မီဒီယာသည် ပြည်သူ ့အတွက် လက်နက်လား…

တိမ္မည္းOctober 10, 20121min06

မီဒီယာ ဟုဆိုလိုက်တာနဲ ့ ပထမဆုံးပြေးမြင်မိတာက ဖေ့ဘွက်ပါ………
Myanmar Times, Eleven Media, 7 Day News, Internet Journal စသဖြင့် page ပေါင်းများစွာ like ထားသော ကျွန်တော့် ဖေ့ဘွက်မှာ သတင်းတွေက အချိန်နဲ ့တပြေးညီ တက်နေပါတယ်…..
ဖုန်းနဲ ့လည်း သုံးလို ့ရပီဆိုတော့ နဲနဲအားတာနဲ ့ ဖုန်းလေးဖွင့် ဖေ့ဘွက်လေးဖွင့်လိုက်တာနဲ ့ သတင်းတွေက တဝေါဝေါနဲ ့စီးဆင်းလာပါတယ်………….

ဘယ်လောက်တောင်မြန်လဲဆိုရင် ဟိုတလောက စစ်တွေမှာ မီးလောင်တုန်းက စစ်တွေကမြို ့နားဝန်းကျင် ကသူတွေတောင် မီးလောင်တာ မသိသေးခင်မှာ သိလိုက်ရလို ့လှမ်းမေးမိလိုက်ပါသေးတယ်……
သတင်းအမှားတွေကြောင့်လည်း ရှင်းလိုက်ရတာ မနဲပါဖူး………………

စစ်တွေမှာ ကလေးတယောက်ပျောက်တုန်းကဆိုလည်း…. ဟိုတယ်ထဲမှာနေတဲ့ကျွန်တော့်ကိုပဲ သတင်းလှမ်းမေးလို ့အင်တာနက်နေကြည့်ပီး သတင်းပြန် share ခဲ့ရပါသေးတယ်……

လိုရင်းက မီဒီယာပါ……………..

ဒီမိုတို ့ခေတ်မှာ မီဒီယာဆိုတာ တကယ် အရေးပါတဲ့အခန်းက ပါဝင်ပတ်သက်တယ်လို့ဆိုပါရစေ…………..
မီဒီယာ ဆိုတာ အစိုးရအတွက် ဖြစ်စေ… အဖွဲ ့အစည်းအတွက်ဖြစ်စေ…. တဦးတယောက်ချင်းစီ အတွက်ဖြစ်စေ သိပ်အရေးပါတဲ့အခန်းက ပါဝင်လာပါပီ………….
ဒါဟာ အခုမှ မဟုတ်ပါဖူး…. ဟိုးအရင် ဘုရင်များလက်တပ်ကတည်းက အရေးပါခဲ့တာပါ…..
အခုကတော့ အင်တာနက်ခေတ်ဆိုတော့ သတင်းက ပိုမြန်ပီး ပိုပီး အရေးပါလာတာပါ…..

မီဒီယာက ပြည့်သူ ့အတွက် လက်နက်လား…………

မနက်ကပဲဖေ့ဘွက်မှာ ဒေါ်စုရဲ့ အင်တာဗျူးကို Eleven Media က ဖော်ပြထားတာ ဖတ်လိုက်ရပါတယ်…..
ဒေါ်စုရဲ့ US ခရီးစဉ်ကို ဖေ့ဘွက်မှာ လူတချို ့ဖော်ပြတာဟာ အမှားပါကြောင်း ကိုယ်လိုရာစွဲ တင်ပြသွားကြောင်း ပြောဆိုသွားပါတယ်……
ဒါဟာ အင်မတန်မှ အန္တာရယ်ကြီးပါတယ်……….

ကျွန်တော်တို ့ မြန်မာပြည်သူတွေဟာ လူစွဲ အင်မတန်ကြီးပါတယ်………..
ဗိုလ်ချုပ်မှ ဗိုလ်ချုပ်…. ဒေါ်စုမှ ဒေါ်စုပါ……………
ဗိုလ်ချုပ်ပြောစကား ဒေါ်စုပြောတဲ့စကားကို မျက်စိမှိတ်ယုံတဲ့သူတွေ ဒုနဲ ့ဒေးပါ……………….

စကားတခွန်း စာကြောင်းတကြောင်းဆိုတာ လိုချင်တဲ့နေရာ တွေးချင်တဲ့ရှူထောင့်ပြောင်းယုံနဲ ့ အများကြီးဆိုလိုရင်းပါ ပြောင်းသွားပါတယ်……….
အခုလို့ မီဒီယာပေါများတဲ့ခေတ် ကိုယ်လိုချင်ရာစွဲရေးတဲ့ခေတ်မှာ ပြည်သူတွေ လမ်းမှားမရောက်စေရေးကလည်း အရေးကြီးပါတယ်…….
လူတွေက Eleven Media, 7 Days News, Myanmar Times တိုလို ့ သတင်းကို ချင့်ချင့်ချိန်ချိန် တင်ပြတဲ့ ဆိုက်တွေအစား…….
အချိန်နဲ ့တပြေးညီ အညီအပုပ် အကောင်းအဆိုး အမှန်အမှား ရောမွေ တင်ပြတဲ့ ဆိုဒ်တွေကိုသာ အားကိုးနေတာဟာ တကယ်ရင်လေးစရာပါပဲ…….

သတင်းအမှားတွေ ပုဂ္ဂိုလ်ရေးစော်ကားတာတွေကိုလည်း ခွင့်လွတ်နေမယ့်အစား အရေးယူဖို ့သင့်ပါတယ်…..
မီဒီယာဟာ စစ်ပွဲဖြစ်ဖို ့ လက်နက် တခုမဖြစ်သင့်ပါဖူး…………….

ဟုတ်ပါပီ…………
ဒီမိုခေတ်မှာ လွတ်လပ်စွာရေးသားခွင့်ရှိပါတယ်…………..
သတင်းအမှားတွေ စော်ကားမှူတွေကို အရေးမယူရင် ဘာဖြစ်လာနိုင်ပါသလဲ…..
စိတ်အညှာလွယ်သူ လူငယ်လူရွယ် တွေ အမှားကနေ အခွင့်ကောင်းယူတက်တဲ့ စီးပွားရေးသမားတွေ အာဏာရူးတွေ လူမျိုးရေးဘာသာရေး တစောက်ကန်းတွေရဲ့ လှည့်ကွက်တွေ တခြား အကြံအစည်ဆိုးတွေရဲ့ လက်တွေအောက် ရောက်သွားမှာက ကိုယ့်ပြည်သူတွေပါ……

အချုပ်အားဖြင့် ကိုယ့်ပြည်သူ တခြားပြည်သူ မည်သူ ့ပြည်သူမဆို မထိခိုက်စေပဲ…. မီဒီယာသည် လက်နက်တခုမဖြစ်ပဲ….
ပန်းပျိုးတဲ့ ဥယျာဉ်မှူးလက်…. ပျိုးမွားတွေကိုဖယ်ရှားပေးမဲ့ ပိုးသတ်ဆေး………. ရှင်သန်ကြီးထွားစေမယ့် မြေဩဇာ ဖြစ်ပီး…………….
ပန်းပင်များကို ညှိုးသေစေမယ့် အဆိပ်တခု မဖြစ်ဖို ့ ရေးသားရန် စေတနာဖြင့် အကြံပြုလျက်……..

တိမ်မည်း……

6 comments

  • uncle gyi

    October 10, 2012 at 9:14 am

    သတင်းအမှားတွေ စော်ကားမှူတွေကို အရေးမယူရင် ဘာဖြစ်လာနိုင်ပါသလဲ…..
    စိတ်အညှာလွယ်သူ လူငယ်လူရွယ် တွေ အမှားကနေ အခွင့်ကောင်းယူတက်တဲ့ စီးပွားရေးသမားတွေ အာဏာရူးတွေ လူမျိုးရေးဘာသာရေး တစောက်ကန်းတွေရဲ့ လှည့်ကွက်တွေ တခြား အကြံအစည်ဆိုးတွေရဲ့ လက်တွေအောက် ရောက်သွားမှာက ကိုယ့်ပြည်သူတွေပါ……

    ရှင်းပါတယ်ကိုတိမ်ရယ်
    သတင်းလွတ်လပ်ခွင့်ဆိုတာတွင်တွင်ပြောပြီးဖြစ်လာတဲ့အချိန်သတင်းရေးသားသူမှာ
    လုံးဝတာဝန်ရှိမှာပါတာဝန်လည်းယူရပါမယ်
    အထူးတာဝန်ယူရမှာကတာဝန်ခံအယ်ဒီတာပါ
    ဘာဖြစ်ဖြစ်သူ့တာဝန်ချည့်ပါပဲ
    ဒါပေမဲ့စိတ်မကောင်းစရာကအချို့တာဝန်မယူရဲတဲ့
    အယ်ဒီတာတွေရှိနေတာမြန်မာ့သတင်းလောကအတွက်မကောင်းပါဖူး

    Reply

    • Black Cloud

      October 10, 2012 at 9:36 am

      အန်ကယ်ကြီးရေ…..

      ပြသာနာက အယ်ဒီတာတင်မကဖူး…..
      ငါဟဲ့ သတင်းသမားဆိုပီး ကလောင်စွမ်းလေးက ပြလိုက်ရမှတွေက ခပ်များများ….
      ပီးတော့ ပိုက်ဆံလေးတက်နိုင်တော့ site လေးများထောင် နာမည်ကြီးဆိုင်ဖြစ်ချင်ယောင်ဆောင်…
      သတင်းအမှားတွေထုတ်…. ဒါတွေကိုထောက်ပြမယ့်သူကလည်းမရှိ……
      သာမန်ပြည်သူကတော့ ဘယ်လွယ်ပါ့မလဲနော်….
      အဖွဲ ့အစည်းတွေကျတော့လည်း မလှုပ်မရှုပ်မပြုတ်……
      စာနယ်ဇင်းတွေကျတော့လည်း အာမခံကြေး ဈေးကြီးတာကိုတောင် ကာတွန်းရေးလှောင်နေကြတော့…..
      ရင်လေးစရာပဲ……
      တက်နိုင်သူများ site တခုခု ထောင်ပီး သတင်းအမှားကို အဲ့လိုထောက်ပြနိုင်တဲ့ သူရဲကောင်းမျိုးချစ်လေးများ များများစားစား ရှိရင် ကောင်းသားလား တွေးမိပါတယ်…….

      လေးစားလျက်
      တိမ်မည်း

      Reply

      • P chogyi

        October 10, 2012 at 12:04 pm

        ထောက်ခံပါတယ်၊ သီးခြားမရေးတော့ပါ။

        Reply

  • uncle gyi

    October 10, 2012 at 9:39 am

    ကောင်းတဲ့အတွေးပါကိုတိမ်
    ရှိသင့်တဲ့အဖွဲ့အစည်းတခုလို့မြင်ကြောင်းပါ

    Reply

  • မောင်ပေ

    October 10, 2012 at 2:18 pm

    ပြည်သူ့အကျိုးစီးပွားအတွက်သာလျှင် အဓိကထား မှန်မှန်ကန်ကန် သတင်းလွှင့်တဲ့ ဩဇာကြီး ဝက်ဆိုက် သတင်းစာ ဂျာနယ်တိုက်များ အများကြီးထွက်လာဖို့…

    Reply

  • maungmoenyo

    October 15, 2012 at 10:16 am

    media ဆိုတာပြည်သူအတွက်ဆေးပါ။ အားဆေးပါ။ media ကြောင့် ကိုယ်ရင်ထဲကခံစားချက်ကို ဘဝင်လှုပ်ရှားစေသလို၊ ပီတိဖြစ်စေရပါတယ်။ ဗဟုသုတရတယ်ဆိုတဲ့အချက်ကိုတော့ မေးစရာမလိုလောက်ပါဘူး။ (media ကို “ပြည်သူ့ဆက်သွယ်ရေးကိရိယာ” တခုလို့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုနိုင်ငံရေးတက္ကသိုလ်မှာ ဆွေးနွေးခဲ့ကြတဲ့ညဘက်ကြိတ်ပုန်း ဝိုင်းကို သတိရခြင်းများစွာဖြင့်)

    Reply

Leave a Reply

Your email address will not be published.