Food, Drink & Recipesသပြုသီး ဆိုတာ ဒီလို အသီးကွဲ ့ nigimi77October 9, 20121min034Candle ရေးသားတဲ့ ” သပြုသီးအတွက်..ဟင်းတစ်ခွက် ” ဆိုတဲ့ ပိုစ့် အတွက် သပြုသီး မမြင်ဖူးဘူး ဆိုတဲ့ ရွာသူရွာသားတွေ အတွက် ဓါတ်ပုံတင်ပေးလိုက်ပါတယ် ။ Post Views: 0 သၿပဳသီး
မိုချိုOctober 9, 2012 at 9:04 am ရခိုင်မှာနေတုန်း က အမုန်းသောက်ခဲ့ ရတဲ့ သပြုသီး ချဉ်ရည် လေး သောက်ချင်လာပြီ။ အဲဒီ အသီး က ရခိုင်မှာ ပေါသလောက် ရန်ကုန်မှာ မတွေ့ ဖူးဘူး။ ဒီမှာတော့ ကုလား ဆိုင်တွေ မှာတွေ့ မိတယ်။ ရန်ကုန်မှာ ဈေးတိုင်း မှာ မရတဲ့ ရခိုင်မှာပဲ စ စားဖူးတဲ့ အသီး တစ်မျိုး ဖြစ်တဲ့ ဟင်းခပေါက်သီးလည်း ဒီမှာ ရှိတယ်။ Reply
weiweiOctober 9, 2012 at 9:54 am သပြုသီး ရန်ကုန်မှာ ဝယ်လို့ရပါတယ် .. လှည်းတန်းဈေးက ရခိုင်ဆိုင်မှာ ရခိုင်ဒေသထွက်အသီးအနှံ အစုံရောင်းတယ် … ဈေးတော့ ကြီးတယ် … ဟင်းခပေါက်သီးလေးတွေလဲ ရှိတယ် … Reply
may flowersOctober 9, 2012 at 9:43 am မွန်ပြည်နယ်မှာလဲ ပေါပါတယ်။ ဒါနဲ့ ဒီသပြုသီးကတော်တော်နွမ်း နေသလိုပဲ အဲလောက်နွမ်းရင်စားလို့မကောင်းတော့ဘူးထင်ပါ့။ Reply
nigimi77October 9, 2012 at 2:06 pm ဟုတ်တယ် မေဖလားဝါးရေ ။ ဟင်းချက်တဲ့ ကောင်မလေးတွေကို ဝယ်ခိုင်းထားတာ ဝယ်လာတဲ့ နေ ့မှာပဲ ကျုပ်က ခရီးထွက်သွားလို ့ အခုလို နွမ်းဖတ်နေမှ ရိုက်ရတာ Reply
surmiOctober 9, 2012 at 9:49 am ကျုပ်ကရခိုင်စာလည်းကြိုက် ရခိုင်အိမ်တွေမှာစားနေကြဆိုတော ့ဒီဟင်းချိုကိုအတော် လေးသဘောကျတာ ။ သူ ့ရဲ ့အချဉ်ဓတ်က ကြည်ကြည်လေး ။ ရန်ကုန်မှာတော ့ စမ်းချောင်းဂွဈေးမှာဝယ်လို ့ရမယ်ထင်တယ်။ ဒါနဲ ့ ကိုရင်နိဂိမိရေ အဆင်ပြေရင် ဇင်ပြွန်းသီးကိုချက်တဲ ့ အကြောင်းလေးလုပ်ပါဦး ။ ကြားသာကြားဖူးပြီး မစားဖူးသေးဘူးဗျ။ နောက်ပြီးရန်ကုန်မှာ ရနိုင်လားလို ့ပေါ ့။ဒီက ရခိုင်ဆိုင်တွေမှာတော ့ မတွေ ့ဖူးသေးဘူး ။ Reply
CrystallineOctober 9, 2012 at 10:08 am တပြုသီးကြီးကမီးကင်ထားတာလား? ဒီမှာတော့စိမ်းစိမ်းလတ်လတ်လေးတွေတွေ့လို့.. ဘဲဥဟင်းကလည်းဆီများလိုက်တာ. ရခိုင်တွေကဆီစားနည်းတယ်ပြောကြတယ်. :question: Reply
nigimi77October 9, 2012 at 2:14 pm သပြုသီးက Expired Date ဖြစ်သွားတာအေ့ ဝယ်ထားတာကြာပြီ ဒီနေ ့မှ ဓါတ်ပုံရိုက်ရလို ့ အဲဒီဆိုင်က ရခိုင်မက ဖွင့်ထားတာပဲ ဗမာတွေ များလို ့လားတော့မသိဘူး ဆီကို မတရားသုံးတယ် ကျုပ်တော့ ဆီဖယ်စားရတာပေါ့ ဒီမှာက ခေါင်တော့ ရွေးချယ်စရာ သိပ်မရှိဘူးလေ ကျောက်ဖြူမြို ့ထဲသွားရင်တော့ ဆီမပါတဲ့ ရခိုင်ဟင်းကောင်းကောင်းစားရတာပေါ့ Reply
Khaing KhaingOctober 9, 2012 at 10:15 am သပြုသီးဆိုတာ ရခိုင်စာချည်းမဟုတ်ပါဘူး … မွန်တွေလည်းချက်စားကြပါတယ် …. သိပ်အရှားကြီးမဟုတ်ပါဘူး … ရန်ကုန်က လူတွေက သိပ်မစားဖူးတော့ အဲဒီအသီးကို သတိမထားမိတာလည်း ပါပါမယ် … သပြုသီးကို ငါးကိုကင်ထားတာလေးနဲ့ ချက်စားရင်တစ်အားမွှေးတာ … ကိုစာမိပြောတဲ့ ဇင်ပြွန်းသီး ဆိုတာလည်း မွန်စာပါပဲ .. အမေဆို မော်လမြိုင်ကပြန်လာရင် အဲဒီအသီးလေးတွေ ဝယ်လာတတ်တယ် … သူ့အသီးလေးက သဖန်းသီးလောက်ပဲရှိတယ် … ပါးပါးလှီးပြီး ဟင်းချိုချက်သောက်ရတာပဲ …. Reply
manawphyulayOctober 9, 2012 at 11:45 am တစ်ခါမှ မမြင်ဖူးဘူး။ ခုမှပဲမြင်ဖူးတော့တယ် ချက်စားရင် ချဉ်ဖန်လေးလားရှင်။ ဘယ်လိုမျိုးလဲဆိုတာ ပိုစ့်မှာ သွားပြန်ဖတ်ကြည့်ဦးမှပဲ။ Reply
ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပုOctober 9, 2012 at 12:22 pm ဟုတ်ပါ့တော် ကျုပ်လည်းခုမှ သဒိထားမိဒယ် နှုတ်ကျိုးနေတာက ဇမြွန်းသီး ဆိုပြီတော့ပါ ဇင်ပြွန်းသီး ဆိုပြီးခုမှသိဒယ် သိုင်းကျူး ဇင်ပြွန်းသီး ဆိုတာက သဗြုသီးနဲ့ပုံစံခပ်ဆင်ဆင်ဘဲဗျ သူကအလုံးသေးတယ် တစ်ခုက ဇင်ပြွန်းသီး က နွေရာသီမှာသီးတယ် အပင်ကတော့ အပင်ကြီးမျိုးဆိုပေမယ့် ပင်စည်လုံးပတ်နှစ်ပေလောက်ဆိုသီးပြီ နောက်တစ်ခုက သူကအများအားဖြင့် ပင်စည်ဖြောင့်လေ့ရှိတယ် သစ်ထုတ်လို့တော့မရဘူး မရတာလည်းကောင်းတာဘဲ မဟုတ်ရင် ဇင်ပြွန်းသီးစာခြင်ရင် တရုပ်ပြည်သွားနေရဦးမယ် ရွာမှာဆို အပင်ပေါက်တွေကို ခြံစည်းရိုးလုပ်ထားလိုက်ရင် ကြီးလာရင်စားလို့ရသပေါ့ အပင်မကြီးစေခြင်ရင် ထွက်လာတဲ့ အကိုင်းတွေကို ချိုးလိုက်ရတယ် နည်းနည်းထပ်ရှည်ဦးမယ် ဂိန်!!!!! သူ့ဖာသာမျိုးစိတ်ဘယ်လောက်ကွဲတယ်ဆိုတာကတော့ ကျုပ်က ခြောက်တန်းကျော်ကျော်လေးဘဲ နေဘူးတော့သိဘူးဗျ တစ်ခုရှိတာ အဲ့သည်အပင်တွေမှာ အချို့က အရွက်တော်တော်ကြီးတယ် အင်ဖက်ရှားတဲ့ဒေသတွေမှာဆို အဲ့သည် ဇင်ပြွန်းရွက်ကို အိမ်မိုးဖက်အဖြစ်သုံးကြတယ် ဒါပေမယ့်သူက အင်ဖက်လောက်မထူတော့ တစ်မိုးတော့ရသပေါ့ ခုတော့လည်း အချို့ရေလာတဲ့သူတွေက အိမကိုသွပ်မိုးကုန်ပြီပေါ့ အချို့ကတော့ အိမ်မိုးဖို့အတွက် အတော်ခေါင်းစားရရှာတယ် ( ယနေ့မြန်မာနိုင်ငံမှာ အိမ်အမိုးအဖြစ်သုံးနေကြတာကျုပ်သိသလောက်က သက်ကယ် လားသက်ငယ်လား ဓနိ အင်ဖက် တောင်ထန်းရွက် စသည်တွေပေါ့ ) ( အိမ်ကို ပြောခဲ့ပြီးသလို တောထွက်ပစ္စည်းတွေနဲ့ မိုးထားတော့ နေပူရင် အမိုးတွေက ကော့လန်ပြီးနေမယ် ရုတ်တရက်များမိုးရွာလို့ကတော့ အရွက်တွေက ချက်ခြင်းမပြန့်လို့ မိုးရိုတဲ့အခါ ရှိသမျှခွက်တွေနဲ့ လိုက်ခံထားရတာကလည်း စိတ်ပျက်စရာလည်းကောင်း ရီစရာလည်းကောင်းပေါ့ ပြောရရင်တော့ အောလပုံပေါ့ဗျာ ဇင်ပြွန်းသီး ဘရပ်စာ ဟင်းချိုရွက် ကင်ပွန်းရွက် ဒါတွေကတော့ ရောချက်ကြတဲ့ ကရိယာတန်ဆာပလာတွေလို့ပြောနိုင်မလားဘဲ Reply
လုံမလေး မွန်မွန်October 9, 2012 at 12:49 pm စားဖူးတယ် ထင်တာပဲ..လုံမလေးက ရခိုင်စာတွေ ကြိုက်တယ်… ဒီနေ့တောင် ငါးကြင်းကို ရခိုင်ချက် ချက်စားသေးတယ်.. :harr: ရခိုင်ဟင်းချက်နည်းလေးတွေကို လက်တို့ပေးပါဦး… :kwi: Reply
nigimi77October 9, 2012 at 2:25 pm လုံမလေး မွန်မွန်က ရခိုင်စာပဲ ကြိုက်သလား ရခိုင်သားလေးကိုရော မကြိုက်ဘူးလား ကျုပ်တော့ ရခိုင်စာလည်း ကြိုက် ရခိုင်မလေးတွေကို လည်း …အာဟိ Reply
လုံမလေး မွန်မွန်October 10, 2012 at 2:04 pm ပြောပါဝူး…ဘာလို့ ပြောရမှာလဲ… ဟိဟိ (အထင်ကြီးအောင် လျှောက်ပြောတာ).. 🙂 Reply
myanmarcitizenOctober 9, 2012 at 1:17 pm သပြုသီးကို ကြက်သား၊ ငါးရိုး၊ငါးခေါင်း (ငါးအကောင်ကြီးတွေရဲ့ ကင်ထားတဲ့အရိုး။ အရိုးဆိုပေမဲ့ အသားတွေတော်တော်များများပါပါသေးတယ်) အဲ့ဒါနဲ့ဟင်းရေသောက်ချက်လိုက်လို့ကတော့ ချည်ဖန် လေးနဲ့ အတော့ကိုသောက်လို့ကောင်းပါတယ်။ နောက်ပြီး ကြာကြာအထားခံတဲ့အသီးပါ။ မစားရတာကြာပြီဗျာ။ အခုပုံကပြထားတဲ့အသီးကတော့ သိပ်မလတ်တော့ဘူး။ nigimi77 တစ်ယောက် သူအမေ လွင့်ပစ်ဖို့ထားတာကို ကောက်ပြီးရိုက်လိုက်တယ်နဲ့တူတယ် 🙂 Reply
nigimi77October 9, 2012 at 2:22 pm ဟုတ်ပါတယ် myanmarcitizen အဲဒီ အသီးက တော်တော်ကြာရှည်ခံပါတယ် ဝယ်ထားပြီး ခရီးထွက်နေလို ့ ဒီနေ ့မှ ဓါတ်ပုံရိုက်ရတာပါ ၁၅ ရက်ရှိသွားပြီ အဲဒီ အသီးက Reply
marblecommetOctober 9, 2012 at 1:59 pm ကြက်တောင်ပံရိုးနဲ့ သောက်ဆမ်းလေး ချက်စားလို့ သိပ်ကောင်းပေါ့ ကိုတပ်မကြီးရယ် ခင်ဗျားက ဟိုမှာအလုပ်လုပ်နေတာဆိုတော့ စားရမှာပေါ့… Reply
nigimi77October 9, 2012 at 2:18 pm သောက်ဆမ်းကိုတော့ တနင်္ဂနွေနေ ့တိုင်း ကြက်အရှင်ကို ဝယ်ပြီး ကိုယ်တိုင် သတ်စား….ချက်စားပါတယ် marblecommet ရေ ပြီးရင်တော့ မူးမူးနဲ ့ မင်းပြင် ကမ်းခြေသွားရင်သွား မသွားရင်တော့ ကျောက်ဖြူက ကမ်းခြေဘေးက နဂါး နှစ်ကောင်မှာ ပင်လယ်လေရှုပြီး စည်းစိမ်ယူပါတယ် ။ Reply
marblecommetOctober 9, 2012 at 11:13 pm ကိုတပ်မ ပြောမှ စားချင်လာပြန်ပြီဗျာ ဟုတ်တယ် … ကြက်သားဆိုတာ အဲလိုစားမှ….. ……….. သပြုသီးကတော့ နုစဉ်ကနေ ရင့်တဲ့အထိ မျိုးစုံချက်စားလို့ရတဲ့အသီးကိုး နုတုံးက ငြုတ်သီးစပ်စပ်နဲ့ ဆီပြန် ငြုတ်ချက်လေး ချက်တော့လည်း ကောင်းတာပဲ ရင့်သွားတော့လည်း အသားတစ်ခုခုနဲ့ တွဲစပ် အရည်သောက်ချက်စားတော့လည်း ကောင်းတာပဲ ကြာတယ်ဗျာ ဒီတစ်ပတ်စနေတော့ အိမ်မှာ ဇိမ်ပြီပဲ ကြက်အရှင်တော့ တကူးတက လုပ်မနေတော့ဘူး သပြုသီးကြက်သောက်ဆမ်းမယ်ဗျို့….. Reply
kaiOctober 9, 2012 at 2:22 pm သပြုသီးဟင်းကို.. ကောင်းကောင်းစားဖူးတယ်..။ ကြိုက်လည်းကြိုက်တယ်.. သိသလောက်.. သပြုသီးနဲ့ချက်တဲ့ဟင်း… အဖြူရောင်ဟင်းရည်ဖြစ်သွားတာပဲ.. ဘာလို့လည်းမသိ…။ :buu: ထားပါတော့.. “သပြုသီးအတွက်..ဟင်းတစ်ခွက်”( Posted by candle) ဆိုတဲ့.. ပို့စ်လင်ခ့်ကလေး.. အောက်မှာ… http://myanmargazette.net/148580/creative-writing Reply
nigimi77October 9, 2012 at 2:28 pm ရွာထဲက ကိုကိုကာလသားတွေ အတွက် သားရည်စာ ဖြစ်စေမည့် ရခိုင်တပြည်လုံးမှာ ကျောက်ဖြူမြို ့ တမြို ့ထဲမှာပဲ ရှိတဲ့ ရခိုင်တပြည်လုံးက အချောအလှ ဆရာမလေးတွေ စုဝေးရာဖြစ်တဲ့ ပညာရေး ကောလိပ် (T.T.C) အကြောင်းကို ဓါတ်ပုံ ဝေဝေဆာဆာနဲ ့ တင်ပေးပါမယ် 🙂 Reply
ကြောင်ဝတုတ်October 9, 2012 at 2:39 pm ကိုဂဏန်းရေ… သပြုသီးဆိုလို့ Deputy ကို သပြုသီးဆိုပြီး ခေါ်ခဲ့တာလေးကို သတိရမိသကိုးဗျ… သို့သော် သပြုသီးကို ခင်ဗျားပြမှပဲ မြင်ဖူးတော့တယ်ဗျာ… ဗဟုသုတလေးအတွက်ကျေးဇူးပါ… ခင်မင်လျက်- ကြောင်ဝတုတ် Reply
Ma EiOctober 9, 2012 at 2:40 pm သပြုသီးတော့ သိတယ်၊မစားဖူးဘူး… ချက်ရင် ချဉ်စော်ကားသီဟင်းရည်လို အရသာရှိမယ်ထင်တယ်နော်… ဇင်ပြွန်းသီး ဆိုတာတော့ ခုမှကြားဖူးတာ… ရခိုင် ကြက်သောက်ဆမ်းတော့ ကြိုက်တယ်… Reply
we R oneOctober 9, 2012 at 4:43 pm တို့ကတော့ သပြုသီးကို သိပ်ကြိုက်တယ်..။ ချဉ်ပြုံးပြုံးလေနဲ..။ ပြောရင်းတောင် သရည်ယိုလာပြီ.. ရှလွတ် Reply
candle .October 9, 2012 at 8:45 pm candle တင်မပေးနိုင်ခဲ့တဲ့ သပြုသီးဓာတ်ပုံလေးကို.. nigimi77 ကတင်ပေးလို ့ကျေးဇူးအများကြီးတင်ပါတယ်.. ချဉ်ပြုံးပြုံး ဖန်တွတွလေးနဲ ့ ခံတွင်းရှင်းလှတဲ ့သပြုသီးဟင်းလေးကို.. candle ကိုယ်တိုင် ရွာလေးထဲက အကို . အမ တွေကိုချက်ကျွေးချင်လိုက်တာနော်.. Reply
မဟာရာဇာ အံစာတုံးOctober 9, 2012 at 8:49 pm ဥဥနိဂမိဂျီးရဲ့ ကျေးဇူးကြောင့် သပြုသီး ဆိုဒါဂျီးကို မြင်ဖူးတွားဘီ .. ချဲချဲပါ … စားဒေါ့ စားဖူးဘူး … စားဖူးတယ် ရှိအောင်တော့ ရှာပြီး စားထားဦးမှ … Reply
poochOctober 10, 2012 at 12:48 am ခုတော့ မြင်ဖူးသွားပြီ ။ စားတော့ မစားဖူးသေးဘူး။ နောက်ကြုံရင် မြည်းကြည့်ပါအုန်းမယ်။ Reply
အရီးခင်လတ်October 10, 2012 at 2:46 am မောင်ကဏန်း ရေ့ မင်္ဂလာဆောင်ပါ။ (မှားလို့ – မင်္ဂလာပါ) သပြုသီး ဆိုတာကို တစ်ခါမှမမြင်ဘူး။ စားလဲမစားဘူးပါ။ မင်းပြထားတဲ့ စားပွဲပေါ်က ဟင်းတွေ က ဟိတ်ဟန်မရှိရှာပေမဲ့ စားလို့ အတော်မြိန်မဲ့ ပုံဘဲ။ စားပွဲအောက်မှာ ခွေးလေးတစ်ကောင် ကလဲ အိပ်နေသေးသကိုး။ ရွာမှာ အများကြည့်ချင်နေတာကို သတိတရ မျှပေးလို့ သင်းခရူး ကြီးပါ။ :hee: Reply
may flowersOctober 10, 2012 at 1:46 pm ငယ်ငယ်က မွန်ပြည်နယ်က အဖိုး၊အဖွားတွေ အိမ်မှာ အဲဒီအပင်ကြီးရှိတယ်။ အပင်ကြီးမျိုးပါ..မနက် မနက်ဆိုကြွေလိုက်တာမှအရမ်း ၊အဲလိုကြွေကျတဲ့ အသီးတောင်စိမ်းပြီးလတ်နေတာပါပဲ… အရင်ကတော့ ခဏခဏစားရလွန်းတော့ အဲဒီအသီးကိုချက်တဲ့နေ့ဆို ဒီနေ့တွတ်ပီကံမကောင်းတဲ့နေ့လို့ သတ်မှတ်ထား တာပေါ့………….. အလကားရတိုင်းရက်ခြားချက်နေတာ အနဲလေးဟင်းမချက်တောင် ရေနွေးဖြောပြီး တို့စရာအဖြစ်ပါတာပဲ……ခုတော့ မစားရတာကြာတော့လည်း ပြန်လွမ်းသား :saut: Reply
R GaOctober 10, 2012 at 2:18 pm Item Name : Elephant Apple (သပြု) Category : Raw Material Botany Term : Dillenia indica Linn Species Family : Dilleniaceae Found In : အောက်မြန်မာပြည် တောတောင် များ အထူးသဖြင့် ချောင်း မြောင်းများ ၌ ပေါက်ရောက် သည်။ ပေါက်ရောက်ပုံ သဘာဝ အလျောက် ပေါက်ရောက်သည်။ Appearance : အပင် အမြဲ စိမ်းလန်း ၍ ပင်စည် ဖြောင့်မတ်သော သစ်မာပင် ကြီး မျိုး ဖြစ်သည်။ အမြင့်ပေ ၅ဝ အထိရှိ သည်။ အခေါက် ချောသည်။ သပြေနု ရောင်ရှိသည်။ အကိုင်း ဖြာသည်။ အကိုင်း အခက် များ သာမက ရွက်ညှာနှင့် ရွက်ကြော ရိုး များပါ အမွေး နု လေးများ နှင့် ဖုံးအုပ် နေသည်။ အဖိုပင် အမပင် နှစ်မျိုး ရှိ၏။ အရွက် ရွက်လွှဲ ထွက်သည်။ကျယ်ပြန့် သော လှံစွပ် ပုံရှိသည်။ အလျား ၁ ပေခန့် ရှည် ၊ ထိပ်ပိုင်း ကျယ်၍ ရွက်ရင်း သွယ်ပြီး ရွက်ထိပ် ချွန်သည်။ ရွက်ညှာ ရှည်သည်။ ရွက်ကြော များ အလွန်ထင်ရှား သဖြင့် အရွက် အပေါ်မျက်နှာ ပြင် အမြှောင်း လိုက် ဖောင်းကြွ နေသည်။ အပေါ် မျက်နှာ ပြင်ချော ၍ အောက်မျက်နှာ ပြင် ကြမ်းသည်။ ရွက်နား ပတ်လည် အလွန် ထင်ရှားသော လွှသွား ပုံရှိသည်။ အပွင့် အလွန် ကြီးသည်။ အဖြူရောင် ဖြစ်သည်။ ပွင့်ချပ် စိမ်းဝါ ရောင်ရှိ၍ အပွင့် ဘဲဥ ပုံ ဆန်ဆန် ဖြစ်သည်။ အကိုင်း အခက် အဖျား တွင် တစ်ပွင့်တည်း ပွင့်သည်။ အနံ့မွှေးသည်။ ဝါဆို၊ ဝါခေါင် တွင် ပွင့်သည်။ အသီး ကြီး၍ မာသည်။ ရှောက်သီး လုံးခန့် ရှိသည်။ အပေါ်ဘက် တွင် ဂေါ်ဖီ ထုပ်ကဲ့သို့ ပွင့်ဖတ်များ အထပ်ထပ် ဖုံးအုပ် နေသည်။အပြင် ခွံ မာ၍ အတွင်း၌ အနှစ် အသား ရှိသည်။ အစေ့ များသည် သီတင်းကျွတ် ၊ တန်ဆောင်မုန်း လများ တွင် သီးမှည့်သည်။ Useful Part : အသီး။ Including Compound : – Usage : အာနိသင် မြန်မာ ဆေးကျမ်းများ အလိုအရ သပြုသီး အစိမ်း သည် ဖန်၏၊ ချဉ်၏ ၊ အသီးမှည့် သည် ဖန်ချို ချဉ်သော အရသာ ရှိ၏။ လေ ၊ သလိပ် ရောဂါ၊ ရင်၌ ထိုးကျင် သော အနာ၊ မောပန်း ခြင်းနှင့် အပူပြင်း ထန်သော အဖျား များကို နိုင်သည်။ အသုံးပြုပုံ- အသီး ၁ ။ အသီးကို သကြားခဲ နှင့် ဖျော်ရည် ပြုလုပ်ပြီး သောက်ပါက ချောင်းဆိုး ရောဂါ နှင့် အပူလွန် ခြင်း အပြင်း ဖျား ခြင်း တို့ကို ပျောက်ကင်း စေ၍ ဝမ်းကို စင်ကြယ် စွာသွား စေ၏။ ၂ ။ ခြေဖဝါး လက်ဖဝါး ပူလောင်သော အခါ အသီးရည်ကို လိမ်းပေးပြီး အရွက်နှင့် ပတ်ထား ပေးပါက ရက်အနည်းငယ် အတွင်း ပျောက်ကင်း စေသည်။ ၃ ။ အသီးကို အရည်ညှစ် ၍ သောက်သုံး ခြင်း ဖြင့် ဝက်ရူး ရောဂါ၊ ခွေးရူး ရောဂါ များ ပျောက်၏။ Reply
34 comments
မိုချို
October 9, 2012 at 9:04 am
ရခိုင်မှာနေတုန်း က အမုန်းသောက်ခဲ့ ရတဲ့ သပြုသီး ချဉ်ရည် လေး သောက်ချင်လာပြီ။ အဲဒီ အသီး က ရခိုင်မှာ ပေါသလောက် ရန်ကုန်မှာ မတွေ့ ဖူးဘူး။ ဒီမှာတော့ ကုလား ဆိုင်တွေ မှာတွေ့ မိတယ်။ ရန်ကုန်မှာ ဈေးတိုင်း မှာ မရတဲ့ ရခိုင်မှာပဲ စ စားဖူးတဲ့ အသီး တစ်မျိုး ဖြစ်တဲ့ ဟင်းခပေါက်သီးလည်း ဒီမှာ ရှိတယ်။
weiwei
October 9, 2012 at 9:54 am
သပြုသီး ရန်ကုန်မှာ ဝယ်လို့ရပါတယ် .. လှည်းတန်းဈေးက ရခိုင်ဆိုင်မှာ ရခိုင်ဒေသထွက်အသီးအနှံ အစုံရောင်းတယ် … ဈေးတော့ ကြီးတယ် … ဟင်းခပေါက်သီးလေးတွေလဲ ရှိတယ် …
Wow
October 9, 2012 at 9:09 am
သပြုသီးကို ကြက်သားနဲ့ အရည်သောက်လေးချက်စား တအားကောင်း… :hee:
Thu Wai
October 9, 2012 at 9:23 am
တစ်ခါမှ မစားဘူးဝူး
Wow
October 9, 2012 at 11:00 am
အေး နင်တက်တူးမထိုးတော့ရင် ချက်ကျွေးမယ်…
may flowers
October 9, 2012 at 9:43 am
မွန်ပြည်နယ်မှာလဲ ပေါပါတယ်။ ဒါနဲ့ ဒီသပြုသီးကတော်တော်နွမ်း
နေသလိုပဲ အဲလောက်နွမ်းရင်စားလို့မကောင်းတော့ဘူးထင်ပါ့။
nigimi77
October 9, 2012 at 2:06 pm
ဟုတ်တယ် မေဖလားဝါးရေ ။ ဟင်းချက်တဲ့ ကောင်မလေးတွေကို ဝယ်ခိုင်းထားတာ
ဝယ်လာတဲ့ နေ ့မှာပဲ ကျုပ်က ခရီးထွက်သွားလို ့ အခုလို နွမ်းဖတ်နေမှ ရိုက်ရတာ
surmi
October 9, 2012 at 9:49 am
ကျုပ်ကရခိုင်စာလည်းကြိုက် ရခိုင်အိမ်တွေမှာစားနေကြဆိုတော ့ဒီဟင်းချိုကိုအတော်
လေးသဘောကျတာ ။ သူ ့ရဲ ့အချဉ်ဓတ်က ကြည်ကြည်လေး ။ ရန်ကုန်မှာတော ့
စမ်းချောင်းဂွဈေးမှာဝယ်လို ့ရမယ်ထင်တယ်။ ဒါနဲ ့ ကိုရင်နိဂိမိရေ
အဆင်ပြေရင် ဇင်ပြွန်းသီးကိုချက်တဲ ့ အကြောင်းလေးလုပ်ပါဦး ။ ကြားသာကြားဖူးပြီး
မစားဖူးသေးဘူးဗျ။ နောက်ပြီးရန်ကုန်မှာ ရနိုင်လားလို ့ပေါ ့။ဒီက ရခိုင်ဆိုင်တွေမှာတော ့
မတွေ ့ဖူးသေးဘူး ။
Crystalline
October 9, 2012 at 10:08 am
တပြုသီးကြီးကမီးကင်ထားတာလား? ဒီမှာတော့စိမ်းစိမ်းလတ်လတ်လေးတွေတွေ့လို့.. ဘဲဥဟင်းကလည်းဆီများလိုက်တာ. ရခိုင်တွေကဆီစားနည်းတယ်ပြောကြတယ်. :question:
nigimi77
October 9, 2012 at 2:14 pm
သပြုသီးက Expired Date ဖြစ်သွားတာအေ့
ဝယ်ထားတာကြာပြီ ဒီနေ ့မှ ဓါတ်ပုံရိုက်ရလို ့
အဲဒီဆိုင်က ရခိုင်မက ဖွင့်ထားတာပဲ
ဗမာတွေ များလို ့လားတော့မသိဘူး ဆီကို မတရားသုံးတယ်
ကျုပ်တော့ ဆီဖယ်စားရတာပေါ့
ဒီမှာက ခေါင်တော့ ရွေးချယ်စရာ သိပ်မရှိဘူးလေ
ကျောက်ဖြူမြို ့ထဲသွားရင်တော့ ဆီမပါတဲ့ ရခိုင်ဟင်းကောင်းကောင်းစားရတာပေါ့
Khaing Khaing
October 9, 2012 at 10:15 am
သပြုသီးဆိုတာ ရခိုင်စာချည်းမဟုတ်ပါဘူး … မွန်တွေလည်းချက်စားကြပါတယ် …. သိပ်အရှားကြီးမဟုတ်ပါဘူး … ရန်ကုန်က လူတွေက သိပ်မစားဖူးတော့ အဲဒီအသီးကို သတိမထားမိတာလည်း ပါပါမယ် … သပြုသီးကို ငါးကိုကင်ထားတာလေးနဲ့ ချက်စားရင်တစ်အားမွှေးတာ …
ကိုစာမိပြောတဲ့ ဇင်ပြွန်းသီး ဆိုတာလည်း မွန်စာပါပဲ .. အမေဆို မော်လမြိုင်ကပြန်လာရင် အဲဒီအသီးလေးတွေ ဝယ်လာတတ်တယ် … သူ့အသီးလေးက သဖန်းသီးလောက်ပဲရှိတယ် … ပါးပါးလှီးပြီး ဟင်းချိုချက်သောက်ရတာပဲ ….
manawphyulay
October 9, 2012 at 11:45 am
တစ်ခါမှ မမြင်ဖူးဘူး။ ခုမှပဲမြင်ဖူးတော့တယ် ချက်စားရင် ချဉ်ဖန်လေးလားရှင်။ ဘယ်လိုမျိုးလဲဆိုတာ ပိုစ့်မှာ သွားပြန်ဖတ်ကြည့်ဦးမှပဲ။
ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု
October 9, 2012 at 12:22 pm
ဟုတ်ပါ့တော် ကျုပ်လည်းခုမှ သဒိထားမိဒယ်
နှုတ်ကျိုးနေတာက ဇမြွန်းသီး ဆိုပြီတော့ပါ ဇင်ပြွန်းသီး ဆိုပြီးခုမှသိဒယ် သိုင်းကျူး
ဇင်ပြွန်းသီး ဆိုတာက သဗြုသီးနဲ့ပုံစံခပ်ဆင်ဆင်ဘဲဗျ သူကအလုံးသေးတယ်
တစ်ခုက ဇင်ပြွန်းသီး က နွေရာသီမှာသီးတယ် အပင်ကတော့ အပင်ကြီးမျိုးဆိုပေမယ့်
ပင်စည်လုံးပတ်နှစ်ပေလောက်ဆိုသီးပြီ နောက်တစ်ခုက သူကအများအားဖြင့်
ပင်စည်ဖြောင့်လေ့ရှိတယ် သစ်ထုတ်လို့တော့မရဘူး
မရတာလည်းကောင်းတာဘဲ မဟုတ်ရင် ဇင်ပြွန်းသီးစာခြင်ရင်
တရုပ်ပြည်သွားနေရဦးမယ်
ရွာမှာဆို အပင်ပေါက်တွေကို ခြံစည်းရိုးလုပ်ထားလိုက်ရင် ကြီးလာရင်စားလို့ရသပေါ့
အပင်မကြီးစေခြင်ရင် ထွက်လာတဲ့ အကိုင်းတွေကို ချိုးလိုက်ရတယ်
နည်းနည်းထပ်ရှည်ဦးမယ် ဂိန်!!!!!
သူ့ဖာသာမျိုးစိတ်ဘယ်လောက်ကွဲတယ်ဆိုတာကတော့ ကျုပ်က ခြောက်တန်းကျော်ကျော်လေးဘဲ
နေဘူးတော့သိဘူးဗျ
တစ်ခုရှိတာ အဲ့သည်အပင်တွေမှာ အချို့က အရွက်တော်တော်ကြီးတယ်
အင်ဖက်ရှားတဲ့ဒေသတွေမှာဆို အဲ့သည် ဇင်ပြွန်းရွက်ကို အိမ်မိုးဖက်အဖြစ်သုံးကြတယ်
ဒါပေမယ့်သူက အင်ဖက်လောက်မထူတော့ တစ်မိုးတော့ရသပေါ့
ခုတော့လည်း အချို့ရေလာတဲ့သူတွေက အိမကိုသွပ်မိုးကုန်ပြီပေါ့
အချို့ကတော့ အိမ်မိုးဖို့အတွက် အတော်ခေါင်းစားရရှာတယ်
( ယနေ့မြန်မာနိုင်ငံမှာ အိမ်အမိုးအဖြစ်သုံးနေကြတာကျုပ်သိသလောက်က သက်ကယ် လားသက်ငယ်လား
ဓနိ အင်ဖက် တောင်ထန်းရွက် စသည်တွေပေါ့ )
( အိမ်ကို ပြောခဲ့ပြီးသလို တောထွက်ပစ္စည်းတွေနဲ့ မိုးထားတော့ နေပူရင် အမိုးတွေက ကော့လန်ပြီးနေမယ်
ရုတ်တရက်များမိုးရွာလို့ကတော့ အရွက်တွေက ချက်ခြင်းမပြန့်လို့ မိုးရိုတဲ့အခါ ရှိသမျှခွက်တွေနဲ့
လိုက်ခံထားရတာကလည်း စိတ်ပျက်စရာလည်းကောင်း ရီစရာလည်းကောင်းပေါ့
ပြောရရင်တော့ အောလပုံပေါ့ဗျာ
ဇင်ပြွန်းသီး ဘရပ်စာ ဟင်းချိုရွက် ကင်ပွန်းရွက် ဒါတွေကတော့ ရောချက်ကြတဲ့
ကရိယာတန်ဆာပလာတွေလို့ပြောနိုင်မလားဘဲ
လုံမလေး မွန်မွန်
October 9, 2012 at 12:49 pm
စားဖူးတယ် ထင်တာပဲ..လုံမလေးက ရခိုင်စာတွေ ကြိုက်တယ်…
ဒီနေ့တောင် ငါးကြင်းကို ရခိုင်ချက် ချက်စားသေးတယ်.. :harr:
ရခိုင်ဟင်းချက်နည်းလေးတွေကို လက်တို့ပေးပါဦး… :kwi:
nigimi77
October 9, 2012 at 2:25 pm
လုံမလေး မွန်မွန်က ရခိုင်စာပဲ ကြိုက်သလား ရခိုင်သားလေးကိုရော မကြိုက်ဘူးလား
ကျုပ်တော့ ရခိုင်စာလည်း ကြိုက် ရခိုင်မလေးတွေကို လည်း …အာဟိ
လုံမလေး မွန်မွန်
October 10, 2012 at 2:04 pm
ပြောပါဝူး…ဘာလို့ ပြောရမှာလဲ… ဟိဟိ (အထင်ကြီးအောင် လျှောက်ပြောတာ).. 🙂
myanmarcitizen
October 9, 2012 at 1:17 pm
သပြုသီးကို ကြက်သား၊ ငါးရိုး၊ငါးခေါင်း (ငါးအကောင်ကြီးတွေရဲ့ ကင်ထားတဲ့အရိုး။ အရိုးဆိုပေမဲ့ အသားတွေတော်တော်များများပါပါသေးတယ်) အဲ့ဒါနဲ့ဟင်းရေသောက်ချက်လိုက်လို့ကတော့ ချည်ဖန် လေးနဲ့ အတော့ကိုသောက်လို့ကောင်းပါတယ်။ နောက်ပြီး ကြာကြာအထားခံတဲ့အသီးပါ။ မစားရတာကြာပြီဗျာ။
အခုပုံကပြထားတဲ့အသီးကတော့ သိပ်မလတ်တော့ဘူး။ nigimi77 တစ်ယောက် သူအမေ လွင့်ပစ်ဖို့ထားတာကို ကောက်ပြီးရိုက်လိုက်တယ်နဲ့တူတယ် 🙂
nigimi77
October 9, 2012 at 2:22 pm
ဟုတ်ပါတယ် myanmarcitizen
အဲဒီ အသီးက တော်တော်ကြာရှည်ခံပါတယ်
ဝယ်ထားပြီး ခရီးထွက်နေလို ့ ဒီနေ ့မှ ဓါတ်ပုံရိုက်ရတာပါ
၁၅ ရက်ရှိသွားပြီ အဲဒီ အသီးက
marblecommet
October 9, 2012 at 1:59 pm
ကြက်တောင်ပံရိုးနဲ့
သောက်ဆမ်းလေး ချက်စားလို့
သိပ်ကောင်းပေါ့
ကိုတပ်မကြီးရယ်
ခင်ဗျားက ဟိုမှာအလုပ်လုပ်နေတာဆိုတော့
စားရမှာပေါ့…
nigimi77
October 9, 2012 at 2:18 pm
သောက်ဆမ်းကိုတော့ တနင်္ဂနွေနေ ့တိုင်း ကြက်အရှင်ကို ဝယ်ပြီး
ကိုယ်တိုင် သတ်စား….ချက်စားပါတယ် marblecommet ရေ
ပြီးရင်တော့ မူးမူးနဲ ့ မင်းပြင် ကမ်းခြေသွားရင်သွား မသွားရင်တော့
ကျောက်ဖြူက ကမ်းခြေဘေးက နဂါး နှစ်ကောင်မှာ ပင်လယ်လေရှုပြီး
စည်းစိမ်ယူပါတယ် ။
marblecommet
October 9, 2012 at 11:13 pm
ကိုတပ်မ ပြောမှ
စားချင်လာပြန်ပြီဗျာ
ဟုတ်တယ် …
ကြက်သားဆိုတာ အဲလိုစားမှ…..
………..
သပြုသီးကတော့ နုစဉ်ကနေ ရင့်တဲ့အထိ
မျိုးစုံချက်စားလို့ရတဲ့အသီးကိုး
နုတုံးက ငြုတ်သီးစပ်စပ်နဲ့ ဆီပြန် ငြုတ်ချက်လေး
ချက်တော့လည်း ကောင်းတာပဲ
ရင့်သွားတော့လည်း အသားတစ်ခုခုနဲ့
တွဲစပ် အရည်သောက်ချက်စားတော့လည်း
ကောင်းတာပဲ
ကြာတယ်ဗျာ
ဒီတစ်ပတ်စနေတော့
အိမ်မှာ ဇိမ်ပြီပဲ
ကြက်အရှင်တော့ တကူးတက
လုပ်မနေတော့ဘူး
သပြုသီးကြက်သောက်ဆမ်းမယ်ဗျို့…..
kai
October 9, 2012 at 2:22 pm
သပြုသီးဟင်းကို.. ကောင်းကောင်းစားဖူးတယ်..။ ကြိုက်လည်းကြိုက်တယ်..
သိသလောက်..
သပြုသီးနဲ့ချက်တဲ့ဟင်း… အဖြူရောင်ဟင်းရည်ဖြစ်သွားတာပဲ..
ဘာလို့လည်းမသိ…။ :buu:
ထားပါတော့..
“သပြုသီးအတွက်..ဟင်းတစ်ခွက်”( Posted by candle) ဆိုတဲ့.. ပို့စ်လင်ခ့်ကလေး.. အောက်မှာ…
http://myanmargazette.net/148580/creative-writing
nigimi77
October 9, 2012 at 2:28 pm
ရွာထဲက ကိုကိုကာလသားတွေ အတွက် သားရည်စာ ဖြစ်စေမည့်
ရခိုင်တပြည်လုံးမှာ ကျောက်ဖြူမြို ့ တမြို ့ထဲမှာပဲ ရှိတဲ့
ရခိုင်တပြည်လုံးက အချောအလှ ဆရာမလေးတွေ စုဝေးရာဖြစ်တဲ့
ပညာရေး ကောလိပ် (T.T.C) အကြောင်းကို ဓါတ်ပုံ ဝေဝေဆာဆာနဲ ့
တင်ပေးပါမယ် 🙂
မောင်ပေ
October 10, 2012 at 1:59 am
လိုအပ်နေတာကို နားလည်သဘောပေါက်စမ်းပါ
ကြောင်ဝတုတ်
October 9, 2012 at 2:39 pm
ကိုဂဏန်းရေ…
သပြုသီးဆိုလို့ Deputy ကို သပြုသီးဆိုပြီး ခေါ်ခဲ့တာလေးကို သတိရမိသကိုးဗျ…
သို့သော် သပြုသီးကို ခင်ဗျားပြမှပဲ မြင်ဖူးတော့တယ်ဗျာ…
ဗဟုသုတလေးအတွက်ကျေးဇူးပါ…
ခင်မင်လျက်-
ကြောင်ဝတုတ်
Ma Ei
October 9, 2012 at 2:40 pm
သပြုသီးတော့ သိတယ်၊မစားဖူးဘူး…
ချက်ရင် ချဉ်စော်ကားသီဟင်းရည်လို အရသာရှိမယ်ထင်တယ်နော်…
ဇင်ပြွန်းသီး ဆိုတာတော့ ခုမှကြားဖူးတာ…
ရခိုင် ကြက်သောက်ဆမ်းတော့ ကြိုက်တယ်…
we R one
October 9, 2012 at 4:43 pm
တို့ကတော့ သပြုသီးကို သိပ်ကြိုက်တယ်..။ ချဉ်ပြုံးပြုံးလေနဲ..။ ပြောရင်းတောင် သရည်ယိုလာပြီ.. ရှလွတ်
candle .
October 9, 2012 at 8:45 pm
candle တင်မပေးနိုင်ခဲ့တဲ့ သပြုသီးဓာတ်ပုံလေးကို..
nigimi77 ကတင်ပေးလို ့ကျေးဇူးအများကြီးတင်ပါတယ်..
ချဉ်ပြုံးပြုံး ဖန်တွတွလေးနဲ ့ ခံတွင်းရှင်းလှတဲ ့သပြုသီးဟင်းလေးကို..
candle ကိုယ်တိုင် ရွာလေးထဲက အကို . အမ တွေကိုချက်ကျွေးချင်လိုက်တာနော်..
မဟာရာဇာ အံစာတုံး
October 9, 2012 at 8:49 pm
ဥဥနိဂမိဂျီးရဲ့ ကျေးဇူးကြောင့်
သပြုသီး ဆိုဒါဂျီးကို မြင်ဖူးတွားဘီ ..
ချဲချဲပါ …
စားဒေါ့ စားဖူးဘူး …
စားဖူးတယ် ရှိအောင်တော့ ရှာပြီး စားထားဦးမှ …
pooch
October 10, 2012 at 12:48 am
ခုတော့ မြင်ဖူးသွားပြီ ။ စားတော့ မစားဖူးသေးဘူး။ နောက်ကြုံရင် မြည်းကြည့်ပါအုန်းမယ်။
အရီးခင်လတ်
October 10, 2012 at 2:46 am
မောင်ကဏန်း ရေ့
မင်္ဂလာဆောင်ပါ။ (မှားလို့ – မင်္ဂလာပါ)
သပြုသီး ဆိုတာကို တစ်ခါမှမမြင်ဘူး။ စားလဲမစားဘူးပါ။
မင်းပြထားတဲ့ စားပွဲပေါ်က ဟင်းတွေ က ဟိတ်ဟန်မရှိရှာပေမဲ့ စားလို့ အတော်မြိန်မဲ့ ပုံဘဲ။
စားပွဲအောက်မှာ ခွေးလေးတစ်ကောင် ကလဲ အိပ်နေသေးသကိုး။
ရွာမှာ အများကြည့်ချင်နေတာကို သတိတရ မျှပေးလို့ သင်းခရူး ကြီးပါ။ :hee:
may flowers
October 10, 2012 at 1:46 pm
ငယ်ငယ်က မွန်ပြည်နယ်က အဖိုး၊အဖွားတွေ အိမ်မှာ အဲဒီအပင်ကြီးရှိတယ်။ အပင်ကြီးမျိုးပါ..မနက်
မနက်ဆိုကြွေလိုက်တာမှအရမ်း ၊အဲလိုကြွေကျတဲ့ အသီးတောင်စိမ်းပြီးလတ်နေတာပါပဲ… အရင်ကတော့
ခဏခဏစားရလွန်းတော့ အဲဒီအသီးကိုချက်တဲ့နေ့ဆို ဒီနေ့တွတ်ပီကံမကောင်းတဲ့နေ့လို့ သတ်မှတ်ထား
တာပေါ့………….. အလကားရတိုင်းရက်ခြားချက်နေတာ အနဲလေးဟင်းမချက်တောင် ရေနွေးဖြောပြီး
တို့စရာအဖြစ်ပါတာပဲ……ခုတော့ မစားရတာကြာတော့လည်း ပြန်လွမ်းသား :saut:
R Ga
October 10, 2012 at 2:18 pm
Item Name : Elephant Apple (သပြု)
Category : Raw Material
Botany Term : Dillenia indica Linn
Species Family : Dilleniaceae
Found In : အောက်မြန်မာပြည် တောတောင် များ အထူးသဖြင့် ချောင်း မြောင်းများ ၌ ပေါက်ရောက် သည်။
ပေါက်ရောက်ပုံ
သဘာဝ အလျောက် ပေါက်ရောက်သည်။
Appearance : အပင်
အမြဲ စိမ်းလန်း ၍ ပင်စည် ဖြောင့်မတ်သော သစ်မာပင် ကြီး မျိုး ဖြစ်သည်။ အမြင့်ပေ ၅ဝ အထိရှိ သည်။ အခေါက် ချောသည်။ သပြေနု ရောင်ရှိသည်။ အကိုင်း ဖြာသည်။ အကိုင်း အခက် များ သာမက ရွက်ညှာနှင့် ရွက်ကြော ရိုး များပါ အမွေး နု လေးများ နှင့် ဖုံးအုပ် နေသည်။ အဖိုပင် အမပင် နှစ်မျိုး ရှိ၏။
အရွက်
ရွက်လွှဲ ထွက်သည်။ကျယ်ပြန့် သော လှံစွပ် ပုံရှိသည်။ အလျား ၁ ပေခန့် ရှည် ၊ ထိပ်ပိုင်း ကျယ်၍ ရွက်ရင်း သွယ်ပြီး ရွက်ထိပ် ချွန်သည်။ ရွက်ညှာ ရှည်သည်။ ရွက်ကြော များ အလွန်ထင်ရှား သဖြင့် အရွက် အပေါ်မျက်နှာ ပြင် အမြှောင်း လိုက် ဖောင်းကြွ နေသည်။ အပေါ် မျက်နှာ ပြင်ချော ၍ အောက်မျက်နှာ ပြင် ကြမ်းသည်။ ရွက်နား ပတ်လည် အလွန် ထင်ရှားသော လွှသွား ပုံရှိသည်။
အပွင့်
အလွန် ကြီးသည်။ အဖြူရောင် ဖြစ်သည်။ ပွင့်ချပ် စိမ်းဝါ ရောင်ရှိ၍ အပွင့် ဘဲဥ ပုံ ဆန်ဆန် ဖြစ်သည်။ အကိုင်း အခက် အဖျား တွင် တစ်ပွင့်တည်း ပွင့်သည်။ အနံ့မွှေးသည်။ ဝါဆို၊ ဝါခေါင် တွင် ပွင့်သည်။
အသီး
ကြီး၍ မာသည်။ ရှောက်သီး လုံးခန့် ရှိသည်။ အပေါ်ဘက် တွင် ဂေါ်ဖီ ထုပ်ကဲ့သို့ ပွင့်ဖတ်များ အထပ်ထပ် ဖုံးအုပ် နေသည်။အပြင် ခွံ မာ၍ အတွင်း၌ အနှစ် အသား ရှိသည်။ အစေ့ များသည် သီတင်းကျွတ် ၊ တန်ဆောင်မုန်း လများ တွင် သီးမှည့်သည်။
Useful Part : အသီး။
Including Compound : –
Usage : အာနိသင်
မြန်မာ ဆေးကျမ်းများ အလိုအရ သပြုသီး အစိမ်း သည် ဖန်၏၊ ချဉ်၏ ၊ အသီးမှည့် သည် ဖန်ချို ချဉ်သော အရသာ ရှိ၏။ လေ ၊ သလိပ် ရောဂါ၊ ရင်၌ ထိုးကျင် သော အနာ၊ မောပန်း ခြင်းနှင့် အပူပြင်း ထန်သော အဖျား များကို နိုင်သည်။
အသုံးပြုပုံ-
အသီး
၁ ။ အသီးကို သကြားခဲ နှင့် ဖျော်ရည် ပြုလုပ်ပြီး သောက်ပါက ချောင်းဆိုး ရောဂါ နှင့် အပူလွန် ခြင်း အပြင်း ဖျား ခြင်း တို့ကို ပျောက်ကင်း စေ၍ ဝမ်းကို စင်ကြယ် စွာသွား စေ၏။
၂ ။ ခြေဖဝါး လက်ဖဝါး ပူလောင်သော အခါ အသီးရည်ကို လိမ်းပေးပြီး အရွက်နှင့် ပတ်ထား ပေးပါက ရက်အနည်းငယ် အတွင်း ပျောက်ကင်း စေသည်။
၃ ။ အသီးကို အရည်ညှစ် ၍ သောက်သုံး ခြင်း ဖြင့် ဝက်ရူး ရောဂါ၊ ခွေးရူး ရောဂါ များ ပျောက်၏။
mayjuly
October 10, 2012 at 2:51 pm
ကြားတော့ကြားဘူးတယ်..
ခုမှ မြင်ဖူးတော့တယ် .. ရှဲရှဲ