တိုးတုိုးလေးပါပဲ

တိုးတိုးလေးပါပဲ

………………….

ငါမညာရက်ဘူး…………..

ငါမညာချင်ဘူး……………

ရင်ထဲကခံစားချက်တွေကို

အသိမှတ်တစ်ခုအနေနဲ့ပြောပြဖို့

ခံစားတက်သူကိုရှာနေခဲ့မိတယ်

ခံစားမဲ့သူကိုညာနေခဲ့မိတယ်

ရင်တွင်းကခံစားချက်ကတော့

မြည်နေခဲ့မိပြီ……………..

ဒါပေမယ်………တိုးတိုးလေးပါပဲ….။

လမင်းကိုငေးမောဖို့ကောင်းကင်ကိုကြည့်မိခဲ့ပြီ

ကြယ်ကလေးကငိုနေလို့ပေါ့

ဪ…………ဟုတ်တယ်

သူငိုနေတယ်

ငါလည်းငိုနေတယ်

ဝေးကွာမှုတွေကအစပြုခဲ့တာလေ

ရင်ခုန်သံတွေကခုန်နေတုန်း

ဒါပေမယ့်……..တိုးတိုးလေးပါပဲ….။

စင်မြင့်ပေါ်ကအဆိုတော်သစ်က

သံစဉ်တွေကိုသီကုံးနေခဲ့ပြီး

သဘာဝတရားကြီးထဲရောက်နေတဲ့

ကဗျာဆရာလေးက အလှပကိုရှာနေပြီး

စကားလုံးတွေသီကုံးနေခဲ့ပြီ

ကန်ဘောင်မှာရောက်နေတဲ့ချစ်သူစုံတွဲက

စကားတွေဖောင်ဖွဲ့လို့ပေါ့…………

ငါလည်းပြောလိုက်မိခဲ့တယ်

ချစ်ဆုံးသူရဲ့ရင်တွင်းဆီသို့

ငါ့နှလုံးသားလေးရဲ့တောင်းဆိုချက်အရ

`ငါ…..မင်းကိုချစ်တယ်`ဆိုတဲ့စကားလုံးလေး

ငါ့ရင်တွင်းကပြောလိုက်မိပြီပေါ့……..

ဒါပေမယ့်……….တိုးတိုးလေးပါပဲ……..။ ။

 

ဇွဲမာန်(အင်းဝ)

5 comments

  • Khaing Khaing

    October 5, 2012 at 10:56 am

    ရင်တွင်းဖြစ် ကဗျာလေးကို အားပေးသွားပါတယ် ……..

    Reply

  • ကိုခင်ခ

    October 5, 2012 at 12:25 pm

    ကျွန်တော်လည်း ဇွဲမာန်(အင်းဝ)ရေ ဖတ်ပြီး မန့်ချင်တာလေးကို ပြောလိုက်မယ်၊
    ———————————————————————————-
    တိုးတိုးလေးမို့ ကြားလားလို့။

    Reply

  • mayjuly

    October 5, 2012 at 2:00 pm

    တိုးတိုးလေးဆိုတော့ ဘူကကြားမှာလဲလို့ … :kwi:

    Reply

  • မောင်ပေ

    October 5, 2012 at 9:08 pm

    တိုးတိုးလေး ပဲ ဖြစ်ဖြစ်
    ကျယ်ကျယ်ကြီး ပဲ ဖြစ်ဖြစ်
    ရင်ခုန်သံချင်း ထပ်တူကြဖို ့
    ပိုလိုအပ်မယ် ထင်ပါရဲ ့

    Reply

  • Mobile

    October 7, 2012 at 12:07 am

    တိုးတိုးလေးပါပဲ ငါကျေကွဲးရ ဆိုရင်တော့ အလွမ်းကဗျာ ဖြစ်သွားမှာပေါ့နော်

    Reply

Leave a Reply

Your email address will not be published.