်း လေးကို သတိရသွားတယ်။ အဲဒီထဲမှာ —

    မြက်ခင်း နဲ့ ခြံဝန်းနဲ့ အိမ်လေးကို ဒို့ နှစ်ယောက် ပိုင်သတဲ့ ဆိုတာ အိမ်မက်ထဲမှာဗျ ! ပိုက်ဆံ လေးတွေ စု ချင်တယ် လကုန်တိုင်း ဆုတောင်းဆဲကွယ် ဒို့ နှစ်ယောက် အတွက် အိမ်လိုချင်တယ် ဆိုတာ အဲဒီ အိမ်ငှါးနေရတဲ့ ဒွတ်ခ တွေကို မခံစား နိုင်တော့လို့ပဲဗျို့ !

    Reply

Leave a Reply

Your email address will not be published.