ဝုတ်..ဝုတ်.. သိပ်စိတ်ဆိုးတယ် shock

ကြွက်ကင် ငါးကင် ငှက်ကင်တို့ အရှင်သခင် နိုင်ငံဒေါ်သမဒအကြီးကြီး ဦးကြောင်ကြီးအား ကြက်ကိုက်ခွေးပါတီ အုတ်ကထအဖြစ် ပြန်လည်တင်မြောက်လိုက်သည်။ ဒူဝေဝေဝေ… ဖြောင်းဖြောင်းဖြောင်း… ဝူး.. အူ အူ အူ…. ပွဲကတော့ သိပ်ကြည့်မကောင်းပေ၊ ဘယ့်နှယ် ခွေးပါတီတွင် ကြောင်ဥက္ကဌဖြစ်နေသည်ဆိုတော့ တိရစာ္ဆန်သမိုင်း ပြင်ရမလို ဖြစ်နေပြီ။ သို့သော် ကိစ္စမရှိ ခွေးကျင့်ခွေးကြံပါတီတွင် ဘာမဆို ဖြစ်လို့ရသည်။ အရေးကြီးသည်က ခွေးများဆက်ကောင်းစားဖို့ဖြစ်သည်။ အခြေအနေက အရင်လိုမဟုတ်၊ စစ်ခွေးဈေး လွန်စွာကျဆင်းနေသည်။ မြန်မာပြည်သူ ပြည်သားများ လွန်စွာဖင်ခေါင်း ကျယ်သွားကြပြီ။ ခွေးမွေးခြင်းတောင် စစ်ခွေးဆိုလျင် ရိုင်းသည် ကြမ်းသည်၊ တယ်ရီယာခွေး အမွှေးစုတ်ဖွားလေးမှ၊ အင်းစပ်အလှမွေးခွေးလေးမှ အိမ်မွေးခွေး ထင်တော့သည်။ ဒီအတိုင်းဆို စစ်ခွေးများ တောပြန်ရတော့မည်။ တောကလည်း ကြေးမုံဂျီးအမျိုး တရုတ်ကြီး အခုတ်ကောင်း၍ ပြုန်းကုန်ပြီ။ ဒင်းကလည်း စားပြီးနားမလည် ဝါးပြီးထွေးထုတ် အခုမှ မသိချင်ယောင်ဆောင်နေကာ အယင်လို ခွေးပေါက်ဖော် အသံကောင်း မဟစ်တော့။ တလောကပင် လေသံပစ်သည်၊ ဘာတဲ့.. လူများနှင့် ပိုမိုထိတွေ့ ဆက်ဆံမည်၊ ကောင်းကြသေးရဲ့လား အရပ်ဂဒို့…။

တရုတ်ကြီးတောင် ခွေး လူရာမသွင်းလျင် အဖြူကောင်များ သာ၍ဆိုးတော့မည်။ တနေ့ကပင် မြန်ကျင့်တိုမ်းစ် ကာတွန်းတွင် သမဒဂျီးဦးကြောင် ဘိန်းကျွေး မွေးထားသည့် စာကလေးများအား ဇီဝိတဒါန လွှတ်လိုက်တိုင်း ပြန်ရောက်လာသည်မှာ ခွေးများခြိမ်းချောက်၍ ဖြစ်သည်ဟု သရော်ထားသည်။ အတော်တုံးသည့် ညံ့ဂျီးရှင် ကာတွန်းဆရာဖြစ်ရမည်၊ ဘိန်းစားငှက် အဘယ်သို့ ဝေးဝေးပျံ ပြေးနိုင်မည်နည်း။ အချိန်တန် ဘိန်းငိုက်ရန် မူလအိပ်တန်း ပြန်ရမည် မဟုတ်ပါလော။ အသိညဏ် မရှိသည့် ငှက်သတ္တဝါပင် သူ့အိမ်သူ့ယာ သိတတ်လျင် လောကတခွင် လူတွင်ကျယ် လုပ်နေသူများ ပိုနားလည်ရမည်။ မီဒီယာသမား ဆိုသည်ကလည်း ခက်သည်၊ အမှတ်မရှိ ခွေးမြီးတောက် ကျည်တောက်စွပ် စကားနှင့်ပင်မတန် လူ့လဗြွတ် ကွန်ဒွန်စွပ် ဟု ပြင်ဖို့သင့်သည်။ အဲဒီဂျာနယ်မှ ဥဒဏ်ဆိုသူ အဆိုးဆုံးဖြစ်သည်။ ဟိုးတလောက နာမည်နှင့်လိုက်အောင် သူ့ဥဒဏ် သူခံရတာ အမှတ်သညာ ရှိပုံမပေါ်၊ ထကြွသောင်းကျန်းနေပြန်ပြီ။ ဒီတခါတော့ ဥမခံနိုင်အောင် အပြတ်လုပ်ပစ်လိုက်ရန် ပထမအဆင့် အနေဖြင့် ဓမြတဝီဝီ စစ်ခွေးသတင်းစာ အင်တာနက်တွင် ခွေးချစ်သား အကောင်အမည်သုံးကာ “မဟန် ဤသို့ညစ်ပါမည်” ဆောင်းပါးဖြင့် စိတ်မကောင်းဖြစ် တုန်လှုပ်ရပါကြောင်း ဟောင်ခိုင်းသည့်အပြင် ကုတ်ချာ အာဘော်လည်းဖြစ်ကြောင်း၊ ဝမ်းနည်းရပါကြောင်း ဖျံကြရေးမှူးကြီး ဦးကြောင်ခွေးမှတဆင့် သွားဖြဲပြ ခိုင်းလိုက်သည်။ မီဒီယာမှ ဆူဆူပူပူ လုပ်လာလျင် ခွေးဘာဝါဘာဝ တော်သလင်းလ အူခြင်းထက် မပိုကြောင်း လေပြေထိုး လျောချမည်၊ အဆင်ပြေလျင် မာန်ဖီထားပြီး၍ ကိုက်ရန်သာရှိကြောင်း ဆင်ခြေပြမည်ဖြစ်သည်။

သမဒဂျီးဦးကြောင်ကတော့ အမြီးတလှုပ်လှုပ်နှင့် အခြေအနေကို စောင့်ကြည့်ရင်း “အေဗေး ခွေးမျိုးတွေ နင်တို့ လုပ်ပုံနဲ့ ငါရထားတဲ့ နိုဗဲလ်ဆု နော်မီနိတ်စာရင်း ဝင်ထားတာလေး ပြုတ်တော့မယ်” ဟု စိတ်တွင်ကြိတ်ဆဲကာ နေသည်။ သမဒရုံ အကျန်ပေး ကြောင်ဖား ကြောင်သူတော်များမှ အဲလိုမဟုတ်ကြောင်း၊ ပေးပြီးစလစ်နံပတ်တစ် တိုင်တလုံးငါးမတ် သမဒဂျီးပါး ငါနမ်းဖြစ်ကြောင်း လျောက်တင်မှ နေသာထိုင်သာ ရှိသွားသည်။ အခြေအနေက သိပ်ဆိုးပုံမရ၊ မည်သည့် မီဒီယာမှ ဟုတ်တိပတ်တိ ပြန်ကလော် မတုပ်ရဲကြ။ အလကားကောင်တွေ မလုပ်ဘဲ လွှတ်ပေးထားလျင် တုတ်ပြခဲပြ ပုဆိုးလှန်ပြတတ်သည်၊ လေးခွနှင့် ပစ်မည်ဆိုသောအခါ ကိုယ့်အဝှာ ကိုယ်အုပ် လူကြားထဲ ပျောက်နေသည်။ အေးလေ နင်တို့တကယ် သတ္တိရှိမှတော့ ငါတို့ကျွေးတဲ့ အမဲရိုး ကိုက်ပါ့မလား၊ အသားတုံးကြီး တဝင်းဝင်း ရှိကထဲက ရအောင်ယူပြီပေါ့။ မွတ်စ်ဂဇက် အွန်လိုင်းဆိုလျင် မွတ်စ်အရေးတော်ပုံ ဖန်တီးကာ လမ်းကြောင်းပြောင်း အာရုံလွှဲ ပြလိုက်သေးသည်။ ကောင်းပေစွ… အယ်ဒီတာချုပ် မာမွတ်ရှာပွတ် ဥစ်ခိုင်အား ရခိုင်အရေးငြိမ်သွားမှ နေ့စဉ်သတင်းစာ ထုတ်ခွင့်ပေး သူကောင်းပြု ချီးမြှောက်ရပေ အုံးတော့မည်။  မူရင်းကာတွန်း ဆောင်းပါး ဖတ်လိုလျင် ဤ လင့်ခ် သို့သွားပါ။

လွှတ်ရာကို ပစ်တာလား၊ ပစ်ရာကို လွှတ်တာလား သားသားသိတော့ဝူး။ (ကာတွန်း – ဟန်လေး မြန်မာတိုမ်းစ်)

10 comments

  • ဦး ကျောက်ခဲ

    October 19, 2012 at 10:57 am

    ကိုကြောင်

    ဥဒဏ် နဲ့ တရုတ်ကြီး ကို တေ့ပေးပြီး
    မြန်ကျင့်တိုမ်းစ် နေရာမှာ မွတ်စ်ဂဇက် နေ့စဉ်သတင်းစာ နဲ့ အစားထိုး
    ကြောင်ချစ်သား ကလောင်နဲ့ အယ်ချုပ် မာမွတ်ရှာပွတ် ဥစ်ခိုင် ကို ကလော်ပါလေ…….

    Reply

  • သီရိမဟာ ဥမ္မာဒန္ဒီ ပပဝတီ ဦးဗြဲရမ်း ဒေါ်ဗလဗွ သမီး ညောင်ရမ်းဂွတို Wow

    October 19, 2012 at 12:04 pm

    မွတ်စ်ဂေဇက်အွန်လိုင်းက အယ်ချုပ်က ဒီစာမူဂျောင့် ကြောင်ဂို သမက်မတော်ဒေါ့ဘူး ဆိုရင် ဘိုရုတ်မရဲ :harr:

    Reply

  • Thanlwinoo

    October 19, 2012 at 1:54 pm

    သူများနိုင်ငံတွေမှာ စာကလေးတစ်ခါလွှတ် ပြီးရော….။

    ကျွန်တော်တို့ဆီမှာ စာကလေးတွေ ခဏခဏလွှတ်နေရတာ ပိုမကောင်းဘူးလား…. ကြက်ကိုက်ခွေးပါတီ အုတ်ကထ/ သမဒအကြီးကြီးခင်ဗျား..။

    မှ… စာကလေးသား ကြိုက်သူ

    Reply

  • မောင်ပေ

    October 19, 2012 at 9:11 pm

    USA တွင်တော့ မသိ
    ဒီမှာတော့ “ဂျယ်” ဆိုတာကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီ ဖြစ်ပါကြောင်း
    သတင်းပို ့ပါတယ်

    Reply

  • အဂ္ဂမဟာ ဂန္ဓ ဝါစက္က ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန ္တအူးဘဇင်းဗိုက် { B.E }

    October 19, 2012 at 9:24 pm

    အူးကြောင်ရဲ့ ဝုတ်ဝုတ်ကို တစ်ခေါက်ဖတ်
    ပြီးတော့ http://burma.irrawaddy.org/archives/23028 မှာတစ်ခေါက်ဖတ်
    ပြီးတော့
    ဝုတ်ဝုတ်ကို ပြန်ဖတ်
    အင်း..
    အယ်ဒီတာ မာမွတ်ရှာပွတ်အူးခိုင်က ခေါင်းမူးတယ် ရှင်းရှင်းရေးဆိုပြီး ဝမ်နင်ပေးတော့မယ်နဲ ့တူပါရဲ့

    Reply

    • kai

      October 19, 2012 at 11:44 pm

      အဲဒဟာကြောင့်.. မြန်မာပြည်အနောက်ကမ်းအရေး.. စစ်တပ်ကိုင်တတ်ပါတယ်..ပြောနေတာပဲ..ဟာကိုပဲ..ဟာကို… :kwi:

      Reply

      • surmi

        October 19, 2012 at 11:55 pm

        ခက်တာက သူတို့ကို ကိုင်ရော
        သဂျီးဆိုက်ကို ဝင်မွှေရော ။ သဂျီးလည်း ဟာဂျီဘွဲ ့ရ ဂဇက်လည်း မွတ်စ် ဂဇက်ဖြစ်
        အသဟာကြောင် ့ အစကတည်းက ပြတ်ပြတ်သားသား လုပ်လိုက်ရင်ပြီးရော…..

        Reply

Leave a Reply to အလင်းဆက် Cancel Reply

Your email address will not be published.