အနတ္တ + သစ္စာ

etoneJuly 12, 20101min00

From: Anatta Anormar

ကျွန်တော်နဲ ့ ကိုဇေယျနဲ ့အပြန်အလှန်ဆွေးနွေးကြတာတွေကို ပိုမိုပြည့်စုံအောင် ဖြည့်ဆွက် ဓမ္မဒါနပြုလိုက်ပါတယ်။
ကူညီဆွေးနွေးခဲတဲ ့ ကိုဇေယျကို အထူးကျေးဇူးတင်လျှက်….

အနတ္တ

အနတ္တဆိုတာ…

-အစိုးမရခြင်းသဘော၊
-သူငါ ယောင်္ကျား၊မိန်းမရယ်လို ့အကောင်အထည်ပြစရာ အတ္တ မရှိခြင်းသဘော
-ငါပိုင် ငါဆိုင် ငါ့အလို ငါ့အကြိုက်လိုက်တာ ဘာတစ်ခုမျှမရှိခြင်း
-သူသဘောသူဆောင်နေခြင်း

လူတစ်ယောက် ရဲ ့ခန္ဓာ ငါးပါးမှာ ရှိတဲ့၊ရုပ် စိတ် စေတသိတ်တွေ ရဲ ့ ဖြစ်ပျက်နေမူကို…
အခုရပ်၊ အခုဖြစ်၊ အခုပျက် ရယ်လို ့ ဘုရားရှင်တော် အပါအဝ်င် ဘယ်သူက အစိုးရပြီး၊
တားဆီးလို ့မရ တဲ့ လောကသဘာဝ ရဲ ့အကြောင်းအကျိုး ဆက်စပ် ဖြစ်ပေါ်မူ သဘောပါ။
အဲဒီ အစိုးမရတဲ့ ရုပ် စိတ် စေတသိတ်တွေကို မောဟ ဖုံးပြီး သူငါ ယောင်္ကျားမိန်းမ ရယ်လို့
မရှိတဲ့ အတ္တ ကို ကိုင်ဆွဲထားကြလို့ သံသရာ ရထားဟာ အဆုံးမဲ့ ရှည်လျားနေရခြင်းပါ။

————————————————————————————————————————————————–

သစ္စာ

ပရမတ္တ တရား လေးပါးရှိသည်ဟုကြားဖူးပါသည်။
၎င်းတို.မှာ ၁။စိတ်
၂။စေတသိတ္တ
၃။ရုပ်
၄။နိဗ္ဗာန် ဟူ၍ ဖြစ်ပါသည်။
၎င်းတရားလေးပါးမှလွဲ၍ ကျန်သော အမည်နာမဟူသရွေ. ပညတ် ဟုသိထားပါသည်။ပညတ်တော်တော်များ
များကို သဘောပေါက်သလိုရှိသော်လည်း
ပရမတ် တရား လေးပါးကိုမူ ဘဝင်ကျအောင်မသိပါ။ ဥပမာ စိတ် စေတသိတ် ရုပ် နှင်. နိဗ္ဗာန် ကို ပရမတ်ဟူသည်.ခေါင်းစဉ်အောက်၌တစ်တန်းတည်းထားသည်ကို ပိုပြီးမရှင်းခြင်းဖြစ်ပါသည်။
ကျေးဇူးပြုပြီး ပြန်ကြားပေးကြပါခင်ဗျား။အဘိဓမ္မတ္ထသင်္ဂဟကျမ်းအလိုအရ ပရမတ္တတရားများတွင် စိတ်၊ စေတသိက်၊ ရုပ်နှင့် နိဗ္ဗာန်ဟု တရားအစုလေးခု ပါရှိသည်။

ယင်းလေးမျိုးအနက် ပထမ သုံးမျိုးမှာ သင်္ခါတ(ဖြစ်ပျက်တတ်သော)တရားများဖြစ်ပြီး၊ နိဗ္ဗာန်မှာအသင်္ခတ(ဖြစ်ပျက်မဲ့)တရား ဖြစ်သည်။
သင်္ခတ နှင်.အသင်္ခတ ကို ပရမတ္တတရား ဆိုသော ခေါင်းစဉ်တစ်ခုတည်းအောက်တွင်ရှိနေခြင်းကို ဘဝင်မကျဖြစ်ခြင်းသာဖြစ်ပါသည်။
ဗုဒ္ဓ တရားတော်ကို သံသယရှိခြင်းမဟုတ်ကြောင်းပါခင်ဗျား။

ကိုဖေယျ

သစ္စာ(၃)မျိုး-

-သမုတိသစ္စာ
-ပရမတ္ထသစ္စာ
-အရိယာသစ္စာ

ပရမတ္တသစ္စာ – အမှန်တကယ်ရှိသော တရားများ၊(သို့) အမှန်တကယ်ရှိသော အရာများ

သမုတိသစ္စာ – ကျား/မ၊ ပုဂ္ဂိုလ်၊ သတ္တဝါ၊ ကျောင်း၊ အိမ်၊ လမ်း၊ နေ၊ လ၊ စသည့် သမုတ်ထားသော အမည်နာမ ပညတ်များ

သမုတိသစ္စာဆိုတာ ခေါ်ဆိုခြင်းအားဖြင် မှန်ကန်မူ ဖြစ်ပါတယ်။
လူကို တွေ ့လို ့ “ရှေ့မှာ လူတစ်ယောက်”လို ့ပြောရင်…သမုတိသစ္စာဖြစ်ပါတယ်။
လူကိုတွေ ့ပေမယ့် “ရှေ့မှာ နွားတစ်ကောင်”လို ့ပြောရင်…သမုတိသစ္စာ မဖြစ်ပါဘူး။ မုသာဝါဒဖြစ်ပါတယ်။
ဗုဒ္ဓဟာ ပညတ်များကိုလည်း ပယ်တော်မမူပါဘူး။ ပညတ်မရှိရင် ဘုရားတောင် တရားဟောလို ့မရလို ့ပါ။

တကယ်ရှိခြင်းမရှိခြင်းကို ပရမတ္တသစ္စာနဲ ့ သမုတိသစ္စာ(၂)မျိုးနဲ့ကြည့်ပါတယ်။

ပရမတ္တသစ္စာ(၄)ခုမှာ… ရုပ်ကိုစကြည့်ရအောင်….
ရုပ်ဆိုတာ..ပထဝီ၊တေဇော၊ဝါယော၊အာပေါ ဓာတ်ကြီးလေးပါးအစုအဝေး။
ရုပ်ကို ၂၈ မျိုးအကျယ်အားဖြင့် ဗုဒ္ဓဟော်ပြတော်မူခဲ့ပါတယ်။
ရုပ်ကို တကယ်ရှိလားမေးတော့ တကယ်ရှိတယ်။ အရာဝတ္ထုတွေ မှာ ရုပ်တကယ်ရှိသလို၊ လူကိုယ်ခန္ဓာမှာလည်း ရုပ်တကယ်ရှိတယ်။
လူဆိုတာ သမုတိသစ္စာ အားဖြင့် မှန်ကန်စွာ ခေါ်ဆိုမူ ပညတ်အားဖြင့် ရှိနေရတယ်။ ပရမတ္တသစ္စာ အားဖြင့်မရှိဘူး။

လူဆိုတာ ခေါင်းတွေ၊ ခြေတွေ၊ လက်တွေ စတဲ့ ရုပ်တရား နဲ ့စိတ်၊စေတသိတ် ပေါင်းစပ်ထားခြင်းသာဖြစ်တယ်။
ခေါင်းဟာ လူမဟုတ်ဘူး၊ လောဘစိတ်ဟာလည်း လူမဟုတ်ဘူး၊ မောဟ စေတသိတ်ဟာလည်း လူမဟုတ်ဘူး။
တစ်ခုစီ အသေးစိတ် အရှိကို အရှိတိုင်းကြည့်လိုက်တော့ ပရမတ္တ အားဖြင့် လူဆိုတာ မရှိတော့ဘူး။
တကယ်ရှိတာ…ရုပ်၂၈ပါး၊ စိတ် ၁ပါး၊ စေတသိတ် ၈၉ပါးဆိုတဲ့ အရှိသင်္ခါရတရားများသာ ကျန်ရှိတော့တယ်။
သင်္ခါရတရားများလို ့ဘာလို ့ခေါ်လဲဆိုတော့ အဲဒီတရားတွေဟာ တကယ်ရှိပေမယ့် ဖြစ်ပျက်ပြောင်းလဲ မမြဲတဲ ့တရားတွေ ဖြစ်လို့ပါ။

နောက်ထပ် အရှိတရားတရားတပါးကတော့ နိဗ္ဗာန်ပဲ ဖြစ်ပါတယ်။ အသင်္ခါရတရားလို ့ခေါ်ဆိုရတာတော့ ဖြစ်ပျက်ပြောင်းလဲ မမြဲခြင်းများမရှိခြင်း အတွက်ဖြစ်ပါတယ်။

ပရမတ္တသစ္စာ ဆိုတဲ့ အတိုင်း တကယ့် အရှိတရားတွေချည်းကို ပြောတဲ့ အတွက် သင်္ခါရတရား ၃ပါး၊ အသင်္ခါရ ၁ပါး တကယ့်အရှိတရား(၄)ပါး၊ ပရမတ္တသစ္စာ (၄)ပါးရယ်လို့ ဖြစ်ပါတယ်။

အရိယာသစ္စာ
ဒုက္ခသစ္စာ -ရုပ်နာမ်ခန္ဓာအပေါင်းတို ့သည် ဆင်းရဲခြင်းအမှန်
သမုဒယသစ္စာ -ဆင်းရဲခြင်း၏ အကြောင်းကား ရုပ်နာမ်ခန္ဓာ အပေါင်းအား နှစ်သက်သာယာတောင့်တစွဲလန်းသော တဏှာဖြစ်ကြောင်း အမှန်
နိရောဓသစ္စာ -မတည်မြဲငြိမ်းအေးမူကင်းသောရုပ်နာမ်တို့၏ ချုပ်ခြင်း ကင်းငြိမ်းရာ အမှန် နိဗ္ဗာန်
မဂ္ဂသစ္စာ -နိဗ္ဗာန်ရောက်ကြောင်း အကျင့်အမှန်

မဂ္ဂင်(၈)ပါး
သမ္မာဒိဋ္ဌိ- မှန်စွာ မြင်ခြင်း။
သမ္မာသင်္ကပ္ပ-မှန်စွာကြံခြင်း။
သမ္မာဝါစာ- မှန်စွာပြောခြင်း။
သမ္မာကမ္မန္တ-မှန်စွာပြုခြင်း
သမ္မာအာဇီဝ-မှန်စွာ အသက်မွေးခြင်း။
သမ္မာဝါယာမ- မှန်စွာအားထုတ်ခြင်း။
သမ္မာသတိ- မှန်စွာ အမှတ်ရခြင်း။
သမ္မာသမာဓိ- မှန်စွာ စူးစိုက်တည်ကြည်ခြင်း။

Leave a Reply

Your email address will not be published.