နိုင်ငံရေး ဥဆောင်မှုတွင် ကြောင်အခန်းကဏ္ဍ ရှော့ခ်ချမည်နှင့် အခြားဆိတ်ဝင်စားဖွယ် news

အထူးသတင်းစာ ရှင်းလင်းပွဲ

တမြန်နေ့က လပြည်တော်တွင် ပြုလုပ်သော နိုင်ငံဒေါ်သတင်းစာရှင်းလင်းပွဲတွင် သမဒဦးကြောင်ကြီးမှ မြန်မာ့ နိုင်ငံရေးတွင် ကြောင်များပါဝင်နေမှုအား နိုင်ငံကြက်ရင့်လာသည်နှင့်အမျှ လျှော့ချသွားမည်ဖြစ်ကြောင်း၊ ယခု လောလောဆယ် ဈေးများတွင် အလေးမခိုးရန် ကြက်သားသည်များတွင် တာဝန်ရှိကြောင်း၊ ကြောင် အစိုးရမှ  စီအိုင်အေ ဂြိုလ်တုမှတဆင့် စီစီတီဗွီရိုက် ကြပ်မတ်စစ်ဆေး သွားမည်ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော တရားဥပဒေစိုးမိုးရေး ကော်မတီမှာ အများထင်ကြသလို ဘာဘာညာညာအတွက် မဟုတ်ဘဲ ကြက်သားရောင်းချမှု မှန်ကန်တိကျရန် နိုင်ငံဒေါ်အဆင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ဖြေကြားသွားသည်။

မေးခွန်းများ ဖြေကြားရာ၌ တဖြည်းဖြည် အရပ်ဖက်အာဏာ လွှဲပြောင်းခြင်းမှာ အင်ဒိုနီးရှားနိုင်ငံတွင်လည်း ထိုနည်းတူစွာဖြစ်ကြောင်း၊ အာဏာရှင် ဆူဟာတိုအား လာဘ်စားမှုဖြင့် အရေးယူခဲ့သလို မြန်မာနိုင်ငံတွင် မလုပ်ရခြင်းမှာမ  နှစ်နိုင်ငံ မတူကြောင်း၊ မိမိပြောလိုသည်မှာ တူချင်သည့်အခါတူ၊ မတူချင်သည့်အခါမတူ၊ မတူ့တတူ တူ့တတူများလည်းရှိကြောင်း၊ စကားနွားရ ပြောခြင်းမဟုတ်ကြောင်း အမှန်တကယ် နွားရသည်မှာ ပြည်တွင်းမှ နွားများကို မှောင်ခိုရသွားသော တရုတ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများဖြစ်ကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ မိမိသဘော ဆုံးဖြတ်မရကြောင်း၊ မိမိသည် ကြောင်သူတော်၊ လွှတ်တော်အမတ်များသည် ကြောင်ဖားများဖြစ်ပြီး မိမိတို့အထက်မှ ကြောင်စုန်းအဘကြီးလက်ခံမှ အတည်ဖြစ်ကြောင်း ပြောသွားသည်။

စစ်ရေးသတင်းနှင့် ပတ်သက်၍ အမေရိကန် ရွှေမြွေဟောက် စစ်ဆင်ရေး လေ့ကျင့်မှုတွင် ပါဝင်ရခြင်းမှာ ပြည်တွင်းရှိ မြွေများအား မဆင်မခြင် တရုတ်ပြည် မှောင်ခိုပို့၍ ပြည်တွင်း မြွေမျိုးတုန်းသွားသဖြင့် ဖြစ်ကြောင်း၊ တရုတ်မှလည်း အီကြာကွေးကြော်နည်း၊ ပေါက်စီလုပ်နည်း ရိက္ခာထောက်ပံ့ရေး သင်တန်းများကို တရုတ်နိုင်ငံ စစ်ကော်မရှင် အုတ်ကထ ကူမြူနစ်ပါတီ ပေါလစ်ဗျူရိုအဖွဲ့ဝင် ကြေးမုံဂျီး လာသည့်အခါ ပေးအပ်ရန်ရှိကြောင်း၊ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး အပ္ပနားဆာမိကလည်း အမြောက်ကြီးများ ကူညီပံ့ပိုးမည်ဖြစ်ကြောင်း၊ တရုတ်ကြီး အနေဖြင့် အစားအစာများတွင် ဓာဓုဗေဒပစ္စည်း အချိုမှုန့်များ လျှော့ချရန်လိုကြောင်းနှင့် အိန္ဒိယမှပေးသော စစ်လက်နက်များ အရည်အသွေး မဆိုးသော်လည်း အရေအတွက်မှာ ကုလားတိုရှည်ဆိုင်မှ အာလူးဟင်းကဲ့သို့ မစို့မပို့ နိုင်လှကြောင်း အသိပေး ပြောကြားသွားသည်။

ရုတ်ရုတ်သဲသဲ ကာယလဗြွတ်မောင်ပြိုင်ပွဲ

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းတွင် ပြုလုပ်သော နိုင်ငံတကာ အလှမယ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ နန်းဇေယျာခင် အင်တာနက်မယ်ဆု ရရှိသွားရာ အားကျမခံ ဂေဇက်ရွာသားများမှလည်း နိုင်ငံတကာ ကာယလဗြွတ်မောင်ပြိုင်ပွဲ ဝင်ရောက်ဆင်နွှဲရာ ရွာသဂျီးဦးခိုင်မှ သွားကြားထိုးတံမောင်ဆု၊ အရက်သမားစိန်ဗိုက်မှ သာခွေယိုင်မောင်ဆု၊ ရွှေမန်းသားကပေမှ ဘောပြားဆု အသီးသီး လျာထားခံရပြီး အများမျှော်လင့်သော ဩဇီဖောဆိုသည်မှာမူ ဥရောပတိုက် ပျားရည်ဆမ်းခရီးတွင် မဆင်မခြင် အားအင်များ ဖြုန်းတီးခဲ့မိ၍ စင်ပေါ်သို့ပင် မတက်နိုင်ရှာပေ။ ထိုသို့ အသီးသီး အစွမ်းပြကြသော်လည်း ချန်ပီယံဆုအနား ဂေဇက်ရွာသား တဦးတယောက် တကောင်တမြီးမှ မကပ်နိုင်ရှာပေ။ ဤသည်ကို မကြည့်ရက်သူ ဦးကြောင်ကြီး ရုတ်တရက် လွှားကနဲ စင်ပေါ်တက် ချွတ်ပြလိုက်ရာ မြောက်ကိုရီးယားမှ တိုက်ချင်းပစ် ညူကလီးယား ဒုံးပျံကြီး ပစ်လွှတ်လိုက်သည် ထင်မှတ်၍ ပရိတ်သတ်အပေါင်း ရုတ်ရုတ်သဲသဲ ပြေးလွှားကုန်၍ ပွဲပျက်သွားသည်။ ပြိုင်ပွဲသို့ ဂေဇက်ရွာသူ တဦးမျှ ကိုယ်ထင်မပြခဲ့သော်လည်း တိုက်ရိုက်ထုတ်လွှင့်သော ဂေဇက်ရွာတွင်မူ အွန်လိုင်းကြည့်သူ အလွန်များ၍ ှဆာဗာကြီး ဒေါင်းသွားခဲ့သည်။

ဦးကြောင်ကြီးနဲ့ လဗြွတ်ပြိုင် ဘယ်သူဒိုင်ကိုင် နိုင် နိုင်ရိုးလား…

မင်းပြားမီးဘေး နိုင်ငံသားကတ်ထုတ်ပေး

ယမန်နေ့ည ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မင်းပြားမြို့ မီးလောင်မှုသတင်း အမှန်မှာ မွတ်စ်ဂဇက်ရွာသဂျီး မာမွတ်ခိုင် OICတံဆိပ် ရှာပွတ်ဆေးစားရင်း ကိုဘေးနွားကြီးအား ကင်မိရာမှ လက်လွန်သွားခြင်းဖြစ်ကြောင်း၊ ယခုအခါ ရွာတာလီဘန်များအား OIC လံကြုတ် သတင်းများကို တချီတမောင်း ပြန်လည်တင်ကြရန် ဖိတ်ခေါ် ထားကြောင်း၊ ကိုစံလှကြီးနှင့် ကိုမိုးတိမ်တို့အဖွဲ့ကိုမူ အသက်မပြည့်သေး၍ အချို့ပို့စ်များ ဖတ်ရှုခွင့် ပိတ်ထားမြဲ ထားမည်ဖြစ်သည်။ ထိုသို့ မင်းမိုက်စရိုက်ဆန်ဆန် ပြုမူနေသည်ကို လက်မခံနိုင်သော မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသမား လူဝံမှုကြီးကြပ်ရေးဌာန ပြည်ထောင်စုဝံကျီး ဦးခင်ရီမှ ၂၄နာရီ အချိန်ပြည့် ရုံးဖွင့်၍ ဂဇက်ရွာသားများအား နိုင်ငံသားစီစစ်ရေးကတ်ပြား ထုတ်ပေးမည်ဖြစ်ကြောင်း ကြေငြာလိုက်သည်။

12 comments

  • jullies cezer

    October 22, 2012 at 9:57 am

    ထပ်မံ၍သတင်းရရှိသည်မှာသမဒဦးကြောင်ကြီးမှ OIC ရုံးဖွင့်ခွင့်မပေးပါဟုကတိပေးကြောင်း
    မြန်မာ့ပျက်တွယ်ရေးမှလည်း Viber ဖုန်းခေါ်ဆိုပါက ဖုန်းလိုင်းဖျက်မယ်ဆိုသည်မှာလည်း
    မဟုတ်ကြောင်း……………….

    Reply

  • မိုးတိမ်

    October 22, 2012 at 10:39 am

    အတော်ရယ်လိုက်ရပါတယ် အူးကြောင်ရယ်။အသက်မပြည့်သေးတော့လဲ ရှိပါစေတော့လေ။

    Reply

  • ဦးဦးပါလေရာ

    October 22, 2012 at 11:06 am

    တခြားတော့ပြောစရာမရှိပါဘူး..
    ုပုံထဲပါတဲ့ ကြောင်အကြီးဆုံးကို
    Deep fried လုပ်ပြီး အချဉ်လေးနဲ့ တွဲစားလိုက်ရရင်…. 😀

    Reply

  • ဆူး

    October 22, 2012 at 12:13 pm

    ရွာသားတွေ ပြိုင်ပွဲ ဝင်တာ မသိလိုက်တဲ့ အတွက် ဖေ့ဘွတ်မှာ လိုက် နိပ်ဖို့ ပျက်ကွက်ခဲ့ပါတယ်။

    Reply

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 22, 2012 at 12:26 pm

    ဆာဗာတောင်ဒေါင်းသွားတဲ့မောင်ပြိုင်ပွဲ… ဘာလို့မသိလိုက်ပါလိမ့် :bar:

    Reply

  • Crystalline

    October 22, 2012 at 12:56 pm

    အိမ်နားကကြောင်တွေသောင်းကျန်းလွန်းဒွတ်ခပေးလွန်းလို့ ကြောင်မွေးသူများအတွက်ဥပဒေသစ်တစ်ရပ် ရေးဆွဲပေးဖို့ သမဒဘဘကြောင်စိန်ကို အဆိုတင်သွင်းလိုပါတယ်ချင့်.. :harr:

    Reply

  • စိန်ဗိုက်ဗိုက်

    October 22, 2012 at 2:49 pm

    တွေ ့လား တွေ ့ လား
    မာမူကြောင်ဂျီးဆီမှာ မြောက်ကိုဒီးယားက ခိုးသွင်းလာတဲ့ တိုက်ချင်းပေါက် နယူကလီးယား ဒုံးကျီ ရှိသတဲ့
    ဝီစီလေးတွေ ဆောင်ထားကြဖို ့ တိုက်တွန်းချင်ပါတယ်

    Reply

    • pooch

      October 22, 2012 at 2:57 pm

      ဝီစီနဲ့တော့ ရမယ်မထင်ဘူး။ ကျဉ်စက်နဲ့ တို့မှ ရမှာ :mrgreen:

      Reply

      • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

        October 22, 2012 at 3:30 pm

        ရှုတ်ပါဒယ် ကြောင်ကုံးကုံးသာ လုပ်ပလိုက် :kwi:

        Reply

  • Black Cloud

    October 22, 2012 at 5:04 pm

    မာမူကြောင်…..
    တရုတ်ကြောင်….
    ဦးကြောင်ကြီး……….

    များလိုက်တဲ့ကြောင်တွေ မှတ်ပုံတင်ကော ရှိရဲ့လားမသိဖူး…….

    Reply

  • koyinmaung

    October 22, 2012 at 5:07 pm

    ကြောင်လဗြွတ်ပြိုင်ပွဲတဲ့ဟေ့….
    တတ်လဲတတ်နိုင်ပါပေ့
    ကိုကြောင်ကြီးရေ……
    ရယ်လိုက်ရတာ အလုပ်ပင်ပန်းတာတွေတောင်
    ဘယ်ရောက်သွားမှန်းမသိဘူး………..

    Reply

  • မောင်ပေ

    October 22, 2012 at 8:17 pm

    ဟုတ်ပါတယ်
    အထက်မှာ ဥကြောင် ပြောသွားသလိုပါပဲ
    စိန်လပေါက် က သာခွေယိုင်ဆု ရယ် ၊ ကျုပ် ရယ်ကတော့ ဘောပြားဆု ကို ဆုပေးဖို ့ရယ်ရွယ်ခဲ့တာပါ
    ဒါပေသည့် မင်းအုပ်စိုး ချွတ်ပြကတဲက အားမလို အားမရဖြစ်ခဲ့ရတဲ့ ဗိုလ်တုတ်ကြီး ဥကြောင် က အားကျမခံ သူပါ မင်းအုပ်စိုး အဆင်လိုက်နင်းတော့….
    ဆုတွေ ဗရင်းနယူး အသစ်ချပ်ချွတ် ကျန်နေသေးတယ်
    အဲဒါ…အဲဒါ(ခရက်ဒစ် တူ သဂျီး)
    မကြာမှီ ကျုပ်
    ထီပေါက်ပြီးနောက်သော်လီးကောင်း ( လီးကောင်း = ခရက်ဒစ်တူ ကိုပု )
    ကျောက်အောင်ခဲ့လျှင်သော်လီးကောင်း
    မန်းဂေဇက်ဝင်အားလုံးကို စပွန်ဆာပေးရွေ ့ ယှဉ်ပြိုင်စေမည် ဖြစ်ပါကြောင်း ၊ တင်ကြို သတိပေးပါအိ

    Reply

Leave a Reply to သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow Cancel Reply

Your email address will not be published.