အတွေးရထား

naywoon niOctober 17, 20121min011

အတွေးတစ်စကနေ
နောက်တစ်စ
အတွေးစတွေဆက်….ဆက်ပြီး
လွင့်မျောနေပုံက
ဆေးလိပ်မီးခိုးတွေလို
တိမ်ခိုးတွေလို……….
အဲဒိလိုနဲ့ အတွေးတွေ ခရီးသွားပုံက
ပိုပိုမြန်လာပြီး
ရထားတစ်ဆင်းလို အရှိန်ပြင်းပြင်းခုတ်မောင်းသွားပြီ….။
ငါမောင်းနှင်နေတဲ့ အတွေးရထားက
ဘယ် ဘူတာရုံမှာ မှလည်းမရပ်
ရပ်စရာလည်းဘရိတ် မတပ်ထားမိဘူး
ခက်ချည်ရဲ့………။
အဲဒိလို နဲ့မောင်းနှင်
မောင်းနှင် နေရင်းနဲ့
ငါကိုယ်တိုင်လည်း ရထားပေါ်တက်လိုက်သွားခဲ့မိပြီ….။

11 comments

  • မောင်ပေ

    October 17, 2012 at 8:53 pm

    အတွေးရထား
    ကြေးကစား
    ဈေးသွား

    Reply

  • ကြောင်ကြီး

    October 18, 2012 at 8:49 am

    အတွေးရထား
    သလေးစပါး
    ခလေးဖလား
    မနှေးတပါး..။

    Reply

  • kyeemite

    October 18, 2012 at 9:40 am

    အတွေးရထား
    အကြွေးများ
    ပေးမလား
    မပေးသွား
    အသေးအမွှား
    အပြေးအလွှား
    ကလေးကစား
    အနှေးရထားးးးးးးးးးးးးးးးးးးးး

    Reply

  • ကိုခင်ခ

    October 18, 2012 at 11:48 am

    အတွေးရထား
    အနှေးသွားမလား၊
    အမြန်ခုတ်အား
    အပြေးသွားမလား၊
    သွားတော့သွားသည်
    အတွေးအစီအရီ။

    Reply

  • အစီအရီအတွေးတွေကို
    ဆေးလိပ်မီးခိုးတွေထဲထည့်
    မရပ်မနား တွေးတော့
    မီးခိုးတွေကလဲ အဆက်မပြတ်
    နောက်ဆုံးရလာဒ်ကတော့
    အဟွတ် အဟွတ် အဟွတ်
    မြင်းရထားခေါ်ပြီး ငါ့ကိုဆေးရုံပို့ပေးကြပါ။

    Reply

  • နေဝန်းနီ

    October 18, 2012 at 2:50 pm

    ကဗျာကို ကဗျာနဲ့ပဲ မှတ်ချက်ပေးသွားလိုက်ကြတာ….။ တော်ထှာ ….။ ကဗျာဆရာဘာပြန်ပြောလိုက်ရပါ့ ခေါင်းကုတ်ပြီး ပြန်လှည့်သွားပါ၏………

    Reply

    • မောင်ပေ

      October 18, 2012 at 10:01 pm

      စိတ်ပူတယ် ခေါင်းရှုပ်တယ်ကွာ…
      ဒီနေ ့တစ်နေ ့လုံး အဆင်မပြေဘူး
      ဒါဆိုရင်… မာဆတ်သွား
      ကေတီဗာ
      ဟိုသွား
      ဒီသွား
      လိုက်ပါ အကို

      Reply

  • သူရဇော်

    October 18, 2012 at 3:15 pm

    ကဗျာဆရာပြန်လှည့်ကာ ခေါင်းကုတ်
    ပေါင်းချုပ်ရဲ့ အရသာ
    ဒီလူတွေမန့်ကြပုံက
    ရွှေမြို့တော် ဒီဂေဇက်မှာ
    ကဗျာဆရာတွေတကယ်ပေါတာ
    မေ့လျော့နေသလား……..

    Reply

  • အဂ္ဂမဟာ ဂန္ဓ ဝါစက္က ပဏ္ဍိတ ဘိဝံသ အဘိဓဇ အဂ္ဂမဟာဂုရု ဘဒ္ဒန ္တအူးဘဇင်းဗိုက် { B.E }

    October 18, 2012 at 8:30 pm

    ဘရိတ်မရှိ ဘူတာမရှိ ဆိုတော့ ဆီကုန်ရင် ခက်ရချည်ရဲ့၄
    ပုံ
    ကဗျာဆရာ့ထိပ်ပြောင် အူးကင်းကောင်ရဲ့ အကို အူးပုလင်းထောင်

    Reply

  • ဒီကဗျာကို ဖတ်ပြီး ..
    ငယ်ငယ်က သင်ခဲ့ရဖူးတဲ့ …
    “တစ်တောင်ပေါ် တစ်တောင်ဆင့်
    တောင်အမြင့် ပတ်ခြံရံ
    တစ်တောင်ဆုံးပြန်တော့ တစ်လုံးကျန်ပြန်ပေသမို့ …”
    ဆိုတဲ့ ကဗျာလေးကို သတိရလိုက်မိတယ် ကိုကိုနေ …
    ++++++++++++++

    ဒါနဲ့ ကဗျာနဲ့ မစပ် တစ်ခုလောက် မေးကြည့်ချင်ဒယ်ဗျာ ..
    မင်းသိင်္ခရဲ့ ဝတ္ထုထဲမှာပေါ့ဗျာ ..
    ပိတုန်းသုံးကောင် ထဲမှာ ပေါ့ဗျာ …
    အဲ့ဒီထဲမှာ ဆားပုလင်း နှင်းမောင်နဲ့ အိုင်ပီ အောင်သင်းတို့က ရွှေတိဂုံ ဘုရားကြီးကို
    ပတ်မောင်းရင်းနဲ့ အိုင်ပီ အောင်သင်း ပြုံးလိုက်တာကို မြင်တော့ ဆားပုလင်း နှင်းမောင်က “နောက်ဆုံးတော့လည်း ဖမ်းမိခဲ့တာပဲ မဟုတ်လားဗျာ” ဆိုပြီး မေးလိုက်တယ်လို့ ဆိုထားတယ်ဗျ ..
    တစ်ခါတုန်းက ဆရာသိင်္ခဆိုတဲ့ တရားခံကို ဖမ်းတုန်းက အကြောင်းနဲ့ ဆက်စပ်ပြီးတော့ ပြောလိုက်တာပေါ့ဗျာ …

    ဒီမှာ ကျနော် စဉ်းစားမိတာက …
    အဲ့ဒီ ပိတုန်းသုံးကောင် ဝတ္ထု အစမှာ ဆားပုလင်းနှင်းမောင် စီအိုင်ဒီကို ပထမဆုံး စရောက်လာတဲ့ အချိန်ကလို့ ပြထားတယ်ဗျ ..
    ပြီးတော့ သုံးရက်လောက် အကြာမှာ ဒီပိတုန်းသုံးကောင် အမှုက စဖြစ်လာတယ် ဆိုပါတော့ဗျာ ..

    ဒီတော့ ဆရာသိင်္ခကို ဖမ်းခဲ့တဲ့ အမှုတုန်းကဆိုရင် ..
    ဆားပုလင်း နှင်းမောင်က ရန်ကုန်ကို မရောက်သေးတဲ့ အချိန်တုန်းကလား …
    ဘယ်အချိန်တုန်းကလည်း .. ဆိုတာ …
    ကျနော် စဉ်းစားရ ကြပ်နေတာပဲဗျ …
    အဲ့ဒါလေး မေးကြည့်တာပါ ….

    ကျနော် မေးတာ ရှုပ်သွားလားတော့ သိဘူးရယ် … :mrgreen:

    Reply

Leave a Reply to နေဝန်းနီ Cancel Reply

Your email address will not be published.