အောင်ပန်းက ဆွမ်းခံချိန်

1 မိုးနှင်းများကြားမှ………………………..
2 မိုးနှင်းများကြားမှ ဆွမ်းခံချိန်

 

3 လောင်းလှူ ကုသိုလ်ယူ
4 နံနက်ခင်း ဆွမ်းအလှူ

 

5 ထင်းရူးတောများကြားမှ ဆွမ်းခံအသွား
6 ဆွမ်းခံ အကြွ
7 ဆွမ်းခံဘို့ ဆင်းအလာ

 

8 ကသုတ်ကရက်
9 ကိုရင်လေးများ ဆွမ်းခံဘို့အဆင်း

 

10 ဆွမ်းခံသွားတဲ့ကိုရင်လေးများ

11 ထင်းရူးတောထဲကေ န ဘယ်ဆီကိုကြွတယ်မသိ
12 တောလမ်းမှ ဆွမ်းခံကြွတဲ့ကိုရင်

 

13 ဆွမ်းခံပြန်ချိန်

 

14 အရုဏ်တက်နေမင်းနဲ့ ဆွမ်းခံချိန်
16 ဆွမ်းတန်း

 

17 လောင်းလှူကုသိုလ်ယူ
18 ဆွမ်းတန်း -2
19 မိုးစဲစ ဆွမ်းခံ ပြန်ချိန်
20 အပေါ်မှအကြည့်

 

“အောင်ပန်းမြို့က ကိုရင် ”

 

အောင်ပန်းရောက်လိုု့ မနက်စောစော ထလမ်းလျောက်တဲ့တစ်ရက် မိုးနှင်းမူံတွေနဲ့ ပိတ်ဆိုင်းလို့နေပါတယ်။

ကျနော်လမ်းလျောက်တဲ့ရှေ့မှာတော့ ဦးဇင်းတစ်ပါးကိုတွေ့ရပါတယ်။

အပြန်လမ်းမှာလဲ ဆွမ်းတန်း တစ်တန်းကိုတွေ့ရပါတယ်။

ဆွမ်းလောင်းမယ့်သူကလဲ အဆင်သင့်စောင့်လိုနေပါတယ်။

နောက်ရက် လွယ်မယ်တောင်ကိုတက်တဲ့အချိန်မှာ တောင်ပေါ်ကနေ ကိုရင်လေးတွေဆင်းလာတာကို

တွေ့ရပါတယ်။

တောင်ခြေက ရပ်ကွက်ထဲကိုဆင်းလာပြီးဆွမ်းခံထွက်လာကြပါသတဲ့။

တစ်ချို့ကလဲ ဖောက်ထားတဲ့ကွန်ကရစ်လမ်းအတိုင်းဆင်း။

တစ်ချို့ကတော့ ထင်းရူးတောလေးထဲကို တရွှေ့ရွှေ့တိုးဝင်သွားတာကိုမြင်ရ။

ကျနော် တောင်ပေါ်က ပြန်ဆင်းလာချိန်မှာတော့ ကိုရင်တစ်ချို့က ဆွမ်းခံပြန်လာပါပြီ။

 

အဲဒီအချိန်မှာ အောင်ပန်းမြို့ကိုပထမဆုံးအကြိမ်ရောက်တုံးကမြင်ရတာလေးကို ပြန်သတိရမိပါတယ်။

နံနက်ခြောက်နာရီခွဲလောက်မှာ ကိုရင်လေးတစ်ပါးက ကြေးစည်

လေးထုထုပြီ လမ်းပေါ်ကို လျှောက်လို့သွားပါတယ်။

သိပ်မကြာခင်မှာ ဆွမ်းတန်းကြီးကြွလာပါတော့တယ်။

ဆွမ်းတန်းအရှည်ကြီးက နှစ်တန်းပါ။

ကျောင်းမတူဘူးနဲ့တူပါတယ်။

ဆွမ်းတန်းထွက်ချိန်မှာ ဆွမ်းထွက်လောင်းသူတွေလဲရှိပါတယ်။

နံနက်စောစောမြင်ရတာ စိတ်ကြည်လင်ဘို့ကောင်းလှပါတယ်။

 

 

ကိုပေါက်လမ်းသလားနေသည်

တောင်ကြီးအောက်တိုဘာ

(16-10-2012)

မှတ်ချက် ဆရာမကြီးအကြံပေးတာကြောင့် ပုံတွေမှာ ကိုပေါက်နာမယ်အစမ်းထိုးထားပါတယ် နော်

13 comments

  • ဒီပို့စ်က ပုံတွေမှာလက်မှတ်စမ်းထိုးကြည့်မိတယ်။
    ဒါပေမယ့် ကြည့်ရတာတစ်မျိုးကြီးဖြစ်နေလို့ အားလုံးတော့ မထုးိဖြစ်ဘူးဗျာ။

    Reply

  • တစ်မျိုးမဖြစ်ပါဘူး လေးပေါက်ရဲ့… လက်မှတ်ထိုးတော့လည်း ကိုယ့်ပုံလေးတွေမှန်း ပိုသိစေတာပေါ့…
    ထင်းရူးရိပ်မှာကတည်းက မန့်ချင်နေတာ… အခု ထင်းရူးတန်းကြားက ကိုရင်လေးတွေကိုတွေ့တော့ ရှမ်းပြည်ဘက်ကို ပိုတောင်သွားချင်လာပြီ… အစောကြီးအိပ်ယာထတယ်နော်… အဲ့မှာ မအေးဘူးလား…

    Reply

  • aemoshu

    October 26, 2012 at 2:12 pm

    လေးပေါက်ရေ ထင်းရှူးတောနဲ့ ပုံလေးတွေကို အရမ်းကြိုက်တာပဲ …

    Reply

  • Ma Ei

    October 26, 2012 at 2:23 pm

    ထင်းရှူးတော၊မြေနီနီ နဲ့ ကိုရင်လေးတွေ
    အရောင်စပ် လှပတဲ့ ပန်းချီကား တွေပါဘဲ…

    Reply

  • Hnin Hnin

    October 26, 2012 at 6:02 pm

    လေးပေါက်..ငွေအိတ်ကြိုးချည် လက်မှတ်ပါးလေးကတော့..unique..ဖြစ်တယ်
    ကျန်တာတော့..ရိုးလို့၊ထင်းထင်းကြီးတွေဖြစ်နေလို့…တစ်မျိုးကြီးပဲ…

    နှင်းနှင်းကတော့ ဓာတ်ပုံမှာ ဘာမှမပါတာပဲ ကြိုက်တယ်…
    အာရုံ ၂ ခုခွဲပေးရလို့….

    Reply

  • ရွှေ ကြည်

    October 26, 2012 at 6:18 pm

    ခက်ပြီ အဲဒိနေရာတွေကိုအရမ်းကိုသွားချင်နေပြီနော လေးပေါက်
    အဲဒါဘယ်လိုလုပ်ရမတုန်း ဟုတ်ပြီ ထီကံစမ်းရမယ်

    Reply

  • Khaing Zar Win

    October 26, 2012 at 6:32 pm

    သူများတွေ ရေစာလိုမျိုးလေး နာမည်ကိုရေးတယ် ကိုကြီးပေါက်ရ။ ဘယ်လိုလုပ်လည်းတော့ သိဘူးနော်။ မြင်ဘူးတာပြောတာပဲ။
    ဓာတ်ပုံတွေကတော့ ရှမ်းပြည်လွမ်းအောင်ဖန်…. 🙂

    Reply

    • မောင်ပေ

      October 26, 2012 at 9:38 pm

      လွမ်းအောင်ဖန်
      ဂဏန်းကောင်ပြန်
      ပန်းဆောင်ရန်
      နမ်းမောင်ကြံ
      စွမ်းဆောင်သံ

      Reply

  • Mr. MarGa

    October 28, 2012 at 1:55 pm

    လေးပေါက်ရေ
    ရေစာလေးနဲ့ နာမည်ထိုးရင် ပိုလှမယ်ထင်တယ်
    ကြည့်လို့လဲကောင်းပါတယ်
    ရိုက်ချက်တွေ ကတော့ သိတဲ့အတိုင်း ပြောစရာမလိုတော့ပါဘူးဗျာ
    အရမ်းကောင်းပါတယ်။
    စကားမစပ် အရင်တုန်းက တင်သမျှပုံတွေမှာ သူကြီးက ရေစာထည့်ဖူးသလားလို့

    Reply

    • Mr. MarGa

      October 28, 2012 at 3:16 pm

      အော်
      အခုကျ ဘာလို့ မထိုးတော့တာလဲဟင်
      :hel:

      Reply

Leave a Reply to ကိုပေါက်(မန္တလေး) Cancel Reply

Your email address will not be published.