ကျန်းမာရေးနဲ့ဆိုင်သော သတင်းလေးပါ။

ခင္ခOctober 17, 20121min012

ကျန်းမာရေးနဲ့ဆိုင်သော သတင်းလေးပါ။

ခင်ခ FB ထဲကို Mg Mandalay ကနေပို့လိုက်တဲ့ သတင်းလေးကို ဖတ်ကြည့်ပြီး ရွာသူားတွေလည်း ကျန်းမာ ရေး သတိပေးချင်တာနဲ့ သတင်းအဖြစ် မျှဝေတင်ပေးမိတာပါ။ စီပွားရေးသမားတွေလုပ်ရပ် ကလည်းအတော့် ကို ဆိုးသည်ထက်ဆိုးနေပါလားနော်။

 

ရန်ကုန်တွင် ဆာလဖျူရစ် အက်ဆစ်ပြင်း ပါသော ငရုတ်သီးများတွေ ့ …….

ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံနှင့် အင်းစိန်မြို ့နယ်တို ့ရှိ အရောင်းဆိုင်များတွင် ဝက်သားတုတ်ထိုးနှင့် အသုပ်စုံများ ရောင်းချရာ၌အသုံးပြုသော ငရုတ်ဆီထုပ်များ အတွင်း ဆာလဖျူရစ် အက်ဆစ်ပြင်း အသုံးပြုထား သည်ကို စစ်ဆေးတွေ ့ရှိရကြောင်း စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က the voice သို့ ပြောကြားသည်။

အဆိုပါ ငရုတ်ဆီထုပ်များကို စားသုံးသူ ကာကွယ်ရေး အဖွဲ ့ဝင် ဓာတ်ခွဲခန်းမှူးက စစ်ဆေးခဲ့ပြီး အစား အသောက်နှင့်ဆေးဝါး ကွပ်ကဲမှု ဌါန ( FDA)စစ်ဆေးချက်လက်မှတ်ရယူထားခြင်း မရှိသည့်ပစ္စည်းများ ဖြစ်ကြောင်း ရှင်းပြသည် ။

ယင်း ငရုတ်ဆီထုပ်များထဲ့၌ အသုံးပြုထားသော ဆာလဖျူရစ် အက်ဆစ်ပြင်းမှာ ဘက်ထရီများတွင် သုံးသော အက်ဆစ်အပြင်းစားဖြစ်ပြီး သရက်ချဉ် နှင့် ချဉ်ဖတ်များ ပြုလုပ်ရာတွင်လည်း ဆာလဖြူရစ် အက်ဆစ်သုံးစွဲ လာကြကြောင်း ဓာတ်ခွဲခန်းမှူး ဦးမြင့်ဦး က ပြောကြားသည် ။

အစားအသောက်များ၌ ဆာလဖျူရစ် အက်ဆစ်ပါဝင်မှုကြောင့် စားသုံးသူများမှာ ရေတိုတွင် သွေးအား နည်းခြင်း ၊ ဝမ်းပျက်ဝမ်းလျှော့ခြင်း နှင့် ရေရှည်တွင် အစာအိမ် ကင်ဆာနှင့် အသည်း ကင်ဆာ ဖြစ်ပွား နိုင်ကြောင်း ဦးမြင့်ဦးက ပြောဆိုသည် ။  ဖော်ပြသော အကြောင်းအရာမှာ အလွန်ပင်ကြောက်စရာဖြစ်ပါသည် နောက်ဆက်တွဲဖြစ်နိုင်သည့် ဖြည့်စွတ်ပြောရမည့်ဆိုပါက ကျားမ မရွေး မျိုးပွားခြင်းလည်း ထိခိုက်နိုင်ကြောင့် အသိပေးအပ်ပါသည် ။

 

အစာစားရင်တောင် သတိနဲ့အသိကပ်ထားရမလို ဖြစ်နေပါသကား ———-။

 

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ။

12 comments

  • Hnin Hnin

    October 17, 2012 at 12:12 pm

    စားစရာက ဘာမှလည်း မရှိတော့ပါလားနော်… း(….အရမ်းကြိုက်တဲ့ ကန်စွန်းရွက်လည်း သန်သန်
    စွမ်းစွမ်း အရွက်ဖားဖားကြီးကြီးတွေဆိုရင်လည်း ဓာတုဆေးတွေပါနေလို့ အန္တရယ်ရှိနိုင်သည်တဲ့….

    Reply

  • မောင်ပေ

    October 17, 2012 at 12:15 pm

    ကိုယ်တိုင် ခြံလေးတစ်ခြံလောက် ဝယ်ပြီး ၊ ကိုယ်တိုင် စိုက်စားရမယ့် ပုံပေါက်နေပါပေါ့ လေးခင်ခရဲ ့

    Reply

  • jullies cezer

    October 17, 2012 at 12:46 pm

    အရင်လည်း ဇီးထုတ်တွေမှာ ဆိုးတဲ့အရောင်တွေကအဝတ်အစားတွေဆိုးတဲ့ဆိုးဆေးတွေဆိုပြီးဖြစ်သေးတယ် ဇီးထုတ်စားတတ်တဲ့မမများ သတိထား။ စားစရာကလဲ ကြာလေရှားပါးလေပဲ ဘယ်သူမှလဲ အရေးတယူလုပ်ပြီး စစ်ဆေးတာ အရေးယူတာေ တွမလုပ်တဲ့ကာလကလဲ မနည်းတော့ဘူး ပြုပြင်ပြောင်းလဲတဲ့အထဲအဲဒါလဲထိပ်ဆုံးကပါသင့် တယ် ………..

    Reply

  • ကြည်ဆောင်း

    October 17, 2012 at 12:47 pm

    အရင်တုန်းကစာတွေထဲဖတ်ဖတ်နေရတဲ့ ဝိသမလောဘဆိုလား …
    ဒီခေတ်ထဲမှာတော့ ပိုပိုပြီးဆိုးနေတာဘဲ …
    ရောင်းသူတွေအကုန်လုံး အရင်စားခိုင်းကြည့်ရမဲ့ပုံပေါက်နေပြီ …
    သူတို့ဘာမှမဖြစ်မှ စားသုံးသူကဝယ်စား
    :bar:

    Reply

  • Thu Wai

    October 17, 2012 at 12:58 pm

    ကိုခင်ခရေ သူတို့က မြန်မာတွေရဲ့ ဗိုက်ကို ဘက်ထရီအိုးများမှတ်နေလားမသိဘူး

    Reply

  • သစ် တည်

    October 17, 2012 at 2:36 pm

    ဆင့်ကဲပြောင်လဲမှု ့တွေဖြစ်ပြီး
    ကမ်မီကယ် အင်မြူးတွေဖြစ်လာအောင်
    လုပ်နေတာ ဖြစ်မယ်……

    Reply

  • Khaing Khaing

    October 17, 2012 at 3:29 pm

    ဦးဦးခတို့ကတော့ FBရော ဂေဇက်မှာပါမကျန် နှံ့စပ်ပါပေတယ် …. ဒီသတင်းလးနဲ့ဆက်စပ်ပြီး ဂျာနယ်ထဲမှာ ပါလာတာက ငရုတ်ဆီ အချဉ်ရည် စစ်ဆေးမှုများပြုလုပ်တော့မည်ဖြစ်ကြောင်း စားသုံးသူများ ကာကွယ်ရေး အသင်းဥက္ကဌဗအုပ်ခိုင်က ပြောထားတယ်လို့ ပါရှိပါတယ် ………

    Reply

  • ဒိအချဉ်တွေကို အက်ဆစ်အပျော့စားကနေ လုပ်တယ်လို့တောကြားဘူးပါ၏။
    ဒီအချဉ်တွေကလဲ အခုအချိန်မှာ မရှိမဖြစ်
    တရုပ်ပေါက်စီ မြန်မာအကြော်စုံ ဝက်သားတုတ်ထိုး မှာ ဒီအချဉ်မပါရင် မပြီးတော့ ဘူးဆိုတော့
    ဈေးပေါလော ကြောက်စရာကောင်းလေပါဘဲ
    နောက်တစ်မျိုး ဆိုးဆေး အန္တရာယ်ရော ထည့်ပြောမသွားဘူးလား ဗျိုး

    Reply

  • AKKO

    October 17, 2012 at 5:48 pm

    FDAက နောက်ပိုင်းလုပ်ဆောင်ပေးမှာပါ။ ဆာလဖျူရစ် အက်ဆစ်ပြင်းက များများပါတာလား နည်းနည်းပါတာလားဆိုတဲ ့ပေါ်မူတည်ပြီး ဒုက္ခများပါတယ်။ စားစရာတွေမှာ အက်ဆစ်အပျော့စားသုံးကြတာပါ။

    Reply

  • the best

    October 17, 2012 at 7:05 pm

    ငရုတ်ဆီထုပ်များကို စားသုံးသူ ကာကွယ်ရေး အဖွဲ ့ဝင် ဓာတ်ခွဲခန်းမှူးက စစ်ဆေးခဲ့ပြီး
    အစား အသောက်နှင့်ဆေးဝါး ကွပ်ကဲမှု ဌါန ( FDA)စစ်ဆေးချက်လက်မှတ်ရယူထားခြင်း
    မရှိသည့်ပစ္စည်းများ ဖြစ်ကြောင်း၊ ဘက်ထရီများတွင် သုံးသော အက်ဆစ်အပြင်းစားဖြစ်ပြီး
    သရက်ချဉ် နှင့် ချဉ်ဖတ်များ ပြုလုပ်ရာတွင်လည်း ဆာလဖြူရစ် အက်ဆစ်သုံးစွဲ လာကြကြောင်း
    ဓာတ်ခွဲခန်းမှူး ဦးမြင့်ဦး ကပြောပြီးပြီ။

    ငရုတ်ဆီထုပ်များ အတွင်း ဆာလဖျူရစ် အက်ဆစ်ပြင်း အသုံးပြုထား သည်ကို
    စစ်ဆေးတွေ ့ရှိရကြောင်း စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဌ ဦးဗအုပ်ခိုင်ကလည်း ပြောပြီးပြီ။

    အရေးယူချင်ရင်တစ်ခါထဲ ဖေါ်ထုတ်အရေးယူလို ့ရပါတယ်။
    ထုံးစံအတိုင်း ဘာမှအရေးမယူပါဘူး။ ပြေပြေလည်လည်ပါပဲ။
    ထုတ်လုပ်တဲ့သူတွေ စိတ်ချလက်ချ ဆက်ထုတ်လုပ်လို ့ရပါပြီ။

    နောက်နှစ်မှနောက်တစ်ခါ ဒီသတင်းထပ်ထုတ်ပြန်ပါအုံးမယ်။
    ပြေပြေလည်လည် ဖြစ်အောင်ဆောင်ရွက်ပေးပါမယ်။

    အကြံအဖန်တွေရဲ့ စားကွက်ကတော့ အပိုင်ပဲဟေ့။
    ဒီလိုမှမလုပ်ရင် စားပေါက်ပိတ်သွားမှာပေါ့။

    Reply

  • uncle gyi

    October 17, 2012 at 10:11 pm

    ဟားဟားဟားဒါလေးများ
    ရိုးဟိုးဟိုးဟိုး
    မြန်မာ့ဗိုက်ကွစားချင်တာစား
    ဒီနေ့စားမသေဖူးဆိုရပြီ
    နောက်ဆိုတဲ့စကားမပြောနဲ့
    ဒါပဲဒါပဲ

    Reply

  • ကိုခင်ခ

    October 18, 2012 at 11:13 am

    မစားစေချင်လို့ မစားရဘူးဆိုပြီး မဟုတ်ပါဘူး၊ တစ်ခါတလေ ရှောင်မရလို့ စားချင်လို့ စားဖြစ်တာတွေ လည်း ရှိကြတာပါဘဲ။ ဗဟုသုတအနေနဲ့သိထားပြီး ဉာဏ်ရှိသလိုဆင်ချင် ချင်တယ်ဆိုလည်း သိထားအောင်ပါ။
    လူသက်တမ်းဟာ ဆုတ်ခေတ်ရောက်လာရင် သက်တမ်းတိုလာမယ်ဆိုတာ ဒီလိုတွေများလာတာလည်း ဆိုင်ပေမပေါ့ဗျာ။
    ဝင်ရောက်၍ ကွန်မန့်ပေးကြသူ အပေါင်းကိုလည်း ကျေးဇူးပါဗျာ။

    Reply

Leave a Reply

Your email address will not be published.