နတ်မိမယ် (၂)

မုေယာSeptember 28, 20121min01

နတ်မိမယ် (၂)

ကလျာ မိမုန်း ဒေဝီ ရှုံး လိမ့်

စင်းလုံး တင်မဆက် ပြစ်ချက်မဲ့ ၏။

သမီးတော် ဖုရား အငွါးစွင့်စွင့်

မာန်လည်းထက်ထက် မြတ်လည်းမြတ်၏။

သက်ထားခင်ခင် ယဉ်သွယ်လှလှ

ပပဝတီ မဒ္ဒီ သဘော မနောဖြူဖြူ

သာ ယာသံချို ချစ်မူပို၏။

ရစ်ပတ် နှောင်နွယ် ခင်တွယ်သိမ့်သိမ့်

စိမ့်စမ်း သွင်သွင်ရင်မှာ မြမြ

ထားရတန်ဖိုး သူမ …ဖို့ကို။

                                          သုရှင်

One comment

  • Mobile

    September 28, 2012 at 10:02 pm

    ကဗျာ အရေးအဖွဲ့မှာ စာသံပေသံ ပါလွန်းသောကြောင့်
    အဓိပ္ပာယ်ကို အတိအကျ နားမလည်ဖြစ်ရပါသည်

    Reply

Leave a Reply

Your email address will not be published.