ကော်ရှုခြင်း

Zaw WonnaSeptember 29, 20121min012

ကော်ရှုတယ်ဆိုတာ စက်ဘီး ဘီးဖာတဲ့ကော်၊ ဒါမှမဟုတ် PVC ပိုက်ဆက်တဲ့ကော် စတဲ့ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ ကော်မျိုးကို ရှုတာပဲ ဖြစ်ပါတယ်။ ကော်တွေကို လက်ထဲ၊ ပလတ်စတစ်အိတ်ထဲ ထည့်ပြီးတော့ နှာခေါင်းနဲ့ အနံ့ကို ရှုတာပါ။ မူးယစ်ဆေးဝါး သုံးစွဲသလိုမျိုးပါပဲ။ ကျနော့်စိတ်ထင်တော့ ကော်ကထွက်လာတဲ့ အငွေ့ဟာ အဆိပ်အတောက် ဖြစ်စေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်ပုံတွေကို ကမောက်ကမ ဖြစ်စေတာမျိုး ဖြစ်ပါလိမ့်မယ်။ ကျန်းမာရေးအတွက် အတော့်ကို ဆိုးဆိုးရွားရွား ထိခိုက်စေမယ့် ကိစ္စလို့ မြင်ပါတယ်။

ကျနော် စတင် တွေ့ဖူးတာကတော့ ထိုင်းနိုင်ငံ နယ်စပ်ဒေသက ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေဆီမှာပါ။ ကော်ရှုပြီးရင် ဘယ်လို ခံစားရသလဲဆိုတော့ ဟိုးအဝေးမှာ ရှိတဲ့ အရာတွေဟာ ကိုယ်နဲ့ နီးနီးလေးမှာ ရှိသလိုမျိုး အာရုံလှည့်စားမှု ဖြစ်စေပါတယ်တဲ့။ ကိုယ်တိုင် မစမ်းသပ်ဖူးလို့ အတိအကျတော့ မပြောပြနိုင်ပါ။ ဒါပေမယ့် ကော်ရှုပြီး ဂေါက်သွားတဲ့ လူကိုတော့ တွေ့ဖူးပါတယ်။ သူကတော့ အားအားရှိရင် မိုးပေါ်ကို လက်တွေမြှောက်ပြီး ကောင်းကင်တမွတ် ကြယ်ကိုဆွတ် လုပ်နေလေ့ရှိပါတယ်။

ပြီးခဲ့တဲ့အပတ်က ရန်ကုန်၊ မင်္ဂလာဈေးနားမှာ ကောင်လေး သုံးယောက်၊ တစ်ယောက်က လက်ထဲမှာ ဖွင့်ထားတဲ့ ကော်ဗူးကို ကိုင်ပြီး ရှုနေပြီး ကျန်နှစ်ယောက်ကတော့ ပလစ်စတစ်စနဲ့ ထည့်ထားတဲ့ ကော်တွေကို လက်နဲ့ အုပ်ပြီး လမ်းဘေးမှာပဲ ရှုနေကြတာကို တွေ့ခဲ့ရပါတယ်။ ဒီကော်ရှုတဲ့ အလေ့အထက ဘယ်လိုလုပ်ပြီး ရန်ကုန်ကို ရောက်လာတာလဲ၊ ရောက်လာတာ ဘယ်လောက်ကြာနေပြီလဲ ဆိုတာ စိတ်ဝင်စားစရာပါ။ အထူးသဖြင့် မိဘတွေ အနေနဲ့ မိမိသားသမီးကို အဲဒီလို အလေ့အကျင့်မျိုး အတုမြင် အတတ်သင် မဖြစ်အောင် ဂရုစိုက်ကြဖို့ လိုမယ်ထင်ပါတယ်။ ဒီကော်ဗူးတွေက ဈေးလည်းပေါ၊ လူတိုင်းလည်း အလွယ်တကူ ဝယ်ယူဖို့ လွယ်ကူတော့ အသိပညာ နိမ့်ပါးတဲ့ ကလေးတွေအတွက် လိုက်လုပ်မယ်ဆို လုပ်ဖို့ လွယ်ကူပါတယ်။ အားလုံး သတိထားနိုင်အောင်လို့ ဒီပို့စ်ကို တင်ရခြင်း ဖြစ်ပါတယ်။ ဒီကော်ရှုတဲ့ ကိစ္စကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိတဲ့သူ ရှိရင်လည်း အတွေ့အကြုံ မျှဝေပေးပါလို့ တောင်းဆိုပါရစေ ခင်ဗျား။

12 comments

  • surmi

    September 29, 2012 at 8:30 am

    လွန်ခဲ ့တဲ ့တစ်နှစ်လောက်ကရွာသူတစ်ယောက်တင်ဖူးသေးတယ်
    အဲဒီမှာဓတ်ပုံတွေနဲ ့ စုံစုံစိစိပါပဲ

    Reply

  • uncle gyi

    September 29, 2012 at 8:39 am

    ပြောမယ်ဆိုမူးရစ်ဆေးအစားထိုးသုံးစွဲခြင်းပါပဲကိုဇော်
    ဒါကရန်ကုန်တင်မကပါဖူးအခြားမြို့တွေကိုလည်းအတော်ပြန့်နေပါပြီ
    ထူးခြားတာတခုကအခြားမူူးရစ်ဆေးတွေကိုသုံးရင်ဖမ်းဆီးတာရှိပြီး
    အဲဒီကော်ရှုတာကိုဖမ်းဆီးတယ်လို့မကြားမိခြင်းပါပဲ
    အဲဒီတော့ကာအဖမ်းအဆီးမရှိလတ်လပ်စွာသုံးစွဲလို့ရတဲ့
    ကော်ရှုခြင်းအလေ့ပျောက်ကွယ်ဖို့မရှိတိုးပွါးဖို့သာရှိတယ်လို့မြင်ပါတယ်ဗျာ
    သက်ဆိုက်ရာကတခုခုတော့လုပ်စေခြင်ပါတယ်
    ဖမ်းဆီးခြင်းမဟုတ်တောင်
    ကျောင်းတွေရပ်ကွက်တွေမှာပညာပေးဟောပြောခြင်း
    ရုပ်ရှင်တွေမှာပညာပေးအခန်းတွေထည့်သွင်းရိုက်ကူးခြင်း
    စာနယ်ဇင်းများမှာပညာပေးထည့်သွင်းရေးသားခြင်း
    လုပ်နိုင်တာတွေအများကြီးပါ
    ကျွန်တော်တို့တတ်နို်င်တာကနီးစပ်ရာလူငယ်တွေကိုပညာပေးစည်းရုံးခြင်းပါပဲ

    Reply

  • kyeemite

    September 29, 2012 at 8:55 am

    တခါမှ မကြားဖူးဘူးဗျာ…အံ့ရော..
    ဒါပေမဲ့ ကော်အများစုကတော့ တင်နာနံ့ ထွက်တာပဲဗျ..
    ကျနော်လည်းတစ်ခါတလေ ပိုက်ဆက်ဖို့ ကော်သုံးရင်
    ကော်ကထွက်တဲ့ တင်နာနံ့လေးတော့ကြိုက်မိသား…
    ကားဆေးမှုတ်တဲ့ ဘော်ဒီရုံတွေမှာလည်းအဲဒီအနံ့မျိုး
    ရတာပဲ…များများရှုရင်တော့ မကောင်းတာအမှန်..

    Reply

  • မဟာရာဇာ အံစာတုံး

    September 29, 2012 at 9:17 am

    ကျုပ်တော့ မရှုဖူးဘူး ..
    ဒါပေသိ ..
    ဒီရွာထဲက ဘီအီးသမား စိန်ဗိုက်နဲ့
    နဖူးပြောင်ပြောင် မောင်ပေ ဆိုတဲ့ လူတွေကတော့
    ရှုဖူးဒယ် ဆိုဘဲ ….

    Reply

    • မောင်ပေ

      September 29, 2012 at 12:39 pm

      ကော်တော့ မရှူဖူးဘူး
      အင်တာနက်ဆိုင်ထဲ လာ ဖလန်းဖလန်းထအောင် ပြင်လာတဲ့ ကောင်မလေးတွေ အီးပေါက်ရင်တော့ မရှူချင်လို ့ ဆိုင်ပြင်ထွက်ပြေးရတာ ခဏခဏ

      Reply

  • ahnyartamar

    September 29, 2012 at 10:02 am

    ဝင်ငွေနည်းပါးသူတွေအတွက် ဒီနည်းက သူတို့အတွက် အကုန်အကျနဲပြီး လိုရင်းကိုရောက်တာကို၊ ကော်တော့ မရှူဖူးဘူး၊ ကွန်တော့ ကောင်းကောင်းပစ်တတ်တယ်၊ အခုမပစ်တာကြာပြီ၊ ပစ္စည်းဖန်ရတာခက်လို့၊
    အခုတော့ ဗျက်ပဲထုတော့တယ်…………..

    Reply

  • manawphyulay

    September 29, 2012 at 10:09 am

    ရှူပြီးရင် ဘာအကျိုးကျေးဇူးရှိလို့ လုပ်ကြတာလဲ။ တကယ့်အန္တရာယ်များတဲ့အရာပါပဲ။

    Reply

  • ရာဇဝင်လူဆိုး

    September 29, 2012 at 10:47 am

    ရှုရင် အဆာခံတယ် ။ အလုပ်များများ လုပ်နိုင်တယ်ပြောကြတယ်။ ကြာရင်တော့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာတွေ ပျက်ဆီးပြီး ကြောင်တောင်တောင် ဖြစ်မှာတော့ သေချာတယ်။

    Reply

  • Thu Wai

    September 29, 2012 at 11:14 am

    ပိုက်ဆက်တဲ့ ကော်ကို ရှူတာပါ နောက်ပြီး ရှူပါများရင် ခေါင်းမှာ ဘုတွေ ဘာတွေထွက်တတ်တယ် ။ wy လို့ခေါ်တဲ့ ရာမ နဲ့ အာနိသင်ချင်းခပ်ဆင်ဆင် ရာမ ကတော့ ဘေးထွက်ဆိုးကျိုးသူ့လောက်မဖြစ်ဘူးပေါ့ ။ နှစ်ခု စလုံးက တော့ မစားဘူး မအိပ်ဘူး ကြာရင်ဂေါက်ဖို့များတယ်။

    Reply

  • Mobile

    September 29, 2012 at 7:25 pm

    ရာမ ၊ စိတ်ကြွဆေး ၊ မြင်းဆေး ၊ ပဲလှော် ခေါ်တဲ့နံမယ်တွေကတော့ စုံနေတာပဲ
    ရှုထားရင် မအိပ်ချင်ဘူး ၊ အဆာမစားပဲနေနိုင်တယ်။ ပုံမှန် မ မနိုင်တဲ့ အလေးအပင်
    တွေကိုမနိုင်တယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့အားအင်တွေကို ညှစ်သုံးပြစ်လိုက်တဲ့ သဘောပါပဲ။
    ဆေးမသုံးနိုင်တော့ရင် လူမှာဟာတာတာဖြစ်သွားတယ်။ စွဲးနေပြီဆိုရင်တော့
    မသုံးရမနေနိုင်လောက်အောင်ကို ဖြစ်တက်ပါတယ်။ ဖြတ်မယ်ဆိုရင်လဲ ဖြတ်လို့ရပါတယ်။
    စိတ်ဓာတ်ကြံခိုင်ဖို့ပဲလိုတာပါ။ ဆေးနဲ့ပတ်သတ်တဲ့ အတွေ့အကြုံတွေတော့ တော်တော်များများရှိပါတယ်
    ဘိန်းဖြူ ဘိန်းမဲ သုံးစွဲးပုံအမျိုးမျိုးပါပဲ။ ဒါပေမယ့် ဒါတွေကိုဝေးဝေး ကရှောင်နိုင်တာအကောင်းဆုံး။
    မလေ့လာချင်နဲ့ ဘာမှဟုတ်တဲ့ အရာတွေမဟုတ်ဘူးရယ်။ ကိုယ်ဖာသာလုပ်ချင်ရင် ဘီယာလောက်ပဲသောက် အရက်လောက်ပဲသောက်။ ဒါကဘာမှမဖြစ်ဘူး ဘီယာအရက်တောင် အလွန်အကျွံ မသောက်တာအကောင်းဆုံး။ လူငယ်တွေက ဒါတွေလုပ်ရတယ် ဒါတွေလုပ်ဖူးတယ်ဆိုပြီး
    ဂုဏ်ယူချင်ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းပြောသလိုပြောရရင် တလွဲဆံပင်ကောင်းနေကြတာပါ။
    လေ့လာချင်တယ်ဆိုရင် လေ့လာချင်စိတ်အပြည့်ရှိတယ်ဆိုရင် လူအများအတွက် အကျိုးရှိစေမယ့် အလုပ်တွေ လေ့လာစရာရှိတာတွေ ကိုယ့်ပတ်ဝန်းကျင်မှာတင် မကုန်နိုင်လောက်အောင် တော်တော်များများရှိပါတယ်။

    Reply

  • ကိုရင်မောင်

    September 29, 2012 at 11:35 pm

    လွန်ခဲ့တဲ့၁၉၈၉ခုနှစ်လောက်တုန်းက ရနောင်းမှာ သူငယ်ချင်းတွေနဲ့
    ကုန်ကူးယင်းရောက်ခဲ့ဘူးပါတယ် ဖန်စီတိုင်ခေါ်တဲ့ မူးယစ်စေတဲ့အရည်
    သုံးရက်လောက် သောက်ကြည့်ခဲ့ဘူးတယ် နောက်ရက်တွေမှာ
    သောက်တဲ့အချိန်ရောက်ယင်သောက်ချင်လာတယ်…
    အိပ်လို့မပျော်တော့ဘူး ဒါနဲ့ဘဲဆက်သောက်ယင်စွဲမှာသိနေလို့
    အိပ်ဆေးဝယ်သောက်ပြီးအိပ်ပျော်အောင်အိပ်လိုက်ရတယ်….
    သူ့အချိန်နဲ့သူကတော့တမျိုးမဟုတ်တမျိုးပါလားနော်……

    Reply

  • Mobile

    September 30, 2012 at 10:04 pm

    မူးယစ်ဆေးဝါး ရောင်းချသူများနှင့် သုံးစွဲးသူများ အထူးအလိုရှိသည်
    ထိုက်တန်စွာ ပညာပေးမည်ဖြစ်ပါသည်။
    ပုံ ကူညီပါရစေ

    Reply

Leave a Reply to Mobile Cancel Reply

Your email address will not be published.