MyanPay – Secure Online Payment စနစ်

manawphyulayOctober 8, 20121min02

အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသော ယနေ့ခေတ်ကြီးတွင် မြန်မာနိုင်ငံသားအနေဖြင့် ခေတ်နောက်ကျမကျန်ရစ်ခဲ့ဘဲ
အခြားနိုင်ငံများနည်းတူ တပြေးညီတိုးတက်မှုများ ရရှိလာစေရန် Online Business စီးပွားရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်း
ပေါ်ပေါက်လာစေရေးသည်လည်း အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လျက် ရှိပါသည်။

ထိုသို့ Online Business များ တိုးတက်ဖြစ်ပေါ်လာရေးအတွက် အင်တာနက် Online Website များမှ တဆင့် လုံခြုံစိတ်ချ လွယ်ကူလျင်မြန်စွာ ငွေပေးချေခြင်း၊ ငွေလက်ခံခြင်းများ ဆောင်ရွက်နိုင်သည့် MyanPay Online Payment System
(Online Payment Gateway) အား စတင်ဆောင်ရွက်လိုက်ပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာကျပ်ငွေဖြင့် အင်တာနက် Online Website များမှ တဆင့် ငွေပေးချေခြင်း၊ ငွေလက်ခံခြင်းများအား MyanPay –
Secure Online Payment စနစ်ကို အသုံးပြု၍ လုံခြုံစိတ်ချလွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ပါသည်။ MyanPay သည် အင်တာနက် online
မှတဆင့် ငွေပေးချေခြင်း (Pay Online)၊ ငွေလွဲပို့ခြင်း (Send Money)၊ ငွေလက်ခံခြင်း (Get Paid) တို့အား ဝန်ဆောင်မှုပေးပါသည်။

MyanPay ဝန်ဆောင်မှု၏ Website မှာ https://www.myanpay.com.mm ဖြစ်ပါသည်။

2 comments

  • Thu Wai

    October 9, 2012 at 9:36 am

    ဟုတ်ကဲ့ အခုပဲ ကျွန်တော် ရဲ့ လက်ဖက်ရည်ဖိုး ဒေါ်လာ တစ်သန်းနဲ့ စပြီး အကောင့်ဖွင့်လိုက်ပါမယ်

    Reply

    • manawphyulay

      October 9, 2012 at 11:19 am

      စမ်းသုံးကြည့်ပြီးရင်လည်း လက်တို့ဦးနော်…

      Reply

Leave a Reply to manawphyulay Cancel Reply

Your email address will not be published.