ဒီကိစ္စ…ဘယ်သူတာဝန်ယူမလဲ..

နွေဦးOctober 20, 20121min011

ဘာပြောရမလဲ..လုပ်တဲ့သူတွေက လုပ်ပေးနေပါတယ်..။
ရည်ရွယ်ချက်လည်းကောင်းပါတယ်..။
အမြန်ဆုံးလဲ အကောင်အထည်ဖေါ်နေပါတယ်..။
ဒါကို အကောင်းမမြင်တဲ့သူတွေ အမျိုးမျိုးဝေဖန်လဲ လုပ်သင့်တယ်ထင်တာကို လုပ်နေကြတာပါဘဲ..။
ကောင်းလာမယ်မကောင်းလာဘူးဆိုတာ အသေအချာတော့ မပြောနိုင်ဘူးပေါ့..။
ခုဘဲကြည့်……

ယာဉ်ရပ်နားဘို့တဲ့
ယာဉ်ရပ်နားဘို့တဲ့

ဘယ်လိုနားလည်ပေးရမှာလဲ..
ကြိုးစားပြီးလုပ်ပေးနေတဲ့ သူတွေကိုမှအားမနာ..
ခပ်ဝေးဝေးတောင်မရောက်သေး..
မျက်စေ့အောက်မှာတင်ရှိနေသေးတာတောင်..
မျက်နှာပြောင်ပြောင် သူတို့မို့လုပ်ရက်တယ်..

အော်..အလုအယက်ဆိုင်ထွက်နေတဲ့သူတွေ ပြောပါတယ်…

ဒါပေမဲ့ ဈေးရောင်းဘို့နေရာ ဖြစ်နေတယ်
ဒါပေမဲ့ ဈေးရောင်းဘို့နေရာ ဖြစ်နေတယ်

ဘယ်အချိန်မှာ ဘယ်သူတွေက ကူပြီး
ဘယ်လိုခရီးကို ဘယ်တော့ရောက်လိမ့်မလဲ လို့….

နွေဦး..တွေးမိသလို ရေးကြည့်ပါသည်..။

11 comments

  • နွေဦး

    October 20, 2012 at 4:44 pm

    သူတို့ဈေးရောင်းဘို့ လမ်းခင်းပေးနေသလားဘဲ..

    Reply

  • သစ် တည်

    October 20, 2012 at 4:59 pm

    ကျွန်တော်တာဝန်ယူပါ့မယ်……

    Reply

  • the best

    October 20, 2012 at 6:50 pm

    ဒီလိုလမ်းဘေးဆိုင်က စည်ပင်ဝန်ထမ်းတွေအတွက် စားဝတ်နေရေးပြေလည်အောင်
    တစ်နေ ့တစ်နေ ့ငွေတွေအများကြီးရှာပေးနေပါတယ်။
    ယာဉ်ရပ်ဖို ့နေရာလုပ်ပေးတယ်ဆိုတာ ပြီးရင်ဘာဖြစ်မလဲ စောင့်ကြည့်လိုက်ပါအုံး။

    ဒီဈေးသည်တွေကျေးဇူးကြောင့်စည်ပင်တွေ နေ ့စဉ်ပုံမှန်အပိုဝင်ငွေရနေတာပါ။
    စည်ပင်တွေဟာ ဈေးသည်တွေကို စိတ်နဲ ့တောင်မပြစ်မှားရဲပါဘူး။
    နေ ့စဉ်လိုက်တောင်းလို ့ရတဲ့ငွေတွေ မနည်းပါဘူး။

    အခုတောင် UMFCCI က လက်လီရောင်းချသူများအသင်းကို ခိုင်ခိုင်မာမာဖွဲ ့စည်းဖို ့၊
    အသင်းဝင်ကြေးများများရအောင် လမ်းဘေးဈေးသည်တွေကိုပါ စည်းရုံးပြီးဖွဲ ့တော့မယ်။
    ဘယ်လိုအတွေးအခေါ်မျိုးနဲ ့ဒီလောက်ကြီးကျယ်တဲ့အသင်းကြီးကိုကိုဖွဲ ့ဖို ့ကြံစည်ကြသလဲဗျာ။

    အသင်းကြီးဖြစ်လာရင် ဒီထက်တောင်ပိုဆိုးလာအုံးမယ်လို ့ မြင်မိပါတယ်။
    လမ်းဘေးဈေးသည်တွေလာမထိနဲ ့ တစ်လမ်းလုံးပိတ်ပြီး ဆန္ဒဖေါ်ထုတ်လိုက်မယ်လို ့ဖြစ်လာမလား။

    UMFCCI ကနောက်ထပ် လမ်းဘေးတောင်းစားသူများအသင်းကိုတောင် ဖွဲ ့အုံးမလား မသိဘူး။
    ခိုင်ခိုင်မာမာဖွဲ ့စည်းပြီး အသင်းဝင်ကြေးများများရအောင်
    လမ်းဘေးကသူတောင်းစာတွေကိုပါ ကျယ်ကျယ်ပြန် ့ပြန် ့စည်းရုံးအုံးမလား၊မသိဘူး။

    အရေးကြီးဆုံးက စည်းကမ်းရှိရှိရောင်းဖို ့၊စနစ်တကျရှိဖို ့ပါပဲ။
    ဈေးသည်တွေလည်းအဆင်ပြေ၊ ယာဉ်တွေလည်းအဆင်ပြေအောင် ဆောင်ရွက်တတ်ဖို ့ပဲလိုနေတာပါ။
    အခုဆိုဈေးသည်တွေလည်းစည်းကမ်းမရှိ၊ ယာဉ်တွေကလည်း စည်းကမ်းမရှိ ဖြစ်နေပါတယ်။

    လက်ရှိစည်ပင်က အရာရှိတွေအားလုံး အောက်ခြေဝန်ထမ်းအားလုံးဟာ၊
    စည်းကမ်းတကျ စီမံကွပ်ကဲနိုင်တဲ့ အရည်အချင်းမရှိကြသေးပါဘူး။

    အဆင်ပြေအောင် ဆောင်ရွက်တတ်ဖို ့စနစ်တကျလေ့လာသင်ယူပြီး
    အရည်အသွေးပြည့်ဝအောင် ဆည်းပူးကြပါလို ့တိုက်တွန်းပါရစေ။

    Reply

    • မောင်ပေ

      October 20, 2012 at 8:39 pm

      ဒီဘက်စ်ပြောသလို ဖြစ်မလာဘူး လို ့ပြောလို ့မရဘူးနော
      နောက်ပိုင်း
      ငြိမ်းချမ်းစွာ ဆန်ဒ ဖော်ထုတ်နေကြသော သူတောင်းစားများ(သို ့) စဏ္ဍာလများ (သို ့) တောင်းစားသူများ အဖွဲ ့ ဆိုပြီး လမ်းတွေပေါ်မှာ မြင်ရလောက်တယ်
      ဦးဆောင်မယ့်လူသာရှိခဲ့ရင်ပေါ့

      Reply

    • kai

      October 21, 2012 at 2:31 am

      ဒီမိုကရေစီအခွင့်အရေး.. အနှစ်သာရတွေကို.. လက်တွေ့ကျင့်သုံးရင်း… စမ်းသပ်နေကြတာလို့ထင်မိတယ်..
      လမ်းလေးဈေးသည်တွေက.. လမ်းဘေးဈေးသည်သမဂ္ဂဖွဲ့ရင်.. ဖမ်းမယ့်စည်ပင်နဲ့..ရဲတွေကလည်း.. စည်ပင်ရဲသမဂ္ဂပြန်ဖွဲ့ရတယ်ပေါ့.. :kwi:
      ဒီနေရာမှာ အင်မတန်အရေးကြီးတာက.. ဘယ်ညာ.. နိုင်ငံရေးလမ်းပြမြေပုံအရ.. ဘယ်ပါတီက.. ဘယ်ဖက်ကရပ်ပေးမလည်း ဆိုတာပါ…။
      အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က.. သမဂ္ဂတွေဖက်ကဝင်ရပ်ပေးရင်း အကူအညီတွေပေးဖို့လိုနေပြီ ထင်မိပါတယ်..။

      ဒီလိုနဲ့.. တဖြည်းဖြည်း.. ထိမ်းညှိသွားနိုင်မယ်ပေါ့..။
      အစိုးရရော.. လူထုရော.. အချိန်သည်းခံကြစေလိုပါကြောင်း… လို့ပြောချင်မိတယ်..။

      Reply

  • Mobile

    October 20, 2012 at 8:33 pm

    The Best ပြောတာကို သဘောတွေ့မိတယ်ဗျာ။

    Reply

  • Onyx

    October 21, 2012 at 11:21 am

    အမှန်တော့ အဲလို လမ်းတွေပေါ်မှာ ဈေးရောင်းတာ ဒီမိုရတာမရတာနဲ့လဲ မဆိုငါဘူး စီးပွားရေး မပြေလည်မူနဲ့ပဲ ဆိုင်ပါတယ် ။ အခုတော့ မြန်မာနိုင်ငံမှာ လမ်းဘေးဈေးသည် ကတော်တော်လေး ခေတ်စားနေ ပါပြီ ။ ဒါကို ပပျောက်အောင်ဆို အချိန်များများကိုယူရဦးမှာပါပဲ။
    သူတို့တွေရဲ့ တစ်ရက်ဝင်ငွေက လဲ မနည်းတာလဲ ပါ ပါတယ်။ သာမာန် လခစားတစ်ယောက် ရဲ့ ဝင်ငွေထက်များတာတွေတောင်ရှိနေသေးတာပဲ အဲဗျာ……ပြောရင်တောင်ကုန်မှာမဟုတ်တော့ဘူး
    သေချာတာက စည်းကမ်းမဲ့ချင်းသာ ဖြစ်တယ်လို့ မှတ်ချက်ပေးလိုပါတယ် ခင်ဗျာ။

    Reply

  • cobra

    October 21, 2012 at 2:09 pm

    လမ်းဘေးဈေးသည်တွေကိုဖမ်းတာလည်းတွေ ့ဘူးပါတယ်။
    ခုနောက်ပိုင်းတော့ စည်ပင်ဝန်ထမ်းတွေနဲ့ညှိပြီး အချိန်နဲ ့ရောင်းနေတာ
    တွေ ့ရပါတယ်။

    Reply

  • uncle gyi

    October 21, 2012 at 4:02 pm

    အစကတည်းကကျူးရောင်းသူတွေဆိုတော့သူ့တို့ကိုယ်သူတို့တာဝန်ယူရမှာပါ

    Reply

  • padonmar

    October 21, 2012 at 6:46 pm

    CJ နွေဦး
    လသာမြို့နယ်ထဲလည်း လမ်းဘေးဈေးသည်တွေနဲ့ ညနေဆို ကားတွေ မနည်းမောင်းရတယ်။
    တစ်ရက် သတင်းစာထဲမှာ စဉ့်အိုးတန်းလမ်းထိပ်ကနေ ရီုက်ပြီး မသင့်တော်ပါဘူးလို့ သတင်းဆောင်းပါးလေးပါလာတယ်။
    နောက်တစ်နေ့ကျတော့ စည်ပင်ရော ရဲတွေရောစောင့်နေတာ ဘယ်ဈေးသည်မှ မရောင်းရတော့ဘူး။
    ကိုယ်တောင်သူတို့ကို သနားလို့။
    ၂ရက်ကြာသည်မှ နောက်တွင် ဒုံရင်းအတိုင်း……………

    Reply

  • nature

    October 21, 2012 at 7:19 pm

    သမ္မာအာဇီဝနဲ့ ဈေးရောင်းနေတဲ့ လမ်းဘေးဈေးသည်တွေကို စံနစ်တကျခွင့်ပြုထားပေးခြင်းဟာလည်း ဆင်းရဲမွဲတေမှုပပျောက်ရေး ရဲ့တစိတ်တဒေသဖြစ်မယ်ထင် ပါတယ်။ လမ်းဘေးဈေးရောင်းရင်းနဲ့စီးပွားရေးအဆင်ပြေသူတချို့ဟာလဲ ဆင်းရဲမွဲတေမှု ကလွတ်မြောက်လာသူတွေလို့ဆိုနိုင်ပါတယ်။ ဆင်းရဲမွဲတေမှုပပျောက်ရေးဆိုပြီးလမ်းဘေးဈေးသည် ဖမ်းနေမယ်ဆိုရင်တော့ ဆင်းရဲမွဲတေမှု စာရင်းထဲမှာလမ်းဘေးဈေးသည်တွေ အပို ပါသွားနိုင်ပါတယ်။

    Reply

Leave a Reply

Your email address will not be published.