မိန်းမသားနှင့် Bus ကား

A Lin PhyuJuly 13, 20101min06

( ၂၃၁ ) Bus ကားပေါ်မှာတွေ့ရတဲ့ စာစုလေးပါ။
အမျိုးသမီးများအား-ဦးစားပေးပါ
ညှာတာပါ
စောင့်လျှောက်ပါ
အထက်ပါစာစုလေးက အမျိုးသမီးများ Bus ကားပေါ်မှာကြုံတွေ့တတ်တဲ့သာ
ဓကလေးတွေ အနည်းငယ်တော့လျှော့နည်း
သွားတာအမှန်ပါ။ ထိုစာစုလေးကိုသာ အားလုံးသာ
လိုက်နာမည်ဆိုပါလျှင်ကျွန်မတို့
မြန်မာအမျိုးသမီးများအတွက်
လုံခြုံမှု အပြည့်အဝရမည်မှာသေ
ချာပါသည်။
အလင်းဖြူ

6 comments

  • wunna

    July 13, 2010 at 3:09 am

    လူဆိုတဲ့အမျိုးက လွယ်ရင် သူကြွယ်တောင် လက်လွယ်တယ်လို့ဆိုရိုးရှိတယ်လေ။
    ကားတွေက ငပိ ငါးချဉ် သိပ်သလို ကြပ်နေလို့တော့၊ အဲ့လိုမျိုး ဇတ်လမ်းတွေ လွယ်လွယ်ဖြစ်တာပေါ့။
    နှမချင်းမစာနာ တဲ့ အပြုအမူတွေလုပ်ဖို့ လွယ်သွားတယ်။ လွယ်တော့ ပိုလုပ်ကြတယ်။
    ခါးပိုက်နှိက်ဖို့ လွယ်သွားတယ်။ လွယ်တော့ပိုလုပ်တယ်။

    အားအားရှိ သူတို့ မကောင်းဘူးပြောနေတာပဲလို့တော့ အပြစ်မဆိုပါနဲ့။ တစ်ကယ်တော့ အစိုးရအနေနဲ့ ကားတွေကို အခုလို ကြပ်သိပ် နေတာမျိုး မဖြစ်အောင် စီစဉ်ပြီးရင် ဒီပြသနာတွေ အနည်းနဲ့အများ ပြေလည်သွားမှပါ။

    Reply

  • winne

    July 13, 2010 at 4:42 am

    နှမသားချင်း ကဲ့သို့ စာနာစိတ်တကယ် ရှိကြရင်တော့ ကောင်းတာပေါ့။ ကားကျပ်ရင် မဟုတ်တဲ့ ကောင်တွေကလည်း ရှိသေးတယ် ဒါမျိုးတွေက ကိုယ်နည်းကိုယ်ဟန် ဖြေရှင်းခဲ့ရတာတွေလည်း ရှိတယ်။ အရင်ကတည်းက ဒေါက်ဖိနပ်ဘဲ စီးတယ် အဲဒါမျိုးတွေကို တက်နင်းပြီး နောက်ဆုတ်သွားအောင်။ ငယ်ရွယ်သူဆို အရမ်းကို သွေးလန့်သွားမှာ ကိုယ်တွေ့ပေါ့။ အဲဒီတုန်းကဆို အသက် ၁၄ ၁၅ လောက်ဘဲ ရှိမယ် ကားစီးရင် သိပ်ကျပ်ချိန်ဆို အနား အတင်းကပ်တဲ့လူတွေကြုံဘူးခဲ့ ချိန်မှာတော့ အိမ်လည်း မပြောရဲဘူး အဖေအကို မြင်ရင်တော့ စိတ်ထဲ အလိုလိုခြောက်ခြားမိတယ် တော်သေးတာ ဘစ်ပေါ်မှာ အတင်းကပ်တဲ့ ကိစ္စလောက်ဘဲ မိုလို့ သူထက်သာ ဆိုးရင် ရူးသွားမလား မသိဘူး.. နောက်မှတွေးရင်းနဲ့ ဒေါက်ဖိနပ်ဘဲ စီးတော့တယ် ဒါမျိုးဆို လာထား တက်နင်းလိုက်ရင် ခြေထောက်အပေါက်ဘဲ အသံတိတ်လက်နက်ဘဲ။ အသားနာတော့ ငြိမ်သွားတယ်။ လူကြီးတွေက ပြောတာ ကြားဘူးတယ် ဂျိတ်အကြီးကြီးတွေ ဆောင်ထားတယ် ဘာညာဆိုတာ အခုခေတ်ဘစ်ကား ဆိုတာက လက်နှစ်ဘက်လုံး မအားရဘူး လက်မြှောက်ထားရတာ ဘယ်လက်နဲ့ ဂျိတ်ကိုင်ပြီး အသုံးချမလဲ။ ငယ်ငယ်က အတိတ်လေး တခုကို သတိရလို့ ပြန်ပြောမိတာပါ

    Reply

  • gar

    July 13, 2010 at 6:01 am

    လွယ်ရင် သူကြွယ်တောင် လက်လွယ်တယ်

    Reply

  • zawana

    July 13, 2010 at 10:50 am

    “အမျိုးသမီးများအား-ဦးစားပေးပါ
    ညှာတာပါ
    စောင့်လျှောက်ပါ”
    ဟုတ်တယ်။ အဲလိုစာသားလေးတွေကို မြန်မာနိုင်ငံက ဘတ်စ်ကားတွေမှာ များများကပ်ထားပေးနိုင်ရင်ကောင်းမယ်။ နောက်ပြီး “ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ဦးစားပေးပါ” စသဖြင့် စာလေးတွေကို အခုဘတ်စ်ကားတွေမှာ ကြော်ငြာကပ်နေတဲ့ ကုမ္ပဏီတွေက ထည့်ပြီးကြော်ငြာ ပေးရင်ပိုကောင်းမယ်ထင်တယ်။

    Reply

  • Maung Dae`

    August 23, 2010 at 9:15 am

    ကျွန်တော်တွေ့ဖူးတာကတော့ ယာဉ်စီးခ အတိအကျပေးခြင်းဖြင့်ကူညီပါ။ တဲ့…..
    ကျွန်တော်လဲပြန်ပြောလိုက်ချင်ပါတယ်

    ပိုသောငွေ အတိအကျ ပြန်အမ်းခြင်းဖြင့်ကူညီပါလို့…

    မောင်ဒဲ့

    Reply

  • fatty

    August 23, 2010 at 9:47 am

    ဟိုး ..လွန်ခဲ့သော နှစ်ပေါင်း ၂ဝ လောက် ကဖြစ်မည် ထင်ပါသည် … ရန်ကုန် မှာ မင်္ဂလာဒုံ နဲ့ ဆူးလေ ဆွဲသော နံပါတ် ၉ လိုင်း ကို အလယ်က သံဇကာ ခြားပြီး
    နောက် ပိုင်း က မိန်းကလေး များ စီးရသည်။ ရှေ့ပိုင်း က ယောကျာင်္း များ သာ စီးရသည်။ ထိုသို့ လုပ်ခဲ့ဘူးသည်။

    Reply

Leave a Reply

Your email address will not be published.